ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

Arc Welding.. ARC ဆိုတာ အရာဝတ္ထုနှစ်ခုအကြား(Positive point နဲ့ Negative point)မှာ လျှပ်စစ်ဓါတ်ကူးနေတာကိုခေါ်တာ

Arc Welding 

Welding processs မှာ အရေးပါဆုံးဖြစ်တဲ့ Arc welding အကြောင်း

ပထမဆုံးအနေနဲ့ Arc Welding အကြောင်းမလေ့လာခင် Arc ဆိုတာဘာလဲ ဆိုတာကိုအရင်ဆွေးနွေးရအောင်။
- ARC ဆိုတာ အရာဝတ္ထုနှစ်ခုအကြား(Positive point နဲ့ Negative point)မှာ လျှပ်စစ်ဓါတ်ကူးနေတာကိုခေါ်တာပါ။
- အိမ်က မီးပလက်ပေါက်မှာ positive နဲ့ negative နှစ်ခုကို အတူတူကိုင်မိရင် ဓါတ်လိုက်ပါတယ်။ Arc မိတယ်ခေါ်ပါတယ်။

Defination

- Power Supply (welding စက်)က Electrode နဲ့ သံပြားကြားမှာ လျှပ်ကူးအောင် (Arc ပေါ်လာအောင်) ဆောင်ရွက်ပေးပါတယ်။
- Electric Arc ဟာ အပူစွမ်းအင်ဖြစ်ပြီး မူရင်းသံပြား(Parent Metal)နဲ့ Electrode (Filler material)ကို အရည်ပျော်စေပြီး တပေါင်းတစည်းတည်း ဖြစ်သွားစေပါတယ်။

Welding Equipments

Arc welding process တစ်ခု စတင်လုပ်ဆောင်တော့မယ်ဆိုရင် ဘာပစ္စည်းကိရိယာတွေလိုမလဲလို့ ကျွန်တော်တို့လေ့လာကြည့်ရအောင်။
၁) Power Supply
၂) Cables
၃) Welding Electrodes

Power Supply

Welding Power Supplyဟာ ပင်မစွမ်းအင် (generator, inverter, transformer) ကလာတဲ့ ဓါတ်အားတွေကို welder အသုံးပြုနိုင်လောက်တဲ့ DC current ပမာဏရအောင် ပြုလုပ်ပေးတဲ့ စက်ပါ။ Electric current ကိုထုတ်ပေးပါတယ်။ Welding process တစ်ခုအတွက် ပုံမှန်အားဖြင့် Current Amperes 80 လောက်လိုပါတယ်။
Welding machines တွေကို Constant Current (CC) နဲ့ Constant Voltage (CV)ဆိုပြီး သူတို့လုပ်ဆောင်ချက်အလိုက် ၂ မျိုး ခွဲခြားထားပါတယ်။
- C.C က Voltage ကိုပြောင်းပေးခြင်းဖြင့် သူထုတ်လုပ်မယ့် Current ငြိမ်နေအောင်ထိန်းထားပြီး၊
- C.V က Current ကိုကစားပေးခြင်းဖြင့် သူထုတ်လုပ်မယ် Voltage တွေကို ငြိမ်အောင်ထိန်းပေးပါတယ်။
- Constant Current machine တွေကို SMAW နဲ့ TIG welding တွေမှာအသုံးများပြီး
- Constant Voltage machine တွေကို GMAW နဲ့ FCAW welding တွေမှာ သုံးပါတယ်။

Electrodes

အိမ်သုံးဓါတ်ခဲမှ Cathode နှင့် Anode အလုပ်လုပ်ပုံ
- လျှပ်စစ်ဝင်တဲ့နေရာ၊ သို့မဟုတ် လျှပ်စစ်ထွက်တဲ့နေရာကို Electrodeလို့ခေါ်ပါတယ်။ အမြင်သာဆုံးကတော့ အိမ်သုံးဓါတ်ခဲရဲ့ ထိပ်ပိုင်း(top)နဲ့ အောက်ပိုင်း(bottom)တွေပါ။
- Anode နဲ့ Cathode ဆိုပြီး နှစ်မျိုးရှိပါတယ်။ လျှပ်စစ်ဝင်တဲ့ငုတ်ကို Anode လို့ခေါ်ပြီး၊ လျှပ်စစ်ထွက်တဲ့ငုတ်ကို Cathode လို့ခေါ်ပါတယ်။
- အပေါင်း (Positive)၊ အနှုတ်(Negative) လက္ခဏာတွေက လျှပ်စစ်စီးတဲ့ အပေါ်မူတည်ပြီးပြောင်းပါတယ်။

-ပုံမှန်ဓါတ်ခဲတွေမှာ Positive ငုတ်တွေက Cathode ဖြစ်ပြီး၊
-အားပြန်သွင်းလို့ရတဲ့ (Recharge)ဓါတ်ခဲတွေမှာ Positive ငုတ်တွေက Anode ဖြစ်ပါတယ်။

Welding Electrode

Welding လောကမှာတော့ Electrode ဆိုတာ power supply ကထွက်လာတဲ့လျှပ်စစ်ကို အောက်ခံသံပြားပေါ် အပူစွမ်းအင်အဖြစ်ရောက်ရှိသွားအောင် ပြောင်းလဲပေးတဲ့ လျှပ်ကူးပစ္စည်းပါ။
အသုံးပြုမယ့်နည်းပညာပေါ်မူတည်ပြီး electrode ဟာ အချောင်း (သို့) ကြိုးဖြစ်နိုင်ပါတယ်။
၁) ကုန်ခမ်းသွားမယ့် electrode (Consumable)
၂) မကုန်ခမ်းမယ့် electrode (Non-Consumable) ဆိုပြီး၂ မျိုးရှိပါတယ်။
Consumable Electrode တွေကို Filler material (သံပြားနှစ်ချပ်အကြား အဖြည့်ခံသတ္တု) အဖြစ်အသုံးပြုတာတွေ့ရပါတယ်။

Welding Electrodes

Cables
3 phase system ဖြစ်တဲ့အတွက်ဝါယာကြိုးသုံးချောင်းလိုပါတယ်။
Power Supply ကနေထွက်လာတဲ့ အနီရောင်ကြိုးက electrodeဆီကို လျှပ်စစ်ဓါတ်ပို့ပေးပါတယ်။ Welding cable လို့ခေါ်ပါတယ်။
Electrode ဆီက လျှပ်စစ်ကသံပြားပေါ် ခုန်ကူးပြီး၊ သံပြားကတဆင့် welding machine ကိုပြန်သွားတဲ့ အပြာရောင်ကြိုးက Return Cable ပါ။
လျှပ်စစ်စက်ဝန်း မဖြစ်နေဖို့ ground ချထားတဲ့ အမဲရောင်ကြိုးက Ground cable လို့ခေါ်ပါတယ်။

Type of Arc Weldings

Filler metalအရည်ပျော်သွားပြီး ပြန်မခဲသွားခင်စပ်ကြားမှာ ပြင်ပလေနဲ့ဓါတ်မပြုသွားအောင် ကာထားတဲ့ Shield ပေါ်မူတည်ပြီးခွဲရင် Slag shield နဲ့ Gas Shield ဆိုပြီး အဓိကအုပ်စုနှစ်စု ရပါတယ်

Gas Welding
Gas Welding (Oxy-fuel welding)

Gas welding လို့ပြောရင် Oxy-fuel welding ကို ညွှန်းတာလို့ သဘောပေါက်မိပါတယ်။ အင်တာနက်မှာလည်း gas welding ဆိုပြီးရှာရင် oxy-fuel welding ကိုပဲ redirect လုပ်သွားပါလိမ့်မယ်။

Defination
Gas အမျိုးအစား အနည်းဆုံးတစ်မျိုးကို ပေါက်ကွဲစေခြင်းဖြင့် အပူရှိန်မြင့်မီးတောက်ကို ထုတ်ပါတယ်။ ဆက်မဲ့သံပြားနှစ်ခုနဲ့ ဖြည့်ခံသတ္တု (filler metal) ကို ယင်းအပူချိန်ဖြင့်အရည်ပျော်စေပြီး တပေါင်းတစည်းတည်းဖြစ်စေတဲ့ Welding နည်းပညာပါ။

Apply GAS
အများအားဖြင့် Oxygen နဲ့  Acetylene ဓါတ်ငွေ့နှစ်မျိုးကို ရောစပ်အသုံးပြုပါတယ်။
“လေ(Oxygen 20%, Nitrogen 80%)”မဟုတ်သော  Pure Oxygen နှင့် Acetylene ဓါတ်ငွေ့နှစ်မျိုးဟာ သာမန်အခန်းအပူချိန်မှာ ဓါတ်ပြုပြီးပြိုကွဲရင် ၃၅၀၀°C အပူချိန်ရှိတဲ့မီးတောက်ကိုထုတ်လုပ်နိုင်ပါတယ်။ သံရဲ့အရည်ပျော်အမှတ်ဟာ ၁၄၂၅~၁၅၄၀°C ပါ။

Welding Equipments

ဒီ system မှာပါဝင်တဲ့ ပစ္စည်းတွေကတော့
၁) Gas Cylinders                 (ဓါတ်ငွေ့အိုး)
၂) Regulator                      (ဖိအားထိန်းကိရိယာ)
၃) Gas Hoses                     (ဓါတ်ငွေ့ ပိုက်လိုင်းများ)
၎) Non-Return Valve           (တဖက်သာစီးနိုင်သော Valve)
၅) Flash Arrestor                (မီးပွားဖမ်း ကိရိယာ)
၆) Torches                          (welding ဂေါက် (သို့) လက်ကိုင်)

၁) Cylinders (ဓါတ်ငွေ့အိုး)
အက်ဆီတလင်း(သို့)အခြားလောင်စာနဲ့ အောင်ဆီဂျင်အတွက် ဓါတ်ငွေ့အိုးနှစ်အိုးလိုပါတယ်။ ဓါတ်ငွေ့အိုးတွေ မလဲသွားအောင် ထိန်းထားပေးရပါမယ်။ အများအားဖြင့်တော့ အလွယ်တကူသယ်လို့ရအောင် ဘီးတပ်ထားတဲ့လှည်းပေါ်တင်ပြီး သယ်ဆောင်တတ်ကြပါတယ်။
 

၂) Regulator (ဖိအားထိန်း ကိရိယာ)

Regulator က ဓါတ်ငွေ့အိုးထဲက ဓါတ်ငွေ့ကို ပိုက်လိုင်းထဲသို့ တည်ငြိမ်တဲ့ဖိအား(constant pressure)နဲ့ ရောက်သွားအောင် ထိန်းချုပ်ပေးတဲ့ ကိရိယာပါ။ အများအားဖြင့်တော့ နှစ်ဆင့် (two step) Regulator တွေကိုသုံးကြပါတယ်။

- ပထမအဆင့် Regulator က၊ ဓါတ်ငွေ့အိုးထဲက ဓါတ်ငွေ့ကို ပိုက်လိုင်းထဲ (fixed pressure)နဲ့ ရောက်သွားအောင်လုပ်ဆောင်ပေးပါတယ်။ အသုံးပြုပါများလို့ ဓါတ်ငွေ့အိုးထဲမှာ ဓါတ်ငွေ့မကျန်တော့တာကို ထည့်မတွက်ပေးပါဘူး။

- ဒုတိယအဆင့် Regulator ကတော့ အသုံးပြုလို့ကျသွားတဲ့ ဓါတ်ငွေ့အိုးထဲကဖိအားနဲ့ ပိုက်လိုင်းထဲရောက်သွားတဲ့ဖိအား ခြားနားချက်ကို ထိန်းချုပ်ပေးတယ်။ ဖိအားတိုင်းကိရိယာ (pressure gauges)နှစ်ခုပါပြီး ဓါတ်ငွေ့အိုးကို တစ်ခုကတိုင်းပြီး၊ နောက်တစ်ခုက ပိုက်လိုင်းကိုတိုင်းပါတယ်။
Welding လက်ကိုင်မှာ ခလုတ်နှစ်ခုပါပြီး တကယ်သုံးမယ့် ဓါတ်ငွေ့ပမာဏကို အဲဒီခလုပ်တွေကို လှည့်ပြီးချိန်ရပါတယ်။ ဒါကြောင့် ပိုက်လိုင်းထဲမှာ အမြဲတမ်း constant pressure ရှိနေဖို့အရေးကြီးပါတယ်။

၃) Hoses
Hoses တွေကတော့ ဓါတ်ငွေ့အိုးထဲက ဓါတ်ငွေ့ကို လက်ကိုင်ဆီရောက်အောင်သွယ်တန်းထားတဲ့ ပိုက်တွေပါ။
သယ်ယူတဲ့ ဓါတ်ငွေ့ပေါ်မူတည်ပြီး ပိုက်တွေရဲ့အရောင်တွေကို ခွဲခြားထားပါတယ်။
US standard က, Oxygen က “အစိမ်းရောင်” ဖြစ်ပြီး, Acetylene က “အနီရောင်” ကြိုးပါ။
UK standard က, Oxygen က “အပြာရောင် (သို့) အမည်းရောင်” ဖြစ်ပြီး, Acetylene က “အနီရောင်” ကြိုးပါ။

၎) Non Return Valve

Valve ဆိုတဲ့ အဓိပ္ပာယ်ကို ဆွေးနွေးကြရအောင်။ ပိုက်လိုင်းအတွင်းက ရေ(သို့) ဓါတ်ငွေ့ စီးဆင်းမှုကို ထိန်းချုပ်(သို့) ရပ်တန့်စေတဲ့ ကိရိယာပါ။ ဥပမာကတော့ ရေဘုံဘိုင်ခေါင်းပါ။
Non-return ဆိုတာ ကတော့ရှင်းပါတယ်။ တဘက်ပဲသွားလို့ရတာပါ။ One-way direction ပေါ့။
အရည် (သို့) ဓါတ်ငွေ့တွေ နောက်ပြန်စီးရင် မူလစက်ပစ္စည်းတွေမှာ အန္တရယ်ရှိနိုင်တဲ့အခါမျိုးမှာ Non-return Valve တွေကို သုံးပါတယ်။
ဒါဆို non-return valve တွေကို ဒီ welding process မှာ ဘယ်လိုအသုံးပြုလဲလေ့လာကြည်ရအောင်။ ဓါတ်ငွေ့အိုးရဲ့ ဓါတ်ငွေ့အထွက်လမ်းကြောင်းမှာတပ်ဆင်ထားပြီး ပိုက်လိုင်းထဲက Acetylene ဓါတ်ငွေ့ (သို့) တခြားပေါက်ကွဲစေတဲ့ wave တွေ ဓါတ်ငွေ့အိုးတွေထဲ ပြန်မဝင်သွားအောင် ဒီ valve တွေက လုပ်ဆောင်ပေးပါတယ်။ အထွက်ပဲရမယ် ပြန်အဝင်မရဘူးဆိုတဲ့ သဘောပေါ့။ ဘာလို့လုပ်ရတာလဲ။ လိုအပ်လို့လား။
လိုအပ်ပါတယ်။ Acetylene ဓါတ်ငွေ့ဟာ မီးတောက်လွယ်ရုံတင်မကဘူး၊ ပေါက်ကွဲလွယ်တဲ့ဓါတ်ငွေ့ပါ။ အကြောင်းကြောင်းကြောင့်  အနည်းငယ်ပြင်းထန်တဲ့လှိုင်းတစ်ခုဖြတ်သွားတာနဲ့ ပြင်းထန်တဲ့ပေါက်ကွဲမှုဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့လက်ရှိသုံးနေတဲ့ hand phone တွေရဲ့ လှိုင်းတွေတောင်ပါ ပါတယ်။ ဒါကြောင့် တချို့ Off-shore (ကမ်းလွန်ရေနံစင်) တွေမှာ hand phone ပေးမသုံးပါဘူး။

၅) Flash Arrestor
ဒါဆို valve က မီးစ (သို့) ပြင်ပလှိုင်းတစ်ခု မဝင်ခင်ပိတ်ဖို့ မှီပါ့မလား။ အဲဒီ့အတွက် Flash Arrestor ကိုအသုံးပြုဖို့လိုပါမယ်။ သူက မီးပွားဝင်လာရင် အလိုလျေက်ငြိမ်းသတ်ပေးပါတယ်။
Flash Arrestor ကို ပုံမှန်အားဖြင့် ပိုက်နဲ့ welding လက်ကိုင် ဆက်တဲ့နေရာမှာ တပ်ဆင်တတ်ပါတယ်။ Acetylen လိုင်းရော၊ Oxygen လိုင်းရော နှစ်လိုင်းစလုံးမှာပါ။
US မှာတော့, flash arrestor ကို ပိုက်နဲ့လက်ကိုင်ဆက်တဲ့နေရာမှာရော Regulator မှာပါ နှစ်နေရာလုံးမှာ တပ်ပါတယ်။ ပိုလုံခြုံတာပေါ့။

၆) Torches

ဗမာလိုတော့ welding ဂေါက်ပေါ့။ လက်ကိုင်ကိုခေါ်တာပါ။
ထူးခြားတာက ဒီOxy-fuelနည်းက weldingရော၊ cuttingရော နှစ်မျိုးသုံးကြပါတယ်။ ဒီတော့ လက်ကိုင်ကလည်း welding လက်ကိုင်နဲ့ cutting လက်ကိုင်ဆိုပြီး နှစ်မျိုးခွဲထားပါတယ်။

Oxy-fuel Welding & Cutting

Welding         : Oxy-Acetylene မီးတောက်ကိုသုံးပြီး ဆက်မဲ့သံပြားနှစ်ချပ်ကို အရည်ပျော်ပြီး သံရည်ပူစီးကြောင်းဖြစ်တဲ့အထိ အပူပေးရပါတယ်။ ပြီးတော့ Electrode (filler metal)ကို weld poolထဲ ထည့်ရပါတယ်။ Filler metal က weld pool ထဲမှာ အရည်ပျော်၊ အေးခဲသွားရင် မူရင်းသံပြားထက် စွမ်းအင်ထက်မြက်တဲ့ welding ဆက်ကြောင်းရပါတယ်။
တကယ်လို့ Electrodeကို weld poolထဲ မထည့်နိုင်ရင်တောင် ပြင်ပလေနဲ့တိုက်ရိုက် ဓါတ်မပြုနိုင်အောင် ဘေးကအပူဇုံထဲ ထဲ့ထားရပါမယ်။ ဒါပေမယ့် မီးတောက်က Electrodeကို တိုက်ရိုက်လောင်ကြွမ်းစေခြင်းကိုတာ့ ရှောင်ကြဉ်ရမှာပါ။
အပူချိန်ပမာဏကတော့ ဆက်မယ့်သံပြားနှစ်ချပ်ရဲ့အထူ၊ နေရာအနေအထားနဲ့ welding speed ပေါ် မူတည်ပြီး သတ်မှတ်ပေးရပါတယ်။

Cutting          :Cutting torchရဲ့ ခေါင်း(nozzle head)မှာတော့ inner jet နဲ့ outer jet ဆိုပြီး အတွင်းနဲ့အပြင်အလွှာ နှစ်ခုပါ ပါတယ်။ အပြင်လွှာက Acetyleneနဲ့ Oxygen ရောထားတဲ့ ဓါတ်ငွေ့က pre-heat (ကြိုတင်အပူပေး)တဲ့ မီးတောက်ကို ထုတ်ပေးပါတယ်။ အတွင်းလွှာကတော့ Oxygen ဖြတ်တောက်ဖို့အတွက် မီးတောက်ကို ထုတ်ပေးပါတယ်။
Pre-heat frameနဲ့ ဖြတ်ချင်တဲ့ သံပြားရဲ့မျက်နှာပြင်ကို အပူပေးပါတယ်။ အရည်ပျော်သွားအောင် အပူပေးတာမျိုးမဟုတ်ပဲ ဖြတ်လို့လွယ်ကူလောက်တဲ့ အပူချိန်အထိပဲချိန်ပေးတာပါ။ အများအားဖြင့် သံပြားအရောင်က ချယ်ရီရောင်အနီခပ်ရဲရဲ ရတဲ့အထိလောက်ပါ။
အဲလောက်အပူချိန်ရပြီဆိုရင် အတွင်းအလွှာက Oxygen flameကို ဖွင့်လို့ရပါပြီ။
ဓါတ်ပြုဖို့ အဆင်သင့်ဖြစ်နေတဲ့ သံ(Iron)ဟာ Oxygenနဲ့တွေ့ထိပြီး Iron Oxideကိုထုတ်ပေးကာ cutting process ကို ပိုမိုလျှင်မြန်စေပါတယComposition of Oxygen and Acetylene gases
Oxygen နဲ့ Acetylene တို့ရဲ့ ဓါတ်ငွေ့ရောစပ်မှုအချိုးကို ပြောင်းပေးရင် မီးတောက်ရဲ့အသုံးဝင်မှုပုံစံပါလိုက်ပြောင်းလာပါတယ်။
Oxygen ပါဝင်မှုပမာဏဟာ Acetylene ပမာဏအောက် နည်းနေရင်, “carburizing frame”  (Copper အစရှိတဲ့ ကာဗွန်ပါဝင်မှုနည်းတဲ့ သတ္တုတွေမှာ သုံးပါတယ်။)
Oxygen ပါဝင်မှုပမာဏဟာ Acetylene ပမာဏထက် အနည်းငယ်များနေရင်, “neutral frame” (သံနဲအခြားသတ္တုတော်တော်များများမှာ အသုံးပြုပါတယ်။)

Flash Back
Hose လို့ခေါ်တဲ့ ပိုက်လိုင်းတွေထဲမှာ ဓါတ်ငွေ့ဖိအားတွေဟာ ပုံသေဖိအား(constant pressure) ရှိနေပါတယ်။
Welding/Cutting တွင် သတ်မှတ်ထားသော pressureအတိုင်းအသုံးမပြုပဲ လျှော့သုံးသောအခါ ပိုနေသော pressure ပမာဏနှင့် မီးတောက်သည် ပိုက်လိုင်းအတွင်းသို့ပြန်လည်ဝင်ရောက်ခြင်းကို Back Pressure ဟုခေါ်ပါသည်။
Back Pressure ကြောင့်ပြင်းထန်တဲ့ပေါက်ကွဲမှုဖြစ်စေနိုင်လို့ သတိထားရပါမယ်။

Other Fuel Gases
Oxy-Fuel ခေါ်တဲ့အတိုင်း Acetylene ဓါတ်ငွေ့အပြင် အခြားသော လောင်စာဓါတ်ငွေ့များကိုလည်း အသုံးပြုနိုင်ပါတယ်။
၁) Propylene,
၂) Liquified petroleum gas (LPG),
၃) Propane,
၎) Natural gas (LNG),
၅) Hydrogen, and
၆) MAPP gas 

2.8 Advantages and Disadvantages
အားသာချက်ကတော့
၁) ဆလင်ဒါနှစ်လုံးရယ်၊ ပိုက်နှစ်လိုင်းရယ်၊ လက်ကိုင်ရယ်ပဲဆိုတော့ ရွှေ့ပြောင်းရလွယ်ကူတယ်။
၂) ကုန်ကျစားရိတ်သက်သာတယ်။
အာနည်းချက်တွေကတော့
၁) မူလသံပြားတွေကို အရည်ပျော်အောင်လုပ်ပြီးမှ welding ဖြစ်လာတဲ့အတွက် Cutting မှာမြန်သလောက် welding မှာ အချိန်အရမ်းကြာတယ်။
၂) ပါးလွှာတဲ့သံပြားတွေကိုသာ အသုံးပြုလို့အဆင်ပြေတယ်။
၃) မီးတောက်နဲ့ အရည်ပျော်အောင်လုပ်ရလို့ အရည်ပျော်မှတ်မြင့်တဲ့ သတ္တုတွေအတွက် ဒီနည်းဟာ အသုံးမတွင်ပါဘူး။
၎) အန္တရယ်များတဲ့အတွက် ကျွမ်းကျင်လုပ်သားတွေ ပိုလိုအပ်ပါတယ်။

Apply locations
ဒီနည်းကို သင်္ဘောတွေမှာတော့
၁) Pipes and tubes (ပိုက်များ),
၂) Ventilation and Air-con trunks (အဲယားကွန်းနှင့် သဘာဝလေဝင်ပေါက် လိုင်းများ),
၃) Cable trays (ဝါယာကြိုးစင်များ) ,
၎) Light steel furniture (အသေးစား ပရိဘောဂများ) နှင့်
၅) Repair works (ပြင်ဆင်ရေးလုပ်ငန်းများ)
တွေမှာ Welding အနေနဲ့သုံးပါတယ်။ Cutting ကိုတော့ တွင်တွင်ကျယ်ကျယ်ကို သုံးနေပါသေးတယ်။

Credit ပြည့်ဖြိုးကျော်
Ref :  myanmar engineering forum

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html