ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

မီးစက်အကြောင်း အ​သေးစိတ်​သိရန်​ ဖတ်​သင့်

မီးစက်အကြောင်း တစေ့တစောင်း
မီးစက်​ မဝယ်​ခင်​ ဖတ်​​စေချင်
<><+-*%$1

မီးစက်တစ်လုံးမှာ ဘာတွေပါပြီး ဘာတွေသိထားရင် ကောင်းမလဲ ?



1. မီးစက်အမျိုးအစား ဘယ်နှစ်မျိုး ရှိပါသလဲ ... ?
-
မီးစက်တွင် အဓိကအားဖြင့် 220V ဖြင့်အသုံးပြုသော Single Phase မီးစက် နှင့် လိုင်း (၃) လိုင်းခွဲ၍ 380V/440V အသုံးပြု နိုင်သော Three Phase မီးစက် ဟူ၍ နှစ်မျိုးရှိပါသည်။
Single Phase မီးစက်များကို အသေးစား နှင့် အလတ်စား လုပ်ငန်းများ၊ အိမ်များတွင် အသုံးပြုများကြပါသည်။
Three Phase မီးစက်များကို မီးဆွဲယူမှုအားများသော လုပ်ငန်းများနှင့် စက်မှုလုပ်ငန်းကြီးများ၊ လုံးချင်းအိမ်ကြီးများတွင် အသုံးပြုများကြပါသည်။
-
2. မီးစက်တွေကို ဘယ်လို ဖွဲစည်းတည်ဆောက်ထားပါသလဲ … ?
-
မီးစက်တစ်လုံးမှာ ဆိုရင် Engine, Alternator နှင့် Control Panel တို့က အဓိက အစိတ်အပိုင်းအနေဖြင့် ပါဝင်ကြပါတယ်။ အခြား အစိတ်အပိုင်းများအနေနဲ့ ကတော့ Circuit Breaker, AVR Card,
Wiring System, Safety System, Fuel Tank, Canopy Box (Soundproof system), Battery နှင့် Sensor အစရှိသည်တို့ လည်း ပါရှိပါတယ်။
မီးစက် Brand အမျိုးမျိုးက Engine, Alternator, Control Panel အမျိုးမျိုးသော Brand တို့ကိုရွေးချယ်တပ်ဆင် ထုတ်လုပ်ကြတာပါ။ အဲဒီမှာဈေးတွေက အမျိုးမျိုးကွာသွားကြတာပါ။ အသုံးပြုတဲ့ Engine, Alternator တူကြရင်တောင် ထုတ်လုပ်ပုံ၊ အခြားအစိတ်အပိုင်းတွေနဲ့ Quality Control, Load Test စသဖြင့် ကွာသွားကြပြီး ဈေးတွေလည်းကွာကြပါတယ်။ တချို့ ကအစစ်တွေသုံးသလို တချို့ ကလည်း ကော်ပီအတုတွေ သုံးကြပါတယ်။ အရည်အသွေးက နှစ်ကြာလာရင် (သို့) အင်ဂျင်ခွဲရင် တော်တော်လေးသိသာပါတယ်။
-
3. မီးစက်နှင့် အသုံးပြုသော လောင်စာများ … ?
.
မီးစက်တွေမှာ အသုံးပြုနိုင်သော လောင်စာ အမျိုးအစားများအနေဖြင့် အများအားဖြင့်
Petrol (Gasoline)
Diesel
Nature Gas ( CNG )
Bio-Diesel
Propane ( LPG, C3H8 ) တို့ ကို အသုံးပြုနိုင်တာ တွေ့ ရပါတယ်။
Petrol နှင့် Diesel လောင်စာများကို အသုံးပြုနိုင်သော မီးစက်များကိုသာ ထုတ်လုပ်မှုများ ကြပါတယ်။
Petrol အမျိုးအစားမီးစက်များကို kVA အသေးစား မီးစက်တွေမှာ အသုံးပြုကြပြီး Diesel ကိုတော့ Load အင်ဂျင်ကြီးများ အသုံးပြုသော Generator ကြီးများတွင် အသုံးပြုကြပါသည်။
-
4. နေရာအများစုမှာ အသုံးပြုကြသော Diesel Engine အကြောင်းများ အခြေခံလေးတွေ သိလို … ?
Generator များတွင် Load အားများများထုတ်ပေးမည့် Generator ဖြစ်ပါက Diesel Engine ကြီးများသုံးကြပါတယ်။
Diesel Engine များ၏ အားသာချက်ကတော့ 
Compression အားကောင်းမွန်ခြင်း
Petrol ထက် ဆီစားနှုန်း သက်သာခြင်း
Fuel Consumption  သက်သာသောကြောင့်  အချိန်ကြာမြင့်စွာ မောင်းနှင်နိုင်ခြင်း တို့ ကြောင့်တွင်ကျယ်စွာ အသုံးပြုကြပါတယ်။
.
မီးစက်တွင်အသုံးပြုသော Engine များတွင် Cummins, Caterpillar, Perkins, Yanmar, John Deere, Volvo Penta, Japan Diesel Load Engines, Doosan စသည်တို့ ကို အများဆုံး တွေ့ မြင်ကြရပါတယ်။
.
5. Alternator အကြောင်းနည်းနည်း … ?
Alternator က mechanical energy ကို electrical energy ပြောင်းလဲ ထုတ်လုပ်ပေးသော တနည်းအားဖြင့် electrical generator ဖြစ်ပါတယ်။
Alternator ကောင်းမှ မီးအထွက်အားကောင်းပြီး လိုအပ်သော Load Ampere ကိုအပြည့်အ၀ဆွဲယူ၍ သုံးစွဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
.
မီးစက်တွင်အသုံးပြုများ သော Alternator အမျိုးအစားများတွင် -
Stamford (UK brand)
Marathon (USA brand)
Leroy-somer (French)
Marelli Motori (Italy)
Siemens (Germany) တို့ ကို လည်း တွေ့ မြင်နိုင်ပါသည်။
.
6. Wiring System နှင့် Safety Sensor များကိုလည်း နဲနဲ သိထားသင့် … ?
.
International Quality Brand အနေဖြင့် ထုတ်လုပ်ထားသော မီးစက်များမှာတော့ အများစုကသတ်မှတ်ထားသော Code System, Colour System များဖြင့် နည်းစနစ်ကျနစွာ သွယ်တန်း တပ်ဆင်ထားကြလေ့ရှိပါတယ်။
.
ပို၍အဆင့်မြင့်အောင် ပြုလုပ်ထားသောမီးစက်များတွင် အသုံးပြုသူများအတွက် လုံခြုံစိတ်ချမှုအပြည့်အ၀ ရရှိစေရန် Safety System များ၏ သတိပေးချက်အတိုင်း အလိုအလျောက် အသိပေးမည့် Warning Alarm များဖြင့် ထပ်မံဖြည့်စွက်တပ်ဆင်ထားကြပါသည်။
.
7. Canopy Box (Enclosure Type) & soundproof system ကလည်း အရည်အသွေးကွာခြားမှု ?
.
Canopy Box အသံလုံ မီးစက်တွေမှာ အသုံးပြုကြတဲ့ အလွယ်ခေါ် သံပုံးတွေမှာ သံအရည်အသွေး၊ အထူအပါး၊ ရေလုံမှု အဆင့်၊ ဆေးသားအရည်အသွေးတွေအပြင် အထဲမှာသုံးထားသော Soundproof ဖော့တွေရဲ့ အရည်အသွေး စသည်ဖြင့် အချက်တွေက မီးစက်တစ်လုံးရဲ့ ရေရှည်ခံမှု၊ အသံလုံမှုတို့ နှင့်တကွ နှစ်ရှည် အမြင်ကြည့်ကောင်းခြင်း အသုံးခံခြင်းတို့ အပေါ် အကျိုးသက်ရောက်စေပါတယ်။

.
8. မီးစက်ဝယ်သူတွေ ဘာကြောင့် Spare Parts အပေါ်စိတ်ပူကြတာလဲ … ?
.
မီးစက်တစ်လုံးကို ပြန်လည် ပြုပြင်တပ်ဆင်သည့်အခါ စံချိန်စံနှုန်းမှီသော Spare Parts များကို အဆင်သင့် ၀ယ်ယူရရှိနိုင်ဖို့ ကလည်း လွန်စွာအရေးပါလှသည်။
ဥပမာ - Quality မကောင်းတဲ့  Piston ကိုထည့်သွင်းပြီး Load အသုံးပြု၍ မောင်းနှင်လိုက်သောအခါ Combustion ဒဏ်ကြောင့် အပူရှိန်မြင့်တက်လာပြီး Piston အသွင်ပြောင်းကာ Engine ထိခိုက်မှုများဖြစ်ပေါ်လာနိုင်မည်။
ဒါကြောင့် Spare Parts အစစ်အမှန် လွယ်ကူစွာ ရရှိနိုင်သော ပြင်ဆင်ရလွယ်ကူသော တနည်းအားဖြင့် ပြောရရင် Maintenance cost သက်သာသော မီးစက်ဖြစ်ဖို့အရေးကြီးပါတယ်။
ဆီစားလည်းသက်သာ ရေရှည်လည်းခံ အသံလည်းလုံ ထိန်းသိမ်းစရိတ်လည်းသက်သာ ပြင်ရလည်းလွယ်ဆိုရင်တော့ အကောင်းဆုံးလို့ ဆိုရပါမယ်။
-
#အရေးအကြီးဆုံး အတု အစစ် ပြဿနာ
***Cummins Engine သုံးမီးစက်များကို ၀ယ်ယူလျှင် အစစ်အမှန်ကို ရွေးချယ်ဝယ်ယူသင့် … ?***
.
Cummins Engine သည် ဖွဲ့ စည်းတည်ဆောက်ပုံ ကျစ်လစ်သန်မာသည်။ ရှင်းလင်းသေသပ်လှသည်။
Maintenance အတွက် လွယ်ကူခြင်း ၊ Service အတွက် အချိန်ကုန်သက်သာခြင်း တို့ ကြောင့်လည်း လုပ်ငန်း များအတွက် လွန်စွာ အထောက်အပံ့ ပေးနိုင်ပါသည်။ Maintenance ကောင်းစွာ ပြုလုပ်ပေးလျှင်လည်း နှစ်ရှည်သုံးစွဲသွားနိုင်မည်ဖြစ်သည်။
.
Cummins Engine သုံးမီးစက်များရွေးချယ်ဝယ်ယူသည့်အခါ Copy Cummins Engine များနှင့် Fake Cummins Engine များကို မှားယွင်းစွာမရွေးချယ်မိစေရန် ရွေးချယ်တတ်ဖို့ အလွန်အရေးကြီးပါတယ်။
.
Copy Cummins Engine များနှင့် Fake Cummins Engine များ၏ အရောင် နှင့် အပြင်ပုံပန်းသဏ္ဌာန်တို့မှာ အစစ်များနှင့်တူသည်ဟုထင်ရသော်လည်း ဖွဲ့ စည်းတည်ဆောက်ပုံ နှင့် အသုံးပြု ထားသော ပစ္စည်း များ၏ အရည်အသွေးမှာ စံချိန်စံနှုန်း မမီကြောင်း တွေ့ မြင်ကြရပါသည်။
.
Quality Control မရှိသော ပစ္စည်းအစိတ်အပိုင်းများ တပ်ဆင်ထားသောကြောင့် အသုံးပြုသောအခါ မလိုလားအပ်သော Vibration ၊ ပုံမှန်မဟုတ်သော Noise အသံများ ၊ Exhaust Smoke များ အစရှိသည် များကို ဝယ်ယူအသုံးပြုပြီး နှစ်အနည်းငယ်မှာ စတင်ကြုံတွေ့ လာပါမယ်။
.
* Copy Dynamo Alternator နှင့် Fake Dynamo Alternator များအကြောင်းလည်းသိစေလို … ? *
.
အရည်အသွေးမမှီသော Alternator များအသုံးပြုသောကြောင့် Dynamo Coil ၏ လျှပ်စီး ပတ်လမ်း များသို့  Short Circuit များဝင်ရောက်လာပြီး ကာလကြာလာသည်နှင့်အမျှ လျှစ်စီးထုတ်လုပ်မှုအားနည်းပါးလာတတ်ပါသည်။ Voltage အထွက်လည်း ကျဆင်းလာပါမယ်။
.
အဘယ်ကြောင့်ဆိုသော် Coil အတွင်းတွင် ပတ်ထားသော အရည်အသွေး မကောင်းသော ကြေးကြိုး ၏ လျှပ်စစ်စီးကူးမှုအားမကောင်း၍သော်လည်းကောင်း ၊ Permanent Magnet သံလိုက်အား မကောင်းခြင်းတို့ကြောင့် မလိုလားအပ်သော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်ပါတယ်။
- ။


credit HEIN LWIN
.
For international paypal IF YOU WANT TO HELP US, SUPPORT HERE, THANK U FOR YOURS VISTORS...


မင်္ဂလာပါ ခမျ အခု ကျ​နော်​ ​ရေးသားထားတဲ့ Website style က ​တော့ တချိန်​တုန်း မြန်​မာ​တွေ အရမ်​ကြိုက်​တဲ့ Blogger နည်းပညာ ဖြစ်​ပါတယ်​ ဒီလို WEB BLOG PAGE တခု ပြုလုပ်​လိုတယ်​ဆိုရင်​ ဆက်​သွယ်​နိုင်​ပါတယ်​ PH-09969467966 SEE YOU AGAIN , GOOD LUCK,


lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html