ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

Solar cell Photovoltaic ( PV ) အလုပ္လုပ္ပုံ

Solar cell Photovoltaic ( PV ) က ဘယ် လို အလုပ်လုပ်တာလဲ ?
******************************************************************
ဆိုလာ စနစ်တွေ မှာ ပထမဆုံး သိရမှာ က ဆိုလာဆဲလ် တွေ အလုပ်လုပ်ပုံပါ ။
ဆိုလာဆဲလ် တွေ က အလင်းရောင် ကနေ လျပ်စစ် ဓါတ် ကို ပြောင်းတာပါ ။ အခြေခံ ကတော့ သဲ ဖြစ်တဲ့ ဆီလီကွန် ( Silicon ) ကို အခြေံပြီး တည်ဆောက်ထားတာပါ ။
ဆိုလာ ဆဲလ်တွေ ကို  အပေါ်မှာ အနုတ် ဆီလီကွန် negative layer နဲ့ တည်ဆောက်ထားပြီး အလည်မှာ  Junction တခုခြားပြီး အပေါင်း ဆီလီကွန် ကို ထပ်ထားပါတယ် ။နေရောင်ကြောင့် အီလက်ထရွန်က လှုတ်ရှားလာပြီး  အောက်ဖက် နဲ့ လျပ်စစ် ခြားနားချက်  ဗို့ မတူတော့လို့ စီးဆင်းသွား နိုင်ပါတယ်။  အဲဒီ ၂ ခု ကို လျပ်စစ် ပစ္စည်းတခု နဲ့ ဆက်ပေးလိုက်ရင် အဲဒီ ကတဆင့် ဖြတ် စီးပေးလိုက်ရင် လျပ်စီးကြောင်း current ဖြစ်ပေါစေပါတယ် ။ အဲဒီကြား မှာ ဘက်ထ္ထရီထားလိုက်ရင် စီး ၀င်သွားမှာပါ ။
တကယ်တော့ ဆိုလာဆဲလ် အချပ်ကြီး တချပ်မှာ ဆဲ သေးသေးလေး တွေ အများကြီး တည်ဆောက်ထားပြီး အဲဒါတွေ ကို တန်းဆက် ဆက်ပြီး ဗို့ တွေ များအောင် ယူထားတာပါ ။
ဆဲ သေးသေး လေးတွေ က တချပ်ဆို ၀.၅ ဗို့ ( 0.5 VDC ) ထွက်နိုင်ပါတယ် ။ ၁၂ ဗို့ ထွက်တဲ့ ဆိုလာ တချပ်ဆို အဲလို ဆဲမျိုး ၃၆ ခုပါဝင်ပါတယ် ။
အဲတော့ ၁၂ ဗို့ ဆိုလာဆဲလ် တချပ် က ၁၈ ဗို့လောက်ထိ ထွက်နိုင်ပါတယ် ။
အဲလိုပါပဲ များများထွက်စေချင် ရင် ဆဲလ် သေးသေးတွေ အများကြီး ဆက်ထား ရပါတယ် ။ လိုအပ်တဲ့ ဆိုလာဆဲလ် ဗို့ တွေ အဖြစ်  ၂၄ ဗို့ ၃၆ ဗို့ … အစရှိသဖြင့် ထုတ်ကျပါတယ် ။
၁၂ ဗို့ ဆိုလာဆဲလ် ကတော့ အများဆုံး တွေ့ နိုင်ပါတယ် ။
ဆိုလာဆဲလ် တွေ မှာလဲ ၃ မျိုးတွေ့ နိုင်ပါတယ် ။
မိုနို ( Monocrystalline)
ပိုလီ ( Polycrystalline )
သင်း ဖလင် (thin-film  amorphous ) ဆို ပြီး ရှိပါတယ် ။
မိုနိုကတော့ အကောင်းဆုံးဖြစ်ပြီး ဈေး အကြီးဆုံးပါ ။ ၂၀ %လောက်ပိုလီထက် ဈေးပိုပါတယ် ။ စက်မှုလုပ်ငန်းတွေ မှာ အများဆုံးသုံးပါတယ် ။
ပိုလီတွေ ကတော့ အများဆုံးတွေ့နိုင်ပါတယ် ။ဈေးသက်သာလို့ပါ ။
သင်း ဖလင် တွေ ကတော့ ယာယီ အဖြစ်သာ သုံးကျပါတယ် ။ခေါက် ထားလိပ်ထားလို့ ရလို့ပါ ။ ဈေးလဲ အရမ်းသက်သာပါတယ် ။
Credit
ASPIRE solar service group

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html