ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ကားတစ္စီးကို ထိန္းသိမ္းျခင္း

ကားတစ္စီးကို ထိန္းသိမ္းျခင္း

ကားတစ္စီးကို ကိုယ္တိုင္အၿမဲျပဳျပင္ထိန္းသိမ္းခ်င္သူေတြအတြက္ အလြယ္မွတ္သားၿပီး ထိန္းသိမ္းျပဳျပင္သင့္တာေတြကို အဆင့္ဆင့္ ေဖာ္ျပေပးလိုက္ပါတယ္။

Tire(တာယာ)

အေျခခံစစ္ေဆးသင့္တဲ့ အ စိတ္အပိုင္းျဖစ္ပါတယ္။ ကားတာယာဆိုတာက တာယာရဲ႕ေလထိ အား၊ တာယာရဲ႕အေျခအေနကို ကားမေမာင္းခင္ ေန႔စဥ္စစ္ေဆး ေပးသင့္တဲ့ အခ်က္ျဖစ္ပါတယ္။ ကားတာယာေလဖိအားကို ေန႔စဥ္စစ္ေဆးသင့္တဲ့အျပင္ တာယာရဲ႕

ပန္း ထိခိုက္ဒဏ္ရာေတြကိုလည္း အခ်ိန္ရရင္ရသလို အၿမဲစစ္ေဆး ေနသင့္ပါတယ္။

ဒါ့အျပင္ တာယာရဲ႕သက္ တမ္းကိုလည္း စတင္တပ္ဆင္ခ်ိန္ မွာကတည္းက ေရာင္းခ်သူထံမွ တစ္ဆင့္ မွတ္သားထားၿပီး သက္ တမ္းကုန္ခ်ိန္ကိုလည္း ေစာင့္မွတ္ သားေနဖို႔ လိုအပ္ပါတယ္။ တာ ယာသက္တမ္းျပည့္ခ်ိန္မွာ တာ ယာကို အခ်ိန္မီလဲလွယ္ေပးျခင္း ျဖင့္ ကားတာယာျဖစ္တဲ့ ယာဥ္ မေတာ္တဆမႈေတြကို ေလ်ာ့ပါး သက္သာေစပါတယ္။

Oil(အင္ဂ်င္၀ိုင္)

ဒါကလည္း အေျခခံစစ္ေဆး သင့္တဲ့အခ်က္ျဖစ္ပါတယ္။ ကားတာယာ စစ္ေဆးၿပီးတဲ့ေနာက္အေ ရးႀ ကီး စစ္ေဆးသင့္တဲ့ အေျခခံအပိုင္းကေတာ့ အင္ဂ်င္၀ိုင္ျဖစ္ ပါတယ္။ အင္ဂ်င္၀ိုင္ဆိုတာ ကားတစ္စီးအတြက္ေတာ့ ေသြးလိုပါ ပဲ။ အင္ဂ်င္၀ိုင္မ်ားတဲ့ ကားက ေသြးတိုးတဲ့ လူတစ္ေယာက္နဲ႔တူ ၿပီး အင္ဂ်င္၀ိုင္နည္းေနတဲ့ ကား ကလည္း ေသြးေပါင္က်ေနတဲ့ လူတစ္ေယာက္နဲ႔တူပါတယ္။ အဲဒါ ေၾကာင့္ ကားတစ္စီးရဲ႕ အင္ဂ်င္ ၀ိုင္ဆိုတာကိုလည္း ေန႔စဥ္စစ္ ေဆးေပးသင့္ပါတယ္။

အင္ဂ်င္၀ိုင္နည္းတာ၊ မ်ား တာအျပင္ အင္ဂ်င္၀ိုင္အပ်စ္အ က်ဲကိုလည္း ေလ့လာစစ္ေဆးသင့္ပါတယ္။ ကားရဲ႕ လိုအပ္ခ်က္ေပၚမူတည္ၿပီး အင္ဂ်င္၀ိုင္ လဲ လွယ္ေပးသင့္ခ်ိန္မွာ လဲလွယ္ေပး သင့္ပါတယ္။ ပုံမွန္အားျဖင့္ ကားအင္ဂ်င္၀ိုင္လဲလွယ္ေပးသင့္ခ်ိန္ ကို ကီလိုမီတာ ၅,၀၀၀ နဲ႔ ၅,၅၀၀ၾကား အသုံးျပဳၿပီးတိုင္းစစ္ေဆး သင့္ပါတယ္။ ပုံမွန္စစ္ေဆးခ်င္တဲ့ သူေတြအတြက္ေတာ့ အနည္းဆုံး တစ္ပတ္ကို တစ္ႀကိမ္စစ္ေဆး ေပးသင့္ပါတယ္။

Window(မွန္တံခါးေတြ)

ကားမွန္တံခါးေတြကိုလည္း ထိန္းသိမ္းျပဳျပင္မႈအပိုင္းမွာ ထည့္သြင္းထားပါတယ္။ ကားတစ္စီးရဲ႕ မွန္တံခါးဆိုတာေတြလည္း ကား အတြက္ ႐ုပ္ပိုင္းဆိုင္ရာမွာေရာ အကာအကြယ္အတြက္ပါ ေထာက္ပံ့ေပးတဲ့ အစိတ္အပိုင္းေတြျဖစ္ပါ တယ္။ အဲဒါေၾကာင့္ ကားရဲ႕ ေလ ကာမွန္ေတြ၊ ေနာက္ၾကည့္မွန္ေတြ  သန္႔ရွင္းမႈရွိဖို႔၊ ထိခုိက္ဒဏ္ရာေတြ ကို စစ္ေဆးေပးရပါမယ္။ အဲဒါမွၾကည္လင္ျပတ္သားတဲ့ျမင္ကြင္း ကို ကားအတြင္းခန္းကေန ျမင္ေတြ႕ႏိုင္မွာ ျဖစ္ပါတယ္။ ေနာက္ ထပ္ သတိထားသင့္တာကေတာ့ ကားရဲ႕ေလကာမွန္ေတြကို ေနအလင္းေရာင္ကာကြယ္ႏိုင္ဖို႔ အ လင္းပိတ္ စတစ္ကာအလြန္အကြၽံ ကပ္တာကိုလည္း ေရွာင္ၾကဥ္ သင့္ပါတယ္။

Brakes, Belt and Battery (ဘရိတ္၊ခါးပတ္ႀကိဳး၊ ဘက္ထရီ)

ကားရဲ႕ ဘရိတ္စနစ္က လည္း ကားတစ္စီးအတြက္ အေရး ႀကီးအခ်က္ျဖစ္ပါတယ္။ ဘရိတ္ ရဲ႕ စြမ္းေဆာင္ရည္ကို အျမင့္ဆုံး အေနအထားမွာရွိေနဖို႔ လိုအပ္ပါ တယ္။ ဒါမွလည္း အခ်ိန္မေရြးႀကဳံ ေတြ႕ႏိုင္တဲ့ ယာဥ္အႏၲရာယ္ေတြ ကို ကာကြယ္ေရွာင္ရွားႏိုင္မွာ ျဖစ္ ပါတယ္။ ခါးပတ္ႀကိဳးေတြကိုေတာ့ ေသခ်ာခိုင္ၿမဲမႈရွိေနဖို႔ လိုအပ္ပါ တယ္။ ကားသစ္ေတြမွာ ျဖစ္ခဲေပ မယ့္ ေမာ္ဒယ္္နိမ့္လာတဲ့ ကားေဟာင္းေတြမွာေတာ့ ခါးပတ္ႀကိဳး ေတြ ေဆြးျမည့္ေနတာ၊ အထိုင္ျပဳတ္ထြက္တာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ ယာဥ္တိုက္မႈျဖစ္တဲ့အ ခ်ိန္မွာ အမွန္တကယ္လိုအပ္တဲ့ ကာ ကြယ္မႈရႏိုင္ဖို႔ ခါးပတ္ႀကိဳး ေတြ ေသခ်ာခိုင္ၿမဲေနရပါမယ္။

ဒါ့အျပင္ အတြင္းခန္းထိုင္ခုံခါးပတ္ေတြမွမဟုတ္ဘဲ ေမာ္တာBelt ႀကိဳး၊ ပန္ကာ Belt ႀကိဳးေတြကိုလည္း အေလ်ာ့အတင္းစစ္ ေဆးေပးသင့္ပါတယ္။ ကားအင္ဂ်င္ေဘာနက္အဖုံးဖြင့္ၿပီး အလြယ္တကူစစ္ေဆးႏိုင္မယ့္ အခ်က္ျဖစ္ပါတယ္။ Belt ႀကိဳးေတြကိုစစ္ ေဆးေပးျခင္းျဖင့္ အင္ဂ်င္စြမ္း ေဆာင္ရည္က်ဆင္းမႈအေၾကာင္း ရင္းကိုလည္း အလြယ္တကူစစ္ ေဆးသိရွိႏိုင္မွာ ျဖစ္ပါတယ္။

ဘက္ထရီဆိုတာကေတာ့ ကားတစ္စီးအတြက္ အေရးႀကီး အခ်က္ျဖစ္ပါတယ္။ ကားဘက္ထရီမေကာင္းရင္ အင္ဂ်င္ႏိႈးရတာ ကစၿပီး ကားမီးသီးေတြအထိ ထိ ခိုက္ေစပါတယ္။ အဲဒါေၾကာင့္ ဘက္ထရီသက္တမ္းနဲ႔ ဘက္ထရီ အေျခအေန၊ ဘက္ထရီရဲ႕ သန္႔ရွင္းမႈေတြကအစ အၿမဲထိန္းသိမ္း ျပဳျပင္ေပးသင့္ပါတယ္။

Interior(အတြင္းခန္း)

ကားအတြင္းခန္း ဆိုတာ ယာဥ္ေမာင္းတစ္ေယာက္အတြက္ ေရာ စီးနင္းသူတစ္ေယာက္အ တြက္ပါ မျဖစ္မေနထိေတြ႕ေနရ မယ့္ အရာျဖစ္ပါတယ္။ အတြင္းခန္းသန္႔ရွင္းမႈက ကားတန္ဖိုး သတ္မွတ္မႈအေပၚမွာ မူတည္ေန တဲ့အျပင္ ကားစီးနင္းသူ၊ ေမာင္းႏွင္သူေတြရဲ႕ က်န္းမာေရးနဲ႔လည္းသက္ဆိုင္ပါတယ္။ အေမႊးနံ႔သာေတြသုံးရတာ မႀကိဳက္ဘူးဆိုရင္ ေတာင္ အတြင္းခန္းမွာ ဖုန္မႈန္႔နဲ႔အမိႈက္ေတြကိုေတာ့ ကင္းစင္ၿပီးေျခာက္ေသြ႕သန္႔ရွင္းေအာင္ ထိန္းသိမ္းေနသင့္ပါတယ္။

Fluid(အေအးခံရည္)

အင္ဂ်င္တစ္ခုလုံးကို အ ေအးဓာတ္ရွိေနဖို႔အတြက္ အင္ဂ်င္ရဲ႕ ေရတိုင္ကီထဲက ေရေတြနဲ႔ ပန္ ကာေတြက လွည့္ပတ္ထိန္းသိမ္း ေပးေနပါတယ္။ ကားမွန္ေတြကို အခ်ိန္မေရြး သန္႔ရွင္းေပးႏိုင္ဖို႔အ တြက္ေတာ့ မွန္၀ိုက္ဘာေတြက  စြမ္းေဆာင္ေပးပါတယ္။ အင္ဂ်င္ ေအးေစဖို႔ ေရတိုင္ကီထဲက ေရကို စစ္ဆးျဖည့္သြင္းေပးဖို႔ လိုအပ္ သလို မွန္၀ိုက္ဘာေရကိုလည္း လိုအပ္သလို ျဖည့္ေပးေနဖို႔လိုအပ္ပါတယ္။ ဒါမွလည္း လိုအပ္တဲ့အ ခ်ိန္မွာ လိုအပ္သလိုကားမွန္ေတြ ကို သန္႔ရွင္းေပးႏိုင္မွာျဖစ္ပါ တယ္။

Light(မီးစနစ္)

ကားမီးသီးနဲ႔ မီးစနစ္ေတြက ေတာ့ ကိုယ္တိုင္စစ္ေဆးရတာ လည္း လြယ္ကူၿပီး ကားအတြက္ ေရာ ယာဥ္ေမာင္းအတြက္ပါ အေရးပါတဲ့ အစိတ္အပိုင္းျဖစ္ပါ တယ္။ ကားတစ္စီးရဲ႕ မီးသီးေတြ အားလုံးရဲ႕ လုပ္ေဆာင္မႈကို အ နည္းဆုံး တစ္ပတ္ႏွစ္ႀကိမ္ခန္႔ စစ္ေဆးေပးသင့္ပါတယ္။ ကားကိုရပ္ထားၿပီး ကားရဲ႕ ေရွ႕ေနာက္မီး ေတြ၊ အခ်က္ျပမီးေတြ၊ ဘရိတ္မီး၊Silent မီးေတြ ပုံမွန္လုပ္ေဆာင္ ျခင္းကို စစ္ေဆးထိန္းသိမ္းရပါ မယ္။ လိုအပ္ရင္ျပဳျပင္ေပးရပါ မယ္။

Windshield Wipers (ေလကာမွန္၀ုိက္ဘာ)

မွန္၀ိုက္ဘာေရေတာ့ ျဖည့္ထားေပမယ့္ မွန္၀ိုက္ဘာေတြက ပုံမွန္ အလုပ္မလုပ္ေတာ့ရင္ေတာ့ အသုံးမ၀င္တဲ့ ၀ိုက္ဘာပဲျဖစ္ေန မွာပါ။ ကားမွန္၀ိုက္ဘာေတြလည္း ပုံမွန္အတိုင္း ေကာင္းမြန္ေနဖို႔နဲ႔ လုပ္ေဆာင္ခ်က္မွန္ဖို႔ကိုလည္း စစ္ေဆးထိန္းသိမ္းသင့္ပါတယ္။

Emission Control System(ဓာတ္ေငြ႕ထိန္းခ်ဳပ္မႈစနစ္)

ကားတစ္စီးရဲ႕ အင္ဂ်င္ကေန ဓာတ္ေငြ႕ထုတ္လုပ္မႈပမာဏကို ထိန္းခ်ဳပ္လုပ္ေဆာင္ေပးဖို႔အ တြက္ ေအာင္ဆီဂ်င္ဆင္ဆာ၊ EGRစတဲ့စနစ္ေတြကို ထည့္သြင္းတည္ ေဆာက္ထားပါတယ္။ ဓာတ္ ထုတ္လႊတ္မႈနဲ႔ ကားအိတ္ေဇာက ထြက္လာတဲ့ ဓာတ္ေငြ႕အေရာင္ ေတြ ၾကည့္ၿပီးေတာ့လည္း အင္ဂ်င္ ရဲ႕ အေျခအေနကို သိႏိုင္ပါတယ္။မူရင္းထုတ္လုပ္တဲ့ စက္႐ုံကလည္း သူတို႔လိုက္နာထုတ္လုပ္တဲ့ ဓာတ္ထုတ္လႊတ္မႈဆိုင္ရာ ဆက္စပ္ဥပေဒေတြကို ကားတစ္စီးခ်င္း မွာ ေဖာ္ျပေပးထားပါတယ္။

အဲဒီအခ်က္ေတြကို ၾကည့္ ၿပီး မိမိကားရဲ႕ ဓာတ္ေငြ႕ထုတ္လႊတ္ေနမႈကို ျပဳျပင္ထိန္းသိမ္းျခင္းျဖင့္ အဘက္ဘက္မွ စည္း ကမ္းလိုက္နာတဲ့ ယာဥ္ထိန္းသိမ္း ျပဳျပင္မႈကို ရရွိေစမွာျဖစ္ပါတယ္။

crd:
—ေအာင္ၿဖိဳးမြန္

Unicode font

ကားတစ်စီးကို ထိန်းသိမ်းခြင်း

ကားတစ်စီးကို ကိုယ်တိုင်အမြဲပြုပြင်ထိန်းသိမ်းချင်သူတွေအတွက် အလွယ်မှတ်သားပြီး ထိန်းသိမ်းပြုပြင်သင့်တာတွေကို အဆင့်ဆင့် ဖော်ပြပေးလိုက်ပါတယ်။

Tire(တာယာ)

အခြေခံစစ်ဆေးသင့်တဲ့ အ စိတ်အပိုင်းဖြစ်ပါတယ်။ ကားတာယာဆိုတာက တာယာရဲ့လေထိ အား၊ တာယာရဲ့အခြေအနေကို ကားမမောင်းခင် နေ့စဉ်စစ်ဆေး ပေးသင့်တဲ့ အချက်ဖြစ်ပါတယ်။ ကားတာယာလေဖိအားကို နေ့စဉ်စစ်ဆေးသင့်တဲ့အပြင် တာယာရဲ့

ပန်း ထိခိုက်ဒဏ်ရာတွေကိုလည်း အချိန်ရရင်ရသလို အမြဲစစ်ဆေး နေသင့်ပါတယ်။

ဒါ့အပြင် တာယာရဲ့သက် တမ်းကိုလည်း စတင်တပ်ဆင်ချိန် မှာကတည်းက ရောင်းချသူထံမှ တစ်ဆင့် မှတ်သားထားပြီး သက် တမ်းကုန်ချိန်ကိုလည်း စောင့်မှတ် သားနေဖို့ လိုအပ်ပါတယ်။ တာ ယာသက်တမ်းပြည့်ချိန်မှာ တာ ယာကို အချိန်မီလဲလှယ်ပေးခြင်း ဖြင့် ကားတာယာဖြစ်တဲ့ ယာဉ် မတော်တဆမှုတွေကို လျော့ပါး သက်သာစေပါတယ်။

Oil(အင်ဂျင်ဝိုင်)

ဒါကလည်း အခြေခံစစ်ဆေး သင့်တဲ့အချက်ဖြစ်ပါတယ်။ ကားတာယာ စစ်ဆေးပြီးတဲ့နောက်အေ ရးြ ကီး စစ်ဆေးသင့်တဲ့ အခြေခံအပိုင်းကတော့ အင်ဂျင်ဝိုင်ဖြစ် ပါတယ်။ အင်ဂျင်ဝိုင်ဆိုတာ ကားတစ်စီးအတွက်တော့ သွေးလိုပါ ပဲ။ အင်ဂျင်ဝိုင်များတဲ့ ကားက သွေးတိုးတဲ့ လူတစ်ယောက်နဲ့တူ ပြီး အင်ဂျင်ဝိုင်နည်းနေတဲ့ ကား ကလည်း သွေးပေါင်ကျနေတဲ့ လူတစ်ယောက်နဲ့တူပါတယ်။ အဲဒါ ကြောင့် ကားတစ်စီးရဲ့ အင်ဂျင် ဝိုင်ဆိုတာကိုလည်း နေ့စဉ်စစ် ဆေးပေးသင့်ပါတယ်။

အင်ဂျင်ဝိုင်နည်းတာ၊ များ တာအပြင် အင်ဂျင်ဝိုင်အပျစ်အ ကျဲကိုလည်း လေ့လာစစ်ဆေးသင့်ပါတယ်။ ကားရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး အင်ဂျင်ဝိုင် လဲ လှယ်ပေးသင့်ချိန်မှာ လဲလှယ်ပေး သင့်ပါတယ်။ ပုံမှန်အားဖြင့် ကားအင်ဂျင်ဝိုင်လဲလှယ်ပေးသင့်ချိန် ကို ကီလိုမီတာ ၅,၀၀၀ နဲ့ ၅,၅၀၀ကြား အသုံးပြုပြီးတိုင်းစစ်ဆေး သင့်ပါတယ်။ ပုံမှန်စစ်ဆေးချင်တဲ့ သူတွေအတွက်တော့ အနည်းဆုံး တစ်ပတ်ကို တစ်ကြိမ်စစ်ဆေး ပေးသင့်ပါတယ်။

Window(မှန်တံခါးတွေ)

ကားမှန်တံခါးတွေကိုလည်း ထိန်းသိမ်းပြုပြင်မှုအပိုင်းမှာ ထည့်သွင်းထားပါတယ်။ ကားတစ်စီးရဲ့ မှန်တံခါးဆိုတာတွေလည်း ကား အတွက် ရုပ်ပိုင်းဆိုင်ရာမှာရော အကာအကွယ်အတွက်ပါ ထောက်ပံ့ပေးတဲ့ အစိတ်အပိုင်းတွေဖြစ်ပါ တယ်။ အဲဒါကြောင့် ကားရဲ့ လေ ကာမှန်တွေ၊ နောက်ကြည့်မှန်တွေ  သန့်ရှင်းမှုရှိဖို့၊ ထိခိုက်ဒဏ်ရာတွေ ကို စစ်ဆေးပေးရပါမယ်။ အဲဒါမှကြည်လင်ပြတ်သားတဲ့မြင်ကွင်း ကို ကားအတွင်းခန်းကနေ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ နောက် ထပ် သတိထားသင့်တာကတော့ ကားရဲ့လေကာမှန်တွေကို နေအလင်းရောင်ကာကွယ်နိုင်ဖို့ အ လင်းပိတ် စတစ်ကာအလွန်အကျွံ ကပ်တာကိုလည်း ရှောင်ကြဉ် သင့်ပါတယ်။

Brakes, Belt and Battery (ဘရိတ်၊ခါးပတ်ကြိုး၊ ဘက်ထရီ)

ကားရဲ့ ဘရိတ်စနစ်က လည်း ကားတစ်စီးအတွက် အရေး ကြီးအချက်ဖြစ်ပါတယ်။ ဘရိတ် ရဲ့ စွမ်းဆောင်ရည်ကို အမြင့်ဆုံး အနေအထားမှာရှိနေဖို့ လိုအပ်ပါ တယ်။ ဒါမှလည်း အချိန်မရွေးကြုံ တွေ့နိုင်တဲ့ ယာဉ်အန္တရာယ်တွေ ကို ကာကွယ်ရှောင်ရှားနိုင်မှာ ဖြစ် ပါတယ်။ ခါးပတ်ကြိုးတွေကိုတော့ သေချာခိုင်မြဲမှုရှိနေဖို့ လိုအပ်ပါ တယ်။ ကားသစ်တွေမှာ ဖြစ်ခဲပေ မယ့် မော်ဒယ်နိမ့်လာတဲ့ ကားဟောင်းတွေမှာတော့ ခါးပတ်ကြိုး တွေ ဆွေးမြည့်နေတာ၊ အထိုင်ပြုတ်ထွက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ယာဉ်တိုက်မှုဖြစ်တဲ့အ ချိန်မှာ အမှန်တကယ်လိုအပ်တဲ့ ကာ ကွယ်မှုရနိုင်ဖို့ ခါးပတ်ကြိုး တွေ သေချာခိုင်မြဲနေရပါမယ်။

ဒါ့အပြင် အတွင်းခန်းထိုင်ခုံခါးပတ်တွေမှမဟုတ်ဘဲ မော်တာBelt ကြိုး၊ ပန်ကာ Belt ကြိုးတွေကိုလည်း အလျော့အတင်းစစ် ဆေးပေးသင့်ပါတယ်။ ကားအင်ဂျင်ဘောနက်အဖုံးဖွင့်ပြီး အလွယ်တကူစစ်ဆေးနိုင်မယ့် အချက်ဖြစ်ပါတယ်။ Belt ကြိုးတွေကိုစစ် ဆေးပေးခြင်းဖြင့် အင်ဂျင်စွမ်း ဆောင်ရည်ကျဆင်းမှုအကြောင်း ရင်းကိုလည်း အလွယ်တကူစစ် ဆေးသိရှိနိုင်မှာ ဖြစ်ပါတယ်။

ဘက်ထရီဆိုတာကတော့ ကားတစ်စီးအတွက် အရေးကြီး အချက်ဖြစ်ပါတယ်။ ကားဘက်ထရီမကောင်းရင် အင်ဂျင်နှိုးရတာ ကစပြီး ကားမီးသီးတွေအထိ ထိ ခိုက်စေပါတယ်။ အဲဒါကြောင့် ဘက်ထရီသက်တမ်းနဲ့ ဘက်ထရီ အခြေအနေ၊ ဘက်ထရီရဲ့ သန့်ရှင်းမှုတွေကအစ အမြဲထိန်းသိမ်း ပြုပြင်ပေးသင့်ပါတယ်။

Interior(အတွင်းခန်း)

ကားအတွင်းခန်း ဆိုတာ ယာဉ်မောင်းတစ်ယောက်အတွက် ရော စီးနင်းသူတစ်ယောက်အ တွက်ပါ မဖြစ်မနေထိတွေ့နေရ မယ့် အရာဖြစ်ပါတယ်။ အတွင်းခန်းသန့်ရှင်းမှုက ကားတန်ဖိုး သတ်မှတ်မှုအပေါ်မှာ မူတည်နေ တဲ့အပြင် ကားစီးနင်းသူ၊ မောင်းနှင်သူတွေရဲ့ ကျန်းမာရေးနဲ့လည်းသက်ဆိုင်ပါတယ်။ အမွှေးနံ့သာတွေသုံးရတာ မကြိုက်ဘူးဆိုရင် တောင် အတွင်းခန်းမှာ ဖုန်မှုန့်နဲ့အမှိုက်တွေကိုတော့ ကင်းစင်ပြီးခြောက်သွေ့သန့်ရှင်းအောင် ထိန်းသိမ်းနေသင့်ပါတယ်။

Fluid(အအေးခံရည်)

အင်ဂျင်တစ်ခုလုံးကို အ အေးဓာတ်ရှိနေဖို့အတွက် အင်ဂျင်ရဲ့ ရေတိုင်ကီထဲက ရေတွေနဲ့ ပန် ကာတွေက လှည့်ပတ်ထိန်းသိမ်း ပေးနေပါတယ်။ ကားမှန်တွေကို အချိန်မရွေး သန့်ရှင်းပေးနိုင်ဖို့အ တွက်တော့ မှန်ဝိုက်ဘာတွေက  စွမ်းဆောင်ပေးပါတယ်။ အင်ဂျင် အေးစေဖို့ ရေတိုင်ကီထဲက ရေကို စစ်ဆးဖြည့်သွင်းပေးဖို့ လိုအပ် သလို မှန်ဝိုက်ဘာရေကိုလည်း လိုအပ်သလို ဖြည့်ပေးနေဖို့လိုအပ်ပါတယ်။ ဒါမှလည်း လိုအပ်တဲ့အ ချိန်မှာ လိုအပ်သလိုကားမှန်တွေ ကို သန့်ရှင်းပေးနိုင်မှာဖြစ်ပါ တယ်။

Light(မီးစနစ်)

ကားမီးသီးနဲ့ မီးစနစ်တွေက တော့ ကိုယ်တိုင်စစ်ဆေးရတာ လည်း လွယ်ကူပြီး ကားအတွက် ရော ယာဉ်မောင်းအတွက်ပါ အရေးပါတဲ့ အစိတ်အပိုင်းဖြစ်ပါ တယ်။ ကားတစ်စီးရဲ့ မီးသီးတွေ အားလုံးရဲ့ လုပ်ဆောင်မှုကို အ နည်းဆုံး တစ်ပတ်နှစ်ကြိမ်ခန့် စစ်ဆေးပေးသင့်ပါတယ်။ ကားကိုရပ်ထားပြီး ကားရဲ့ ရှေ့နောက်မီး တွေ၊ အချက်ပြမီးတွေ၊ ဘရိတ်မီး၊Silent မီးတွေ ပုံမှန်လုပ်ဆောင် ခြင်းကို စစ်ဆေးထိန်းသိမ်းရပါ မယ်။ လိုအပ်ရင်ပြုပြင်ပေးရပါ မယ်။

Windshield Wipers (လေကာမှန်ဝိုက်ဘာ)

မှန်ဝိုက်ဘာရေတော့ ဖြည့်ထားပေမယ့် မှန်ဝိုက်ဘာတွေက ပုံမှန် အလုပ်မလုပ်တော့ရင်တော့ အသုံးမဝင်တဲ့ ဝိုက်ဘာပဲဖြစ်နေ မှာပါ။ ကားမှန်ဝိုက်ဘာတွေလည်း ပုံမှန်အတိုင်း ကောင်းမွန်နေဖို့နဲ့ လုပ်ဆောင်ချက်မှန်ဖို့ကိုလည်း စစ်ဆေးထိန်းသိမ်းသင့်ပါတယ်။

Emission Control System(ဓာတ်ငွေ့ထိန်းချုပ်မှုစနစ်)

ကားတစ်စီးရဲ့ အင်ဂျင်ကနေ ဓာတ်ငွေ့ထုတ်လုပ်မှုပမာဏကို ထိန်းချုပ်လုပ်ဆောင်ပေးဖို့အ တွက် အောင်ဆီဂျင်ဆင်ဆာ၊ EGRစတဲ့စနစ်တွေကို ထည့်သွင်းတည် ဆောက်ထားပါတယ်။ ဓာတ် ထုတ်လွှတ်မှုနဲ့ ကားအိတ်ဇောက ထွက်လာတဲ့ ဓာတ်ငွေ့အရောင် တွေ ကြည့်ပြီးတော့လည်း အင်ဂျင် ရဲ့ အခြေအနေကို သိနိုင်ပါတယ်။မူရင်းထုတ်လုပ်တဲ့ စက်ရုံကလည်း သူတို့လိုက်နာထုတ်လုပ်တဲ့ ဓာတ်ထုတ်လွှတ်မှုဆိုင်ရာ ဆက်စပ်ဥပဒေတွေကို ကားတစ်စီးချင်း မှာ ဖော်ပြပေးထားပါတယ်။

အဲဒီအချက်တွေကို ကြည့် ပြီး မိမိကားရဲ့ ဓာတ်ငွေ့ထုတ်လွှတ်နေမှုကို ပြုပြင်ထိန်းသိမ်းခြင်းဖြင့် အဘက်ဘက်မှ စည်း ကမ်းလိုက်နာတဲ့ ယာဉ်ထိန်းသိမ်း ပြုပြင်မှုကို ရရှိစေမှာဖြစ်ပါတယ်။

crd:
—အောင်ဖြိုးမွန်

No comments:

lasted post in this site, touch on header

ကားတာယာအေရာင္းဆိုင္ မိတ္ဆက္ျခင္း

Html