အီလက်ထရောနစ်အခြေခံလေ့လာသူတို့အတွက်
=================================
=================================
၁။ မင်္ဂလာပါခင်ဗျ။ ခုကျွန်တော်ဆွေးနွေးချင်တဲ့ အကြောင်းအရာလေးကတော့ အီလက်ထရော နစ်ကို စတင်လေ့လာသူတို့အတွက် လေ့လာပုံအဆင့်ဆင့်ကို ကျွန်တော့်ရဲ့ ထင်မြင်ယူဆချက်လေးတွေ ကို ဆွေးနွေးသွားပါ့မယ်။ ကျွန်တော်က Hardware သမားဆိုတော့ Hardware ပိုင်းလေ့လာပုံလေးတွေ ဖေါ်ပြသွားပါ့မယ်…။
၂။ ဟုတ်ကဲ့….။ အီလက်ထရောနစ်ကို စိတ်ဝင်စားလာတဲ့အခါ လေ့လာလိုစိတ်တွေ အရမ်းများလာ တယ်။အဲ့သလို စိတ်ဓါတ်တွေတက်ကြွလာပေမယ့်လည်း ဘယ်ကစရမှန်းမသိဘဲ ဝေေ၀၀ါးဝါး ဖြစ်နေပြန် ရော။ အီလက်ထရောနစ် အခြေခံသင်တန်းတွေတက်ဖို့ အဆင်ပြေသူတွေအတွက်တော့ သင်တန်းလေး တွေတက်ပြီး လက်တွေ့လေ့လာ၊လေ့ကျင့် ပြုလုပ်နိုင်ပေမယ့် သင်တန်းတက်ရောက်ဖို့ အခက်အခဲရှိသူ တွေအတွက်တော့ သိချင်တာကများပြီး ဘယ်ကနေစရမှန်းမသိ ဇဝေဇ၀ါဖြစ်နေတတ်ပါတယ်။ တစ်ခါ တစ်ရံမှာ ကျော်ခွပြီးလုပ်ကြည့်ရင်း ထင်သလိုဖြစ်မလာခဲ့ရင် ထက်သန်တဲ့စိတ်ကို ထိခိုက်စေတတ်တဲ့အ တွက်ကြောင့် ယခုဆွေးနွေးမယ့် အကြောင်းအရာလေးကို ရေးဖြစ်သွားတာဖြစ်ပါတယ်။
၃။ အီလက်ထရောနစ်ကို စတင်လေ့လာတဲ့အခါ Electronic Devices လေးတွေအကြောင်းကို စ တင်လေ့လာသင့်ပါတယ်။ Electronic Devices လေးတွေကိုလေ့လာတဲ့နေရာမှာ Input Device ၊ Output Device ၊ Passive Device ၊ Active Device နဲ့ Integrate Circuit (IC) တို့ ပါဝင်ပါတယ်။ Device လေးတွေအကြောင်းကို အလုပ်လုပ်ပုံလေးတွေ အကြမ်းဖျင်းနားလည်လာပြီးနောက်ပိုင်းမှာ သူတို့ရဲ့ လုပ်ဆောင်ချက်ကို ကွက်ကွက်ကွင်းကွင်းလေးသိအောင် အခြေခံအသုံးချပတ်လမ်းလေးတွေနဲ့ တွဲဖက်ပြီး လေ့လာသင့်ပါတယ်။ အခြေခံကိုနားလည်လာရင် ကျန်တဲ့အပိုင်းလေးတွေ ဖြန့်ကျက်ပြီး တွေး တောလေ့လာနိုင်ပါလိမ့်မယ်။ မေ့ဖို့ ၊ ရှုပ်ထွေးဖို့လည်း နည်းလာပါလိမ့်မယ်။
၎။ နောက်…အဲဒီအခြေခံအသုံးချ ပတ်လမ်းလေးတွေကို Project Board လေးတွေမှာတပ်ဆင်ပြီး စမ်းသပ်ကြည့်ပါမယ်။ ဒီလိုစမ်းသပ်တဲ့နေရာမှာ အဓိကအလုပ်လုပ်ဆောင်ပေးတဲ့ Device လေးကို နမူနာပတ်လမ်းမှာပေးထားတဲ့ တန်ဖိုးအောက်၊ အထက်တို့ကို အမျိုးမျိုးပြောင်းလဲပြီး လက်တွေ့ဘယ်လို မျိုးဖြစ်သွားသလဲ သိအောင်စမ်းသပ်လေ့လာရပါမယ်။ ဒါမှ တန်ဖိုးမကိုက်ညီတဲ့အခါ ဖြစ်ပေါ်လာတဲ့ ပြစ် ချက်လေးတွေ သိရှိနားလည်နိုင်မှာဖြစ်ပါတယ်။နောက်..ပြောင်းပြန်တပ်ရင် ဘယ်လိုအကျိုးသက်ရောက် မယ် စသဖြင့်လည်း စမ်းသပ်ကြည့်ပါ။ (#မှတ်ချက်- Electrolyzed Capacitor တွေ ပြောင်းပြန်တပ်ရင် တော့ ပေါက်ထွက်တတ်ပြီး လက်တွေ့စမ်းသပ်ချင်လည်း Voltage နည်းတဲ့ Capacitor လေးတွေကို မျက်နှာအကာအကွယ်လေးနဲ့ စမ်းကြည့်နိုင်ပါတယ်။)
၅။ Electronic Device လေးတွေအကြောင်းကို အထိုက်အသင့် နားလည်သွားရင် Circuit လေးတွေပေါင်းစပ်ပြီး ကိုယ်ပိုင်ပုံစံလေးတွေကို တည်ဆောက်ကြည့်လိုက်ပါ။ ဒီလိုတည်ဆောက်တဲ့နေ ရာမှာ အစပိုင်းမှာ Project Board လေးတွေသုံးပြီး တည်ဆောက်လေ့လာသင့်ပြီး နောက်ပိုင်းမှာ Mini-1 Card လေးတွေမှာ လက်တွေ့တပ်ဆင်ပြီး တည်ဆောက်ကြည့်သင့်ပါတယ်။ ဒီလိုတည်ဆောက်ခြင်းအား ဖြင့် Component Assembly နဲ့ ခဲဂဟေတို့နည်းကိုလည်း အလေ့အကျင့် ပြုလုပ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ ဥပမာဗျာ..Diode တွေကို အသုံးချတည်ဆောက် ထားတဲ့ Rectifier ပတ်လမ်းနဲ့ 7812 လို Regulator IC လေးတွေသုံးပြီး Linear Type Regulator လေးတွေ အစမ်းလေ့ကျင့်တည်ဆောက် ကြည့်သင့်ပါတယ်။ အဲဒီ Regulator လေးကနေ 9V/5V /3.3V စသဖြင့် အဆင့်ဆင့် ဆက်ပြီး Output အမျိုးမျိုး ထုတ်ကြည့်ပြီး လေ့ကျင့်ကြည့်ပါ။ Electronic Circuit လေးတွေ အလုပ်လုပ်ဖို့ အဓိကလိုအပ်တဲ့ Power Supply (Source) လေးတွေကို ကျွမ်းကျွမ်းကျင်ကျင် တည်ဆောက် တတ်ဖို့ကလည်း အရေးကြီးတဲ့အချက်တစ်ခုပါ။
၆။ အခြေခံအသုံးချပတ်လမ်းတွေကို တည်ဆောက်ရင်းနဲ့ဘဲ Electronic Device လေးတွေအ ကြောင်းကို ဖြည်းဖြည်းချင်းသိနားလည်လာပါလိမ့်မယ်။ #အီလက်ထရောနစ်ပစ္စည်းလေးတွေကို ပေးထားတဲ့အခြေခံပတ်လမ်းအတိုင်း တပ်ဆင်လိုက်ရင် အလုပ်လုပ်သွားတိုင်း မိမိသိရှိနားလည်ပြီလို့ မ မှတ်ယူဘဲ၊ ဘာလို့၊ဘာကြောင့် ဒီနေရာမှာ သူရှိနေရသလဲဆိုတာကို ကောင်းကောင်းသိအောင် လုပ်ရပါမယ်။
၇။ အီလက်ထရောနစ်ပစ္စည်လေးတွေ အထိုက်အလျောက် နားလည်အသုံးချတတ်လာရင် အီ လက်ထရောနစ် ပတ်လမ်း (Schematic) လေးတွေ ဆွဲနိုင်အောင် လေ့ကျင့်ရပါမယ်။ အ၀င်ပိုင်း(Input Section) ဆို ဘယ်လိုထားသင့်တယ်၊ အထွက်ပိုင်း (Output Section) ဆိုဘယ်လိုထားသင့်တယ် ၊ ဘယ်အစိတ်အပိုင်းလေးတွေကို ရှင်းရှင်းလင်းလင်းဖြစ်အောင် ဘယ်လိုတော့ ထားသင့်တယ်ဆိုတာမျိုး ကို ဆွဲရင်းဆွဲရင်း နားလည်လာပါလိမ့်မယ်။ မိမိဆွဲထားတဲ့ Schematic တစ်ခုကို တစ်ခြားသူတစ် ယောက်ရှင်းရှင်းလင်းလင်း ဖတ်နိုင်စေဖို့လိုအပ်ပါတယ်။ ဒါတွေကလည်း ဆွဲရင်းဆွဲရင်း တွေ့ပါများလာ တော့ သူ့နေရာနဲ့သူ ထားသိုတတ်လာမှာပါ။
၈။ Schematic တွေကောင်းကောင်း ဆွဲတတ်လာရင် Printed Board လေးတွေမှာ Schematic မှာပါတဲ့ Electronic Device လေးတွေ သူ့နေရာနဲ့သူ နေရာချထားတတ်အောင် လေ့ကျင့်ရပါမယ်။ PCB Design ရေးဆွဲခြင်းလို့ ခေါ်ပါတယ်။ ဒီပညာရပ်ကတော့ အီလက်ထရောနစ် အမြင်ကောင်းကောင်း ရှိဖို့လည်း လိုအပ်ပါတယ်။ တစ်ချို့နေရာတွေမှာ Mini-1 Card လို့ခေါ်တဲ့ အပေါက်များစွာပါတဲ့ Ready Made Card လေးတွေမှာ Electronic Device လေးတွေတပ်ဆင်ပြီး PCB အစားထိုးအသုံးပြုကြပါ တယ်။ မိမိအနေနဲ့ PCB မဆွဲတတ်ရင် အီလက်ထရောနစ်အလုပ် လုပ်လို့မရဘူးလား ဆိုတော့လုပ်လို့ ရပါတယ်။ တစ်ခုရှိတာက စိတ်သွားတိုင်းကိုယ်မပါဘူးပေါ့ဗျာ။ Hardware သမားတစ်ယောက်အနေနဲ့ PCB Design ဆွဲတတ်ရင် ကိုယ်လုပ်ချင်တဲ့ Project လေးတွေကို ချက်ချင်းလက်ငင်း အကောင်အ ထည်ဖေါ်ဆောင်ရွက်နိုင်တဲ့ အကျိုးကျေးဇူးလေးတွေ ရှိပါတယ်။
၈။ Schematic တွေကောင်းကောင်း ဆွဲတတ်လာရင် Printed Board လေးတွေမှာ Schematic မှာပါတဲ့ Electronic Device လေးတွေ သူ့နေရာနဲ့သူ နေရာချထားတတ်အောင် လေ့ကျင့်ရပါမယ်။ PCB Design ရေးဆွဲခြင်းလို့ ခေါ်ပါတယ်။ ဒီပညာရပ်ကတော့ အီလက်ထရောနစ် အမြင်ကောင်းကောင်း ရှိဖို့လည်း လိုအပ်ပါတယ်။ တစ်ချို့နေရာတွေမှာ Mini-1 Card လို့ခေါ်တဲ့ အပေါက်များစွာပါတဲ့ Ready Made Card လေးတွေမှာ Electronic Device လေးတွေတပ်ဆင်ပြီး PCB အစားထိုးအသုံးပြုကြပါ တယ်။ မိမိအနေနဲ့ PCB မဆွဲတတ်ရင် အီလက်ထရောနစ်အလုပ် လုပ်လို့မရဘူးလား ဆိုတော့လုပ်လို့ ရပါတယ်။ တစ်ခုရှိတာက စိတ်သွားတိုင်းကိုယ်မပါဘူးပေါ့ဗျာ။ Hardware သမားတစ်ယောက်အနေနဲ့ PCB Design ဆွဲတတ်ရင် ကိုယ်လုပ်ချင်တဲ့ Project လေးတွေကို ချက်ချင်းလက်ငင်း အကောင်အ ထည်ဖေါ်ဆောင်ရွက်နိုင်တဲ့ အကျိုးကျေးဇူးလေးတွေ ရှိပါတယ်။
၉။ မိမိတည်ဆောက်လိုတဲ့ Project လေးကို PCB Design ဆွဲပြီး နောက်ပိုင်း Prototype လို့ခေါ် တဲ့ အစမ်းPCB လေးတွေထုတ်ပြီး Component လေးတွေ board ပေါ်တင်ပြီး စမ်းရပါမယ်။ ဒါလေးတွေ ကတော့ ကျွန်တော့်ရဲ့ Hardware သမားတစ်ယောက် လေ့လာင်ယူရမယ် နည်းလမ်းကြောင်းဖြစ်ပါ တယ်။ ကျွန်တော့် အာဘော်သက်သက်ပါ။ အခြားကောင်းတဲ့ ချဉ်းကပ်ပုံစံလေးများရှိခဲ့ရင်လည်း ဖြည့်စွက်ဆွေးနွေးစေလိုပါတယ်။
၁၀။ ကျွန်တော်တို့ အီလက်ထရောနစ်ပညာကို လေ့လာတဲ့အခါမှာ မိမိကိုမိမိ ဦးစွာနားလည်အောင် လုပ်ရပါမယ်။ မိမိက Programming ပိုင်းကို စိတ်ပါဝင်စားသလား၊ Hardware ဘဲစိတ်ဝင်စားသလား ပေါ့။ မိမိအားသာတဲ့အပိုင်းကို ဦးတည်ဇောက်ချ လုပ်သင့်ပါတယ်။ နောင်အချိန် အထိုက်အလျောက် တတ်သိနားလည်မှသာ Hardware သမားက Software လေးတွေဆက်လေ့လာတာမျိုးလေးလုပ်ရင် ပိုမိုထိရောက်မယ် ထင်ပါတယ်။ #Main Subject မရှိဘဲ အကြမ်းဝတ် (Hardware) လည်းပါ၊ အချောဝတ်(Software) လည်းပါရင် ရော့ဒါလုပ်စမ်းဆိုတဲ့အခါ တောင်မရောက်၊ မြောက်မရောက် ဖြစ်လေ့ရှိတာလည်း တွေ့ဖူးပါတယ်။ အကြမ်းဖျဉ်းအရတော့ သိကောင်းသိနိုင်ပါလိမ့်မယ်။ လက်တွေ့မှာ ထင်သလောက် တိုးတက်ဖို့ကတော့ ခက်တာပေါ့။ ကျွန်တော်ကတော့ Hardware ကနေ မတတ်နိုင် သေးပါဘူး။
၁၁။ နောက်တစ်ခုက Professional ကိစ္စပါ။ ကျွန်တော် တရုတ်ကုမ္မဏီတစ်ချို့ နဲ့ လက်တွဲပြီး အလုပ် လုပ်ကိုင်တဲ့အချိန်က လက်တွေ့သိလိုက်ရတဲ့ အချက်လေးတွေပြောပြချင်ပါတယ်။ အဲ့ဒီချိန်တုန်း က ကျွန်တော်က ကျွန်တော့်ရဲ့ Main Subject ဖြစ်တဲ့ Surface Mounted Assembly မှာ လုပ်ရပါတယ်။ ကျွန်တော်နဲ့ တွဲဖက်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား သူငယ်ချင်းကသူ့ကိုယ်သူ SMD Assembly Engineer လို့မိတ်ဆက်ပါတယ်။ သူခဲဂေါက်ကိုင်ပြီး ခဲဂဟေမဆော်တတ်သလို၊ Output မထွက်လို့လည်း ဘယ်အပိုင်းကဖြစ်တယ်ဆိုတာပြောဖို့ Test Instrument လည်း မတိုင်းတတ်ပါဘူး။ ကျွန်တော်ကအဲ့ဒီချိန်မှာ SMT လုပ်ငန်းလေးတွေမရှိရင် Research လုပ်ငန်း၊ Production လုပ်ငန်း လုပ်တယ်လို့ပြောတော့ ဒီကောင်က ကျွန်တော့်ကိုအထင်ကြီးတာပေါ့ဗျာ။ နောက်ပိုင်း တစ်ကယ့် Assembly လည်းလုပ်ကြရော စနစ်ကျနမှု ၊ လုပ်ငန်းကျွမ်းကျင်မှုတို့မှာ ဆီနဲ့ရေ လိုကွာသမှ။ အဲဒီချိန်က စလို့ ကိုယ်လေ့လာတဲ့၊ စိတ်ပါဝင်စားတဲ့ Subject မှာဘဲ Professional ကျအောင် ဆောင်ရွက်လုပ်ကိုင် ဖို့လိုတယ်ဆိုတဲ့အချက် ကောင်းကောင်းသိခဲ့ရပါတယ်။ ယုံလည်းယုံကြည်လာပါတယ်။ ယုံကြည်မ ပေါ့ဗျာ အလုပ်လုပ်တဲ့နေရာမှာလည်း ထောက်ကွက်မရှိအောင် စနစ်ကျသေသပ်သလို၊ သူ့လစာက မြန်မာငွေနဲ့ဆို သိန်း (၂၀) လောက်ရတဲ့ တစ်ကယ့်မက်လောက်စရာ Professional ဖြစ်တာကိုး။ နေရာတစ်ကာမှာ Professional ကျရင်တော့ အတိုင်းထက်လွန်ကောင်းသပေါ့။ ကျွန်တော် လက်ရှိလုပ် ကိုင်နေတဲ့ အလုပ်မှာ #အီလက်ထရောနစ်အင်ဂျင်နီယာဆိုတာနဲ့ Resistor ကစပြီး ဒုံးပျံထိ သိတယ် ထင်ပြီး တောင်မေး/မြောက်မေး အမေးခံရတုန်းရယ်။ မဖြေနိုင်ရင်လည်း အတော်ညံ့တဲ့သူဆိုပြီး Comment လေးတွေလည်း လက်ဆောင်ပေးဆဲဗျ။ Professional ဖြစ်ချင်ရင် အဲ့သလို ဒဏ်လေးတွေ အနည်းနဲ့ အများ ခံနိုင်ရပါလိမ့်မယ်။ ကိုယ်သိထားရမှာက Project တစ်ခု အောင်မြင်စေဖို့က တစ်ယောက်ထဲ လုပ်မှမဟုတ်ပါဘူး။ Subject အလိုက် ပူပေါင်းဆောင်ရွက်မှ ပိုပြီးပြည့်စုံကောင်းမွန်ပါ လိမ့်မယ်။
၁၂။ ဒါ့ကြောင့် ကျောင်းသား/ကျောင်းသူလေးတွေအနေနဲ့ ခုခေတ်လို လေ့လာဖို့နည်းလမ်းများစွာနဲ့ အထောက်အကူပြုပစ္စည်း မြောက်များစွာရှိတဲ့ အခြေအနေတွေမှာ မိမိလေ့လာတဲ့ Subject မှာ Pro: ဖြစ် ဖို့ လေ့လာကြိုးစားလေ့လာစေဖို့ အကြံပြု တိုက်တွန်းပါရစေ…….
ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျနိုင်ကြပါစေ…..
Credit
ကိုသားငယ် (BE-EC)
Credit
ကိုသားငယ် (BE-EC)