ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ကားဘက်ထရီအားမရှိလို့ စက်နှိုး မရရင် တခြားကားမှ ဘက်ထရီနဲ့ ချိတ်ဆက် နှိုးမယ်

ကားဘက်ထရီအားမရှိလို့ စက်နှိုး မရရင် တခြားကားမှ ဘက်ထရီနဲ့ ချိတ်ဆက် နှိုးမယ်


☑ ၁။ ကားနှစ်စီး၏ ဘက်ထရီ ရှိရာဘက် အဓိကထား၍ ခေါင်းချင်းဆိုင်ရပ်ပါ။
☑ ၂။ ဘက်ထရီအိုး မှ
အဖိုငုတ် ဆိုရင် အပေါင်းလက္ခဏာ(+) နဲ့ အနီရောင်ပါ။
အမငုတ် ဆိုရင် အနှုတ်လက္ခဏာ(-) နဲ့  အနက်ရောင်ပါ။
☑ ၃။ပုံထဲမှ နံပါတ်စဉ် အတိုင်း
➽ @1. ဘက်ထရီ ထောက်ကြိုး (Jumper Cable) အဖိုကြိုး အနီကို အားကုန်နေတဲ့ဘက်ထရီအိုး ရဲ့ အဖိုငုတ် (+) မှာ အရင်တပ်ဆင်ပါ။
➽ @2.  အဖိုကြိုး အနီ ရဲ့နောက်တစ်ဖက်ကို အားပြည့်နေတဲ့ဘက်ထရီက အဖိုငုတ် (+) မှာ ချိတ်ဆက်ပါ။
➽ @3.  အမကြိုး အနက်ကို အားပြည့်နေတဲ့ ဘက်ထရီရဲ့ အမငုတ် (-) မှာ အရင်တပ်ဆင်ပါ။
➽ @4. အမကြိုး အနက် ရဲ့နောက်တစ်ဖက်ကို ကား အင်ဂျင် သို့ ဘော်ဒီ ကို ချိတ်ဆက်လိုက်ပါ။
☑ ၄။ ဘက်ထရီ အားရှိတဲ့ကားကို အရင် စက်နှိုးပြီး ထားပါ။
ပြီးမှ ဘက်ထရီ အားမရှိတဲ့ကားကို စက်နှိုးပါ။
☑ ၅။ နိုးရလို့ ထောက်ကြိုးဖြုတ်ရင်
စ ချိတ်တာနဲ့ ပြောင်းပြန် အတိုင်းပြန်ဖြုတ်ပါ။
➽ @4. အားမရှိတဲ့ကားမှ အနက်ကြိုး  ကိုအရင်ဖြုတ်ပါ။
➽ @3. ပီးရင် အားရှိတဲ့ကားမှ အနက်ကြိုး ကိုဖြုတ်ပါ။
➽ @2. အားရှိတဲ့ကားမှ အနီကြိုး ကိုအရင်ဖြုတ်ပါ။
➽ @1. ပီးမှ အားမရှိတဲ့ကားမှ အနီကြိုး ကိုဖြုတ်ပါ။
 သတိပြုရန်
ကားတစီးဘက် မှ ဘက်ထရီ ( + ) ( - ) ကြိုး ၂ခုစလုံး ကို အရင်မဖြုတ်ပါနဲ့
ရှော့ရိုက်သလို ဖြစ်တတ်၍ အဆင့်အတိုင်း ဖြုတ်က ပိုကောင်းပါတယ်



Credit
ကားချစ်သူ
Credit》》
photo:internet

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html