*~*~*~*~*~*~*~*~*~*~*~*~*~*~*~*
*** ဂေါက် ရောဂါ ဘာ့ကြောင့်ဖြစ် ***
*~*~*~*~*~*~*~*~*~*~*~*~*~*~*~*
.
ဂေါက်ရောဂါဆိုတာ မွေးရာပါရောဂါမျိုးမဟုတ်ဘဲ၊ အနေအစားမမှန်ကန်ခြင်း/စိတ်ဖိစီးမှုများခြင်း/သုံးစွဲနေသောပဋိဇီဝဆေးအချို့  ၏ဘေးထွက်ဆိုးကျိုးများ…စသည့် တို့ ကြောင့် ခန္ဓာကိုယ်တွင်း ဓာတုပြုမှုတို့  မူမမှန်တော့ဘဲ၊ ယူရစ်အက်ဆစ်များ မြင့်တက်လာ ပါတော့တယ်။ ထိုယူရစ်က်စ်များ အထူးသဖြင့် လက်ချောင်းများ/ခြေမအဆစ်/ဒူးခေါင်း/တံတောင်ဆစ်များတွင် အနည် ကျကျောက် တည်ကာ မခံမရပ်နိုင်အောင် နာကျင်ရောင်ကိုင်းပြီး ဂေါက်ရောဂါဖြစ်လာရပါတယ်။ အမျိုးသား အသက် ၄၀ကျော် တွင် ဂေါက်ရောဂါအဖြစ်များလေ့ရှိပြီး၊ သွေးဆုံးကိုင်ပြီးအမျိုးသမီးများ လည်းဖြ စ်တတ်ပါတယ်။ဖိဖိစီးစီးမကုသနိုင်ပါက ကျောက်ကပ် ကျောက်တည်ခြင်းပါ ဖြစ်လာနိုင်ပါတယ်။
.
ရောဂါလက္ခဏာများ…။
~~~~~~~~~~~~~~~~
.
(၁) ညဉ့် နက်သန်းခေါင် (သို့ မဟုတ်) မိုးသောက်ယံအချိန်တို့ တွင် နှစ်ခြိုက်စွာအိပ်ပျော်နေစဉ် အရိုး အဆစ်များ တဆစ်ဆစ်နာကျင်ကိုက်ခဲပြီး ရုတ်တရက် အိပ်ယာမှလန့် နိုးလာခြင်း။
.
(၂)ြေ ခချောင်း-လက်ချောင်း၊ ခါး၊ ခြေဖနောင့်၊ ခြေချင်းဝတ် နှင့် ဒူးခေါင်းများ တဆစ်ဆစ်နာကျင်ကိုက် ခဲရောင် ကိုင်းပြီး အဖျားတက်လာခြင်း။
.
(၃) အဆစ်အမြစ်များ သူ့ အလိုလို နီရဲ၍ ခံရခက်အောင် ယားယံထူပူလာလိုက်၊ ခဏကြာပျောက်သွားလိုက်၊ နောက်ထပ်ပြန်ဖြစ်လိုက်-ပျောက်သွားလိုက် စသည်ဖြင့် ၁နာရီကြားတခါ ခံစားနေရခြင်း။
.
(၄) အရိုးအဆစ်များကို အိပ်ယာခင်း-ဖျာ တို့ နဲ့ေ တာင် ပွတ်တိုက်အထိမခံနိုင်ဘဲ အလွန်အမင်း နာကျင်ခြင်း…တို့ ဖြစ်ပါတယ်။
.
ရှောင်ရန်…။
~~~~~~~~
.
(၁) ပူရင်းဓာတ်ပါရှိသော အစားအစာများက ခန္ဓာကိုယ်ထဲရောက်သွားသောအခါ၊ ယူရစ်အက် ဆစ်ပ မာဏ ၅၀% ထိ ထုတ်လွှတ်လေ့ရှိပြီး၊ ဂေါက်ရောဂါအခြေအနေကို ပိုမိုဆိုးရွားလာစေ ပါတယ်။ ပူးရင်းဓာတ်ပမာဏ အမြောက်အများပါရှိသော အနီ ရောင်အသားများ၊ ကြက်-၀က်-ဆိတ်-အမဲကလီစာများ(အသည်း/ကျောက်ကပ်/နှလုံးများ)၊ အကြေးခွံပါသောငါးများ၊ ကဖိန်း ဓာတ်ပါသော ကော်ဖီ/လ္ဘက်ရည်များ၊ သကြားများ၊ ဆီအဟောင်းကို ထပ်ခါတလဲလဲ သုံး၍ကြော် ထားသော အစားအစာများ၊ ခရမ်း ချဉ်သီးအစေ့များ၊ ပဲပင်ပေါက်/အာလူး/ပဲမြစ်/ပိန်းဥ စသည့် အမြစ်တွယ်အပင်ပေါက်သော သစ်ဥသစ်ဖုများ၊ ကဇော် ဖောက် ထားသော အစားအစာများ၊ အရက်/ဘီယာများ၊ ဖရူးတို့ ဓာတ်ဖြင့် ပြုပြင်ထားသောအချိုရည်များ စသည်တို့ ကိုရှောင်ပါ။
.
(၂) အက်စပရင် ဆေးဝါးများက ယူရစ်အက်ဆစ်ပမာဏကို တိုးပွားလာကာ၊အထူးသဖြင့် ခြေချောင်း/ လက်ချောင်းအဆစ်များ တွင် အနည်ကျကျောက်တည်စေပါတယ်။
.
(၃)ဆီးရွှင်ဆေးအချို့ က ဂေါ က်ရော ဂါ နှင့်ပတ်သက်၍ ဘေးထွက်ဆိုးကျိုး ဖြစ်စေလို့  ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပြီး လို အပ်မှသာ ဆီးရွှင်ဆေးမှီဝဲပါ။
.
(၄) သွေးဆုံးခါနီး နှင့် သွေးဆုံးပြီးအမျိုးသမီးများတွင် အက်စ ထရို ဂျင်ဟိုမုန်း ပြောင်းလဲမှုတို့ ကြောင့် ဂေါက်ရောဂါ ဖြစ်နိုင်ချေအလားအလာရှိစေပါတယ်။ ကြိုတင် ကာကွယ်သည့်အနေဖြင့် အမှတ်စဉ်(၁)တွင် အကြံပြုထားသော အစားအစာများကိုရှောင်ပါ။ ချယ်ရီးသီးနှင့် ဗီတာမင်စီပါသော လတ်ဆတ်သည့် အော်ဂဲနစ် သီးများစားပေးပါ။
.
(၅) ခုန်ပေါ က်ပြေးလွှားခြင်း/အရိုးအဆစ်များကို အားစိုက်လုပ်ရသည့်အလုပ်များ/ခါးလှည့်ချိုးခြင်း/သေး ကျပ် သောဖိနပ်များစီးခြင်း စသည်ဖြင့် အရိုးအဆစ်နာကျင်စေမည့် အပြုအမူများကိုရှောင်ပါ။
.
(၆) ကိုယ်လက်လှုပ်ရှားမှု (လုံးဝ)မရှိခြင်း က ဂေါက်ရောဂါကိုပိုမိုဆိုးရွားစေလို့  သင့်တင့်မျှတပြီး မိမိလုပ်နိုင်သလောက် ပေါ့ပေါ့ပါးပါးလှုပ်ရှားမှုပြုပေးပါ။
.
(၇) ဂေါက်ရောဂါ ဝေဒနာသည် ၂၀% ကို လေ့လာကြည့်သောအခါ၊ မျိုးရိုးလိုက်စေတတ်၍ သတိနှင့်ဆင်ခြင်နေထိုင်ပါ။
.
အိမ်တွင်းကုထုံး…။
~~~~~~~~~~~~
.
ဂေါက်ရောဂါအမြစ်ပြတ်ပျောက်ဖို့ ရာ မလွယ်ကူးလှပါဘူး။ ဒါ့ပြင် ဂေါက်ရောဂါပျောက် ပဋိဇီ ၀ဆေးအချို့ က လည်း ဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်လို့  နာကျင်မှုလျော့ပါးသက်သာစေ ရန်အ တွက် သဘာဝအိမ်တွင်းကုထုံးများဖြင့် ထိန်းထား နိုင်ပါတယ်။~
.
(၁) ရောဂါတက်နေတဲ့အချိန် အရိုး အဆစ်အားပြုရတဲ့အလုပ်တွေမလုပ်ဘဲ အိမ်မှာအနားယူပါ။ ကိုက်ခဲနာကျင်သည့် ခြေထောက် (သို့ မဟုတ်) လက်တို့ ကို နူးညံ့သည့် ခေါင်းအုံးပေါ်တင်၍ ငြိမ်ငြိမ်လေးနေခြင်းက နာကျင်မှုဝေ ဒနာ များ သက်သာ စေပါတယ်။.
.
(၂) ရေခဲအိတ်ဖြင့် မိနစ် ၂၀-ခန့် ကပ်ပေးခြင်းက နာကျင်ကိုက် ခဲမှု များ သိသိသာသာလျော့စေပါတယ်။ .
.
(၃)လိပ် ခေါင်းသွေးကျရောဂါ လိမ်းဆေးကရင်မ်က လည်း ဂေါက်ရောဂါ ရောင်ကိုင်းနာကျင်မှုကိုသက်သာစေလို့ လိမ်းပေးနိုင်ပါတယ်။ .
.
.(၄) သန်မာေ သာကြွက်သားများက အရိုးပေါ် ပိမကျစေလို့  ၀န်ထုပ်ဝန်ပိုးမဖြစ်စေတော့ဘဲ နာကျင်မှုလျော့ ပါးစေပါတယ်။ ထို့ ကြောင့် ကြွက်သားသန်မာသော လေ့ကျင့်ခဏ်းများလုပ်ပေးပါ။
.
(၅) ဆားခါး ကို ရေနွေးနဲ့ ဖျော်ပြီး၊ ရေအေးလာသည်အထိ ရောင်ကိုင်းနေ သော ခြေလက်များကို စိမ်ပေြး ခင်းဖြင့် နာကျင်မှုများချက်ချင်းလက်ငင်း သက်သာလာစေပါမယ်။
.
(၆) ခွက်ကြီးကြီးတစ်ခု ထဲ ကျောက်မီးသွေး မှုန့် များထဲ့၍ ရေလောင်းပါ။ ထိုကျောက်မီးသွေးမှုန့် ဖျော်ရည်ခွက်ထဲ သို့  ခြေ ဆစ်လက်ဆစ်နာများ နှစ်စိမ်ခြင်း ဖြင့်နာကျင်မှုသက်သာစေပါတယ်။ ခြေဆစ်လက်ဆစ်မဟုတ်ဘဲ အခြားအရိုးအဆစ်ရောင်သူများကတော့ ကျောက်မီးသွေးမှုန့် ကို ရေဖြင့်ပျစ်ပျစ်ဖျော်၍ ရလာသော အနှစ်ဖြင့် လိမ်းကျံပေးနိုင်ပါတယ်။
.
(၇) ဂျင်းထောင်း ၍အုံပေးခြင်းက ချွေးပုပ်များထွက် လာ ကာ ဝေဒနာဖိစီးခြင်းကိုပေါ့ပါးသွားစေပါတယ်။
.
(၈) ဂျုံမှုန့် ကို မုန့် ညင်းဆီဖြင့်ရော လူးပေြး ခင်းဖြင့် ထူးခြားတဲ့အာနိသင်ရရှိစေမှာပါ။
.
(၉) မုန့့်ဖုတ်ဆော်ဒါမှုန့် ကို ရေဖျော်၍ နေ့ စဉ်ရက် ဆက် လိမ်းပေးခြင်းဖြင့် ရောင်တင်း နာကျင်မှုများသက်သာစေပါတယ်။
.
ဓာတ်စာများ…။
~~~~~~~~~~
.
(၁) ရေသောက်ခြင်းက ခန္ဓာကိုယ်ထဲရှိ ယူရစ်အက်ဆစ်ပမာဏကို မျှတစေတဲ့အတွက်၊ တစ်နေ့  လျှင် ရေ ၈-ခွက် မှ ၁၀-ခွက်အထိ သောက်ပေးပါ။
.
(၂) ချယ်ရီသီးထဲရှိ အာဟာရဓာတ်များဟာ ယူရစ်အက်ဆစ်ပမာဏကို သိသိသာသာ လျော့ကျ စေတဲ့အတွက် အမေရိကန်နိုင်ငံတွင်ရှေး ယခင်ကာလများကတည်း ဂေါက်ရောဂါဓာတ်စာအဖြစ် အသုံးပြုလေ့ရှိကြပါတယ်။ရောဂါ တက်ေ န ချိန်မှာ ချယ်ရီသီး တစ်နေ့ အလုံး၂၀ စားပေးပြီး၊ ရောဂါသက်သာသွားသောအခါ တစ်နေ့ လျှင် ၁၀လုံးမျှ ဆက်လက်စား ပေးခြင်းဖြင့် ဂေါက်ရောဂါ လုံးဝပျောက်တယ်လို့ ဆိုပါတယ်။
.
(၃) ဗိုစားပဲ သီးကို အစိမ်းလိုက်ဝါးစားခြင်း (သို့ မဟုတ်) ဗိုစားပဲသီး ဖျော်ရည် တစ်နေ့  ၁၅၀ မီလီလီ တာ သောက်ပေးခြင်းဖြင့် အကျိုးထူး ခံစားရပါလိမ့်မယ်။
.
(၄) ပန်းသီးထဲရှိ မဲလစ်အက်ဆစ်ဓာတ် က ယူရစ်အက်ဆစ်ပမာဏကို မျှတစေလို့ ၊ နံက်-နေ့ လည်-ည ထမင်းစားပြီးတိုင်း ပန်းသီးတစ် လုံးစီစားပါ။ (သို့ မဟုတ်) ပန်းသီး ဖျော်ရည်ကို သဘာဝပျားရည်ဖြင့် ဆတူရောဖျော်သောက်ပါ။
.
(၅) ဂေါက်ရောဂါ ပြင်းပြင်းထန်ထန်ခံစားနေချိန်မှာ တစ်နေ့ လျှင် ဌက်ပျောသီး ၁-လုံးကျစီဖြင့် ၄-ရက် ဆက်တိုက်စားပေးပါ။
.
(၆) ရှောက်သီး နှင့် သံပရိုသီးထဲရှိ ဗီတာမင်စီဓာတ်များက အရိုး အဆစ်များကို သန်မာစေရုံသာမက၊ ယူရစ်အက်ဆစ်ပမာဏကိုလည်း မျှတစေလို့  ရှောက်ရည် (သို့ မဟုတ်) သံပရိုသီးဖျော်ရည် သောက်ပါ။(သကြားနှင့် ဆား လုံးဝမထဲ့ပါနှင့်)
.
(၇) ibuprofen (ခေါ်) နာကျင်မှုနှင့်ယောင်တင်းမှုများကို ပျောက်ကင်းစေသည့် ဆေးဝါးမှီဝဲပါ။
.
(၈) ယူရစ်အက် ဆစ် ကိုမျှတစေသော စတော်ဘယ်ရီးသီး/ရှားရှားပါးပါး bromelain ဓာတ်ပါရှိသော နာနတ်သီး/ ဗီတာမင်စီကြွယ်ဝသော ဂေါ်ဖီထုပ်-အနီရောင်ပန်းငရုပ်သီးပွ-လိမ္မော်သီး-ပန်းလိမ္မော်များ/ တရုပ်နံနံပင်/မုန်လာဥနီ/သခွားသီး/ဆ လတ်ရွက်တို့ များများစားပါ။
.
(၉) သင်္ဘောသီးအစိမ်းကို အတုံးလေးတွေတုံးကာပြုတ်ပြီး၊ လ္ဘက်ခြောက်ခပ်၍ ရောသောက်ပါ။
.
Credit
(ဆောင်းပါးရှင်…ပေါက်ပေါက်…မျှဝေသည်)
The Precious Time
No comments:
Post a Comment