Turbocharger တလုံး၏ ပြစ်ချက်ကို ရှာဖွေခြင်း
ကမ္ဘာ့ ပထမဆုံးသော Turbocharger ကို 1878 ခုနှစ်တွင် Duglad Clerk (စကော့လူမျိုး အင်ဂျီနီယာ) ဆိုသူက 2 stroke engine အတွက် စတင် တီထွင်ထုတ်လုပ် သုံးစွဲခဲ့သည်။ ထိုခေတ်ထိုအခါ ကာလများဆီက turbocharger အား စွမ်းအင်ရရှိစေရန် engine ၏ out put shaft ဖြင့် ချိတ်ဆက်၍ အသုံးပြုမောင်းနှင် သုံးစွဲခဲ့ကြသည်။ ထိုအခါ အဓိက ပြဿ နာမှာ engine ၏ out put shaft ဖြင့် ချိတ်ဆက်သုံးစွဲသောကြောင့် engine မှ ထုတ်လုပ်ပေးနိုင်သော power မှာ 15% ခန့်အထိ ကျဆင်းစေသည်။ ထို့နောက်တွင်မှ engine မှထွက်ရှိလာသော Exhaust gas စွမ်းအားအား အသုံးပြုစေ၍ turbocharger အား မောင်းနှင်လည်ပတ်စေသည်။
Turbocharger မှ engine သို့ လေပံ့ပိုးပေးသောစနစ်မှာ (၂) မျိုးရှိသည်-
၁။ constant pressure system နှင့်
၂။ pulse system -
ဟူ၍ လေပေးပို့သော စနစ် ၂မျိုးရှိသည်။
ထို့အပြင် Turbocharger သို့ lube oil ချောဆီပံ့ပိုးပေးသည့် စနစ်မှာလည်း (၂) မျိုးရှိသည်-
၁။ own sump system နှင့်
၂။ external lube oil supply system -
ဟူ၍ ချောဆီပံ့ပေးပို့သော စနစ် ၂မျိုးရှိသည်။
Own sump system ကို ရေယာဉ်ကြီးများ၏ turbocharger ကြီးများတွင် အသုံးများသည်။ကိုယ်ပိုင် lube oil tank ပူးတွဲတည်ဆောက်ထည့်သွင်းထားသဖြင့် ချောဆီညစ်ပတ်မှုမှပေးသော ဒုက္ခ နဲပါးသည်။
External lube oil supply system ကိုတော့ engး အသေးများတွင်အသုံးများသည်။ ယခုစနစ်တွင် turbocharger အားပံ့ပိုးသော ချောဆီကို engine ၏ ချောဆီစနစ်ထဲမှ ယူသုံးထားသဖြင့် engine ၏ ချောဆီ ညစ်ပတ်သထက် ညစ်ပတ်လာလေ turbocharger အတွက်ဒုက္ခ ပေးလေဖြစ်သည်။
Turbocharger တလုံးသည် exhaust gas ၏ အထောက်အကူဖြင့် အလုပ်လုပ်ဆောင်ပေးရသော ပစ္စည်းတခုဖြစ်သဖြင့် အပူဒဏ်ကို အများဆုံးခံရသော အစိတ်အပိုင်းတခုဖြစ်သည်။ အနိမ့်ဆုံးအပူချိန်ခံစားရသောဒဏ်သည် 950° Cအထိရှိသည်။ Turbocharger တလုံး၏ driven shaft အား အပူဒဏ် နှင့် ပွန်းစားမှုဒဏ်မှ ကာကွယ်ပေးရန် lube oil ပံ့ပိုးပေးရေးသည် အရေးပါသည်။ ထိုအရေးပါသည့် lube oil အား အခြားမလိုအပ်သည့် အစိတ်အပိုင်းများသို့ မရောက်ရှိစေရန် lube oil အား ထိန်းသိမ်းပေးရမည့် labyrinth seal လိုအပ်လာပါသည်။ အဆိုပါ seal သည် turbocharger ထဲမှ ချောဆီများအား compressor blade နှင့် turbine blade များအတွင်းသို့ မရောက်ရှိရန်ကာကွယ်ပေးရသည်။ အဆိုပါ seal မှာ seal ဟု ဆိုရသော်လည်း အမှန်တကယ်မှာ piston ring နှင့် အလားသဏ္ဍန်တူသော ring တမျိုးပင်ဖြစ်သည်။ အဆိုပါ sealing ring ကို အပူဒဏ် နှင့် အပွန်းစားခံနိုင်ရန် gun metal ဟူသော သတ္တုတမျိုးဖြင့်ပြုလုပ်ထားသည်။အဆိုပါ sealing ringသည်turbocharger ၏ compressor housing ထဲသို့ ဝင်ရောက်လာသော လေများနှင့် turbocharger ၏ အတွင်းပိုင်းရှိ ချောဆီတို့ မထိတွေ့စေရန်အဓိက ကာကွယ်ပေးရသော ပစ္စည်းဖြစ်သည်။ compressor blade အတွင်း ချောဆီရောက်ရှိသွားလျင်အဆိုပါ ချောဆီသည် engine ၏ cylinder အတွင်းရောက်ရှိပြီး ချောဆီ + လေ + လောင်စာရောစပ်လောင်ကျွမ်းပြီး ထွက်ရှိလာမည့် exhaust gas မှာ အပြာရောင် သမ်းလာပေလိမ့်မည်။ ထို့အတူ turbine blade များအတွင်းသို့ ချောဆီရောက်ရှိလျင် အဆိုပါချောဆီများသည် exhaust ထွက်ရှိရာ funnel တလျှောက် ချောဆီများဖြင့်ရွှဲစိုနေလိမ့်မည်။ထိုအကျိုးဆက်ကြောင့် turbine housing ထဲတွင် cabon အနည်ထိုင်မှုများပြားလာပြီး turbine blade များအား ထိခိုက်ပျက်စီးစေနိုင်ပါသည်။ ထို့အပြင် exhaust လိုင်းထဲတွင် carbon ဂျိုးများကြောင့် exhaust လိုင်း ကျဉ်းမြောင်းလာပြီ engine အား exhaust back pressure ဖြစ်စဉ်ကို ဖြစ်ပေါ်စေနိုင်ပါသည်။ထို့ကြောင့် exhaust gas အပြာရောင်သမ်းလာလျင် / exhaust funnel ချောဆီများဖြင့် စိုရွှဲလာလျင် အဆိုပါ sealing ring ပျက်စီးချို့ယွင်းနေပြီဖြစ်ကြောင်း သိသာနိုင်ပါသည်။
Turbocharger တလုံးသည် exhaust gas ကို အသုံးပြုပြီးလည်ပတ်ရသည့် အစိတ်အပိုင်းဖြစ်သောကြောင့် အပူဒဏ်ကို အများဆုံးခံရသော အစိတ်အပိုင်းဖြစ်သည်။ ထို့အတူ ထိုအပူဒဏ်ရှိသော အစိတ်အပိုင်းတွင်း ဝင်ရောက်လာသောလေများသည်လည်း အပူကူးစက်ခံစားကြရသည် ။ လေ၏ သဘောမှာ ပူလျင်ပွ၍ အေးလျင်ကျုံ့ သည့်သဘောရှိသည့်အတွက် combustion chamber အတွင်း ရောက်ရှိလာသည့်လေများသည်လည်း ထုထည်ပွလာပြီး လေရရှိမှုနဲလာသောကြောင့် combustion အတွက် အနှောင့်အယှက်ဖြစ်စေသည်။ ထို့ကြောင့် combustion chamber အတွင်း ရောက်ရှိလာမည့် လေများအတွက် အအေးခံပေးရန် cooler တလုံးလိုအပ်လာပါသည်။ ( လေသည် အေးသောအခါ ကျုံ့၍ ထုထည်သည်လည်း ကျုံ့လာပါသည် ၊ ထို့ကြောင့် combustion chamber အတွင်း လေရောက်ရှိရန် ပိုမိုလွယ်ကူလာပါသည်) ။ အဆိုပါ အစိတ်အပိုင်းကို charge aircooler (သို့) aftercooler (သို့) intercooler ဟု ခေါ်ဝေါ်သုံးစွဲပါသည်။ ရေကြောင်းသုံး engine ကြီးများတွင် အဆိုပါ cooler ကို engine ဖြင့်တွဲဆက်၍ sea water ဖြင့် အအေးခံသုံးစွဲကြသော်လည်း ၊ နေရာ အခက်အခဲနှင့် အအေးခံရေ အခက်အခဲကြောင့် automobile ကားများတွင်chargeaircooler ကို လေဖြင့်ပင် ပြန်၍ အအေးပေးကြသည်။ အချို့သောကားများတွင် radiator ရှေ့တွင် fin များဖြင့် လေအအေးခံသော cooler ပါရှိလာကြသည်ကို တွေ့နိုင်ပါသည်။
ကြီးမားသော engine ကြီးများတွင် turbocharger ၏ အလုပ်လုပ်ဆောင်မှုသည် နှေးကွေးသောကြောင့် combustion အတွက် လေရရှိရန် အခက်အခဲရှိလာသည် ၊ ထိုအခါ combustion အတွက် scavengin box (သို့) combustion chamber အတွင်းသို့ လေကို ကြိုတင်ပံ့ပိုးပေးသော auxiliary blower fan များအား သီးခြားအသုံးပြုကြရသည်။အဆိုပါ blower များအား engine မနှိုးမှီတွင် ကြိုတင်မောင်းပေးရပြီး ၊ engine နိုးပြီး၍ charge air pressure သတ်မှတ် pressure ရောက်ရှိမှသာ အလိုအလျောက်ရပ်တန့်သွားရန် ဆောင်ရွက်ထားသည်။ ထိုသို့မဟုတ်လျင် manual ဖြင့် ရပ်တန့်ပေးရသည်။
ဆက်လက် ဖော်ပြပေးပါမည်။
ပညာရှင်အားလုံးအားလေးစားလျက်
Credit
အောင်မြင်သူ - ဆားဗစ် အင်ဂျင်နီယာ
No comments:
Post a Comment