Turbocharger ပါတဲ့ သင့် Engး မှာဒီလက္ခဏာတွေ ဖော်ပြလာပြီဆိုရင် သင့်engး ၏ turbocharger ကို စစ်ဆေးကြည့်ဖို့ သတိရကြပါ။
၁။ Engine running hot(engးမောင်းနှင်နေစဉ်engးtemperature မြင့်တက်လာခြင်း)
၂။ Poor transient response
(engးအား RPM တင်နေစဉ်သော်၎င်း၊ load တင်နေစဉ်သော်၎င်း engး ၏စွမ်းရည်ကျဆင်းလာခြင်း)
၃။ Smoke (မီးခိုးများ အလွန်အမင်းထွက်ပေါ်လာခြင်း)
၎။ Engine lacks power (engး power ကျဆင်းလာ ခြင်း)
၅။ Black exhaust smoke (exhaust မှ မီးခိုးမဲများထွက်ပေါ်လာခြင်း)
၆။ Blue exhaust smoke (exhaust မှ မီးခိုးအပြာရောင် များထွက်ပေါ်လာခြင်း)
၇။ High oil consumption (fuel oil(သို့) lube oil ဆီစားများလာခြင်း)
၈။ Turbocharger noisy (turbocharger မှ ဆူညံသံများထွက်ပေါ်လာခြင်း)
၉။ Cyclic sound from the turbocharger ( turbocharger ပတ်ပတ်လည်မှ အသံများထွက်ပေါ်လာခြင်း)
၁၀။ Oil leak from the compressor seal (compressor ဘက်ခြမ်း seal မှ ဆီယိုစိမ့်ထွက်လာခြင်း)
၁၁။ Oil leak from the turbine seal(turbine ဘက်ခြမ်း seal မှဆီယိုစိမ့်ထွက်လာခြင်း)
စတဲ့လက္ခဏာတွေ ဖော်ပြလာနေပြီဆိုရင် turbocharger ကိုလည်းစစ်ဆေးကြည့်ဖို့ သတိပြုမိနိုင်ကြပါစေ။အခြားသောအကြောင်းအချက်များကြောင့်လည်း ဖြစ်နိုင်ပါတယ်၊ဒီနေရာမှာကတော့ turbocharger အကြောင်းတင်ပြချင်လို့ သီးသန့် ပြောရခြင်းပါ။
Turbocharger မှာ-
-Air cleaner နဲ့တွဲဆက်ထားတဲ့ဘက်အခြမ်းကို compressor side လို့ခေါ်ပါတယ်၊
-Exhaust manifold နဲ့တွဲဆက်ထားတဲ့ဖက်အခြမ်းကို turbine side လို့ခေါ်ပါတယ်။
Turbocharger များ ပျက်စီးရသည့် 90% ခန့်သည် အောက်ပါအချက်များကြောင့်ဖြစ်ပါသည်။
*ပြင်ပမှ အခြားအစိတ်အပိုင်းများ turbineနှင့် compressor ဘက်ခြမ်းသို့ဝင်ရောက်လာသောကြောင့်
*ညစ်ပေသော ချောဆီနှင့် အခြားအရာများရောနှောပါဝင်သောချောဆီ(ဥပမာ ရေ၊ ဒီဇယ်)ကြောင့်
*ချောဆီရောက်ရှိမှု မလုံလောက်သောကြောင့်(ဥပမာ-ချောဆီဖိအား၊filter system ၊ engးနှိုးခြင်း/ရပ်ခြင်းနည်းစနစ်မမှန်လျင်)
*engး၏ exhaust အပူချိန်မြင့်မားလွန်းခြင်းကြောင့်(ဆီပန်းသွင်းမှုစနစ်မမှန်ကန် ချို့ယွင်းလျင်)စသည့်အချက်များသည် turbocharger ပျက်စီးရခြင်း၏ အခြေခံအကြောင်းအရင်းအချက်များ ဖြစ်သည်။
ပညာရှင်အားလုံးအားလေးစားလျက်
Credit
အောင်မြင်သူ - ဆားဗစ် အင်ဂျင်နီယာ
No comments:
Post a Comment