Turbocharger တလုံး၏ ပြစ်ချက်ကို ရှာဖွေခြင်း
နိဂုံး
E.Turbocharger မှ ဆူညံသံထွက်ပေါ်လာလျင်
၁ ။ air cleaner ညစ်ပတ်နေသောကြောင့် ( သန်ရှင်းရေးပြုလုပ်ပေးပါ (သို့) အသစ်အစားထိုးပါ )
၂ ။ air cleaner နှင့် turbocharger အကြား အခြားအစိတ်အပိုင်းရောက်ရှိနေသောကြောင့် ( လေအဝင်လိုင်းအားစစ်ဆေးပါ ၊ ဝင်ရောက်နေသောအစိတ်အပိုင်းအား ဖယ်ရှားပါ )
၃ ။ turbocharger ၏ flange နှင့် clamp များမှ bolt များချောင်နေသောကြောင့် ( ချောင်နေသော boltများအား လိုအပ်သလိုတင်းကြပ်ပေးပါ ၊ ပျက်စီးနိုင်သည့် ဆက်သွယ်နေသောအစိတ်အပိုင်းများအား စစ်ဆေးပေးပါ။)
၎ ။ journal bearing ပွန်းစားပျက်စီးနေသောကြောင့် ( ထုတ်လုပ်သူ၏ညွှန်ကြားချက်အတိုင်း ပျက်စီးနေသည်များကို ပြုပြင်ပေးပါ။ )
၅ ။ turbo compressor သို့ဝင်သော ပိုက်လိုင်း ပိတ်ဆို့နေသောကြောင့် ( ပိတ်ဆို့နေသည်များကို ဖယ်ရှားပါ (သို့) ပျက်စီးနေပါကလိုအပ်သလို အသစ်အစားထိုးပြု ပြင်ပါ။ )
၆ ။ inlet manifold သို့ဝင်သော turbo compressor မှအထွက်လိုင်းတွင် ပိတ်ဆို့နေသောကြောင့် ( ပိတ်ဆို့နေသည်များကိုဖယ်ရှားပါ (သို့) ပျက်စီးနေပါကလိုအပ်သလို အသစ်အစားထိုးပြု ပြင်ပါ။ )
၇ ။ inlet manifold တွင် ပိတ်ဆို့နေသောကြောင့် ( ပိတ်ဆို့နေသည်များကို engး ထုတ်လုပ်သူ၏ညွှန်ကြားချက်အတိုင်း ဖယ်ရှားပါ။ )
၈ ။ air cleaner မှ compressor သို့ဝင်သောနေရာတွင် လေယိုစိမ့်နေသောကြောင့်
၉ ။ compressor မှ inlet manifold သို့သွားသောလိုင်းတွင် လေယိုစိမ့်နေသောကြောင့် ( လေယိုစိမ့်နေသောနေရာမှ boltများအား လိုအပ်သလိုတင်းကြပ်ပေးပါ (သို့) seal အားအသစ်အစားထိုး လဲလှယ်ပေးပါ။ )
၁ဝ ။ engine နှင့် တွဲဆက်ထားသော inlet manifold တွင် လေယိုစိမ့်နေသောကြောင့်( ထုတ်လုပ်သူ၏ ညွှန်ကြားချက်အတိုင်းအသစ်အစားထိုး လဲလှယ်ပါ (သို့) လေယိုစိမ့်နေသောနေရာမှ boltများအား လိုအပ်သလိုတင်းကြပ်ပေးပါ။ )
၁၁ ။ Exhaust manifold တွင်ပိတ်ဆို့နေသောကြောင့် (ပိတ်ဆို့နေသည်များကို engး ထုတ်လုပ်သူ၏ညွှန်ကြားချက်အတိုင်း ဖယ်ရှားပါ။)
၁၂ ။ engine နှင့် တွဲဆက်ထားသော exhaust manifold တွင် exhaust gas ယိုစိမ့်နေသောကြောင့် ( ထုတ်လုပ်သူ၏ ညွှန်ကြားချက်အတိုင်းအသစ်အစားထိုး လဲလှယ်ပါ (သို့) လေယိုစိမ့်နေသောနေရာမှ boltများအား လိုအပ်သလိုတင်းကြပ်ပေးပါ။ )
၁၃ ။ exhaust manifold မှအထွက် turbine housing တွင် exhaust gas ယိုစိမ့်နေသောကြောင့် ( gasket အသစ်အစားထိုးပါ (သို့) လေယိုစိမ့်နေသောနေရာမှ boltများအား လိုအပ်သလိုတင်းကြပ်ပေးပါ။ )
၁၄ ။ turbine အထွက်မှ gas ယိုစိမ့်နေသောကြောင့် (ယိုစိမ့်နေသည်ကို engး ထုတ်လုပ်သူ၏ညွှန်ကြားချက်အတိုင်း ပြုပြင်ပါ)
၁၅ ။ compressor blades များ(သို့) diffuser vanes များတွင် အညစ်အကြေး အပိုင်းအစများ ရှိနေသောကြောင့် ( အညစ်အကြေးများကို ဖယ်ရှားသန်စင် ဆေးကြောပေးပါ ၊ ထိုသို့ဆေးကြောရာတွင် caustic ပါသော အရည်များဖြင့်ဆေးကြောခြင်းအား အထူးရှောင်ကြဉ်ပါ ၊ဆေးကြောရာတွင်လည်း နူးညံ့သည့် brush ကိုသာ သုံးစွဲပါ ။ ထို့နောက် air filter ၊ lube oil ၊ lube oil filter များအား အသစ်လဲလှယ်ပေးပါ။ အဘယ့်ကြောင့်ဆိုသော် compressor blade များမှ အညစ်အကြေး များသည် engine အတွင်းရောက်ရှိသွားပြီး lube oil များနှင့် ရောသွားနိုင်သောကြောင့်ဖြစ်ပါသည်။)
၁၆ ။ turbocharger ပျက်စီးသွားသောကြောင့် ( ပျက်စီးစေရသည့်အကြောင်းအရင်းအမှန်ကို သေချာစွာစစ်ဆေး၍ Overhaul ပြုလုပ်၍ရလျင်ပြုလုပ်ပေး၍ မရပါက အသစ်အစားထိုးလဲလှယ်ပေးပါ။ )
F. turbocharger အနားဝန်းနားမှ အသံထွက်ပေါ်လာလျင်
၁ ။ turbo compressor သို့ဝင်သော ပိုက်လိုင်း ပိတ်ဆို့နေသောကြောင့် ( ပိတ်ဆို့နေသည်များကို ဖယ်ရှားပါ (သို့) ပျက်စီးနေပါကလိုအပ်သလို အသစ်အစားထိုးပြု ပြင်ပါ။ )
၂ ။ compressor blades များ(သို့) diffuser vanes များတွင် အညစ်အကြေး အပိုင်းအစများ ရှိနေသောကြောင့် ( အညစ်အကြေးများကို ဖယ်ရှားသန်စင် ဆေးကြောပေးပါ ၊ ထိုသို့ဆေးကြောရာတွင် caustic ပါသော အရည်များဖြင့်ဆေးကြောခြင်းအား အထူးရှောင်ကြဉ်ပါ ၊ဆေးကြောရာတွင်လည်း နူးညံ့သည့် brush ကိုသာ သုံးစွဲပါ ။ ထို့နောက် air filter ၊ lube oil ၊ lube oil filter များအား အသစ်လဲလှယ်ပေးပါ။ အဘယ့်ကြောင့်ဆိုသော် compressor blade များမှ အညစ်အကြေး များသည် engine အတွင်းရောက်ရှိသွားပြီး lube oil များနှင့် ရောသွားနိုင်သောကြောင့်ဖြစ်ပါသည်။)
၃ ။ turbocharger ပျက်စီးသွားသောကြောင့် ( ပျက်စီးစေရသည့်အကြောင်းအရင်းအမှန်ကို သေချာစွာစစ်ဆေး၍ Overhaul ပြုလုပ်၍ရလျင်ပြုလုပ်ပေး၍ မရပါက အသစ်အစားထိုးလဲလှယ်ပေးပါ။ )
G. Compressor ဘက်ခြမ်း seal မှ ဆီယိုစိမ့်လာလျင်
၁ ။ Air cleaner မှ filter ပိတ်နေသောကြောင့် ( filter အားဆေးကြောပါ (သို့)ထုတ်လုပ်သူ၏ညွှန်ကြားချက်အတိုင်းအသစ်အစားထိုး လဲလှယ်ပါ။ )
၂ ။ turbo compressor သို့ဝင်သော ပိုက်လိုင်း ပိတ်ဆို့နေသောကြောင့် ( ပိတ်ဆို့နေသည်များကို ဖယ်ရှားပါ (သို့) ပျက်စီးနေပါကလိုအပ်သလို အသစ်အစားထိုးပြု ပြင်ပါ။ )
၃ ။ Exhaust manifold တွင်ပိတ်ဆို့နေသောကြောင့် (ပိတ်ဆို့နေသည်များကို engး ထုတ်လုပ်သူ၏ညွှန်ကြားချက်အတိုင်း ဖယ်ရှားပါ။)
၎ ။ Exhaust muffler ထဲတွင်ပိတ်ဆို့နေသောကြောင့် ( ပိတ်ဆို့နေသည်များကိုဖယ်ရှားပါ (သို့) ပျက်စီးနေပါကလိုအပ်သလို အသစ်အစားထိုးပြု ပြင်ပါ။ )
၅ ။ engine နှင့် တွဲဆက်ထားသော exhaust manifold တွင် exhaust gas ယိုစိမ့်နေသောကြောင့် ( ထုတ်လုပ်သူ၏ ညွှန်ကြားချက်အတိုင်းအသစ်အစားထိုး လဲလှယ်ပါ (သို့) လေယိုစိမ့်နေသောနေရာမှ boltများအား လိုအပ်သလိုတင်းကြပ်ပေးပါ။ )
၆ ။ exhaust manifold မှအထွက် turbine housing တွင် exhaust gas ယိုစိမ့်နေသောကြောင့် ( gasket အသစ်အစားထိုးပါ (သို့) လေယိုစိမ့်နေသောနေရာမှ boltများအား လိုအပ်သလိုတင်းကြပ်ပေးပါ။ )
၇ ။ turbocharger ၏ ချောဆီဆင်းပေါက် ပိတ်ဆို့နေသောကြောင့် ( ပိတ်ဆို့နေသည်များကိုဖယ်ရှားပါ (သို့) ပျက်စီးနေပါကလိုအပ်သလို အသစ်အစားထိုးပြု ပြင်ပါ။ )
၈ ။ engine crankase မှ လေထွက်ပေါက်( breather) ပိတ်ဆို့နေသောကြောင့် ( ပိတ်ဆို့နေသည်များကို engး ထုတ်လုပ်သူ၏ညွှန်ကြားချက်အတိုင်း ဖယ်ရှားပါ။)
၉ ။ turbocharger ၏ housing အလယ်တွင် ပိတ်ဆို့နေသောကြောင့် ( ချောဆီအသစ် လဲလှယ်ပေးပါ ၊ ချောဆီ filter အသစ်လဲလှယ်ပေးပါ။)
၁၀။ piston rings နှင့် liner ပွန်းစားပျက်စီးနေသောကြောင့် ( blowby ဖြစ်နေသောကြောင့်) ( engး ထုတ်လုပ်သူ၏ညွှန်ကြားချက်အတိုင်း ပျက်စီးနေသည်များကို ပြုပြင်ပေးပါ။ )
၁၁။ Engine ၏ valves နှင့် piston ပျက်စီးနေသောကြောင့် ( engး ထုတ်လုပ်သူ၏ညွှန်ကြားချက်အတိုင်း ပျက်စီးနေသည်များကို ပြုပြင်ပေးပါ။ )
၁၂ ။ compressor blades များ(သို့) diffuser vanes များတွင် အညစ်အကြေး အပိုင်းအစများ ရှိနေသောကြောင့် ( အညစ်အကြေးများကို ဖယ်ရှားသန်စင် ဆေးကြောပေးပါ ၊ ထိုသို့ဆေးကြောရာတွင် caustic ပါသော အရည်များဖြင့်ဆေးကြောခြင်းအား အထူးရှောင်ကြဉ်ပါ ၊ဆေးကြောရာတွင်လည်း နူးညံ့သည့် brush ကိုသာ သုံးစွဲပါ ။ ထို့နောက် air filter ၊ lube oil ၊ lube oil filter များအား အသစ်လဲလှယ်ပေးပါ။ အဘယ့်ကြောင့်ဆိုသော် compressor blade များမှ အညစ်အကြေး များသည် engine အတွင်းရောက်ရှိသွားပြီး lube oil များနှင့် ရောသွားနိုင်သောကြောင့်ဖြစ်ပါသည်။)
၁၃ ။ turbocharger ပျက်စီးသွားသောကြောင့် ( ပျက်စီးစေရသည့်အကြောင်းအရင်းအမှန်ကို သေချာစွာစစ်ဆေး၍ Overhaul ပြုလုပ်၍ရလျင်ပြုလုပ်ပေး၍ မရပါက အသစ်အစားထိုးလဲလှယ်ပေးပါ။ )
H. Turbine ဘက်အခြမ်းမှ ဆီယိုစိမ့်လာလျင်
၁ ။ turbocharger ၏ ချောဆီဆင်းပေါက် ပိတ်ဆို့နေသောကြောင့် ( ပိတ်ဆို့နေသည်များကိုဖယ်ရှားပါ (သို့) ပျက်စီးနေပါကလိုအပ်သလို အသစ်အစားထိုးပြု ပြင်ပါ။ )
၂ ။ engine crankase မှ လေထွက်ပေါက်( breather) ပိတ်ဆို့နေသောကြောင့် ( ပိတ်ဆို့နေသည်များကို engး ထုတ်လုပ်သူ၏ညွှန်ကြားချက်အတိုင်း ဖယ်ရှားပါ။)
၃ ။ turbocharger ၏ housing အလယ်တွင် ပိတ်ဆို့နေသောကြောင့် ( ချောဆီအသစ် လဲလှယ်ပေးပါ ၊ ချောဆီ filter အသစ်လဲလှယ်ပေးပါ။)
၎ ။ piston rings နှင့် liner ပွန်းစားပျက်စီးနေသောကြောင့် ( blowby ဖြစ်နေသောကြောင့်) ( engး ထုတ်လုပ်သူ၏ညွှန်ကြားချက်အတိုင်း ပျက်စီးနေသည်များကို ပြုပြင်ပေးပါ။ )
၅ ။ Engine ၏ valves နှင့် piston ပျက်စီးနေသောကြောင့် ( engး ထုတ်လုပ်သူ၏ညွှန်ကြားချက်အတိုင်း ပျက်စီးနေသည်များကို ပြုပြင်ပေးပါ။ )
၆ ။ compressor blades များ
(သို့) diffuser vanes များတွင် အညစ်အကြေး အပိုင်းအစများ ရှိနေသောကြောင့် ( အညစ်အကြေးများကို ဖယ်ရှားသန့်စင် ဆေးကြောပေးပါ ၊ ထိုသို့ဆေးကြောရာတွင် caustic ပါသော အရည်များဖြင့်ဆေးကြောခြင်းအား အထူးရှောင်ကြဉ်ပါ ၊ဆေးကြောရာတွင်လည်း နူးညံ့သည့် brush ကိုသာ သုံးစွဲပါ ။ ထို့နောက် air filter ၊ lube oil ၊ lube oil filter များအား အသစ်လဲလှယ်ပေးပါ။ အဘယ့်ကြောင့်ဆိုသော် compressor blade များမှ အညစ်အကြေး များသည် engine အတွင်းရောက်ရှိသွားပြီး lube oil များနှင့် ရောသွားနိုင်သောကြောင့်ဖြစ်ပါသည်။)
၇ ။ turbocharger ပျက်စီးသွားသောကြောင့် ( ပျက်စီးစေရသည့်အကြောင်းအရင်းအမှန်ကို သေချာစွာစစ်ဆေး၍ Overhaul ပြုလုပ်၍ရလျင်ပြုလုပ်ပေး၍ မရပါက အသစ်အစားထိုးလဲလှယ်ပေးပါ။ )
I. Blades များ housing ဖြင့်ပွတ်တိုက်လည်ပတ်နေလျင်
၁ ။ turbocharger နှင့် air cleaner ကြားပြင်ပအစိတ်အပိုင်းများ ဝင်ရောက်လာသောကြောင့် ( turbocharger နှင့် air cleaner အားဆက်သွယ်ထားသော ပိုက်အားစစ်ဆေးပါ ၊ ဝင်ရောက်နေသော အစိတ်အပိုင်းများအား ဖယ်ရှားပါ။)
၂ ။ Exhaust system ထဲသို့ ပြင်ပမှ အခြားအစိတ်အပိုင်းများ ဝင်ရောက်သောကြောင့် ( engine ရပ်တန့်ထားစဉ်တွင်သော်၎င်း (သို့) engine အေးနေစဉ်တွင်သော်၎င်း engine Exhaust system အားစစ်ဆေးပါ။ engine တလုံးတွင် piston rings အကျိုးအတ်ြများ ရောက်ရှိလာသောကြောင့် turbine blade များအားလုံး ပွန်းစားပျက်စီးသွားသည်။)
၃ ။ turbocharger ၏ flange နှင့် clamp များမှ bolt များချောင်နေသောကြောင့် ( ချောင်နေသော bolt များအား လိုအပ်သလိုတင်းကြပ်ပေးပါ ၊ ပျက်စီးနိုင်သည့် ဆက်သွယ်နေသောအစိတ်အပိုင်းများအား စစ်ဆေးပေးပါ။)
၎ ။ engine စနှိုးစတွင် ချောဆီငတ်ခြင်းကြောင့်( lube oil system ကိုစစ်ဆေးပါ ၊ filter နှင့် ပိတ်ဆို့နေမှုများကို စစ်ဆေး၍ သန့်ရှင်းရေးပြုလုပ်ပါ )
၅ ။ချောဆီလုံလောက်စွာ မရရှိသောကြောင့် ( ( lube oil system ကိုစစ်ဆေးပါ ၊ filter နှင့် ပိတ်ဆို့နေမှုများကို စစ်ဆေး၍ သန့်ရှင်းရေးပြုလုပ်ပါ )
၆ ။ ချောဆီထဲတွင် ဖုန် ၊ သဲ နှင့် အခြားအရာများ ရောနှောနေသောကြောင့်(Contamination)(ချောဆီနှင့် ချောဆီ filter အားအသစ်လဲလှယ်ပါ)
၇ ။ မသင့်လျော်သည့် lube oil grade ကိုသုံးစွဲထားသောကြောင့် ( မှန်ကန်ကောင်းမွန်သည့် lube oil grade ကိုသုံးစွဲပါ )
၈ ။ ချောဆီပံ့ပိုးပေးသည့် line ပိတ်ဆို့နေသောကြောင့် ( ချောဆီလိုင်းအားစစ်ဆေးပြီး ပိတ်ဆို့နေသည်များကို ဖယ်ရှားပါ)
၉ ။ journal bearing ပွန်းစားပျက်စီးနေသောကြောင့် ( ထုတ်လုပ်သူ၏ညွှန်ကြားချက်အတိုင်း ပျက်စီးနေသည်များကို ပြုပြင်ပေးပါ။ )
၁၀။ turbine blade နောက်ဘက်တွင် အညစ်အကြေးများရှိနေသောကြောင့် ( air cleaner နှင့် air pipe line တို့ကိုစစ်ဆေးပါ ၊ blade နှစ်ဘက်စလုံးအား ဆေးကြောသန့်စင်ပေးပါ။ )
၁၁။ compressor housing နောက်ဘက်တွင် carbon ဂျိုးများ ရှိနေသောကြောင့် ( crankcase မှ ventilation ကိုစစ်ဆေးပေးပါ )
၁၂။ piston ပျက်စီးနေသောကြောင့် ( engး ထုတ်လုပ်သူ၏ညွှန်ကြားချက်အတိုင်း ပျက်စီးနေသည်များကို ပြုပြင်ပေးပါ။ )
၁၃။ engine အား စက်လည်နှုန်းအနိမ့်ဖြင့် အချိန်ကြာမြင့်စွာမောင်းသောကြောင့် ( engine ထုတ်လုပ်သူ၏ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ရန် ၊ လိုအပ်သည်များကို အစားထိုးပြုပြင်ပါ။ )
၁၄။ engine မှ ချောဆီ pump အလုပ်လုပ်ပုံ မမှန်ကန်သောကြောင့် ( engး ထုတ်လုပ်သူ၏ညွှန်ကြားချက်အတိုင်း ပျက်စီးနေသည်များကို ပြုပြင်ပေးပါ။ )
J. turbo shaft ရှေ့/နောက် တွန်းထိုးလည်ပတ်နေလျင်
၁ ။ turbocharger နှင့် air cleaner ကြားပြင်ပအစိတ်အပိုင်းများ ဝင်ရောက်လာသောကြောင့် ( turbocharger နှင့် air cleaner အားဆက်သွယ်ထားသော ပိုက်အားစစ်ဆေးပါ ၊ ဝင်ရောက်နေသော အစိတ်အပိုင်းများအား ဖယ်ရှားပါ။)
၂ ။ Exhaust system ထဲသို့ ပြင်ပမှ အခြားအစိတ်အပိုင်းများ ဝင်ရောက်သောကြောင့် ( engine ရပ်တန့်ထားစဉ်တွင်သော်၎င်း (သို့) engine အေးနေစဉ်တွင်သော်၎င်း engine Exhaust system အားစစ်ဆေးပါ။ engine တလုံးတွင် piston rings အကျိုးအတ်ြများ ရောက်ရှိလာသောကြောင့် turbine blade များအားလုံး ပွန်းစားပျက်စီးသွားသည်။)
၃ ။ turbocharger ၏ flange နှင့် clamp များမှ bolt များချောင်နေသောကြောင့် ( ချောင်နေသော boltများအား လိုအပ်သလိုတင်းကြပ်ပေးပါ ၊ ပျက်စီးနိုင်သည့် ဆက်သွယ်နေသောအစိတ်အပိုင်းများအား စစ်ဆေးပေးပါ။)
၎ ။ engine စနှိုးစတွင် ချောဆီငတ်ခြင်းကြောင့်( lube oil system ကိုစစ်ဆေးပါ ၊ filter နှင့် ပိတ်ဆို့နေမှုများကို စစ်ဆေး၍ သန့်ရှင်းရေးပြုလုပ်ပါ )
၅ ။ချောဆီလုံလောက်စွာ မရရှိသောကြောင့် ( ( lube oil system ကိုစစ်ဆေးပါ ၊ filter နှင့် ပိတ်ဆို့နေမှုများကို စစ်ဆေး၍ သန့်ရှင်းရေးပြုလုပ်ပါ )
၆ ။ ချောဆီထဲတွင် ဖုန် ၊ သဲ နှင့် အခြားအရာများ ရောနှောနေသောကြောင့်(Contamination)(ချောဆီနှင့် ချောဆီ filter အားအသစ်လဲလှယ်ပါ)
၇ ။ မသင့်လျော်သည့် lube oil grade ကိုသုံးစွဲထားသောကြောင့် ( မှန်ကန်ကောင်းမွန်သည့် lube oil grade ကိုသုံးစွဲပါ )
၈ ။ ချောဆီပံ့ပိုးပေးသည့် line ပိတ်ဆို့နေသောကြောင့် ( ချောဆီလိုင်းအားစစ်ဆေးပြီး ပိတ်ဆို့နေသည်များကို ဖယ်ရှားပါ)
၉ ။ journal bearing ပွန်းစားပျက်စီးနေသောကြောင့် ( ထုတ်လုပ်သူ၏ညွှန်ကြားချက်အတိုင်း ပျက်စီးနေသည်များကို ပြုပြင်ပေးပါ။ )
၁၀။ engine စတင်နှိုးသည့်အရှိန် မြင့်လွန်းသောကြောင့် ( engine အား သာမန်အရှိန်ဖြင့်နှိုးပါ )
၁၁။ engine warm-up လုပ်သည့်အချိန်နဲ သောကြောင့် ( engine warm-up လုပ်သည့်အချိန်အား ကြာအောင် မောင်းပေးပါ ) ***diesel
engine များကို engine ပူလာသည်အထိနှိုးထားပေးပြီးမှ သုံးစွဲသင့်ပါသည်။***
၁၂။ piston ပျက်စီးနေသောကြောင့် ( engး ထုတ်လုပ်သူ၏ညွှန်ကြားချက်အတိုင်း ပျက်စီးနေသည်များကို ပြုပြင်ပေးပါ။ )
၁၃။ turbo ၏ အလယ် housing တွင် carbon (သို့) အနည်အနှစ်များ ရှိနေသောကြောင့် ( ထုတ်လုပ်သူ၏ညွှန်ကြားချက်အတိုင်း ဖယ်ရှားပါ )
၁၄။ engine မှ ချောဆီ pump အလုပ်လုပ်ပုံ မမှန်ကန်သောကြောင့် ( engး ထုတ်လုပ်သူ၏ညွှန်ကြားချက်အတိုင်း ပျက်စီးနေသည်များကို ပြုပြင်ပေးပါ။ )
၁၅။ boost control ပါသော turbocharger ဆိုလျင် wastegate အလုပ်လုပ်ပုံ မမှန်ကန်သောကြောင့် ( ထုတ်လုပ်သူ၏ညွှန်ကြားချက်အတိုင်း ပျက်စီးနေသည်များကို ပြုပြင်ပေးပါ ၊ လိုအပ်လျင် အသစ်လဲလှယ်ပေးပါ။)
၁၆။ boost control မှ လေဝင်ပိုက် အလုပ်လုပ်ပုံ မမှန်ကန်သောကြောင့် ( ထုတ်လုပ်သူ၏ညွှန်ကြားချက်အတိုင်း ပျက်စီးနေသည်များကို ပြုပြင်ပေးပါ။ )
၁၇။ boost control နှင့် engine ချိတ်ဆက်အလုပ်လုပ်ပုံ မမှန်ကန်သောကြောင့် ( ထုတ်လုပ်သူ၏ညွှန်ကြားချက်အတိုင်း ချိန်ညှိပေးပါ။)
K. Compressor blade ပျက်စီးသွားလျင်
၁ ။ turbocharger သို့ ဆက်သွယ်ထားသော air cleaner နှင့်အဆက်များ ပေါက်နေသောကြောင့် ၊ ချောင်နေသောကြောင့် ၊ ပြုတ်ထွက်နေသောကြောင့် ( ပျက်စီးသွားသော Compressor blade အား အသစ်အစားထိုးပါ ၊ air cleaner အား အသစ်လဲလှယ်ပါ )
၂ ။ turbocharger နှင့် air cleaner ကြားပြင်ပအစိတ်အပိုင်းများ ဝင်ရောက်လာသောကြောင့် ( turbocharger နှင့် air cleaner အားဆက်သွယ်ထားသော ပိုက်အားစစ်ဆေးပါ ၊ ဝင်ရောက်နေသော အစိတ်အပိုင်းများအား ဖယ်ရှားပါ။ ပျက်စီးသွားသော Compressor blade အား အသစ်အစားထိုးပါ ။)
၃ ။ turbocharger ၏ flange နှင့် clamp များမှ bolt များချောင်နေသောကြောင့် ( ချောင်နေသော boltများအား လိုအပ်သလိုတင်းကြပ်ပေးပါ ၊ ပျက်စီးနိုင်သည့် ဆက်သွယ်နေသောအစိတ်အပိုင်းများအား စစ်ဆေးပေးပါ။)
၎ ။ journal bearing ပွန်းစားပျက်စီးနေသောကြောင့် ( ထုတ်လုပ်သူ၏ညွှန်ကြားချက်အတိုင်း ပျက်စီးနေသည်များကို ပြုပြင်ပေးပါ။ )
၅ ။ turbine blade ၏ ကြောဘက်အခြမ်းတွင် carbon အညစ်အကြေးများ ကပ်ငြိနေသောကြောင့် ( blade နှစ်ခုစလုံးအားစစ်ဆေး၍ သန့်ရှင်းရေးပြုလုပ်ပေးပါ ၊ ထုတ်လုပ်သူ၏ညွှန်ကြားချက်အတိုင်း ပျက်စီးနေသည်များကို ပြုပြင်ပေးပါ။ )
၆ ။ engine အား စတင်နှိုးသောအရှိန် မြင့်မားသောကြောင့် ( engine ၏ အရှိန်အား လျှော့ချ၍ နှိုးပါ )
၇ ။ engine လိုအပ်သည့်အပူချိန်မရောက်ရှိသေးပဲ load သုံးစွဲသောကြောင့် ( engine လိုအပ်သည့်အပူချိန်ထိ မောင်းနှင်ပြီးမှ load သုံးစွဲပေးရန်)
၈ ။ engine မှ ချောဆီ pump အလုပ်လုပ်ပုံ မမှန်ကန်သောကြောင့် ( engး ထုတ်လုပ်သူ၏ညွှန်ကြားချက်အတိုင်း ပျက်စီးနေသည်များကို ပြုပြင်ပေးပါ။ )
၉ ။ boost control ပါသော turbocharger ဆိုလျင် wastegate အလုပ်လုပ်ပုံ မမှန်ကန်သောကြောင့် ( ထုတ်လုပ်သူ၏ညွှန်ကြားချက်အတိုင်း ပျက်စီးနေသည်များကို ပြုပြင်ပေးပါ ၊ လိုအပ်လျင် အသစ်လဲလှယ်ပေးပါ။)
၁၀။ boost control မှ လေဝင်ပိုက် အလုပ်လုပ်ပုံ မမှန်ကန်သောကြောင့် ( ထုတ်လုပ်သူ၏ညွှန်ကြားချက်အတိုင်း ပျက်စီးနေသည်များကို ပြုပြင်ပေးပါ။ )
၁၁။ boost control နှင့် engine ချိတ်ဆက်အလုပ်လုပ်ပုံ မမှန်ကန်သောကြောင့် ( ထုတ်လုပ်သူ၏ညွှန်ကြားချက်အတိုင်း ချိန်ညှိပေးပါ။)
K. Turbine blade ပျက်စီးသွားလျင်
၁ ။ Exhaust system ထဲသို့ ပြင်ပမှ အခြားအစိတ်အပိုင်းများ ဝင်ရောက်သောကြောင့် ( engine ရပ်တန့်ထားစဉ်တွင်သော်၎င်း (သို့) engine အေးနေစဉ်တွင်သော်၎င်း engine Exhaust system အားစစ်ဆေးပါ။ engine တလုံးတွင် piston rings အကျိုးအပြတ် အစအန များရောက်ရှိလာသောကြောင့် turbine blade များအားလုံး ပွန်းစားပျက်စီးသွားသည်။)
၂ ။ turbocharger ၏ flange နှင့် clamp များမှ bolt များချောင်နေသောကြောင့် ( ချောင်နေသော boltများအား လိုအပ်သလိုတင်းကြပ်ပေးပါ ၊ ပျက်စီးနိုင်သည့် ဆက်သွယ်နေသောအစိတ်အပိုင်းများအား စစ်ဆေးပေးပါ။)
၃ ။ turbine housing ပျက်စီးနေသောကြောင့် ( သို့ ) ပိတ်ဆို့နေသောကြောင့်
၎ ။ journal bearing ပွန်းစားပျက်စီးနေသောကြောင့် ( ထုတ်လုပ်သူ၏ညွှန်ကြားချက်အတိုင်း ပျက်စီးနေသည်များကို ပြုပြင်ပေးပါ။ )
၅ ။ turbine blade ၏ ကြောဘက်အခြမ်းတွင် carbon အညစ်အကြေးများ ကပ်ငြိနေသောကြောင့် ( blade နှစ်ခုစလုံးအားစစ်ဆေး၍ သန့်ရှင်းရေးပြုလုပ်ပေးပါ ၊ ထုတ်လုပ်သူ၏ညွှန်ကြားချက်အတိုင်း ပျက်စီးနေသည်များကို ပြုပြင်ပေးပါ။ )
၆ ။ compressor housing နောက်ကြောဘက်တွင် carbon ဂျိုးများ ထူထပ်စွာ တည်ရှိနေသောကြောင့် ( engine ၏ crankcase မှ လေထွက်ပေါက် (breather) အားစစ်ဆေးပါ။)
၇ ။ engine အား စက်လည်နှုန်းအနိမ့်ဖြင့် အချိန်ကြာမြင့်စွာ မောင်းသောကြောင့် ( engine ထုတ်လုပ်သူ၏ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ရန် ၊ လိုအပ်သည်များကို အစားထိုးပြုပြင်ပါ။ )
၈ ။ engine မှ ချောဆီ pump အလုပ်လုပ်ပုံ မမှန်ကန်သောကြောင့် ( engး ထုတ်လုပ်သူ၏ညွှန်ကြားချက်အတိုင်း ပျက်စီးနေသည်များကို ပြုပြင်ပေးပါ။ )
၉ ။ boost control ပါသော turbocharger ဆိုလျင် wastegate အလုပ်လုပ်ပုံ မမှန်ကန်သောကြောင့် ( ထုတ်လုပ်သူ၏ညွှန်ကြားချက်အတိုင်း ပျက်စီးနေသည်များကို ပြုပြင်ပေးပါ ၊ လိုအပ်လျင် အသစ်လဲလှယ်ပေးပါ။)
၁ဝ။ boost control မှ လေဝင်ပိုက် အလုပ်လုပ်ပုံ မမှန်ကန်သောကြောင့် ( ထုတ်လုပ်သူ၏ညွှန်ကြားချက်အတိုင်း ပျက်စီးနေသည်များကို ပြုပြင်ပေးပါ။ )
၁၁။ boost control နှင့် engine ချိတ်ဆက်အလုပ်လုပ်ပုံ မမှန်ကန်သောကြောင့် ( ထုတ်လုပ်သူ၏ညွှန်ကြားချက်အတိုင်း ချိန်ညှိပေးပါ။)
*** turbocharger တလုံးတွင် အဓိကပျက်စီးစေသောအကြောင်းအချက် ၄ မျိုးသာရှိသည်။
compressor housing နှင့် turbing housing အတွင်းသို့ ပြင်ပမှ အခြားအစိတ်အပိုင်းများ ရောက်ရှိလာခြင်းနှင့် ချောဆီကြောင့်ဖြစ်တတ်သောပျက်စီးခြင်းတို့ပင် ဖြစ်သည်။ compressor housing အတွင်း ပြင်ပအစိတ်အပိုင်းများ ဝင်ရောက် ရောက်ရှိရခြင်းမှာ မသန့်ရှင်းသော ပြင်ပမှလေထုထဲမှ အမှုန်အမွှားများ ရောက်ရှိခြင်းမှာ အများဆုံးဖြစ်သည်။ အထူးသဖြင့် ဖုန် ၊ သဲ ထူထပ်သောအရပ်ဒေသများတွင် အသုံးပြုသည့် engine များအတွက် air system ပိုင်းအား ပို၍အလေးပေး ထိန်းသိမ်း ဂရုစိုက်ပေးသင့်သည်။ turbine housing အတွင်း ပြင်ပအစိတ်အပိုင်းများ ဝင်ရောက် ရောက်ရှိရခြင်းမှာ engine အတွင်းမှစက်အစိတ်အပိုင်းများကြောင့်သော်၎င်း ၊ Exhaust manifold အတွင်းမှ အနည်ထိုင် အခြေပြုနေသည့် carbon ဂျိုးများ engine မောင်းနှင်သည့် အရှိန်ကြောင့် ကွာထွက်လာခြင်းကြောင့်သော်၎င်း ရောက်ရှိလာတတ်သည်။ ချောဆီပိုင်းမှာ ချောဆီမသန့်ရှင်းခြင်းကြောင့်သော်၎င် ၊ အကြောင်းအမျိုးမျိုးကြောင့် ချောဆီမရောက်ရှိခြင်းကြောင့်သော်၎င်း bearing များအားထိခိုက်ပျက်စီးစေနိုင်သည်။turbocharger ပါဝင်သော engine များတွင် - ချောဆီအသစ်လဲလှယ်လျင် ချောဆီနှင့် ချောဆီ filter လဲလှယ်ရုံဖြင့် မလုံလောက်ပေ ၊ turbo သို့ ဝင်/ထွက်နေသော ချောဆီလိုင်းများပါ သန့်ရှင်းစေရန်အတွက် ဆေးကြောသန့်စင်ပေးရန် လိုအပ်ပါသည်။ turbo တလုံး၏ လည်ပတ်မှု အရှိန်သည် တမိနစ်လျင် အပတ်ရေအနိမ့်ဆုံး 7000 မှ အများဆုံး 360,000 အထိ ရှိတတ်သည်။ ထို့အတွက်ကြောင့် ဤမျှလည်ပတ်နေရသည့်အရှိန်အတွက် ချောဆီသည် အဓိက အရေးအကြီးဆုံး အခန်းကဏ္ဍတွင် တည်ရှိပါသည်။ ထိခိုက်ပျက်စီးမှု အများဆုံးအပိုင်းမှာလည်း ထိုချောဆီများရောက်ရှိရာ shaft , bearing အစိတ်အပိုင်းများတွင်ပင် ဖြစ်သည်။
နောက်တချက်မှာ Exhaust gas temperature များသောအချက်ကြောင့်ပင်ဖြစ်သည်။
turbocharger တလုံးတွင် တိုင်းထွာ စစ်ဆေးပေးရန် ၄ နေရာသာ ရှိသည်။ ၄င်းတို့မှာ bearing and shaft , blades များ၏ axial end play နှင့် blades များ၏ radial clearannce များပင်ဖြစ်သည်။ မည်သည့်တိုင်းတာမှုမျိုးမဆို compressor blade ဘက်မှပဲတိုင်းတာရပါမည်။ axial end play အား တိုင်းတာစစ်ဆေးရာတွင် dial gauge အား နေရာမှန်တွင်အထိုင်ချ၍ တိုင်းတာရန် အရေးကြီးပါသည်။( အချို့သောသူများမှာ turbo အပေါ်တွင် ဖုံးအုပ်ထားသော turbo cover ပေါ်တွင် အထိုင်ချ တပ်ဆင်၍ တိုင်းတာတတ်သောကြောင့်ပါ ) ။dial gauge မှ spindle အား compressor blade ထိပ်ရှိ nut ပေါ်တွင်ထောက်၍ shaft အား ရှေ့တိုး/နောက်ဆုတ်လုပ်၍ dial gauge ပေါ်မှ တန်ဘိုးများအား မှတ်သားတိုင်းတာပါ။ ဤနေရာတွင် clearance တန်ဘိုးများအား မဖော်ပြတော့ပါ။ ထုပ်လုပ်သည့် company ပေါ်မူတည်၍ လက်ခံနိုင်သည့်Clearance တန်ဘိုးများ မတူညီနိုင်သောကြောင့်ပါ။ radial clearance အား တိုင်းတာရာတွင် compressor blade နှင့် compressor blade housing အကြား feeler gauge ဖြင့်ထိုး၍ တိုင်းတာရပါမည်။
ဤနေရာတွင်လည်း clearance တန်ဘိုးများအား မဖော်ပြတော့ပါ။ ထုပ်လုပ်သည့် company ပေါ်မူတည်၍ လက်ခံနိုင်သည့်Clearance တန်ဘိုးများ မတူညီနိုင်သောကြောင့်ပါ။
turbocharger တလုံးတွင် Vibration များစွာရှိသည်ကို လက်ခံနိုင်သူ အလွန်နဲသည်။ ထို Vibration ဒဏ်ကြောင့် blades များကို ထိခိုက်ပျက်စီးစေနိုင်သည်။ ထို့ကြောင့် turbocharger နှင့်တွဲဆက်ထားသော turbo အထိုင် bolt များ ၊ flange နှင့် clamp bolt များ တင်းကြပ်နေစေရေးသည် အလွန်အရေးကြီးပါသည်။
Turbocharger ပါရှိသော engine များကို ကိုင်တွယ်ထိန်းသိမ်းမောင်းနှင်ရာတွင် မောင်းနှင်သူ operator(driver) သည် အရေးပါသော အခန်းကဏ္ဍမှာ ပါဝင်သည်။ မောင်းနှင်သူသည် engine အား နှိုးပြီးစဉ်တွင်သော်၎င်း ၊ ရပ်တန့်လိုသည့်အခါတွင်၎င်း လိုက်နာရန် ၂ချက်ရှိပါသည်။
1. After start the engine
Engine အား စတင်နှိုးပြီးပြီးချင်းတွင် engine အား load မသုံးစေရပါ။ engine အတွင်းမှာ လည်ပတ်နေမည့် ချောဆီများ နေရာအနှံ့ရောက်ရှိရန် အချိန် ၂ မိနစ် မှ ၃ မိနစ်အထိ စောင့်ဆိုင်းပေးရပါမည်။ ထို့အတူ အေးသောဒေသများတွင်သုံးစွဲမည့် engine များတွင်မူ ၄ မိနစ်မှ ၅ မိနစ်အထိ စောင့်ဆိုင်းပေးရပါမည်။ အဘယ်ကြောင့်ဆိုသော engine အတွက် လိုအပ်မည့် အပူချိန်ရရှိရန်အတွက်ဖြစ်ပါသည်။
2. Before shut-down engine
Engine အား မရပ်တန့်မီ သာမန်စက်လည်နှုန်းဖြင့် ၃ မိနစ်မှ ၅ မိနစ်အထိ မောင်းနှင်ပေးထားရပါမည်။ အဘယ့်ကြောင့်ဆိုသော် engine တွင်လက်ရှိဖြစ်ပေါ်နေသော အပူများအား ရေ ၊ ချောဆီတို့မှ သယ်ဆောင်သွားခြင်းဖြင့် engine တွင်ဖြစ်ပေါ်နေသော အပူများအား သယ်ဆောင်လျှော့ချပေးနိုင်ပါလိမ့်မည်။ ထိုသို့မဟုတ်ပဲ engine အား ချက်ချင်းရပ်တန့်လိုက်ပါက engine တွင်ဖြစ်ပေါ်နေသောအပူများသည် combustion chamber (liner) , bearing နှင့် shaft တို့အား အပူဒဏ်သက်ရောက်စေခြင်းဖြင့် အဆိုပါ အစိတ်အပိုင်းတို့အား ပျက်စီးစေနိုင်ပါလိမ့်မည်။ turbo ပါသော engine တွင် engine အားချက်ချင်းရပ်တန့်လိုက်ပါက turbo တွင် သက်ရောက်နေသောအပူချိန်သည် ၄င်းမှတဆင့် turbo shaft , turbo bearing နှင့် turbo seal သို့ ချက်ချင်းကူးပြောင်းရောက်ရှိစေပြီး အဆိုပါ အစိတ်အပိုင်းအသီးသီးအား သိသာစွာ အချိန်တိုအတွင်း ပျက်စီးစေနိုင်ပါလိမ့်မည် ။ ( အကြောင်းအမျိုးမျိုးကြောင့် Engine အား အရေးပေါ်ရပ်တန့်ခြင်းမှတပါး engine အား ချက်ချင်းမရပ်တန့်ရ)။
Turbocharger 90% အား ပျက်စီးစေရသည့် အခြေခံအကြောင်းအရင်းများမှာ -
1. Turbine နှင့် compressor ထဲသို့ ပြင်ပအစိတ်အပိုင်းများ ဝင်ရောက်ခြင်းကြောင့်
2. ချောဆီညစ်ပတ်ခြင်းကြောင့် (သို့) ချောဆီအတွင်း တစုံတရာရောနှောနေခြင်းကြောင့် ( Contamination )
3. ချောဆီလုံလောက်စွာ မရခြင်းကြောင့်
4. Exhaust gas temperature မြင့်လွန်းသောကြောင့် ( fuel ပေးသွင်းပုံ မမှန်လျင် )
turbo တလုံးအား တိုင်းတာ စစ်ဆေးပေးရမည့်နေရာများအား ပုံနှင့်တကွ ဖော်ပြထားပါသည်။
ပညာရှင်အားလုံးအားလေးစားလျက်
Credit
အောင်မြင်သူ - ဆားဗစ် အင်ဂျင်နီယာ
No comments:
Post a Comment