ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services
ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်
မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.
Air suspension systemအကြောင်းနဲ့ ပြုပြင်ခြင်း
Air suspension systemအကြောင်းနှင့်
Celsior ကားတစ်စီး Air suspension error ပြစ်ချက်ရှာ
ပြုပြင်တာလေးလုပ်ငန်းခွင် fieldကနေ ပြန်လည်မျှဝေးခြင်း
Electronic suspension အကြောင်းမပြောခင်
suspension basicကိုအနည်းငယ်ရှင်းပြပေးပါမယ်
suspension system ဆိုတာဘာလဲ
သက်တောင့်သက်သာ ရှိစေရန် ( riding comfort)
မညီညာတဲ့လမ်းမျက်နှာပြင်ကြောင့်ဖြစ်ပေါ်စေသော  တုန်ခါမှု
လျော့ချရန်အတွက်အသုံးပြုခြင်းဖြစ်ပါတယ်
suspension စနစ်မှာ အဓိကပါဝင်တဲ့အစိတ်အပိုင်းတွေ
ကတော့ shockabsorber , spring , stabilizer
linkages တို့ ဖြင့်ဖွဲ့ စည်းထားပါတယ် ။suspension system ကိုလေးမျိုးထပ်ခွဲခြားထာပါတယ် ။
1.  conventional suspension system
2. independent suspension system
3 . Air suspension system
4.Hydrolastic suspension systemတို့ ဖြစ်ပါတယ်
suspension စနစ်မှာပါတဲ့  spring သည် လမ်းကြောင့်ဖြစ်ပေါ်စေတဲ့ shock  နှင့် wheelကြောင့်ဖြစ်စေတဲ့ vibration ကို လျော့ ချစေရန်အတွက် အသုံးပြုထားခြင်းဖြစ်ပါတယ် ။
မော်တော်ယာဉ်တွေမှာ တပ်ဆင်အသုံးပြု ကြတဲ့springအမျိုးအစားတွေကတော့
1 . leaf spring
2. coil spring
3. torsion bar spring
4 . Air and gas spring တို့ ဖြစ်ပါတယ်။
leaf spring ကတော့ spring steel ပြားအထူနဲ့ ပြုလုပ်ထားပြီးကွေးညွှတ်နိုင်စွမ်းရှိတယ် leaf springကိုတော့
heavy duty vehicleတွေမှာအသုံးပြုကြပါတယ်
Coil spring ကို steelဖြင့် ပြုလုပ်ထားပြီး Front and rear suspension စနစ်မှာအသုံးပြုပါတယ်
နှင့် ချိတ်ဆက်ထားပါတယ်  Torsion bar သည် လိမ်ကျစ်အားဖြင့်အလုပ်လုပ်ပါတယ် ။ Air and gas spring ဆိုတာကတော့ rubber cylinderထဲကို လေထည့်သွင်းထားခြင်းဖြစ်ပါတယ် Cylinderထဲမှာ ရှိတဲ့  air pressure ကြောင့် spring ရဲ  တွန်းကန်အားကိုဖြစ်ပေါ်စေပါတယ် ။
Air suspension system မှာ အဓိက main function တွေကတော့ Vehicle height control စနစ်
Vehicle speed sensing control စနစ် နှင့်  vehicle height switching control စနစ်တို့ ပင်ဖြစ်ပါတယ် Air suspension စနစ်အသုံပြုထားတဲ့ကားတွေမှာဆို  height control indicator light နှင့်  Height control switch ခလုတ်တွေပါပါတယ်  Celsior , lexus (-A , W) မှာ
Height control indicator lightရဲ့ HI mode (+30mm or 1.2 in ) N modeသည် normal height  , Lo mode သည် ( -15mm , -0.6in  height) ရှိပါတယ် 
ယခု serviceလုပ်ပေးတဲ့ selsior ကားမှာဆို
Air suspension cotrol boxသည် ကားဘယ်ဘက်
dashboard panel အောက်ဘက်မှာ ရှိပါတယ် Head light control box နဲ့ တွဲရက်ချိတ်ထားပါတယ် ။
Air suspension ECU သည် vehicle speed sensor . yawrate sensor  stop light switch တွေဆီကနေ signal ရယူတယ်  ပြီးတော့  ဘယ်/ညာ  Front height Sensor ရယ် Rear height control sensor တွေကနေ signal ရယူတွက်ချက်ပြီးမှ height control solenoid valve တွေကို ECUကနေ Actuator အနေဖြင့် ပြန်အပွင့်အပိတ်ကိုခိုင်းစေပါတယ်
ECU ကနေ ရရှိတဲ့ signalအားလုံးကိုတွက်ချက်ပြီး air compressor motorကို မောင်းနှင်းပါတယ်
C1752 compressor motor malfunction  error တက်ရင်  Air sus relay စစ်ဆေးပါ compressor motor solenoid valve ကောင်းမကောင်း testလုပ်ပါ
motor ဆီ မီးရောက်မရောက်စစ်ဆေးပါ air compressor ရဲ့  pin 1 နဲ့ pin 4 ကို resistance တိုင်းတဲ့အခါ 5 ohm
ဝန်းကျင်ဆို okပါတယ် power lineကို voltageတိုင်ရင်လည်း 10 volt အထက်မှာ ရှိနေရပါမည်
Air compressor ကို G sacan ကနေ Active testလုပ်ပြီး compressor အလုပ် လုပ်မလုပ်စမ်းသပ်လို့ လို့ ရပါတယ်
air flow စီးဆင်းပုံကတော့ ECU ရဲ့ output signal ကနေ Pneumatic tankမှာ ရှိတဲ့ Solenoid valve ကိုဖွင့်လိုက်တဲ့အခါ လေတွေဟာ air passage လမ်းကြောင်းကနေ ဘီးလေးဘီလုံးမှာရှိတဲ့  pneumatic cylinder တွေဆီရောက်သွားပါတယ်။
အထူးသတိပေးခြင်းတာကတော့ Air suspension စနစ်ကိုအသုံပြုထားတဲ့ model မြင့်ကားတွေကို lift မတင်တဲ့အခါ  Height control switch ကို OFF  ပြောင်းပေးထားပါ သို့ မ ဟုတ် Jack modeကို OFF လုပ်ထားပါ
Precautions For Servicing
serviceသမားတွေအတွက်ဆောင်ရန် ရှောင်ရန် ကြိုတင်ကွယ်မှုအနေနဲ့ ကတော့
Air suspension စနစ်ကို ပြုပြင်တော့မယ်ဆို
height control  valve တွေ Pneumatic cylinder
တွေကို removal or  reinstallation  လုပ်ရင် အောက်မှာဖော်ပြမယ့် caseတွေကို  be careful 
-  jacking down  ဒါမဟုတ် lift အောက်ပြန်ချထားတဲ့အခါ
   diaphragm pneumatic cylinderတွေကို တစ်စုံတစ်ခု မဖြစ်စေရန်ကာကွယ်ဖို့ အတွက် airtubeအားလုံးကို reconnectပြန်လုပ်ထား tire နဲ့ မြေပြင်နဲ့ ထိနေတဲ့အခါ steering wheelကို မလှည့်ပါနဲ့ 
Air suspension  စနစ်ရဲ့ height control sensor ရဲ့ adjustnent rodကို မချိန်ညှိပါနဲ့  
**Note Do not adjust compensation of
vehicle height
Compressor ကို ကာကွယ်ဖို့ အတွက် air ကို replenishingလုပ်တဲ့အခါ  When relpenishing of air engine stop 1 minute later . OK  After
about 10 minutes have elapsed , restart engine 
Credit
Knowledge Sharing
Thank For Reading
PPK
Goodluck
lasted post in this site, touch on header
ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း
Html