ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ကားတစ်စီး၏အဓိကကျသောသော လျှပ်စစ်Systemများ

ကားတစ်စီး၏အဓိကကျသောသောလျှပ်စစ်စနစ်

   For   Issue-21
မော်တော်ကားတစ်စီးကိုစနစ်ပေါင်းများစွာဖြင့်စုစည်းတည်ဆောက်၍ အလုပ်လုပ်စေသည်။ Electrical System သည် ကားတစ်စီးတွင် မရှိမဖြစ်သောအရေးပါ သောစနစ်တစ်ခုဖြစ်သည်။ Electrical System တွင်ပါဝင်သောအစိတ်အပိုင်းများ၏ အခြေခံသဘောတရားများကိုအကျဉ်းချုပ် သိရှိထားမှသာမော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းရေးကိုလွယ်ကူရှင်းလင်းစွာဆောင်ရွက်လာနိုင်ပါမည်။

ကားတစ်စီး၏ အရေးပါသော Electrical System တွင် ပါဝါစွမ်းအင် သိုလှောင်ထားနိုင်သောဘက်ထရီ၊ လျှပ်စစ်ပါဝါထုတ်လုပ်ပေးသောAltanator နှင့် အင်ဂျင်စက်နှိုးမော်တာတို့သည် အဓိကကျသောအစိတ်အပိုင်းများဖြစ်သည်။ ယနေ့ခေတ်ပေါ်ကားများ၏ Electrical System သည် ရှုပ်ထွေးသော်လည်း လျှပ်စစ် စနစ်၏ အခြေခံများမှာလွန်ခဲ့သောအနှစ်(၃၀)ကျော် အနှစ်(၄၀)ကာလဒီဇိုင်းများကိုသာအခြေခံထားသည်ကိုတွေ့ရသည်။ အီလက်ထရွန်းနစ် ထိန်းချုပ်မှုအပိုင်းမှလွဲ၍ ကျန်သော လျှပ်စစ်စနစ်အခြေခံများသည် ဘက်ထရီ၊ ဒိုင်နမို၊ မော်တာဆိုသည့် အဓိကမဏ္ဍိုင်ကြီးသုံးမျိုးအပေါ်တွင်သာအခြေခံထားသည်။ ထို့ကြောင့် ကားတစ်စီး၏ လျှပ်စစ်စနစ်(Electrical System)ကိုနားလည်သိရှိရန် ထိုအခြေခံများမှပင် စတင်လေ့လာရပါသည်။

သင့်ကားမှ အရေးပါသောဘက်ထရီ
လျှပ်စစ်စွမ်းအင် သိုလှောင်ထိန်းသိမ်းထားနိုင် သောဘက်ထရီသည် ကားတစ်စီး၏ အသက်ဖြစ်သည်။ ဘက်ထရီမရှိဘဲ ၀ါယာရိန်းစနစ် မရှိနိုင်သကဲ့သို့ ဘက်ထရီမရှိဘဲကားတစ်စီးအလုပ်မလုပ်နိုင်ပါ။ ကားဘက်ထရီတစ်လုံးမှ 12 Volt DC လျှပ်စစ်ပါဝါ ထောက်ပံ့နိုင်ပြီးကားအင်ဂျင်စက် စတင်နှိုးရန်၊အင်ဂျင်စက် ထိန်းချုပ်မှု စနစ်များအလုပ်လုပ်ရန်၊အင်ဂျင်မီးပေးစနစ် (Ignition System) အလုပ်လုပ်နိုင်ရန်နှင့် အခြားသော Electrical Accessories များအလုပ်လုပ်နိုင်ရန်အတွက် မရှိမဖြစ် အဓိကအရေးပါသောအရာမှာကားဘက်ထရီဖြစ်သည်။

ရှေးခေတ်မှစတင်၍ ယနေ့အချိန်အထိအသုံး ပြုနေသောကားဘက်ထရီအမျိုးအစားမှာ ရိုးရှင်းသောခဲ-အက်ဆစ်ဘက်ထရီသာ ဖြစ်ပါသည်။ ယနေ့ခေတ် ဟိုက်ဘရစ်ကားများတွင် နီကယ်မက်တယ်ဟိုက်ဒရိုက် (NiMH)ဘက်ထရီများ၊ လီသီယမ်အိုင်ယွန်း (Li-ion) ဘက်ထရီများသုံးစွဲသော်လည်းကားတစ်စီးလုံး၏ Electrical System အတွက် သုံးစွဲနေသော 12 ဗို့ ဘက်ထရီမှာခဲ-အက်ဆစ်ဘက်ထရီအမျိုးအစားသာ ဖြစ် ပါသည်။

ကားဘက်ထရီတစ်လုံးတွင် အခန်း(Cell) ခြောက်ခန်းပါဝင်ပြီးအဖိုပြားနှင့်အမပြားကိုခဲပြားများဖြင့် တည်ဆောက်ထားသည်။ အဖိုပြားနှင့်အမပြားကြားတွင် လျှပ်စစ်ကာ(Insulator)ဖြင့် ခြားထားပြီး Electrolyte ခေါ် လျှပ်လိုက်ရည်ထဲတွင် နစ်မြုပ်ထားသည်။ လျှပ်လိုက်ရည် ဆိုသည်မှာရေနှင့်ဆာလဖျူရစ်အက်ဆစ်ကိုရောစပ်ထားသောအက်ဆစ်အပျော့စားဖြစ်သည်။ အက်ဆစ်ပြင်းအား 1.280 ရှိသည်။ ထိုပြင်းအားကို လျှပ်လိုက်ရည်၏ သိပ်သည်းဆဟုခေါ်သည်။ အက်ဆစ်သိပ် သည်းဆ 1.280 ရှိသော လျှပ်လိုက်ပျော်ရည် ရရှိရန် ပေါင်းခံရေ (၆၃)ရာခိုင်နှုန်းနှင့် ဆာလဖျူရစ်အက်စစ် (H2SO4) (၃၇)ရာခိုင်နှုန်းရောစပ်ရသည်။ ဘက်ထရီ Cell တစ်ခုမှ ထုတ်လုပ်ပေးနိုင်သောဗို့အားမှာ 2.1 V ရှိပြီးစုစုပေါင်းအခန်း(၆)ခန်းပါသောဘက်ထရီတစ်လုံးသည် 12.6 Volt ခန့် ထွက်ရှိသည်။

ဘက်ထရီတစ်လုံးတွင်သိုလှောင်ထားသောစွမ်းအင်ပုံစံမှာChemical   Energy ဖြစ်သည်။ဘက်ထရီကိုအသုံးပြုလျှင်ဖြစ်စေ၊ အားပြန်သွင်းလျှင်ဖြစ်စေဘက်ထရီပလိပ်ခဲပြားများနှင့် အက်ဆစ်ဓာတ်ပြုသည်။ ဘက်ထရီအားသွင်းနေစဉ် ဟိုက်ဒြိုဂျင်ဓာတ်ငွေ့များထွက်သည်။ ဟိုက်ဒြိုဂျင်သည် ပေါက်ကွဲမှုပြင်းထန်ပြီးမီးလောင်လွယ်သောဓာတ်ငွေ့ဖြစ်သည်။ လေထက်ပေါ့ပါးလွန်း၍ မိုးပျံပူဖောင်းများတွင် ဟိုက်ဒြိုဂျင်ဓာတ်ငွေ့ကိုသုံးသည်။ ဘက်ထရီအားသွင်းနေစဉ် လေ၀င်လေထွက် ကောင်းဖို့လိုသည်။ ဘက်ထရီအားသွင်းနေစဉ် ၀ါယာကြိုးများဖြင့် မီးခတ်မကြည့်ရ။ ဘက်ထရီအိုးပေါက်ကွဲထွက်ပြီးထိခိုက်ဒဏ်ရာရနိုင်သည်။ အက်ဆစ်ရည် လောင်စားနိုင်သည်။ မျက်စိထဲ အက်ဆစ်ဝင်နိုင်သည်။

ဘက်ထရီတစ်လုံးတွင် အဖိုငုတ်နှင့် အမငုတ် ဟူ၍ရှိပြီးအဖိုငုတ်တိုင်ကအနည်းငယ် ပိုကြီးသည်။ ဘက်ထရီသုံးစွဲနေစဉ် လျှပ်လိုက်ရည်ခန်းခြောက်ပြီး Level ကျသွားတတ်သည်။ ဘက်ထရီမိုးရေထပ်ဖြည့်ပေးမှ အက်ဆစ်ပြင်းအားမှန်ကန်မည်။ အချို့သော Maintenance Free Battery များတွင် မိုးရေထပ်ဖြည့်ပေးစရာမလိုပါ။ လျှပ်လိုက်ရည်အစား Gel ကိုသုံးထားသည်။ အားပြည့်နေသောဘက်ထရီ၏ Electrolytic သိပ်သည်းဆသည် 1.280 ရှိသည်။ အက်ဆစ်ပြင်းအားကိုဟိုက်ဒြိုမီတာနှင့် တိုင်းတာသည်။ ဘက်ထရီအားအပြည့်အ၀ ရှိ/မရှိကို Battery Tester ဖြင့်တိုင်းနိုင်သည်။

အဆင့်မြင့် ဘက်ထရီများတွင် အလွယ်တကူစစ်ဆေးနိုင်သော Battery Eye Indicator ပါရှိသည်။ အားအပြည့်ရှိလျှင် Eye အရောင်ကိုအပြာရောင်/အစိမ်းရောင်ဖြင့် ပြသည်။ အားမရှိပါက အ၀ါရောင်/အနီရောင် ဖြင့်ဖော်ပြသည်။ ဘက်ထရီတစ်လုံး၏ စွမ်းအားပမာဏကိုAmhဖြင့်ဖော်ပြသည်။ဥပမာ 70 Amh , 100 Amhဟုဖေါ်ပြကြသည်။ဘက်ထရီတစ်လုံး၏ သက်တမ်းသည် ပျှမ်းမျှ သုံးနှစ်မှ ငါးနှစ်အထိအသုံးခံသည်။ ပြုပြင်ထိန်းသိမ်းမှုကောင်းမှ ဘက်ထရီသက်တမ်းရှည်သည်။

လျှပ်စစ်ပါဝါထုတ်ပေးနေသောAltenator
ယခင် ခေတ်ဟောင်းကားများတွင် ဒိုင်နမိုကိုသုံးသည်။ ဒိုင်နမိုသည် DC လျှပ်စစ်ကိုတိုက်ရိုက်ထုတ်လုပ်နိုင်သည်။ Alternator သည် AC လျှပ်စစ်သာထုတ်လုပ်သည်။ မော်တော်ယာဉ်တွင် DC လျှပ်စစ်အမျိုးအစားသာသုံးသဖြင့် AC မှ DC ပြောင်းလဲခြင်းကို (Diode Bridge)ဒိုင်အုပ်အတွဲများကဆောင်ရွက်ပေးသည်။ ယခုခေတ်တွင် ဒိုင်နမိုများအစား Alternator များကိုသာသုံးလာကြသည်။ Alternator မှ ထုတ်လုပ်ပေးသောဗို့အားကို 12.6 V မှ 14.5 V အတွင်းသာရှိစေရန် I.C Regulator မှ ထိန်းကျောင်းပေးသည်။

Alternator တစ်လုံးမှထုတ်လုပ်ပေးသော လျှပ်စစ်ပါဝါပမာဏသည် ပုံသေမရှိဘဲ Demand လိုအပ် ချက်အရအတက်/အကျ အနည်းအများရှိသည်။ ကားဘက်ထရီကလည်း Electrical System တစ်ခုလုံးတွင် တည်ငြိမ်သောဗို့အား 12V အမြဲရှိနေစေရန် ကြားခံထိန်းပေးသည်။ ထို့ပြင် သိုလှောင်ထားသောစွမ်းအင်ကိုလိုအပ်ချိန်တွင် ကားဘက်ထရီမှ ထုတ်ပေးသည်။ Alternator ၏ လျှပ်စစ်ထုတ်လုပ်မှုပမာဏကို I.C Regulator က ထိန်းကျောင်းပေးထား၍ ဘက်ထရီကိုအားပြန်သွင်းရာတွင် Overcharging မဖြစ်စေရန် ကာကွယ်ပေးသည်။


Alternator သည် ကားတစ်စီးအတွက် လိုအပ် သော လျှပ်စစ်ပါဝါစွမ်းအင် ထုတ်လုပ်ပေးသောအရာ ဖြစ်သည်။ Alternator ကိုပြောလျှင် ချာဂျင်အားသွင်းစနစ် (Charging System)ပါပြောဖို့ လိုပါသည်။ ဘက်ထရီတစ်လုံးတွင် သိုလှောင်ထားသော လျှပ်စစ်ပါဝါပမာဏသည် အနည်းငယ်သာရှိ၍ ပါဝါသုံးသော စက်နှိုးမော်တာ၊ မီးလုံးမီးသီးများ၊ ရေသုတ်တံမော်တာများ၊ ပါဝါ၀င်းဒိုးမော်တာများ၊ Cooling Fan မော်တာများအတွက် လျှပ်စစ်ပါဝါ လုံလောက်အောင် ထောက်ပံ့ပေးနိုင်စွမ်းမရှိပါ။ ထိုလိုအပ်ချက်ကို Alternator ကထုတ်လုပ်ပေးပြီးဘက်ထရီကိုလည်းချာဂျင်ပြန်သွင်းပေးသည်။


Charging System သည် ဘက်ထရီကိုအား ပြန်သွင်းပေးရန်နှင့် အင်ဂျင်လည်ပတ်နေစဉ် ကားတစ်စီးလုံးတွင်ရှိသော လျှပ်စစ်သုံးပစ္စည်းကိရိယာများအတွက်လိုအပ်သောလျှပ်စစ်ပါဝါ  (DC)ကိုထုတ်လုပ်ပေးသောစနစ်ဖြစ်သည်။ လူစီးကားလေးများတွင် 12 Volt စနစ်သုံးပြီးကားကြီးများတွင် 24 Volt စနစ် သုံးသည်။ 24 V ဖြစ်၍ 12 V ဘက်ထရီအိုးကြီးနှစ်လုံးတပ်ဆင်ထားသည်။

Alternator သည် အင်ဂျင်လည်ပတ်မှု စက်မှုစွမ်းအင်ကို လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲပေးသောအရာဖြစ်သည်။ အခြေခံသဘောတရားမှာသံလိုက်စက်ကွင်းတစ်ခုအတွင်းသို့ ၀ါယာကွိုင်တစ်ခုဖြတ်သန်းသွားပါက ထိုဝါယာတွင် လျှပ်စစ်စီးကြောင်းတစ်ခု ဖြစ်ပေါ်လာသည်။ Alternator တွင် သံလိုက်စက်ကွင်းကရွေ့လျားပြီး Stator Coil က အသေရပ်တည်နေသည်။ အင်ဂျင်ပူလီနှင့် Alternator ပူလီကိုပန်ကာကြိုး (V-Belt) ဖြင့် ဆက်ထား၍ အင်ဂျင်လည်ပတ်လျှင် Alternator လည်ပတ်မည်။ Alternator အတွင်းပိုင်းတွင် လည်ပတ်နေသောအရာကို Rotor ဟုခေါ်သည်။ Rotor တွင် ၀ါယာကွိုင်ပတ်ထားပြီး ဘက်ထရီမှ လျှပ်စစ်ဓာတ်ပေးလျှင် လျှပ်စစ်သံလိုက်ဖြစ်သွားသည်။ Rotor လည်လျှင် Startor Winding Coil တွင် လျှပ်စီးကြောင်း ဖြစ်ပေါ်လာသည်။ သို့သော်လည်းStartor Coil မှ ထွက်သော လျှပ်စစ်သည် AC ဖြစ်၍ DC ဖြစ်သွားစေရန် ဒိုင်အုပ်များ က ပြောင်းလဲပေးသည်။


Alternator တစ်လုံးသည် နှစ်နှစ်၊ သုံးနှစ် အသုံးခံသော်လည်းဆားဗစ်စင် လုပ်ပေးရသည်။ ကားမောင်းနေစဉ် ဘက်ထရီချာဂျင်မီးနီပြပါကဘက်ထရီသို့ ချာဂျင်အားမ၀င်တော့ခြင်း ဖြစ်သည်။ Alternator ကိုစစ် ဆေးရန် လိုလာသည်။ Rotor ထိပ်တွင် ကြေးကွင်းနှစ် ကွင်းနှင့် ကာဗွန်ဘရတ်ခ်ျထိတွေ့မှု ကောင်းမှ Rotor တွင် လျှပ်စစ်သံလိုက်ဖြစ်ပေါ်သည်။ ကာဗွန်စားပြီး တိုဝင်နေပါကမထိတထိဖြစ်၍ လွတ်နေမည်။ Stator Coil သည် တစ်ခါတစ်ရံ Body Earth မိပြီး Short ဖြစ်တတ်သည်။ I.C Regulator မထိန်းပါကAlternator မှ ဘက်ထရီသို့ ချာဂျင်အားအ၀င်များပြီး ဘက်ထရီအိုးပွတ်ပွတ်ဆူတတ်လာမည်။ အိုးဆူလျှင် ဘက်ထရီနာသည်။ဒိုင်နမို ပြုပြင်ရေး
ဆိုင်တွင်ပြသပါ။


စက်နှိုးမော်တာ
ကားအင်ဂျင်စက် စတင်နှိုးရန် Starter Motor ကောင်းဖို့လိုသည်။ မော်တာဆွဲအားမကောင်းလျှင် စက်နှိုးရခက်ခဲသည်။ Starting System တွင် အဓိကအရေးပါသောအရာမှာစက်နှိုးမော်တာနှင့် ဘက်ထရီ ဖြစ်သည်။ မော်တာကောင်းပြီးဘက်ထရီမကောင်းလျှင် လည်းစက်နှိုး၍မရပါ။ ဒီဇယ်အင်ဂျင်များကိုလှည့်ပေးရသောစက်နှိုးမော်တာများသည် လှည့်အားကောင်းရန် လိုအပ်သည်။ ထို့ကြောင့် ဒီဇယ်ကားတွင် သုံးသောဘက်ထရီလည်းအမ်ပီယာကောင်းသောဘက်ထရီဖြစ်ပြီးမော်တာအလုံးအထည်မှာလည်းဓာတ်ဆီအင်ဂျင်သုံးမော်တာထက်ပိုမိုကြီးမားသည်။


စက်နှိုးမော်တာတစ်လုံးတွင် လျှပ်စစ်သံလိုက် တွန်းအားဖြင့် လည်ပတ်ရန် Amature (အာမေချာ)နှင့် Field Coil တို့ကို ၀ါယာဂိတ်ကြီးကြီးပတ်ထားသည်။ ဘက်ထရီမှ အားကောင်းသော လျှပ်စီးကြောင်းစီးဝင်ပါက လျှပ်စစ်သံလိုက်ဓာတ်ဖြစ်ပြီးသံလိုက်တွန်းကန်အားကြောင့် အာမေချာလည်သည်။ အာမေချာထိပ်တွင် ကြေးစိတ်ခေါင်းရှိပြီးကာဗွန်ဘရတ်ဖြင့် ထိတွေ့စေရန် စပရိန်ကတွန်းကန်ထားပေးသည်။


Reduction Motor အမျိုးအစားတွင် အာမေချာပီနီယံနှင့် Drive Pinion ကြားတွင် Idle Gear ခံထားသည်။ Reduction မော်တာအမျိုးအစားသည် ဂီယာအချိုးတင်ထား၍ လှည့်အားပိုကောင်းသည်။Solonoid Switch သည် Magnetic Switch အမျိုးအစားဖြစ်သည်။ ကားသော့လှည့်၍ မော်တာသို့လျှပ်စစ်ရောက်ပါကဆိုလိုနွိုက်ကစားပြီး Relay ပွိုင့်နှစ်ခုကိုထိကပ်စေသည်။ Relay ပွိုင့်ထိသွားပါကဘက်ထရီမှ အားကောင်းသော လျှပ်စီးကြောင်းသည် ဘက်ထရီကေဘယ်ကြိုးလုံးကြီးမှတဆင့်မော်တာထဲရောက်သွားပြီးစက်နှိုးမော်တာကိုလည်ပတ် စေသည်။ မော်တာလည်လျှင် မော်တာပီနီယံနှင့် ဖလိုင်းဝှီး Ring Gear တို့ချိတ်မိပြီးအင်ဂျင်စက်ကိုလည်စေသည်။ မော်တာ Drive Pinion သည် Over Running Clutch ဒီဇိုင်းဖြစ်၍ အင်ဂျင်စက်နှိုးပြီးလည်သွားပါက Drive Pinion များလိုက်မလည်နိုင်တော့ပါ။ စက်နှိုးမော် တာကိုတစ်နှစ်တစ်ကြိမ် ဆားဗစ်စင်လုပ်ပေးသင့်သည်။ စက်နှိုးမော်တာသည် လည်ပတ်မှုနှေးကွေးလာပြီးမော် တာကျလာလျှင် မော်တာဒိုင်နမိုဆိုင်တွင် ပြသသင့် သည်။

Credit
ဆရာမာစတာ(စက်မှု)
@ကားအ​ကြောင်းသိ​ကောင်းစရာများ
{ W.Y.T}လွတ်​လပ်​စွာမျှ​ဝေပါ


lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html