ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

အင်္ဂျင် နိုးလိုက်တိုင်း အဖြစ်အများဆုံးဖြစ်တဲ့ fuel Injector Pump ရဲ့မီးလိုင်းပြစ်ချက်များ အကြောင်း

Toyota Hilux Surf နဲ့ Prado တို့ရဲ 
1KZ-TE အင်္ဂျင်မနိုးတိုင်းမှာ အဖြစ်အများဆုံးဖြစ်တဲ့ 
fuel Injector Pump ရဲ့မီးလိုင်းအပြစ်တွေကို
မျှဝေမှာပါခင်ဗျား...


1KZ တွေမှာ ကားနိုးမရတဲ့အခါ တွေမှာ...
ဆီလိုင်းက ပန့်အဝင်အထိလည်း အပြစ်မရှိဘူး...
ပန့်လည်းကောင်းတယ်...
ECU Control Box ကိုလည်း မီးအကုန်ဝင်လို့...
Engine ချက်မီးလည်း လင်းနေတယ်...
OBD scanner နဲ့စစ်သော်လည်း ဘာအပြစ်မှ မတွေ့ကာ...
Diagnostic မှာ E1 နဲ့ TE1 ကို မီးကြိုးနဲ့ 
ဆက်ပြီး စစ်သော်လည်းပုံမှန်...

၁ ချက်သာပြနေတတ်ပြီး မနိုးတဲ့ အခါတိုင်းမှာ ဒီပန့်က...
Spill Control Valve(SCV) ကိုဝင်တဲ့ မီးကြိုးမီးမလာတာကို အများဆုံး...  ကြုံဖူးပါတယ်...


ဒီအင်္ဂျင်ရဲ့ ECU မီးလိုင်းဖွဲ့စည်းပုံမှာ သိပ်အများကြီးမရှိပါဘူး...
အင်င်္ဂျင်မီးကြိုးတွေဖြစ်တဲ့ Timing control valve ,
Throttle position sensor စတဲ့ မီးပလပ်တွေ ဖြုတ်ထားသော်လည်း...
ကားနိုးပါတယ်...Lever လီဘာနင်းရင် မတက်ပဲ...အင်္ဂျင်သံမမှန်တာသာရှိပါတယ်...
ဒါကြောင့် ဆီလိုင်းအပြစ်လည်းမရှိဘူး...
ပန့်လည်းကောင်းတယ်...
ECU ဘောက်လည်းကောင်းတယ် မောင်းလာပြီး အိမ်မှာရပ်ထားပြီးမှ... မနိုးတာဆိုရင် ဒီ (SCV) မီးလိုင်း မီးမဝင်လို့...
မနိုးတာကျိန်းသေသလောက်ပါ...


ဒီလိုအများဆုံး ဖြစ်တာကလည်း Remove Control Box...
ထည့်ထားတဲ့ကားတွေမှာ တံခါးသော့ဖွင့်လို့ ရသော်လည်း...
ဘောက်ချို့ယွင်းချက်ရှိတဲ့အခါ ဒီမီးလိုင်းကို မီးမရောက်တော့ပါဘူး...
နောက်တစ်ချက်က ကြွက်ကိုက်လို့ဖြစ်တတ်တာပါ...

ဒီ (SCV) ဘားရဲ့အလုပ်လုပ်ပုံက သော့ဖွင့်လိုက်ရင် EFI main relay ကနေ...
အနက်ရောင်မီးကြိုးကို အပေါင်းဝင်ပါတယ်...
အနီရောင်မီးကြိုးကတော့ ECU control box ကနေ...
Eingine speed sensor , Throttle position sensor , Mass air flow sensor,TCV , THA ,THW , THF , စတာတွေကနေ ပေးပို့တဲ့...
အချက်အလက်တွေကို တွက်ချက်ပြီး ဗို့အားအနည်းအများ...
ထိန်းပို့ပေးတဲ့ SPV မီးကြိုးကနေ မီးအနုတ်အားကိုထုတ်ပေးတာပါ...
ဒီလိုမနိုးဘူးဆိုရင် တကယ်ကျွမ်းကျင်တဲ့နေရာမှာ မပြင်မိရင်...
ဒီမီးကြိုးက မီးမလာလို့ဆိုတာတော့ သိကြပါတယ်...
အဲ့ဒီတော့ မီးကြိုးကို ဖောက်ပြီး မီးတိုက်ရိုက်ပေးပြီးနိုးကြပါတယ်...
မီးပေးတာ အပေါင်း အနုတ်မှန်ရင် နိုးပေမယ့်...
အင်္ဂျင်အပတ်ရေ အကုန်ထိ တစ်ခါတည်းတက်ပါတယ်...
မီးကြိုး အပေါင်း အနုတ်ထည့်တာ မမှန်ရင် ECU ဘောက် တစ်ခါတည်း...
ရှော့ဖြစ်ပြီး ပျက်သွားတတ်ပါတယ်...
အများဆုံးကလည်း မှားပြီး မီးကြိုးဆက်တတ်ကြပါတယ်...
(SCV) မီးကြိုးမှာ တစ်ပင်က အနီရောင်ဖြစ်ပြီး တစ်ပင်ကအမဲရောင်ပါ...
1KZ ပန့်မီးကြိုးတွေဟာ အနီရောင်ဆို အနုတ်ဖြစ်ပြီး အမဲရောင်ဆို...
အပေါင်းကြိုးပါ...
တစ်ခြား ဘော်ဒီပိုင်းမီးလိုင်းတွေက အနီရောင်ဆို အပေါင်းဖြစ်ပြီး...
အနက်ရောင်ဆိုအနုတ်ဖြစ်တာမို့ ပန့်ကြိုးနဲ့ ပြေင်းပြန်ပါ...
ဒါကြောင့် တော်တော်များများက ပန့်မီးကြိုးကိုလည်း ဘော်ဒီမီးကြိုးနဲ့...
တူတူထင်ပြီး မီးကြိုးတိုက်ရိုက်ဆက်ပြီး အနီကိုအပေါင်း အနက်ကိုအနုတ်...
မီးပေးလိုက်တော့ ECU ဘောက်ပျက်ကုန်ကြတာ အများဆုံးကြုံဖူးပါတယ်...
SPV မီးကြိုးကို အပေါင်းသွားပေးလိုက်လို့ ရှော့ဖြစ်ပြီး ပျက်သွားတာပါ...
(SCV) မီးကြိုးတွေမီးမလာတာဟာ အများဆုံးက Remove control box က
အနက်ရောင်မီးကြိုးကိုဝင်တဲ့ အပေါင်းမီးဖြတ်ထားလို့ရယ်...
ကြွက်ကိုက်လို့ရယ် မလာတာများပါတယ်...
ကွန်ထရိုးမီးဖြတ်ထားတဲ့နေရာရှာပြီး ဆက်ပေးလိုက်ရင်တန်းနိုးပါတယ်...
ကြွက်ကိုက်ထားတာဆိုလည်း ကြွက်ကိုက်တဲ့နေရာရှာပြီး ပြန်ဆက်ပေးလိုက်ရင်
ရပါတယ်...ဒါကြောင့် ဒီကားတွေကို မီးလာ မလာစမ်းတဲ့အခါ မီတာ...
မီးလုံးအသေးထည့်ထားသောကြိုးနဲ့သာစမ်းပါ...တိုက်ရိုက်မီး လုံးဝမပေးပါနဲ့...
နောက်တစ်ခုက ဒီပန့်တွေမှာ နိုးတဲ့ အခါ စက်သံကြမ်းပြီး...
မီးသံအရမ်းထွက်နေရင် Timing control valve (TCV) မကောင်းလို့...
ဒါမှမဟုတ် အဲ့ဘားကို မီးမဝင်လို့ပါ...မီးမဝင်ရင် မီးကြိုးလိုက်သာပြင်လိုက်ရင်
စက်သံမှန်သွားပါတယ်...မီးဝင်တယ်ဆိုရင်တော့ ဘားအသစ်လဲလိုက်ရင်...
စက်သံမှန်သွားပါတယ်...
စလိုး(slow) နဲ့ အင်္ဂျင်အဆွဲအပြုကို Throttle sensor မှာချိန်လို့ရပါတယ်...
ဒါကြောင့် 1KZ တွေပန့်  (SCV) မီးမလာလို့ မနိုးရင် မီးကိုတိုက်ရိုက်ဆက်ပြီး...
မစမ်းကြပါနဲ့လို့ အကြံပြုချင်ပါတယ်ခင်ဗျား...
ပုံစာများ...
ပုံ(၁)Injector pump ရှိ
Spill control valve(SCV)
Timing control valve (TCV)
Correction resistors တည်နေရာပြပုံ...
ပုံ(၂)SCV မီးပလပ်နှင့် မီးကြိုး အရောင်များပုံတို့...
ဖြစ်ကြပါတယ်...
မင်ဘာများ အန္တာရာယ်ကင်းရှင်း၍ ကျန်းမာရွှင်လန်းကြပါစေခင်ဗျား...
အရမ်းညနက်ပြီး အိပ်ချင်နေလို့ ဖတ်လို့မကောင်းရင်...
အဆင်မပြေခဲ့ရင် နားလည်ခွင့်လွှတ်ပေးပါခင်ဗျား...


Credit online services
#Atoe






lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html