ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

စတီယာရင်စနစ် နှင့်ပတ်သက်၍ သိသင့်သည်များ

စတီယာရင်စနစ် နှင့်ပတ်သက်၍ သိသင့်သည်များ
♓♓♓♓♓

📢 စတီယာရင်စနစ်သည် ကားတစ်စီး၏ ဦးတည်ရာလမ်းကြောင်းကို ထိန်းချုပ်သော စနစ် ဖြစ်သည်။ ကားတစ်စီး၏ ပဲ့ကိုင်စနစ်နှင့်လည်း တိုက်ရိုက် ဆက်စပ်နေသည်။ ဆပ်စပန့်ရှင်းစနစ် ကောင်းမှ စတီယာရင်စနစ် ကောင်းမည်။ စတီယာရင်စနစ်နှင့် ဆပ်စပန့်ရှင်းစနစ်သည် အပြန်အလှန်လည်း အမှီသဟဲပြုနေသည်။ ထိုစနစ်နှစ်မျိုးစလုံးသည် ကားတစ်စီး၏ ဘေးကင်းလုံခြုံမှု (Safety) အတွက်သာမက စီးနင်းသူ ခရီးသည်များ၏ သက်တောင့်သက်သာ ဖြစ်စေသော အဆင်ပြေမှုအတွက်ပါ အရေးကြီးသည်။

📢 စတီယာရင်စနစ် ချို.ယွင်းပါက ကားတစ်စီးကို ထိန်းကျောင်း မောင်းနှင်ရသည်မှာ ခက်ခဲ သည့်အပြင် ဘေးအန္တရယ်လည်း ကျရောက်နိုင်သည်။ ကြီးမားသော ယာဉ်တိုက်မှု များလည်း ဖြစ်ပွားစေနိုင်သည်။ စတီယာရင်စနစ် ပုံမှန်စစ်ဆေးခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းသည် ယာဉ်မောင်းသူနှင့် ယာဉ်ပိုင်ရှင်များအတွက် အရေးကြီးသော အချက်ဖြစ်သည်။

📢 ကားတစ်စီးသည် ပုံမှန်လှုပ်ရှား လည်ပတ် နေသော စက်ယန္တရား အစုဝေးဖြစ်၍ အချိန်တန်လျှင် ပွန်းစားပျက်စီးသည်။ ချို.ယွင်းအားနည်းချက်၊ အပြစ်များ ဖြစ်ပေါ်လာ တတ်သည်။ ထိုကဲ့သို့ ဖြစ်ပျက်ခြင်းသည် ဖြစ်လေ့ ဖြစ်ထရှိသော ဖြစ်ရိုးဖြစ်စဉ်များဖြစ်သည်။ ကားသစ်ပဲဖြစ်စေ၊ ကားဟောင်းပဲဖြစ်စေ ဖြစ်တတ်သည်။

☑ စတီယာရင်စနစ်

📢 ကားတစ်စီး၏ရှေ့ဘီးများကို ဘယ်/ညာလိုရာသို့ ချိုးကွေ့နိုင်ရန်အတွက် စတီယာရင်စနစ် က သာ ဆောင်ရွက်ပေးသည်။ အခြေခံအားဖြင့် စတီယာရင်စနစ် အမျိုးအစား (၂)မျိုးရှိသည်။

☑ (1) Standard Mechanical Steering (Reciprocating Ball Type)

⚡ ထရပ်ကား (Trucks) များနှင့် SUVs ကားများတွင် Recirculatingball Steering ကိုအများဆုံး အသုံးပြုသည်။ ၎င်းစနစ်တွင် Worm Gear, အံစာတုံးခေါ် Ball Nut Rock, Sector Gear နှင့် Pitman Arm တို.ပါဝင်သည်။ စတီယာရင် Wheel (ဂွေ) ကိုလှည့်လိုက်လျှင် ဝင်ရိုးတံ လိုက်လည်ပြီး ၎င်းနှင့်ဆက်ထားသော Steering Shaft ပါလိုက်လည်မည်။

🚌 စတီယာရင် Shaft ထိပ်တွင် မုန့်ကြိုးလိမ်ဂီယာ (Worm Gear) ရှိသည်။ အံစာတုံးနှင့် Steering Shaft ကြားတွင် ဘောလ်စေ့များ ခံထားပြီး ဝင်ရိုးလည်ပါက အံစာတုံးသည် အပေါ်/အောက် ရွေ.လျားသည်။ အံစာတုံးထိပ်တွင် ပီနီယံ အသွားကြီးများ ပါရှိပြီး Sector Gear နှင့်ချိတ်ဆက် ထားသည်။ အံစာတုံးကစားလျှင် Sector Gear နှင့်ချိတ်ဆက်ထားသည်။ အံစာတုံးကစားလျှင် Sector Gear ကစားပြီး Pitman Arm ကိုလှုပ်ရှားစေသည်။

🚌 Pitman Arm နှင့်တိုက်ရော့ ကိုဘောလ်ဂွိုင်းဖြင့် ဆက်ထားသဖြင့် Pitman Arm ကစားတိုင်း တိုက်ရော့လိုက်ကစားခြင်းဖြင့် ကားရှေ့ဘီးများ ကို ဘယ်/ညာ ကစားစေနိုင်သည်။ တိုက်ရော့ (Tie-rod) အဖျားနှင့် စတီယာရင် Kuckle Arm ကိုဘောလ်ဂွိုင်းနှင့် ဆက်သွယ်ထားသည်။

🚌 တိုက်ရော့ (Tie-rod) တွင် အစိတ်အပိုင်း (၃)ပိုင်းရှိပြီး ဘောလ်ဂွိုင်း (၆) လုံးပါဝင်သည်။ အလယ်တိုက်ရော့တံနှင့် ဘယ်/ညာ အဖျား နှစ်ဘက်တွင် တိုက်ရော့အတို (၂) ချောင်းရှိသည်။ အိုင်ဒဲလာအမ်း (Idler Arm) နှင့် Pitman Arm (၂) ချောင်းတွင် အလယ်တိုက်ရော့လင့် (Cantre Link) ကိုဘောလ်ဂွိုင်း (၂) လုံးဖြင့်ဖမ်းထားသည်။

🚌 စတီယာရင် အဆက်များသည် ကားဆပ်စပန့်ရှင်း စနစ်နှင့် ဆက်စပ်နေ၍ ဆပ်စပန်.ရှင်းစနစ်နှင့် ဆက်စပ်နေ၍ ဆပ်စပန့်ရှင်း အဆက်များ တင်းကျပ်နေမှာ စတီယာရင်အဆက်များ တင်းကျပ်နေမည်။ ဘောလ်ဂျွိုင်းများထိပ်တွင် အမဲဆီထိုးရန် ခေါင်းကလေးများ ပါရှိသည်။ စတီယာရင် ဂီယာအုံတွင် ဂီယာဝိုင်ချောဆီများ ထည့်ထားပြီး ဆီယိုစိမ့်မှုမရှိစေရန် အဖျား နှစ်ဘက်စလုံး၌ Oil seal များတပ်ဆပ်ထားသည်။ ဂီယာဝိုင်ထပ်မံဖြည့်တင်းပေးရန် ဆီပေါက်ပါ ရှိသည်။

⚡ ကားကြီးများတွင်စတီယာရင် အားစိုက်လှည့်စရာ မလိုအောင် ပါဝါပန့် တပ်ဆင်ထားသည်။ ပါဝါပန့်မှ ဆီတွန်းအားဖြင့် Steering Gear အလုပ် လုပ်သည်။ စတီယာရင်ဂွေ၏ လှည့်အားသည် Rotary Valve ကိုလှည့်ပေး ရုံသာဖြစ်သည်။

🚨 Rack & Pinion Steering

📢 ဤအမျိုးအစားသည် အများအားဖြင့် ပါဝါ စတီယာရင် အမျိုးအစားဖြစ်သည်။ လူစီး ကားငယ်များနှင့် အချို့ Light truck ကားများတွင် Rack & Pinion Steering အမျိုးအစားကို သုံးသည်။ စတီယာရင် Shaft တွင် (Pinion) ပီနီယံနှင့် ဆက်သွယ်ထားပြီး ပီနီယံလည်ပါက Rack ဘားတံသည် ဘယ်/ညာကစားသည်။

📢 ပါဝါ Rack & Pinion တွင် ပါဝါပန့်မှာ ပါဝါဆီ ပို့ပေးပြီး ပါဝါဆီ၏ တွန်းအားဖြင့် Rack Piston ကို ကစားစေသည်။ ပါဝါဆီလိုင်းကို Rotary Valve ဖြင့်ထိန်းချုပ်သည်။ ပါဝါစတီယာရင် Colum ထိပ်တွင် Rotary valve တပ်ဆင် ထားပြီး စတီယာရင် Wheel ကစားတိုင်း Rotary Valve ကစားသည်။

⚡ Rotary valve မှဆီပိုက်လိုင်း (၂) လိုင်းသည် Rock Tube ဖြင့် ဆက်သွယ်ထားသည်။ ယာဉ်မောင်းသူသည် စတီယာရင်ဂွေကို လှည့်လိုက်လျှင် Rotary Valve မှ ပါဝါဆီ တွန်းအားသည် Rack Piston ပေါ် သက်ရောက်ပြီး ခွန်အားစိုက်ထုတ်စရာမလိုဘဲ ကားဘီးကို ဘယ်/ညာချိုး၍ ကစားနိုင်သည်။

☑ ပြုပြင်ထိန်းသိမ်းခြင်း (Maintenance)

📌 စတီယာရင်စနစ်နှင့် ဆပ်စပန့်ရှင်းစနစ်တို့သည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေ၍ အောက်ပိုင်းစနစ် မကောင်းလျှင်လည်း စတီယာရင် ထိန်းချုပ်မှုကို ထိခိုက်စေသည်။ အောက်ပိုင်းအဆက်များ စား၍ ချောင်နေသော ကားတစ်စီးသည် အလိုင်းမန့်ပါ မှားယွင်းတိမ်းစောင်းနေ၍ စတီယာရင် ထိန်းချူပ်ရ ခက်ခဲပါမည်။ ထို့်ပြင် ရှေ့ဘီးတာယာ ပန်းသားများ ပွန်းစားမှုမြန်ဆန်မည်။ လမ်းရှင်း၍ အမြန်နှုန်း တင်မောင်းပါက စတီယာရင်လူးမည်။ စတီယာရင်ဂွေ တုန်ခါမည်။

📌 ကားတစ်စီး၏ ဆပ်စပန်.ရှင်းစနစ် ပြုပြင် စစ်ဆေးတိုင်း စတီယာရင်စနစ်ကိုပါ စစ်ဆေး ပြုပြင်သင့်သည်။ အောက်ပိုင်းတိုက်ရော.၊ ဘောလ်ဂွိုင်းများ၊ ကင်းပင်များ၊ ရာဘာဘွတ်များ တင်းကျပ်ပြီး အလိုင်းမန့် မှန်ကန်နေသော ကားတစ်စီးကို စတီယာရင် ထိန်းချုပ်ရသည်မှာ လည်း စိတ်တိုင်းကျဖြစ်မည်။

🚨 စတီယာရင်စနစ်မှ အဖြစ်များသော ချို.ယွင်းချက်များ

☑ (၁) စတီယာရင်ချိုးကွေ့ရခက်ခဲခြင်း

- စတီယာရင်ဂွေ ချိုးကွေ့ရသည်မှာ တစ်ခုခု တားဆီးခံထားသကဲ့သို့လေးပင်နေသည်။
- တာယာလေပေါင်လျော.နေခြင်း
- အလိုင်းမန့်အောက်နေခြင်း
- ပါဝါပန့်မကောင်းခြင်း
- ပါဝါဆီနည်းနေခြင်း
- ပါဝါပန့်ကိုဆွဲလှည့်သော Belt ကြိုးမကောင်းခြင်း
- စတီယာရင်ဂီယာချောဆီ ငတ်ခြင်း၊ ပြုပြင်ရန်လိုခြင်း

☑ (၂) စတီယာရင်လွတ်၍ ချောင်နေခြင်း (Loose)

📢 စတီယာရင်ဂွေလှည့်ကစားရသည်မှာ ချောင်လွန်းနေခြင်း၊ လွတ်နေခြင်း ဖြစ်သည်ဟု ခံစားရမည်။

- စတီယာရင် လင့်အဆက်များစားပြီး ချောင်နေခြင်း
- စတီယာရင် အဆက်လင့် (Linkage) များကိုစစ်ဆေးပြီး လိုအပ်ပါက ပြန်လည် တင်းကျပ်ရမည်။ ပွန်းစားနေသော အစိတ်အပိုင်းများကို အစားထိုး အသစ်လဲလှယ်ရမည်။

☑ (၃) ပါဝါစတီယာရင် အလုပ်ကောင်းကောင်း လုပ်ပုံမပေါ်ခြင်း

📢 စတီယာရင်ဂွေ လှည်.ရသည်မှ အားပိုစိုက် ရသည်။ အမြန်နှုန်းတင်မောင်းနေသော အခြေအနေတွင် မသိသာသော်လည်း Low speed တွင် စတီယာရင်လှည့်ရသည်မှာ လေးနေသည်။

- ပါဝါဆီဘူးတွင် ဆီလျော့နည်းခြင်း
- ပါဝါဆီ မဲညစ်ဟောင်းလွန်းခြင်း
- ပါဝါပန့်မကောင်းခြင်း
- Belt ကြိုးလျော့လွန်းခြင်း၊ မကောင်းခြင်း
- ပါဝါဂန်း၊ ဆီလိုင်းများ၊ Oil Seal များတွင် ဆီယိုနေခြင်း
- တာယာ လေပေါင်နည်းနေခြင်း

☑ (၄) ရှေ.ဘီးတာယာများတစ်ဘက်သို့ဆွဲနေခြင်း

- တာယာများလေပေါင်မညီညာခြင်း
- အလိုင်းမန့်အောက်နေခြင်း
- ဘရိတ်ငြိနေနိုင်ခြင်း
- စတီယာရင် အဆက်လင့်များ ချောင်နေခြင်း
- တာယာပန်းသား မညီခြင်း၊ တာယာမကောင်းခြင်း

☑ (၅) စတီယာရင်ဂွေ ဆက်ခနဲတုံ့ခနဲဖြစ်ခြင်း အကြောင်းရင်းများ

- ပါဝါပန့် Belt ကြိုးချောင်နေခြင်း၊ ချော်နေခြင်း
- ပါဝါဆီနည်းလွန်းခြင်း
- အင်ဂျင် Slow လည်နှုန်းနည်းလွန်းခြင်း - ပါဝါပန့်တွင် ပြဿနာတစ်ခုရှိနေခြင်း
- စတီယာရင် လင့်အဆက်များ တစ်ခုခုနှင့် ပွတ်တိုက်နေခြင်း

☑ (၆) စတီယာရင် Wheel တုန်ခါခြင်း

- ကားဘီးနတ် (Nuts) များချောင်နေခြင်း
- တာယာနှင့်ဂွေများ Balance out နေခြင်း
- တာယာလိမ်နေခြင်း
- တာယာဘီးများ ဆိုးဆိုးဝါးဝါးပျက်စီးနေခြင်း
- အောက်ပိုင်းတိုက်ရော့၊ ဘောလ်ဂျွိုင်းများစားပြီး ချောင်လွန်းခြင်း

☑ (၇) လမ်းထောင့်ချိုးအကွေ.များတွင် စတီယာရင် ချိုးလိုက်ပါက အသံမြည်ခြင်း

- စတီယာရင် ဂီယာဆီငတ်နေခြင်း
- စတီယာရင် အဆက်များချောင်လွန်းခြင်း
- တာယာနှင့် အခြေားအရာတစ်ခုခု ပွတ်တိုက်နေခြင်း
- ကားအောက်ပိုင်း ဆပ်စပန်.ရှင်း စနစ်များစားလွန်း၊ ချောင်လွန်းနေခြင်း

📌 စတီယာရင်စနစ်မှ အားနည်းနေသော နေရာ၊ အစိတ်အပိုင်းများကို စစ်ဆေးလဲလှယ်ပေးပါ။ ပါဝါပန့်၊ ပါဝါဂန်းများ၊ ဆီပိုက်လိုင်း၊ ဝိုင်းဆီးများ မကောင်းပါ အသစ်လဲလှယ်ပေးပါ။ ပါဝါဂန်းအထိုင် ရာဘာဘွတ်များ ကြာလာလျှင် ချောင်လာ တတ်သည်။ ကားအောက်ပိုင်း ပြုပြင်စစ်ဆေးတိုင်း စတီယာရင်စနစ်ကို စစ်ဆေးပါ။ ရှေ.ပြေးလက္ခဏာများသည် စတီယာရင်စနစ် ပျက်စီးမှု၏ အစ ဖြစ်သည်။
🚘🚘🚘🚘🚘

Writer by

မင်းသစ်ထူး (စက်မှု)
awjmyanmar

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html