ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ကားတစ်စီးကို ပြုပြင်ထိန်းသိမ်းရန် အချိန်ဇယား TOWBIF

ကားတစ်စီးအတွက် အချိန်ဇယား TOWBIF ဆိုတာ
♓♓♓♓♓

🚨 ကားတစ်စီးကို ကိုယ်တိုင်အမြဲပြုပြင် ထိန်းသိမ်း ချင်သူတွေအတွက် အလွယ်မှတ်သားပြီး ထိန်းသိမ်း ပြုပြင်သင့်တာတွေကို အ ဆင့်ဆင့် ဖော်ပြပေးလိုက်ပါ တယ်။

🚨 အလွယ်မှတ်သားနိုင်ဖို့အတွက် အင်္ဂလိပ်လို အတိုကောက် အခေါ်အဝေါ်လေးရှိပါတယ်။ အဲသည်အတိုကောက် စကားလုံးကတော့
  " TOWBIF "
                ဖြစ်ပါတယ်။
T-Tires
O-Oil
W- Windows
B-Brakes
I-Interior
F- Fluids အလွယ်မှတ်သားနိုင်ပါ တယ်။

🚨 T-Tires (တာယာ)
အခြေခံစစ်ဆေးသင့်တဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ကားတာယာဆိုတာက တာယာရဲ့လေဖိအား၊ တာယာရဲ့အခြေအနေကို ကားမမောင်းခင်နေ့စဉ် စစ်ဆေး ပေးသင့်တဲ့အချက် ဖြစ်ပါတယ်။

✨ ကားတာယာ လေဖိအားကို နေ့စဉ် စစ်ဆေး သင့်တဲ့အပြင် တာယာရဲ့ ပန်း၊ ထိခိုက်ဒဏ်ရာ တွေကိုလည်း အချိန်ရရင်ရသလို အမြဲစစ်ဆေး နေသင့်ပါတယ်။ ဒါ့အပြင် တာယာရဲ့ သက်တမ်း ကိုလည်း စတင် တပ်ဆင်ချိန်မှာကတည်းက ရောင်းချသူထံမှတစ်ဆင့် မှတ်သားထားပြီး သက်တမ်းကုန်ချိန် ကိုလည်း စောင့်ပြီး မှတ်သားနေဖို့ လိုအပ်ပါတယ်။ တာယာ သက်တမ်း ပြည့်ချိန်မှာ တာယာကို အချိန်မီ လဲလှယ်ပေးခြင်းဖြင့် ကား တာယာဖြစ်တဲ့ ယာဉ်မတော်တဆ မှုတွေကို လျော့ပါး သက်သာစေပါ တယ်။

🚨 O-Oil (အင်ဂျင်ဝိုင်)
ဒါကလည်း အခြေခံစစ်ဆေး သင့်တဲ့အချက် ဖြစ်ပါတယ်။

✨ ကား တာယာစစ်ဆေးပြီး နောက် ပိုင်း အရေးကြီးစစ်ဆေးသင့်တဲ့အ ခြေခံအပိုင်းကတော့ အင်ဂျင်ဝိုင် ဖြစ်ပါတယ်။ အင်ဂျင်ဝိုင်ဆိုတာ ကားတစ်စီးအတွက်တော့သွေးလို ပါပဲ။ အင်ဂျင်ဝိုင်များတဲ့ကားက သွေးတိုးတဲ့လူ တစ်ယောက်နဲ့တူ ပြီး အင်ဂျင်ဝိုင်နည်းတဲ့ကားက သွေးပေါင်ကျနေတဲ့ လူတစ် ယောက်နဲ့တူပါတယ်။ အဲဒါ ကြောင့် ကားတစ်စီးရဲ့အင်ဂျင်ဝိုင် ဆိုတာကိုလည်း နေ့စဉ်စစ်ဆေး ပေးသင့်ပါတယ်။

✨ အင်ဂျင်ဝိုင် နည်းတာ၊ များတာအပြင် အင်ဂျင် ၀ိုင်အပစ်အကျဲကိုလည်း လေ့လာ စစ်ဆေး သင့်ပါတယ်။ ကားရဲ့လိုအပ်ချက်အပေါ်မူတည်ပြီး အင် ဂျင်ဝိုင် လဲလှယ်ပေးသင့်ချိန်မှာ လဲလှယ်ပေး သင့်ပါတယ်။ ပုံမှန်အားဖြင့် ကားအင်ဂျင်ဝိုင် လဲလှယ်ပေးသင့်ချိန်ကို ကီလိုမီတာ ၅,၀၀၀ နဲ့ ၅,၅၀၀ ကြား အသုံးပြုပြီးတိုင်း စစ်ဆေး သင့်ပါတယ်။ ပုံမှန်စစ် ဆေးချင်တဲ့သူတွေ အတွက်တော့ အနည်းဆုံးတစ်ပတ်ကို တစ်ကြိမ် စစ်ဆေးပေးသင့်ပါတယ်။

🚨 W-Windows (မှန်တံခါးတွေ)
ကားမှန်တံခါး တွေကိုလည်း ထိန်းသိမ်းပြုပြင်မှု အပိုင်းမှာ ထည့်သွင်းထားပါတယ်။ ကားတစ်စီးရဲ့ မှန်တံခါး ဆိုတာတွေက ကားအတွက်ရုပ်ပိုင်းဆိုင်ရာ မှာရော၊ အကာအကွယ်အတွက်ပါ ထောက်ပံ့ ပေးတဲ့အစိတ်အပိုင်းတွေဖြစ်ပါ တယ်။ အဲဒါကြောင့် ကားရဲ့လေ ကာမှန်တွေ နောက်ကြည့်မှန်တွေ သန့်ရှင်းမှုရှိဖို့ ထိခိုက်ဒဏ်ရာတွေ ကို စစ်ဆေးပေးရပါမယ်။ အဲဒါမှ ကြည်လင်ပြတ်သားတဲ့ မြင်ကွင်း ကို ကားအတွင်းခန်းကနေ မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ နောက်ထပ်သတိထား သင့်တာ ကတော့ ကားရဲ့လေကာမှန်တွေကို နေ အလင်းရောင် ကာကွယ်နိုင်ဖို့ အလင်းပိတ် စတစ်ကာ အလွန်အကျွံ ကပ်တာကိုလည်း ရှောင်ကျဉ်သင့် ပါတယ်။

🚨 B-Brakes,Belt and Battery (ဘရိတ်၊ ခါးပတ်ကြိုး၊ ဘက်ထရီ)
ကားရဲ့ ဘရိတ်စနစ်ကလည်း ကားတစ်စီးအတွက် အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ဘရိတ်ရဲ့ စွမ်းဆောင်ရည်ကို အမြင့်ဆုံး အနေအထား မှာရှိ နေဖို့လိုအပ်ပါ တယ်။ ဒါမှလည်း အချိန်မရွေးကြုံ တွေ့နိုင်တဲ့ ယာဉ်အန္တရာယ်တွေ ကို ကာကွယ် ရှောင်ရှားနိုင်မှာဖြစ် ပါတယ်။ ခါးပတ်ကြိုးတွေကိုတော့ သေချာခိုင်မြဲမှု ရှိနေဖို့လိုအပ်ပါ တယ်။ ကားသစ်တွေမှာ ဖြစ်ခဲပေမယ့် မော်ဒယ်နိမ့်လာတဲ့ကား ဟောင်း တွေမှာတော့ ခါးပတ်ကြိုး တွေဆွေးမြည့်နေတာ၊ အထိုင် ပြုတ်ထွက်တာမျိုး တွေဖြစ်တတ် ပါတယ်။ ယာဉ်တိုက်မှုဖြစ်တဲ့အချိန်မှာ အမှန်တကယ် လိုအပ်တဲ့ ကာကွယ်မှုရနိုင်ဖို့ ခါးပတ်ကြိုး တွေ သေချာခိုင်မြဲနေရပါမယ်။

✨ ဒါ့အပြင် အတွင်းခန်း ထိုင်ခုံခါးပတ် တွေမှမဟုတ်ဘဲ မော်တာ Belt ကြိုး၊ ပန်ကာ Belt ကြိုးတွေကို လည်း အလျော့အတင်း စစ်ဆေး ပေးသင့်ပါတယ်။ ကားအင်ဂျင် ဘောနက် အဖုံးဖွင့်ပြီး အလွယ်တကူ စစ်ဆေးနိုင်မယ့် အချက်ဖြစ်ပါ တယ်။ Belt ကြိုးတွေကို စစ်ဆေး ပေးခြင်းဖြင့် အင်ဂျင် စွမ်းဆောင်ရည် ကျဆင်းမှု အကြောင်းရင်းကို လည်း အလွယ်တကူစစ်ဆေး သိရှိနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီဆို တာကတော့ ကားတစ်စီးအတွက် အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။ ကားဘက်ထရီမကောင်းရင် အင်ဂျင်နှိုး ရတာကစပြီး၊ ကားမီးသီးတွေ အထိ ထိခိုက် စေပါတယ်။ အဲဒါကြောင့် ဘက်ထရီ သက်တမ်း နဲ့ ဘက်ထရီအခြေအနေ၊ ဘက်ထရီရဲ့ သန့်ရှင်းမှု တွေကအစ အမြဲ ထိန်းသိမ်း ပြုပြင်ပေးသင့်ပါတယ်။

🚨 I-Interior (အတွင်းခန်း)
ကားအတွင်းခန်းဆိုတာ ယာဉ်မောင်းတစ်ယောက် အတွက် ရော စီးနင်းသူတစ်ယောက်အ တွက်ပါ မဖြစ်မနေ ထိတွေ့နေရ မယ့်အရာဖြစ်ပါတယ်။ အတွင်းခန်း သန့်ရှင်းမှုက ကားတန်ဖိုး သတ်မှတ်မှု အပေါ်မှာ မူတည်နေတဲ့အပြင်၊ ကားစီးနင်းသူ၊ မောင်းနှင်သူတွေရဲ့ ကျန်းမာရေးနဲ့လည်း သက်ဆိုင် ပါတယ်။ အမွှေးနံ့သာတွေ သုံးရတာမကြိုက်ဘူး ဆိုရင်တောင် အတွင်းခန်းမှာ ဖုန်မှုန့်နဲ့ အမှိုက် တွေကိုတော့ ကင်းစင်ပြီး ခြောက်သွေ့ သန့်ရှင်း အောင် ထိန်းသိမ်း နေသင့်ပါတယ်။

🚨 F-Fluids (အအေးခံရည်များ)
အင်ဂျင်တစ်ခုလုံး အအေး ဓာတ်ရှိနေဖို့အတွက် အင်ဂျင်ရဲ့ ရေတိုင်ကီထဲက ရေတွေနဲ့ပန်ကာ တွေက လှည့်ပတ်ထိန်းသိမ်းပေး နေပါတယ်။ ကားမှန်တွေကို အချိန်မရွေး သန့်ရှင်းပေးနိုင်ဖို့ အတွက်တော့ မှန်ဝိုက်ဘာတွေက စွမ်းဆောင် ပေးပါတယ်။ အင်ဂျင် အေးစေဖို့ ရေတိုင်ကီထဲက ရေကို စစ်ဆေး ဖြည့်သွင်းပေးဖို့ လိုအပ်သလို မှန်ဝိုက်ဘာရေ ကိုလည်း လိုအပ်သလို ဖြည့်ပေး နေဖို့လိုအပ် ပါတယ်။ ဒါမှလည်း လိုအပ်တဲ့အချိန်မှာ လိုအပ်သလို ကားမှန်တွေကို သန့်ရှင်း ပေးနိုင်မှာ ဖြစ်ပါတယ်။

☑ L-Light (မီးစနစ်)
ကားမီးသီးနဲ့ မီးစနစ်တွေကိုတော့ ကိုယ်တိုင် စစ်ဆေးရတာလည်း လွယ်ကူပြီး ကားအတွက် ရော ယာဉ်မောင်းအတွက်ပါ အရေးပါတဲ့ အစိတ်အပိုင်း ဖြစ်ပါ တယ်။ ကားတစ်စီးရဲ့ မီးသီးတွေ အားလုံးရဲ့ လုပ်ဆောင်မှုကို အနည်းဆုံး တစ်ပတ်နှစ်ကြိမ်ခန့် စစ်ဆေးပေး သင့်ပါတယ်။ ကားကိုရပ် ထားပြီး ကားရဲ့ ရှေ့နောက်မီး တွေ၊ အချက်ပြမီးတွေ၊ ဘရိတ်မီး၊ Silent မီးတွေ ပုံမှန်လုပ်ဆောင် ခြင်းကို စစ်ဆေး ထိန်းသိမ်းရပါ မယ်။ လိုအပ်ရင်ပြုပြင်ပေးရပါ မယ်။

☑ Windshield Wipers (လေကာမှန် ၀ိုက်ဘာ) မှန်ဝိုက်ဘာရေတော့ ဖြည့် ထားပေမယ့် မှန်ဝိုက်ဘာတွေက ပုံမှန်အလုပ်မလုပ်တော့ ရင်တော့ အသုံးမ၀င်တဲ့ ၀ိုက်ဘာပဲဖြစ်နေ မှာပါ။ ကားမှန်ဝိုက်ဘာတွေလည်း ပုံမှန်အတိုင်း ကောင်းမွန်နေဖို့နဲ့ လုပ်ဆောင်ချက်မှန်ဖို့ကိုလည်း စစ်ဆေးထိန်းသိမ်း သင့်ပါတယ်။

☑ Emission Control System (ဓာတ်ငွေ့ထိန်းချုပ်မှုစနစ်)
ကားတစ်စီးရဲ့ အင်ဂျင်က နေ ဓာတ်ငွေ့ ထုတ်လုပ်မှုပမာဏကို ထိန်းချုပ်လုပ်ဆောင်ပေးဖို့အ တွက် အောက်ဆီဂျင်  ဆင်ဆာ၊ EGR စတဲ့ စနစ်တွေကို ထည့်သွင်း တည်ဆောက်ထားပါတယ်။ ဓာတ်ထုတ်လွှတ်မှုနဲ့ ကားအိတ်ဇောက ထွက်လာမယ့် ဓာတ်ငွေ့ အရောင်တွေကြည့်ပြီးတော့ လည်း အင်ဂျင်ရဲ့ အခြေအနေကိုသိနိုင်ပါတယ်။

✨ မူရင်း ထုတ်လုပ်တဲ့ စက်ရုံကလည်း သူတို့လိုက်နာ ထုတ်လုပ်တဲ့ ဓာတ်ငွေ့ထုတ်လွှင့် မှုဆိုင်ရာ ဆက်စပ်ဥပဒေ တွေကို ကားတစ်စီးချင်းမှာ ဖော်ပြပေး ထားပါတယ်။ အဲသည့်အချက်တွေကို ကြည့်ပြီး မိမိကားရဲ့ ဓာတ်ငွေ့ ထုတ်လွှတ်နေမှုကို ပြုပြင်ထိန်း သိမ်းခြင်းဖြင့် အဘက်ဘက်မှ စည်းကမ်းလိုက်နာတဲ့ ယာဉ်ထိန်း သိမ်းပြုပြင်မှုကို ရရှိစေမှာဖြစ်ပါ တယ်။
🚘🚘🚘🚘🚘

Writer by

အောင်ဖြိုးမွန်
ref: wiki How
7daycars

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html