ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

မာ့စ်ဝါဒအရ လူမျိုးရေး ပဋိပက္ခလက်သည် ရှာကြည့်ခြင်း

မာ့စ်ဝါဒအရ လူမျိုးရေး ပဋိပက္ခလက်သည် ရှာကြည့်ခြင်း
••••••••••••••®••••••••••••®••••••••••••®•••••••

လူမျိုးရေး ဘာသာရေး ခွဲခြားမှု အမြင်တွေနဲ့ ပတ်သက်လို့ အထူး
သဖြင့် ရခိုင်ကိစ္စနဲ့ ပတ်သက်လို့ မူစလင်တွေကို ဖိနှိပ်တာလဲ မ
ကြိုက်သလို ကိုယ့်လူ့အဖွဲ့အစည်းဟာ ညံ့ဖျင်းလှပါလား ရိုင်းစိုင်း
လှပါလားလို့ ဖိထောင်းနေသူတွေကိုလည်း သဘောမကျပါ။

မာ့စ်ရဲ့ အဆိုတခု ရှိတယ် မဟုတ်လား။ "The prevailing idea
is the idea of the ruling class." လက်ရှိလွှမ်းမိုးထားတဲ့
အတွေးအခေါ်တွေဟာ အုပ်ချုပ်သူ လူတန်းစားရဲ့ အတွေးအခေါ်
သာ ဖြစ်တယ်။ ဒီအဆိုအရ ဗမာသမိုင်းကို ပြန်ကြည့်ရအောင်။

(၁) ကိုလိုနီခေတ်- ဒီခေတ်မှာ လူမှုအလွှာကို ပိရမစ်ပုံ ထောင်
ကြည့်ရင် ထိပ်ဆုံးမှာ လူဖြူကိုလိုနီ အရာရှိတွေ ရှိတယ်။ အလယ်
မှာ လူဖြူ တရုတ် ကုလား ကုန်သည် အရာရှိတွေ ရှိတယ်။ အော
က်ဆုံးမှာ အောက်ခြေသိမ်း အလုပ်ထိ လုပ်တဲ့ ကုလားတွေ ရှိပြန်
တယ်။ ဗမာ ပညာတတ်တချို့လောက်ပဲ ကိုလိုနီ အရာရှိပေါက်စ
ရာထူး ရတယ်။ ဒီကိုလိုနီစနစ်ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး တည်ဆောက်
ထားပုံအရ အောက်ခြေ ကုန်ထမ်း ကူလီအလုပ်က အစ ကုလား
ကူလီနဲ့ ဗမာကူလီ လုထမ်းနေရတယ်။ ကုလားကူလီတွေ လုပ်ခ
တိုး တောင်းတော့ ဓနရှင်တွေက ဗမာကူလီကို ယူသုံးတယ်။ ဒီ
တော့ ကုလား ဗမာရိုက်ပွဲတွေ ဖြစ်ပီး အောက်ခြေက အမဲရိုးအ
တွက် လူမျိုးရေး မာန်စောင်ကုန်ကြတယ်။ တနိုင်ငံလုံး ကျွန်ပြု
ထားသူ ကိုလိုနီအရာရှိတွေနဲ့ စီးပွားရေး လက်ဝါးကြီးအုပ် ဓနရှင်
တွေက အထိုင် မပျက်ဘူး။ ဒီလူမျိုးရေး ပဋိပက္ခကို နိုင်ငံရေးအ
မြတ်ထုတ်ဖို့ လုပ်တာက အမျိုးသား ဓနရှင်ပေါက်စနဲ့ သူတို့ပိုင်
သတင်းစာတွေ။ ဒီပဋိပက္ခတွေရဲ့ ဇာစ်မြစ်ဟာ ကိုလိုနီ နယ်ချဲ့
ဓနရှင်စနစ်လို့ အဓိက လက်သည်ဖော် တိုက်သူဆိုလို့ တိုးတက်
တဲ့ ဓနရှင်ပေါက်စ လက်ဝဲတွေနဲ့ အလုပ်သမားခေါင်းဆောင်တ
ချို့ပဲ ရှိတယ်။ ဒီတိုးတက်တဲ့ အင်အားစုကို ကိုလိုနီနယ်ချဲ့ ဓန
ရှင်တွေက နည်းနည်းအမျိုးမျိုးနဲ့ ဖိနှိပ်ပီး အမျိုးသားဓနရှင်တွေ
ကိုတော့ သာမညရာထူးခွဲပေးရင်း သူကောင်းပြုထားခဲ့တယ်။

(၂) ပါလီမန်ခေတ်- လွတ်လပ်ရေး တိုက်ပွဲဝင် လက်ဝဲအင်အား
စုကို ကန်ထုတ်ပီး အမျိုးသား ဓနရှင်ကိုယ်စားပြု ဖဆပလ ဆို
ရှယ်လစ်တွေက အာဏာကို လက်ဝါးကြီး အုပ်ရင်း နယ်ချဲ့အစိုးရ
နဲ့ ကိုလိုနီ အရင်းရှင်တွေနဲ့ စေ့စပ်တယ်။ နောက်ပိုင်းမှာ ဖဆပလ
ဆိုရှယ်လစ် အုပ်စုကြား အာဏာ အဝေ မတဲ့ရာက တည်မြဲဖဆ
ပလက နောင်မှာ ဆိုရှယ်လစ် အမည်ခံ ဘိုနာပတ် စစ်အုပ်ချုပ်
ရေး သွတ်သွင်းမဲ့ စစ်အုပ်စုကို နိုင်ငံရေးထဲ ဆွဲထည့်လာတယ်။
သန့်ရှင်း ဖဆပလက ဘာသာရေး အသုံးချပီး တည်မြဲကိုရော
လက်ဝဲအင်အားစု ကွန်မြူနစ်ဆန့်ကျင်ရေးရော လုပ်ဖို့ ကြိုးပမ်း
လာတယ်။ ဒီမှာတင် ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာ ပြဌာန်း
ရေးနဲ့ ဆဋ္ဌမသင်္ဂါယနာ တင်တာ လုပ်လာတယ်။ ဆဋ္ဌမသင်္ဂါယ
နာ မတင်ခင်ကတိုင် အမျိုးသား ဓနရှင်တွေ ဖြစ်တဲ့ ဥပမာ-ဆာ
ဦးသွင်တို့လို ဓနရှင်တသိုက်က ခေတ်နောက်ပြန်စွဲ ဘုန်းကြီး
အုပ်ကို ကပ်ပီး ကိုလိုနီခေတ်က ဘူဇဝှာ နိုင်ငံရေးသမား နိုင်ငံရေး
စန်းသေကြီးတွေနဲ့အတူ ဗုဒ္ဓဘာသာ ကျမ်းဟောင်း သန့်စင်ရေး
လုပ်နေပီ။ ဒီခေတ်နောက်ပြန်စွဲအုပ်စုနဲ့ အမျိုးသားဓနရှင်အုပ်စု
ကပဲ ဦးနုကို နန်းတင်ပေးလိုက်တာပဲ။ ဦးနုကလဲ ဘာသာရေး
လူမျိုးရေး အသုံးချပီး ပလ္လင်မှာ ဖင်မြဲခဲ့တယ်။ နောက်တော့မှ
တည်မြဲအုပ်စုမွေး သရဲ ဘိုနာပတ် အုပ်စုက လက်နက်နဲ့ အာဏာ
သိမ်းတော့ ပြည်ပြေးရတယ်။ ဒီကာလမှာ ဘာသာရေးနဲ့ အစိုးရ
ရေးရာ မရောစွက်ရေး| ဘာသာရေးဟာ ပုဂ္ဂလရေးရာသာ ဖြစ်
တယ် ဆိုတဲ့ မူကို အခိုင်အမာ စွဲကိုင်ထားတဲ့ လက်ဝဲအုပ်စုက
တောတွင်းမှာ လက်နက်ကိုင် တိုက်ပွဲဝင်နေရတယ်။ မြေပေါ်
လက်ဝဲအင်အားစုကတော့ ထောင်သွင်း အကျဉ်းချခံရသူ ခံရ
နဲ့ ဓနရှင်အစိုးရရဲ့ ဖိနှိပ်မှုကို ခံခဲ့ရတယ်။

(၃) ဘိုနာပတ်အစိုးရ- ဘိုနာပတ် အစိုးရက ဆိုရှယ်လစ် အမည်
ခံပီး ကုန်ထုတ်အင်အားစုတွေကို အလုပ်သမားနဲ့ လယ်သမားတွေ
စီမံခန့်ခွဲခွင့် မပေးဘဲ စစ်အုပ်စုက လက်ဝါးကြီးအုပ် စိတ်တိုင်းကျ
ဖလှယ်ကြီးစိုးခဲ့တယ်။ စစ်အုပ်စု လက်ဝါးကြီးအုပ် ဘိုနာပတ်အ
စိုးရ လက်ထက်မှာ ကုန်ပစ္စည်း ရှားပါးလို့ အလုပ်သမား လယ်သ
မား လူတန်းစားတွေရဲ့ စားဝတ်နေရေး ကျပ်တည်းခက်ခဲပီး ရခိုင်
မှာ ဆန်လုပွဲတွေအထိ ဖြစ်တယ်။ ဒါကို တရုတ်-ဗမာ လူမျိုးရေး
အဓိကရုဏ်းနဲ့ အာရုံလွှဲပီး လူထုရဲ့ ဒေါသကို အစိုးရဆီ ဦးတည်
မလာအောင် လုပ်ခဲ့တယ်။ ဗမာနိုင်ငံသား ကုလားတွေကို အလုံး
အရင်းလိုက် ပြည်ပ မောင်းထုတ်တဲ့ စစ်ဆင်ရေးတွေကိုလဲ ခဏ
ခဏ လုပ်ခဲ့တယ်။ ခေတ်နောက်ပြန်စွဲ ဘုန်းကြီးအုပ်ကို ရွာအဆင့်
ကနေ မြို့နယ် ခရိုင် တိုင်း နိုင်ငံအဆင့်ထိ သံဃာဗြူရိုကရက် အင်
စတီးကျူးရှင်း ထူထောင်ပေးရင်း ခေတ်နောက်ပြန်စွဲ သံဃာအုပ်
ကို ဘိုနာပတ်က သူ့လက်အောက် သွင်းခဲ့တယ်။ ဒီနေရာမှာ အစိုး
ရ သူကောင်းပြုခံ ခေတ်နောက်ပြန်စွဲ ဗြူရိုကရက် သံဃာအုပ်ဟာ
သံဃာထုထဲက အစိုးရ ဆန့်ကျင်ရေး အင်အားစုတွေကိုပါ ကူဖိ
နှိပ်ပေးခဲ့တယ်။ အစိုးရဆန့်ကျင်ရေး တိုက်ပွဲတွေမှာ ဖိနှိပ်သူ အစိုး
ရကို မဝေဖန်ပဲ အလုပ်သမား လယ်သမားနဲ့ ရင်ဘောင်တန်း
တိုက်ပွဲဝင်တဲ့ သံဃာတွေကိုပဲ မေတ္တာရပ်ခံပါကြောင်း ဘာညာနဲ့
ပြားရည်နဲ့ ဝမ်းချရင်း အစိုးရက သံဃာထုကို ဖိနှိပ်တဲ့အခါ မသိ
ချင်ယောင်ဆောင် မျက်နှာလွှဲနေခဲ့တယ်။ ဒီဗြူရိုကရက် သံဃာ
ထုကပဲ ဝိနစ္ဆယခုံရုံးတွေနဲ့ သံဃာတွေရဲ့ လွတ်လပ်စွာ ရေးသား
ပြောဆို တွေးခေါ်ခွင့်ကို အာဏာရှင်ဆန်ဆန် ကွပ်ညှပ်ရင်း သံ
ဃာထုကို ဖိနှိပ်ခဲ့တယ်။ ဘိုနာပတ် အုပ်ချုပ်ရေးခေတ်မှာ လက်
ဝဲအင်အားစု တချို့ကို ထောင်ချ တကျွန်းပို့ လုပ်ထားပီး လက်
နက်ကိုင် လက်ဝဲအင်အားစုကို ဝါဒရေးရာ အရ မဟုတ်မမှန်
ပုတ်ခတ် ဝါဒဖြန့်သလို တဖက်ကလည်း ကြေးစားစစ်တပ်နဲ့
ချေမှုန်းဖို့ ကြိုးစားတယ်။ ဘိုနာပတ်အစိုးရရဲ့ အညမည ဆိုရှယ်
လစ် အတုအယောင်ဟာ ဗုဒ္ဓဘာသာကို အသုံးချပီး လက်ဝဲ
သမားစစ်စစ်တွေကို ဆန့်ကျင်ရင်း ဘိုနာပတ် စစ်အုပ်ချုပ်ရေးနဲ့
စစ်တပ် လက်ဝါးကြီးအုပ် စီးပွားရေးကို ကာကွယ်ပေးဖို့သာ
ဖြစ်တယ်။

(၄) စစ်တပ်အုပ်စီး ဈေးကွက်ခေတ်- ကိုယ့်ထုတ်တဲ့ ငွေကို ကိုယ်
ဘာသာ ခဏခဏ မတရားကြေညာပီး အလုပ်သမား လယ်သမား
ဘေးအိတ်ထဲက ငွေခိုးတဲ့ သူခိုးကြီး ဘိုနာပတ်အစိုးရကို အလုပ်
သမား လယ်သမား ကျောင်းသားတွေက ၁၉၈၈ မှာ တော်လှန်
ဆန့်ကျင်တော့ နောက်ပေါက် ဘိုနာပတ် စစ်ဗိုလ်တွေက ဘိုနာ
ပတ်ကြီးတွေကို နန်းချပီး အာဏာသိမ်းလိုက်တယ်။ နိုင်ငံတကာ
ရေစီးကြောင်းကို ကြည့်ပီး ကိုယ့်ကျိုးစီးပွား လမ်းဖောက်နေကျ
ဘိုနာပတ် စစ်ဗိုလ်အုပ်က ဈေးကွက်ကို ဖွင့်ပေးလိုက်ပီး တဖက်
ကလည်း စစ်တပ်ပိုင် လက်ဝါးကြီးအုပ် စီးပွားရေးတွေနဲ့ အာဏာ
အုတ်မြစ် စီးပွားရေးအခြေခံကို အနှစ်သာရအရ မပြုပြင်ဘဲ ဘိုနာ
ပတ်အုပ်စုကပဲ ကိုင်မြဲကိုင်ထားတယ်။ အသောကနဲ့ ရှင်သောဏ
အနော်ရထာနဲ့ ရှင်အရဟံ မင်းတုန်းနဲ့ ပဉ္စမသင်္ဂါယနာ စတဲ့ ဘာ
သာရေး ဒဏ္ဍာရီ ယုံတမ်းတွေနဲ့ လူထုကို လှည့်ဖျားပီး ဘိုနာပတ်
သြဇာခံ သံဃာတချို့ကို ခဏခဏ သင်္ကန်းကပ်ပြ ဘရားတည်
ကျောင်းဆောက်ပြပြီး ဘိုနာပတ် အုပ်ချုပ်ရေးဟာ မင်းကောင်း
မင်းမြတ် အုပ်ချုပ်ရေးပါလို့ ခေတ်နောက်ပြန်စွဲ ပဒေသရာဇ်ခေတ်
ယုံတမ်းတွေနဲ့ တရားကြောင်း ထူထောင်ဖို့ လုပ်ခဲ့သလို ဗုဒ္ဓဘာ
သာဝင်တွေဟာ ငြိမ်းချမ်းမှုကို လိုလားသူပါ ဘာညာနဲ့ လူထုရဲ့
အဖိနှိပ်ခံ နာကျင်ခံစားရမှုကို ဘာသာရေး မော်ဖိန်း ထိုးပီး မှေး
မှိန်းနေအောင် လုပ်ကြတယ်။ ဈေးကွက်ဖွင့် ဘိုနာပတ်အုပ်ချုပ်
ရေးခေတ်မှာ လောင်စာဆီကို အစိုးရအမတော်ကြေး ကျားကန်
ပေးထားတာ ဖယ်လိုက်တော့ တဟုန်ထိုး ဈေးတက်သွားပီး
လူထုက မခံမရပ်နိုင် ထဆန့်ကျင်တယ်။ သံဃာတွေလည်း ပါ
တယ်။ ခုနက ဘိုနာပတ် လက်ကိုင်တုတ် ဗြူရိုကရက် သံဃာ
အုပ်ကပဲ ဆန္ဒပြသံဃာတွေကို ရိုက်ခွင့် ပစ်ခွင့် ဖမ်းခွင့် ပေးခဲ့
တယ်။ ဒီကာလမှာတော့ တောတွင်း လက်နက်ကိုင် လက်ဝဲအင်
အားစုက ပြိုနေပီ ဖြစ်သလို မြေပေါ် အတိုက်အခံ နိုင်ငံရေးအင်
အားစုတွေက ဘူဇဝှာလစ်ဘရယ်တွေက အဓိက ဖြစ်နေပါပီ။
ဘာလင်တံတိုင်း ပြိုပီး ဆိုဗီယက်ယူနီယမ်နဲ့ အရှေ့ဥရောပ
ကွန်မြူနစ် နိုင်ငံတွေ ပြိုတာကို ဘူဇဝှာ လစ်ဘရယ် ပညာတတ်
တွေက ကွန်မြူနစ် စနစ် နိဂုံးလို့ ညာသံပေးတောချောက်ချိန်
ဖြစ်လေတော့ စာပေမှာလည်း အချောင်သမားအုပ် လေထနေ
ချိန် ဖြစ်တယ်။ ဒီအချောင်သမားအုပ် လေသံကပဲ ဘိုနာပတ်
တွေရဲ့ နိုင်ငံတကာ ရေစီးကြည့်ပီး အာဏာ ဆက်ထိန်းထားရေး
၂၀၁၀ နိုင်ငံရေးအခင်းအကျင်းသစ်ကို လော်ဘီလုပ်ပေးခဲ့ကြ
တာပဲ။

(၅) ဘိုနာပတ်တပိုင်း-ဘူဇဝှာလစ်ဘရယ်တပိုင်း အုပ်ချုပ်ရေး-
ရုရှားတော်လှန်ရေးမှာ ဘူဇဝှာ လစ်ဘရယ်တွေဟာ ပဒေသရာဇ်
ဇာဘုရင် သက်ဦးဆံပိုင် အုပ်ချုပ်ရေးကို အဆုံးတိုင် မဖြိုပဲ ဇာဘု
ရင်နဲ့ စေ့စပ်ပီး လွှတ်တော်ဝင် အာဏာခွဲဝေသလို| ကိုလိုနီခေတ်
မှာ အမျိုးသားဓနရှင် ကိုယ်စားပြု ဘူဇဝှာ နိုင်ငံရေးသမားတွေ
ဘုရင်ခံ ခွဲပေးတဲ့ သာမည အုပ်ချုပ်ရေးဌာနတွေ ဝင်ယူသလို|
၁၉၈၈ ရွှေတိဂုံမုခ်ဦး မိန့်ခွန်းကတည်းကတိုင် စစ်တပ်ကို ခွင့်လွှ
တ်ပါလို့ အလုပ်သမား လယ်သမားတွေကို မိန့်ခွန်းချွေလာတဲ့
ဘူဇဝှာ လစ်ဘရယ် ဒေါ်စုဦးဆောင် ပါတီဟာ အမျိုးသားရင်ကြား
စေ့ရေး အလံထူပီး ဘိုနာပတ်အုပ်စုကို ဒူးထောက်ကြောင်း အ
ချက်ပြရင်း ဘိုနာပတ်တွေ ခွဲပေးတဲ့ သာမည အုပ်ချုပ်ရေးဌာန
တွေယူပီး လွှတ်တော် ဝင်တယ်။ အလုပ်သမား လယ်သမားထု
အမှန်တကယ် ကိုယ်စားပြုပါတီ လစ်လပ်နေချိန်မှာ အလုပ်သမား
လယ်သမားထု နောက်ကျော ခွစီးပီး ဘူဇဝှာ လစ်ဘရယ် လူ
ပျက်တသိုက်ဟာ ဘိုနာပတ်လွှတ်တော် ဝင်ပီး အာဏာယူချေပီ။
အလုပ်သမား လယ်သမားထု အကျိုးစီးပွားကို သစ္စာဖောက်ပီး
ကျားသနားမှ နွားချမ်းသာ အာဏာ ယူထားတဲ့ ဘူဇဝှာလစ်ဘ
ရယ်တသိုက်နဲ့ အခြေခံ နိုင်ငံရေးအင်အား လူထုကို ကင်းကွာ
အောင် ဘိုနာပတ်စစ်အုပ်စုက ဘာသာရေး လူမျိုးရေး ပဋိပက္ခ
မီးကို ခဏခဏ ပြန်မွှေးပေးတယ်။ နဂိုကတည်းကတိုင် ဘိုနာ
ပတ်စစ်အုပ်စုကို မဆန့်ကျင်ဝံ့တော့လို့ ပေးသမျှ အာဏာနဲ့ ဒူး
ထောက် အညံ့ခံထားသူ ဘူဇဝှာ လူပျက်တသိုက်က လူထုအာ
ဏာ ထကြွလာမှာ ကြောက်လေတော့ ရှိရင်းစွဲ အာဏာကို ဆက်
ထိန်းထားဖို့ ဘိုနာပတ်စစ်အုပ်စုနဲ့ တလှေတည်း စီးကြရတယ်။
ဒါကြောင့် တိုင်းရင်းသား လက်နက်ကိုင်အရေး ဘာသာရေးပဋိက္ခ
ရေးရာတွေမှာ ဘိုနာပတ်စစ်အုပ်စု လေသံနောက်ပဲ လိုက်ကြရ
တယ်။ ဒါ့အပြင် ဘူဇဝှာ လူပျက်တသိုက်ဟာ နယ်ချဲ့အင်အား
ကြီး နိုင်ငံတွေ စိတ်ကြိုက် ကြိုးကိုင်ချယ်လှယ်ဖို့ ရွေးချယ်ခံရပီး
ဘိုနာပတ်စစ်အုပ်စုနဲ့ စေ့စပ်ရေး တွန်းပို့ခံထားရတာ ဆိုတော့
စီးပွားရေးမှာ ပုဂ္ဂလပိုင်ပြုရေး အစိုးရ အသုံးစရိတ် ဖြတ်တောက်
ရေးတွေ လုပ်ခြင်းအားဖြင့် လူထုကို ပိုကျပ်တည်း ဒုက္ခရောက်
စေတယ်။ တဖက်မှာကျ ဘိုနာပတ်မွေး ခရိုနီတသိုက်ဟာ နယ်ချဲ့
ဓနရှင်တွေနဲ့ ပုခုံးဖက် ပေါင်းသင်းပီး မူလ အထိုင်မပျက် ကြီးပွား
သထက် ကြီးပွားလာတယ်။ တခြားတဖက်မှာ အလုပ်သမား
လယ်သမားထုဘဝ ကျပ်တည်းပီး သိမ်းဆည်းမြေယာ ပြန်ရရေး
လယ်သမားတိုက်ပွဲနဲ့ လုပ်ခတိုးပေးရေး အလုပ်သမား တိုက်ပွဲ
တွေက ခပ်စိပ်စိပ် ဖြစ်လာတယ်။ ဒီဆန္ဒပြ အလုပ်သမား လယ်
သမား အရေးကို ဖြေရှင်းမပေးနိုင်တဲ့အပြင် ဖမ်းဆီးထောင်ချတာ
တွေပါ တွေ့နေရတယ်။

ဒီလိုမျိုး လူထု မကျေနပ်ချက်တွေကို ဘာသာရေး လူမျိုးရေး
ပဋိပက္ခဘက် အာရုံလွဲ ဖြေရှင်းနေကျ ဘိုနာပတ်စစ်အုပ်စု လမ်း
စဉ်အတိုင်း နဂိုကတည်းကတိုင် မဘသလို ဘုန်းကြီးအုပ်မွေးပီး
လူထုကို နိုင်ငံရေးအာရုံ ပြောင်းဖို့ ကြိုးပမ်းကြတယ်။ မဘသအုပ်
စုတွေနဲ့ စစ်ဦးစီးချုပ် တွေ့တာ| မဘသ ဘုန်းကြီးတွေကို ခရိုနီ
အုပ်စုက ထောက်ပံ့ထားတာတွေကို ကြည့်ပီး အခု ဟစ်နေတဲ့
အမျိုးသားရေးဟာ ဘိုနာပတ်စစ်အုပ်စုနဲ့ ခရိုနီအုပ်စု အကျိုးစီး
ပွားကို လူထု အာရုံလှည့်မလာရေးအတွက် ထိုးပေးထားတဲ့
စိတ်ကြွရူးသွပ်ဆေး ဆိုတာ သဘောပေါက်ဖို့ လိုတယ်။ ဘိုနာ
ပတ်စစ်အုပ်စုပေး အာဏာရထားသူ ဘူဇဝှာ လူပျက်တသိုက်
ဟာ ဒီပဋိပက္ခတွေရဲ့ လက်သည်ကို မဖော်ဝံ့ မတိုက်ဝံ့ဘဲ ဘိုနာ
ပတ် လေသံကိုသာ ပါးစပ်ပြောင်း ဟစ်ပြနေတာကို ဘူဇဝှာ
လူပျက်သိုက် ခေါင်းဆောင် ဒေါ်စု စကားတွေကို နားထောင်ရင်
တွေ့ရလိမ့်မယ်။ အကြောင်းကတော့ နဂိုကတည်းကတိုင် ဘိုနာ
ပတ်စစ်အုပ်ချုပ်ရေးကို အပြီးပိုင် ဖြိုပီး လူထု အာဏာတည်ရေး
ရည်ရွယ် မရှိတဲ့ ဘူဇဝှာ လူပျက်တသိုက်ဟာ နယ်ချဲ့ဓနရှင်အလို
ကျ ဈေးကွက် ဖွင့်ပေး| အာဏာခွဲယူရေးမှာတင် သူတို့ တည်မြဲ
နေချင်ကြပီ။

အီတလီမှာ ဖက်ဆစ် ခေါင်းထောင်လာတာဟာ ဘူဇဝှာလစ်ဘ
ရယ် နိုင်ငံရေးသမားတွေကပဲ ဖက်ဆစ်ဝါဒီတွေကို လက်နက်တပ်
ဆင်ပေးတာ မမေ့ဖို့ လိုတယ်။ ဖက်ဆစ်အုပ်စုဟာ ဓနရှင်နဲ့ မြေ
ရှင်ကြီး အုပ်စု အကျိုးစီးပွားကို ကိုးစားပြုပီး ဖက်ဆစ်လက်ရုံး
တပ်တွေနဲ့ အလုပ်သမား လယ်သမား လက်ဝဲအင်အားစုတွေကို
ဖိနှိပ်ခဲ့တာပဲ။ ခုလဲ ခရိုနီအုပ်စုနဲ့ ဘိုနာပတ် စစ်အုပ်စု အကျိုးစီး
ပွားကို မျက်နှာဖုံးကာပေးတဲ့ အမျိုးသားရေးဝါဒဘက်က ဗမာ
ဘူဇဝှာ လူပျက်တသိုက် ရပ်တည်ပီး လူထု ခက်ခဲကျပ်တည်းမှု
ကို အာရုံလွှဲနေချေပြီ။ ဒီနေရာမှာ သတင်းစာတွေရဲ့ ကဏ္ဍကို
လည်း ထည့်ပြောချင်တယ်။ ကိုလိုနီခေတ်ကတိုင် လူမျိုးရေး
ပဋိပက္ခကို အမြတ်ထုတ်ချင်တဲ့ အမျိုးသားဓနရှင်ပိုင် ဘူဇဝှာ
ပိုင် သတင်းစာတွေဟာ ကုလားမုန်းတီးရေး ဘေးတီးပေးခဲ့သလို
ခုခေတ်မှာလည်း ဘိုနာပတ်အုပ်စု ခရိုနီအုပ်စုနဲ့ မကင်းရာ မကင်း
ကြောင်း သတင်းစာတွေဟာ လူမျိုးရေးမုန်းတီးမှု အခြေခံ သတင်း
ဆောင်းပါးတွေနဲ့ ဝင်ဘေးတီးပေးနေတာ သတိထားဖို့ လိုပါ
တယ်။ အစိုးရပိုင် သတင်းမီဒီယာတွေကိုတော့ ထည့်မပြောချင်
တော့တာ သိသာပီး ဖြစ်နေလို့ပဲ။

အနှစ်ချုပ်ရရင် လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေကို မီးထိုးပေး
နေတဲ့ အမျိုးသားရေးဝါဒဟာ ဘိုနာပတ် စစ်အုပ်စု| ခရိုနီအုပ်စု|
ဘူဇဝှာလူပျက်တသိုက်ရဲ့ နိုင်ငံရေး စီးပွားရေး အာဏာကို လူထု
မထိပါး မတော်လှန်လာအောင် အာရုံလွှဲနေတာပဲ ဖြစ်တယ်။ ဒီအ
ခြေအနေမှာ တိုးတက်တဲ့ လက်ဝဲအင်အားစုတရပ် စုဖွဲ့ဖို့ လိုနေပါ
ပြီ။ ဒီအင်အားစုက ဖြစ်ပေါ်လာတဲ့ ကိစ္စရပ်တိုင်းရဲ့ ဇာစ်မြစ်အခြေ
ခံ လက်သည်ကို တရံမလပ် ဝေဖန်ပြရင်း အုပ်စိုးသူတွေရဲ့ သရုပ်
မှန်ကို လူထုရှေ့ မျက်နှာဖုံးခွာချပြရမယ်။ အလုပ်သမား လယ်သ
မားထု စုဖွဲ့မှုကို ပြန့်ကျဲမနေအောင် စုစည်းနိုင်ဖို့ ကြိုးပမ်းရမယ်။
လူထု တော်လှန်ရေး တိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားရပါ
မယ်။ ဘိုနာပတ်စစ်အုပ်စုရဲ့ အာဏာကို ဖြိုဖို့ ဆိုတာ ကြောင်သူ
တော် ဘူဇဝှာ လူပျက်သိုက် ပြောသလို အကြမ်းမဖက်နည်းတ
နည်းတည်းနဲ့ မရဘူး| လက်နက်ကိုင် စုစည်းဆန့်ကျင်ဖို့ပါ လို
ကြောင်း ကြိုတင်ဆွေးနွေး ပြင်ဆင်ရပါမယ်။ အထက်က ဆိုခဲ့
သလိုပဲ လူထုကို ညံ့လှချည်လား မယဉ်ကျေးပါ့လားလို့ လစ်ဘ
ရယ်တွေလို လူထုကို ဖိထောင်းမနေဘဲ တိုးတက်တဲ့ လက်ဝဲအင်
အားစုဟာ အခု ပဋိပက္ခတွေကို သမိုင်းရေးရာအရ သုံးသပ်ပီး
အဓိက လက်သည်ဖော်ပေးဖို့ လိုပါတယ်။ လိုရင်းကတော့ ဒါ
တွေအားလုံးရဲ့ လက်သည် တရားခံဟာ အုပ်စိုးသူ အစိုးရအ
ဆက်ဆက် ဖြစ်ပီး ခုခေတ်မှာတော့ ဘိုနာပတ်စစ်အုပ်စုရဲ့လက်
ဖြစ်တယ်။ အမြစ်ကို လှန်မှ အကိုင်း ချောက်မယ်။ ဘိုနာပတ်
စစ်အုပ်စုကို လှန်မှ လူမျိုးရေး ပဋိပက္ခမီး ငြိမ်းမယ်။ ဒီ့အတွက်
အဖိနှိပ်ခံတွေချင်း ချစ်ကြည်သွေးစည်းရမယ်။

Writer by
ကြယ်နီသစ်
(စက်တင်ဘာ ၉| ၂၀၁၇)
If you want to see to
Original link
https://m.facebook.com/story.php?story_fbid=1292077297592062&id=661818940617904

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html