ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

မိုးဥတု ရောက်လာရင် မထင်မှတ်ပဲ အန္တရာယ်ပေးတတ်တဲ့ (Hydroplaning Effect)

မိုးဥတု ရောက်လာရင်
မထင်မှတ်ပဲ အန္တရာယ်ပေးတတ်တဲ့
"Hydroplaning Effect”

Hydroplaning = မြန်မာလိုပြောရင်
ကားဘဝ ကနေ ရေယာဉ်ပျံ ဖြစ်သွား
တာလို့ပဲ ပြောရလိမ့်မယ် ။

မိုးဥတုကာလ အဝေးပြေးလမ်း
များပေါ်က တိတ်တဆိတ်
လူသတ်ကောင် ဖြစ်ပါတယ် ။

မိုး မစို့မပို့ ရွာချိန်ဘီးချော်တတ်တာ
ကိုပဲ  သတိထားမိတတ်ကြပြီး
မိုးကြီးချိန် လမ်းပေါ်ရေဝပ်ချိန်မှာ
ကားတစ်စီးလုံးကို ဂျမ်းတုံးခုလိုက်
သလိုဖြစ်စေတဲ့ Hydroplaning
အမှတ်တမဲ့ အန္တရာယ် ဖြစ်ပါတယ် ။
(လိုင်စင်ဖြေရင်လဲ ကညန မှာ
ထည့်မေးတယ်လို့ သိရပါတယ်)

မိုးဥတု ကားမောင်းကြရင်
Wiper / မီးကြီး / တာယာ /
ဘရိတ် တွေ ကောင်း မကောင်း
စစ်ဆေးကြရတယ် ။
အဲဒါတွေ ကောင်းတယ်ဆိုပြီး
Highway လမ်းပေါ်ရောက်တော့
လမ်းကြောလဲမကြပ် အားရပါးရ
စိတ်လွတ် ကိုယ်လွတ် ဖြဲ ကြတယ် ။
လမ်းသားပေါ် ရေဝပ်နေတတ်တာကို
ကြိုတွေးမထားမိတော့ မထင်မှတ်ပဲ
ဘဝတစ်ပါးကို ကူးပြောင်းသွားကြတဲ့
သာဓကတွေ အများကြီး ရှိခဲ့ပါတယ် ။

ရေကျော် ရေအိုင် တွေ့ရင် အရှိန်သတ်
(ဘရိတ်တစ်ခုထဲအားမကိုးပဲ Low Gear
နဲ့ တွဲ သတ်ပါ)
Steering ကို မြဲမြဲ ဆုတ်ကိုင်ထားပါ
ရေအိုင်ကို ဆွဲရှောင်တာမျိုး မလုပ်ရပါ
မိုးကြီးချိန် ညဘက်မှာ တတ်နိုင်လျင်
မမောင်းပါနှင့် 
မောင်းနေကျလမ်း မဟုတ်ပါက
လမ်းကြောအကြောင်း ကြိုတင်
စနည်းနာ စုံစမ်းသွားပါ ။

ကိုယ်နင်းလာတဲ့ Speed
ရေအိုင်ရဲ့ အကျယ် နဲ့ ရေထု
ယာဉ်မောင်းသူရဲ့အတွေ့အကြုံ နဲ့
သွေးအေးတည်ငြိမ်မှု တွေပေါ်
မူတည်၍ အန္တရာယ် ဖြစ်ပုံခြင်း
မတူညီ ကွာခြားကြပါတယ် ။

Writer by
Bluish Cloud

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html