ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

Toyota Alphard model နဲ့ Grade ခွဲနည်း လေးပါ

Toyota Alphard model နဲ့ Grade ခွဲနည်း လေးပါ
(Share လုပ်ပြီးသိမ်းထားနိုင်ပါသည်)

Toyota Alphard ကို ၂၀၀၂ မှာ စထုတ်ပါတယ်
First generation (2002 to 2007)
Second generation ( 2007 to 2014)
Third generation ( 2014 to present )
MPV အမျိုးအစား 7 seater / 8 seater ဆိုပြီး ခွဲထားပါတယ်
8 seater ကတော့ ဂရိတ်အနိမ့်တွေ မှာအတွေ့များ ပြီး / ဂရိတ်မြင့်ရင်တော့ 7 seater ပဲ တွေ့ရများပါတယ်
ဒါပေမဲ့ ဒီမော်ဒယ်ရဲ့ ရူပ်ထွေးမှုက ရောသမမွှေထား ခွင့်ပေးတာကြောင့်ပါ
ဂျပန်တွေက ကိုယ်တိုင် ထည့်ချင်တဲ့ optional ကို ရွေးမှာခွင့်ရတဲ့ အတွက် ဘယ်grade မှာမှ ဘာတွေ ပါမယ်လို့ပြောရခက်ပါတယ်
အဓိက လေ့လာမိသလောက်ကတော့ အင်ဂျင် ပိုင်းပါ
သူ့မှာ အင်ဂျင် ၂ မျိုးလာပါတယ် 2.4 L I4 နဲ့ 3.0 L V6 ပါ
Grade ခွဲအနေ နဲ့ AX / AX-L / AS 
MX / MX-L / MS / MZ / MZG ဆိုပြီး ၈ မျိုးလောက်တွေ့ပါတယ်
A နဲ့ စတဲ့ ဂရိတ်တွေမှာ 2.4 အင်ဂျင်သုံးပါတယ်
M နဲ့ စတဲ့ ဂရိတ်တွေမှာ 3.0 အင်ဂျင်ပါ
ဒုတိယ စာလုံးတွေထဲက X ကတော့ အတွင်းခန်း ပုံမှန် ပဲ / S ကတော့ sport ဆန်ဆန် အပြင်အဆင် လို့ ဆိုလိုပါတယ်
တတိယစာလုံး L ကတော့ Luxury ဆိုတာပါ ထိုင်ခုံတွေ နဲ့ dashboard တွေရဲ့ leather ကquality အကောင်းဆုံး ဖြစ်သွားပါတယ်
ဈေးကလည်း တော်တော်ကြီး ကွာသွားပါတယ်
MZ နဲ့ MZG ကတော့ ဂရိတ် အမြင့်ဆုံး ဖြစ်ပါတယ်
အတွင်းပစ္စည်းတွေ ကလည်း luxury grade ဖြစ်သွားပါတယ် slight door တွေကလည်း အမျိုးစုံ ပါပါတယ် / ဒီဂရိတ် ၂ မျိုးမှာတော့ 7 seater ပဲအတွေ့များပါတယ်
အပြင်ကလည်း sonar တွေ အများကြီးပါလာတယ် / TV တွေ အပိုပါလာတယ် / sound system ကွာသွားတယ် / air bag တွေ ၁၀ လုံးပါလာတယ်
အများကြီးကွဲသွားပါ ပြီ ဈေးကလည်း ၂ ဆ နီးနီး ကွာသွားပါ ပြီ
Alphard ရဲ့ နောက်ထပ်ရူတ်ထွေးမှုက 2WD and 4WD ပါ ဘယ်ဂရိတ်မှာမဆို ဒါက အမှန် မရှိပါဘူး / 2WD ကတော့ ရှေ့ယက် ဖြစ်ပါတယ် ဆီစားနှုန်းနိမ့်တယ်
ဒါပေမဲ့ 4WD ကတော့ ပိုပြီး ဆီစားနှုန်း မြင့်ပါတယ် ( မြန်မာတွေ သိပ်မကြိုက်တဲ့ အချက်) ဒါပေမဲ့ ပိုပြီး safe ဖြစ်တယ် weight လည်း ၂၀၀ ကီလိုလောက် ကွာတာကိုး
ကျွန်တော့ရဲ့ လေ့လာမိသလောက်သာ တင်ပြခြင်း ဖြစ်ပါတယ်
အမှားပါရင်လည်း ပြင်ပေးစေလိုပါတယ်။

Writer by
@ဝေယံ
credit

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html