ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

Home wiring အတွက် CB ပုံလေးဆွဲ ပေးပါ ဆို သူများ အတွက်

Home wiring အတွက် CB  ပုံလေးဆွဲ ပေးပါ ဆို သူများ အတွက်
****************************************************************
သာမန် အိမ်တွေ အတွက်ပါ ။

ဒါ ကတော့ 16 Amp C type  30 mA RCBO ( CB + Earth leakage )   နဲ့ circuit ၂ ခုခွဲ တဲ့ ပုံ ဆွဲပေးလိုက်ပါတယ် ။ အဓိ က အကြောင်းက ELCB ပါတယ်ဆိုတော့ earth fault trip တခု ဖြစ်ရင် တခု ကျန်အောင်ပါ ။ အိမ်ထဲ က ပစ္စည်းတွေ ကိုတော့ C-10 CB single pole နဲ့ Neutral bar နဲ့ သွားထားပါတယ် ။ ကိုယ့်ရဲ့ design အတိုင်း သွား နိုင်ပါတယ် ။ဒါ ကသာမန်အိမ် တလုံး အတွက် safe circuit ပါ ။
ကြိုး အတွက် ကတော့ lighting ဆို 1.5 mm2 , power အတွက်ဆို 2.5 mm2  double insulation ကိုသုံးပါ ။
Socket / Lighting တွေ ကိုခွဲ သွားပါ ။ ညီအောင်တော့ ခွဲ သွားပါ ။ 10 Amp ဆိုတော့ ၂၀၀၀ ၀ပ် အထိ သုံးလို့ ရပါတယ် ။ 16 amp ဆို ၃၀၀၀ ၀ပ်လောက် အထိ သုံးနိုင်ပါတယ်။  အမျိုး အစားကောင်းတဲ့ breaker တွေပဲသုံးပါ ။ ကျွန်တော် ကတော့ အဓိ က Schneider ( ရှနိုက်ဒါ )  ကိုပဲ သုံးပါတယ် ။
မော်တာတွေ ပါရင်တော့ မော်တာ အကြီး အသေးအလိုက်  earth leakage 100 mA  RCBO 2 pole တလုံး ထပ်တတ်နိုင်ပါတယ် ။
Erath fault ကျရင်တော့ အဲဒီ Circuit မှာ ရှိတဲ့ လျပ်စစ် ပစ္စည်း ကို စစ်ပါ။
ဒါ ကကျွန်တော် သုံးချင်တဲ့ design ပါ ။ လွပ်လပ် စွာ ကွဲ ပြားနိုင်ပါတယ် ။
လျပ်စစ် အန္တာရာယ် ။ မီးဘေး အန္တာရာယ် ကင်းအောင် ဆွဲထားတာပါ ။
ကျေးဇူးတင်ပါတယ် ။

Writer by
Kyaw Oo ( EI engineering )

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html