သိထားသင့္ေသာ ယာဥ္တိုက္မႈ(၁၀)မ်ိဳး
======================
၁။ရပ္ထားေသာယာဥ္ကို
ဝင္ေရာက္တိုက္မိျခင္း။
ရပ္ထားေသာယာဥ္ကို
အျခားယာဥ္တစ္စီးမွ
ဝင္ေရာက္မိတဲ့အခါမွာ
တိုက္တဲ့ယာဥ္အမွားပဲ ျဖစ္ပါတယ္။
ဒါေပမယ့္
ညအခ်ိန္အေမွာင္ထဲမွာ
ေဘးမီးဖြင့္မထားဘဲ
လမ္းမေပၚရပ္ထားခဲ့မယ္။
အႏၱရာယ္မျဖစ္ႏိုင္ေအာင္
သတိေပးမယ့္သူ႐ွိမေနခဲ့ရင္ေတာ့
ရပ္ထားတဲ့ယာဥ္မွာလည္း
တာဝန္႐ွိပါတယ္။
၂။ေ႐ွ႕ယာဥ္အားေနာက္ယာဥ္မွ
ဝင္ေရာက္တိုက္မိျခင္း။
ေနာက္ကယာဥ္မွာတာဝန္႐ွိပါတယ္။
ဒီေနရာမွာတစ္ခ်ိဳ႕ကေျပာၾကပါတယ္။
ေ႐ွ႕ယာဥ္က ႐ုတ္တရက္
ဘရိတ္အုပ္လို႔တိုက္ရတာပါလို႔
ေျပာၾကပါတယ္။
ဒါေပမယ့္
ယာဥ္သြားလာမႈစည္းကမ္း
နည္းဥပေဒ ၁၄၅မွာ
ေ႐ွ႕ယာဥ္႐ုတ္တရက္တန္႔လ်ွင္
ေနာက္မွယာဥ္သည္
ထိခိုက္မႈမျဖစ္ေစရန္
သင့္ေလ်ာ္ေသာအကြာအေဝးမွ
လိုက္ရမည္လို႔ေဖာ္ျပထားပါတယ္။
သင့္ေလ်ာ္ေသာအကြာအေဝး
ဆိုတာကေတာ့
ပံုေသမႏိုင္႐ွိပါဘူး။
ေ႐ွ႕ယာဥ္အ႐ွိန္မ်ားရင္
မ်ားသလို
အ႐ွိန္နည္းရင္နည္းသလို
ထိခိုက္မႈမ႐ွိပဲ
ရပ္တန္႔ႏိုင္မယ့္အကြာအေဝးကို
ခ်ိန္ဆေမာင္းႏွင္ရမွာပါ။
အဲ့ဒီ့အတြက္
ေ႐ွ႕ယာဥ္မွ ေခြးျဖတ္ေျပးလို႔ျဖစ္ျဖစ္
လူျဖတ္ေျပးလို႔ပဲျဖစ္ျဖစ္
အေၾကာင္းတစ္စံုရာေၾကာင့္
ရပ္တန္႔ခ်ိန္မွာ
ေနာက္ယာဥ္သည္လည္း
ထိခိုက္မႈမ႐ွိေအာင္
ရပ္တန္႔ႏိုင္ရပါမယ္။
ဖရီးေၾကာလို႔ေခၚတဲ့
ရပ္မ်ဥ္း မ႐ွိတဲ့ေကြ႔ေၾကာ
တည့္ေၾကာမွာတိုက္ရင္ေတာ့
ေ႐ွ႕ယာဥ္အမွားျဖစ္ပါတယ္။
လမ္းၫႊန္အမွတ္အသားကို
လိုက္နာျခင္းမ႐ွိတဲ့
အတြက္ပါ။
၃။လမ္းဆံုတြင္ယာဥ္(၂)စီးတိုက္ျခင္း
မိန္းလမ္းမႀကီးနဲ႔
လမ္းသြယ္ဆိုရင္ေတာ့
လမ္းသြယ္ယာဥ္ရဲ႕ တာဝန္ပဲ
ျဖစ္ပါတယ္။
နည္းဥပေဒ ၁၄၉(ခ) အရ
လမ္းမႀကီးမွယာဥ္သည္
ဦးစားေပးရတဲ့အတြက္ပါ။
တကယ္လို႔
တူညီလမ္းဆံုမွာဆိုရင္ေတာ့
နည္းဥပေဒ ၁၄၉(က) အရ
လက္ယာဘက္ယာဥ္သည္
ဦးစားေပးရပါတယ္။
တူညီလမ္းဆံုသို႔
ယာဥ္(၂)စီးတၿပိဳင္တည္း
ေရာက္႐ွိလ်ွင္
ဦးစြာေရာက္႐ွိေသာယာဥ္ကို
ဦးစားေပးရမည္ျဖစ္ၿပီး
တစ္ခ်ိန္တည္းေရာက္႐ွိလ်ွင္
လက္ယာဘက္ယာဥ္ကို
ဦးစားေပးရမည္လို႔
သတ္မွတ္ထားတဲ့အတြက္ပါ။
၄။လမ္းလယ္တြင္ မ်က္ႏွာခ်င္းဆိုင္
တိုက္မိျခင္း။
ဒါကေတာ့
ယာဥ္(၂)စီးလံုးမွာတာဝန္႐ွိပါတယ္။
လက္ယာကပ္ေမာင္းစနစ္ျဖစ္တဲ့
ဒီႏိုင္ငံမွာ သာမန္အားျဖင့္
မည္သည့္ယာဥ္မဆို
လက္ယာကပ္ေမာင္းရမွာ
ျဖစ္တဲ့အတြက္ပါ။
နည္းဥပေဒ ၁၄၁ မွာလည္း
ေဖာ္ျပထားပါတယ္။
အျမန္လမ္းေတြလို
ယာဥ္ေၾကာ(၃)ေၾကာ႐ွိတဲ့လမ္းဆို
လက္ဝဲဘက္ အစြန္းေၾကာသည္
ေက်ာ္တက္ရန္ႏွင့္ အျမန္ေမာင္းႏွင္ရန္
မွသာ အသံုးျပဳရမွာျဖစ္ပါတယ္။
၅။T ပံုသ႑န္ လမ္းဆံုတြင္
တိုက္မိျခင္း။
T လမ္းဆံုမွာတိုက္ရင္လည္း
လမ္းမေပၚေကြ႔ထြက္တဲ့ယာဥ္က
အမွားပဲျဖစ္ပါတယ္။
၆။တည့္ယာဥ္ႏွင့္ဝဲဘက္သို႔
"ဂ"ေကြ႔ ေကြ႔ေသာယာဥ္ကိုတိုက္မိျခင္း။
နည္းဥပေဒ ၁၄၈ နဲ႔ ၁၅၀ အရ
တည့္တည့္လာေနတဲ့
ယာဥ္မ႐ွင္းပဲ ေကြ႔တဲ့ယာဥ္က
အမွားပဲျဖစ္ပါတယ္။
"လြတ္မယ္ထင္လို႔
ေကြ႔တာပါ" တို႔
ေျပာတတ္ၾကပါတယ္။
ဘယ္လိုပဲေျပာေျပာ
႐ွင္းရမွာပါပဲ။
၇။လမ္းေျပာင္းျပန္ေက်ာ္တက္၍
မ်က္ႏွာျခင္းဆိုင္ယာဥ္ႏွင့္တိုက္မိျခင္း။
နည္းဥပေဒ ၁၄၆ အရ
ေ႐ွ႕မွမ်က္ႏွာျခင္းဆိုင္လာေသာ
ယာဥ္မ႐ွင္းပဲလမ္းေျပာင္းျပန္
ေက်ာ္တက္တဲ့ယာဥ္မွာ
တာဝန္႐ွိပါတယ္။
၈။ေဘးခ်င္းယွဥ္ေက်ာ္တက္၍
ပြတ္တိုက္ျခင္း။
လက္ဝဲဘက္မွေက်ာ္တက္
ပြတ္တိုက္မိသည့္ယာဥ္သာ
အမွားျဖစ္ပါတယ္။
၉။အဝိုင္းတြင္ယာဥ္(၂)စီး
တိုက္မိျခင္း။
နည္းဥပေဒ ၁၄၉ အရ
အဝိုင္းပတ္ေနတဲ့ယာဥ္သာ
အမွန္ျဖစ္ပါတယ္။
အဝိုင္းပတ္ယာဥ္ ဦးစားေပးရမွာ
ျဖစ္ေပမယ့္
ၿမိဳ႕ေတာ္ေတာ္မ်ားမ်ားမွာ
အဝိုင္းပတ္ေနတဲ့ယာဥ္ေတြကပဲ
ရပ္ေပးေနတာကိုျမင္ေနရပါတယ္။
ရန္ကုန္ၿမိဳ႕က
ဦးေထာင္ဘို/ဟံသာဝတီအဝိုင္းလိုမ်ိဳး
ေနျပည္ေတာ္ၾကာပန္းအဝိုင္းလိုမ်ိဳး
အဝိုင္းႀကီးေတြထဲမွာ အဝိုင္းပတ္ေနတဲ့
ယာဥ္အခ်င္းခ်င္းတိုက္မိရင္ေတာ့
လက္ဝဲဘက္အတြင္းေၾကာကယာဥ္
အမွန္ျဖစ္ပါတယ္။
၁၀။ယာဥ္မွလူကိုတိုက္ျခင္း
စက္တပ္ယာဥ္နဲ႔လူ
တိုက္မိၿပီဆိုရင္ေတာ့
စက္တပ္ယာဥ္သာအမွားျဖစ္ပါတယ္။
ေျပာစရာေတာင္မလိုေလာက္ပါဘူး။
ယာဥ္တိုက္မႈျဖစ္ပြားရတဲ့
အေၾကာင္းအရင္းေတြကေတာ့
ယာဥ္ေမာင္းႏွင္သူမ်ားရဲ႕
ေပါ့ေလ်ာ့မႈေၾကာင့္ရယ္
ယာဥ္ရဲ႕စက္ပစၥည္း
ခ်ိဳ႕ယြင္းမႈေၾကာင့္ရယ္
လမ္းအသံုးျပဳသူမ်ားရဲ႕
ေပါ့ေလ်ာ့မႈေတြေၾကာင့္
အျဖစ္မ်ားၾကပါတယ္။
ဒါကေတာ့
ကြၽန္ေတာ္မွတ္ထားသေလာက္ကို
ျပန္ေဝမ်ွေပးတာပါ။
အမွားပါေကာင္းပါႏိုင္ပါတယ္။
တက္သိနားလည္ေသာ
ဆရာမ်ားမွအမွားဝင္ေရာက္
ေထာက္ျပႏိုင္ပါတယ္။
Writer by online man
ေလးစားလ်ွက္ ျပန္လည္ေဝမ်ွပါသည္။
သိထားသင့်သော ယာဉ်တိုက်မှု(၁၀)မျိုး
======================
၁။ရပ်ထားသောယာဉ်ကို
ဝင်ရောက်တိုက်မိခြင်း။
ရပ်ထားသောယာဉ်ကို
အခြားယာဉ်တစ်စီးမှ
ဝင်ရောက်မိတဲ့အခါမှာ
တိုက်တဲ့ယာဉ်အမှားပဲ ဖြစ်ပါတယ်။
ဒါပေမယ့်
ညအချိန်အမှောင်ထဲမှာ
ဘေးမီးဖွင့်မထားဘဲ
လမ်းမပေါ်ရပ်ထားခဲ့မယ်။
အန္တရာယ်မဖြစ်နိုင်အောင်
သတိပေးမယ့်သူရှိမနေခဲ့ရင်တော့
ရပ်ထားတဲ့ယာဉ်မှာလည်း
တာဝန်ရှိပါတယ်။
၂။ရှေ့ယာဉ်အားနောက်ယာဉ်မှ
ဝင်ရောက်တိုက်မိခြင်း။
နောက်ကယာဉ်မှာတာဝန်ရှိပါတယ်။
ဒီနေရာမှာတစ်ချို့ကပြောကြပါတယ်။
ရှေ့ယာဉ်က ရုတ်တရက်
ဘရိတ်အုပ်လို့တိုက်ရတာပါလို့
ပြောကြပါတယ်။
ဒါပေမယ့်
ယာဉ်သွားလာမှုစည်းကမ်း
နည်းဥပဒေ ၁၄၅မှာ
ရှေ့ယာဉ်ရုတ်တရက်တန့်လျှင်
နောက်မှယာဉ်သည်
ထိခိုက်မှုမဖြစ်စေရန်
သင့်လျော်သောအကွာအဝေးမှ
လိုက်ရမည်လို့ဖော်ပြထားပါတယ်။
သင့်လျော်သောအကွာအဝေး
ဆိုတာကတော့
ပုံသေမနိုင်ရှိပါဘူး။
ရှေ့ယာဉ်အရှိန်များရင်
များသလို
အရှိန်နည်းရင်နည်းသလို
ထိခိုက်မှုမရှိပဲ
ရပ်တန့်နိုင်မယ့်အကွာအဝေးကို
ချိန်ဆမောင်းနှင်ရမှာပါ။
အဲ့ဒီ့အတွက်
ရှေ့ယာဉ်မှ ခွေးဖြတ်ပြေးလို့ဖြစ်ဖြစ်
လူဖြတ်ပြေးလို့ပဲဖြစ်ဖြစ်
အကြောင်းတစ်စုံရာကြောင့်
ရပ်တန့်ချိန်မှာ
နောက်ယာဉ်သည်လည်း
ထိခိုက်မှုမရှိအောင်
ရပ်တန့်နိုင်ရပါမယ်။
ဖရီးကြောလို့ခေါ်တဲ့
ရပ်မျဉ်း မရှိတဲ့ကွေ့ကြော
တည့်ကြောမှာတိုက်ရင်တော့
ရှေ့ယာဉ်အမှားဖြစ်ပါတယ်။
လမ်းညွှန်အမှတ်အသားကို
လိုက်နာခြင်းမရှိတဲ့
အတွက်ပါ။
၃။လမ်းဆုံတွင်ယာဉ်(၂)စီးတိုက်ခြင်း
မိန်းလမ်းမကြီးနဲ့
လမ်းသွယ်ဆိုရင်တော့
လမ်းသွယ်ယာဉ်ရဲ့ တာဝန်ပဲ
ဖြစ်ပါတယ်။
နည်းဥပဒေ ၁၄၉(ခ) အရ
လမ်းမကြီးမှယာဉ်သည်
ဦးစားပေးရတဲ့အတွက်ပါ။
တကယ်လို့
တူညီလမ်းဆုံမှာဆိုရင်တော့
နည်းဥပဒေ ၁၄၉(က) အရ
လက်ယာဘက်ယာဉ်သည်
ဦးစားပေးရပါတယ်။
တူညီလမ်းဆုံသို့
ယာဉ်(၂)စီးတပြိုင်တည်း
ရောက်ရှိလျှင်
ဦးစွာရောက်ရှိသောယာဉ်ကို
ဦးစားပေးရမည်ဖြစ်ပြီး
တစ်ချိန်တည်းရောက်ရှိလျှင်
လက်ယာဘက်ယာဉ်ကို
ဦးစားပေးရမည်လို့
သတ်မှတ်ထားတဲ့အတွက်ပါ။
၄။လမ်းလယ်တွင် မျက်နှာချင်းဆိုင်
တိုက်မိခြင်း။
ဒါကတော့
ယာဉ်(၂)စီးလုံးမှာတာဝန်ရှိပါတယ်။
လက်ယာကပ်မောင်းစနစ်ဖြစ်တဲ့
ဒီနိုင်ငံမှာ သာမန်အားဖြင့်
မည်သည့်ယာဉ်မဆို
လက်ယာကပ်မောင်းရမှာ
ဖြစ်တဲ့အတွက်ပါ။
နည်းဥပဒေ ၁၄၁ မှာလည်း
ဖော်ပြထားပါတယ်။
အမြန်လမ်းတွေလို
ယာဉ်ကြော(၃)ကြောရှိတဲ့လမ်းဆို
လက်ဝဲဘက် အစွန်းကြောသည်
ကျော်တက်ရန်နှင့် အမြန်မောင်းနှင်ရန်
မှသာ အသုံးပြုရမှာဖြစ်ပါတယ်။
၅။T ပုံသဏ္ဍန် လမ်းဆုံတွင်
တိုက်မိခြင်း။
T လမ်းဆုံမှာတိုက်ရင်လည်း
လမ်းမပေါ်ကွေ့ထွက်တဲ့ယာဉ်က
အမှားပဲဖြစ်ပါတယ်။
၆။တည့်ယာဉ်နှင့်ဝဲဘက်သို့
"ဂ"ကွေ့ ကွေ့သောယာဉ်ကိုတိုက်မိခြင်း။
နည်းဥပဒေ ၁၄၈ နဲ့ ၁၅၀ အရ
တည့်တည့်လာနေတဲ့
ယာဉ်မရှင်းပဲ ကွေ့တဲ့ယာဉ်က
အမှားပဲဖြစ်ပါတယ်။
"လွတ်မယ်ထင်လို့
ကွေ့တာပါ" တို့
ပြောတတ်ကြပါတယ်။
ဘယ်လိုပဲပြောပြော
ရှင်းရမှာပါပဲ။
၇။လမ်းပြောင်းပြန်ကျော်တက်၍
မျက်နှာခြင်းဆိုင်ယာဉ်နှင့်တိုက်မိခြင်း။
နည်းဥပဒေ ၁၄၆ အရ
ရှေ့မှမျက်နှာခြင်းဆိုင်လာသော
ယာဉ်မရှင်းပဲလမ်းပြောင်းပြန်
ကျော်တက်တဲ့ယာဉ်မှာ
တာဝန်ရှိပါတယ်။
၈။ဘေးချင်းယှဉ်ကျော်တက်၍
ပွတ်တိုက်ခြင်း။
လက်ဝဲဘက်မှကျော်တက်
ပွတ်တိုက်မိသည့်ယာဉ်သာ
အမှားဖြစ်ပါတယ်။
၉။အဝိုင်းတွင်ယာဉ်(၂)စီး
တိုက်မိခြင်း။
နည်းဥပဒေ ၁၄၉ အရ
အဝိုင်းပတ်နေတဲ့ယာဉ်သာ
အမှန်ဖြစ်ပါတယ်။
အဝိုင်းပတ်ယာဉ် ဦးစားပေးရမှာ
ဖြစ်ပေမယ့်
မြို့တော်တော်များများမှာ
အဝိုင်းပတ်နေတဲ့ယာဉ်တွေကပဲ
ရပ်ပေးနေတာကိုမြင်နေရပါတယ်။
ရန်ကုန်မြို့က
ဦးထောင်ဘို/ဟံသာဝတီအဝိုင်းလိုမျိုး
နေပြည်တော်ကြာပန်းအဝိုင်းလိုမျိုး
အဝိုင်းကြီးတွေထဲမှာ အဝိုင်းပတ်နေတဲ့
ယာဉ်အချင်းချင်းတိုက်မိရင်တော့
လက်ဝဲဘက်အတွင်းကြောကယာဉ်
အမှန်ဖြစ်ပါတယ်။
၁၀။ယာဉ်မှလူကိုတိုက်ခြင်း
စက်တပ်ယာဉ်နဲ့လူ
တိုက်မိပြီဆိုရင်တော့
စက်တပ်ယာဉ်သာအမှားဖြစ်ပါတယ်။
ပြောစရာတောင်မလိုလောက်ပါဘူး။
ယာဉ်တိုက်မှုဖြစ်ပွားရတဲ့
အကြောင်းအရင်းတွေကတော့
ယာဉ်မောင်းနှင်သူများရဲ့
ပေါ့လျော့မှုကြောင့်ရယ်
ယာဉ်ရဲ့စက်ပစ္စည်း
ချို့ယွင်းမှုကြောင့်ရယ်
လမ်းအသုံးပြုသူများရဲ့
ပေါ့လျော့မှုတွေကြောင့်
အဖြစ်များကြပါတယ်။
ဒါကတော့
ကျွန်တော်မှတ်ထားသလောက်ကို
ပြန်ဝေမျှပေးတာပါ။
အမှားပါကောင်းပါနိုင်ပါတယ်။
တက်သိနားလည်သော
ဆရာများမှအမှားဝင်ရောက်
ထောက်ပြနိုင်ပါတယ်။
Writer by online man
လေးစားလျှက် ပြန်လည်ဝေမျှပါသည်
No comments:
Post a Comment