ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

စကြာဝဠာ..ရဲ့..အလင်းနှစ်ကို ဘယ်လိုတိုင်းသလဲ

>>>အလင်းနှစ်ကို ဘယ်လိုတိုင်းသလဲ<<<


အာကာသထဲက သိပ်ဝေးကွာလွန်းတဲ့ ကြယ်တွေရဲ့ တည်နေရာကို တိုင်းတာဖော်ပြတဲ့အခါမှာ အလင်းရဲ့ သွားနှုန်းဖြစ်တဲ့ "၁ စက္ကန့်ကို မိုင်ပေါင်း ၁၈၆၀၀၀" ဆိုတဲ့ အချက်ကို အခြေခံပြီး တစ်နှစ်ကြာတဲ့ အချိန်မှာ ရောက်ရှိမယ့် အကွာအဝေး ကို အလင်းနှစ် ၁ နှစ် ဆိုပြီး သတ်မှတ်ထားတာဖြစ်ပါတယ်။ နေ နဲ့ အနီးဆုံးကြယ် အယ်လ်ဖာ ဆန်ကျူရီ (Alpha Centuri) ဟာ နေမှ အလင်းနှစ် ၄.၂၂ ကွာဝေးပါတယ်..။
အလင်းနှစ်ဆိုတာ အကွာအဝေးဖြစ်ပါတယ်။ အချိန်မဟုတ်ပါ။ ဒီအကွာအဝေးကို ဘယ်လိုတိုင်းသလဲ..???
သင့်ရဲ့ လက်ချောင်းတစ်ခုကို မျက်လုံးနဲ့ တည့်တည့်နေရာမှာ ဆန့်တန်းကြည့်ပါ။ မျက်လုံးတစ်ဘက်ဆီကို အုပ်ပြီး ကြည့်ကြည့်ပါ။ နေရာပြောင်းသွားတာကို တွေ့ရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သင့်ရဲ့ မျကိလုံး ၂ ဘက်ဟာ မတူညီတဲ့ နေရာနှစ်ခုမှာ ရှိနေကြလို့ပါ။ အဲ့ဒီ့နှစ်ခုကြားထဲမှာ ရှိနေတဲ့ အကွာအဝေး (တနည်း) ထောင့်ချိုးကျတဲ့အကွာအဝေးဟာ လက်ချောင်းအမှန်တကယ်ရှိနေတဲ့ အကွာအဝေးဖြစ်ပါတယ်။ Parallax လို့ခေါ်တဲ့ တြိဂံ သဘောတရားတစ်ခုပါပဲ။ (ပုံ)
ထိုသဘောတရားအတိုင်းပါပဲ..။ နေကို ဘဲဥပုံလည်ပါတ်နေတဲ့ ကမ္ဘာမှာ ကြယ်တစ်ခုကို တိုင်းတာဖို့ မတူညီတဲ့ နေရာ နှစ်ခုရှိပါတယ်။ မျက်လုံး နှစ်လုံးလိုပေါ့။ တစ်နှစ်မှာ ၁၂ လ ရှိတဲ့အတွက် ၆ လစီ ခွာကြည့်လိုက်ရုံပါပဲ။ ဒီနည်းလမ်းကို စတင်တွေ့ရှိခဲ့သူကတော့ ဝီလီယံ ဘက်ဆဲလ် (Wilhelm Bessel) လို့ခေါ်တဲ့ ဂျာမနီလူမျိုး အာကာသနှင့်သင်္ချာပညာရှင် ဖြစ်ပါတယ်။ ၁၈၃၈ခုနှစ်က တိုင်းတာတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ဘက်ဆဲလ်ဟာ Parallax တြိဂံရဲ့ ထောင့်ချိုး ယူနစ်ကို တွက်ချက်နိုင်ခဲ့ပါတယ်။ ထိုအကွာအဝေးဟာ ၀.၃၁၄ arcseconds ရှိပြီး အလင်းနှစ် ၁၀ နှစ်ရှိပါတယ်။
ဒီနည်းလမ်းကို အသုံးပြု၍ ၁၉၈၉ ခုနှစ်မှာ HIPPARCOS အာကာသယာဉ်ကို လွှတ်တင်ပြီး တိုင်းတာခဲ့တဲ့အခါ အလင်းနှစ် ၁၆၃၀ အထိတိုင်းတာ နိုင်ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာတော့ GAIA အာကာသယာဉ်ကို ထပ်မံလွှတ်တင်ခဲ့ပြီး အလင်းနှစ် ၃၂၆၀၀ အထိ အတိအကျ တိုင်းနိုင်ခဲ့ပါတယ်။ (နောက်ဆုံးပုံ ၂ ပုံ)

Credit.. အာကာသ..သိပ္ပံ
အနာဂတ်ပညာရေးအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ)

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html