ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services
ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်
မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.
Android ကို ဘယ်လို ဖွဲ့စည်းလဲ ဆိုတာ သိချင်ရင်.. ဒီ ပိုစ်လေး ဖတ်ကြည့်ပါ
#Zawgyi
⏰⏲⏱
 #Unicode 
Android ကိုဘယ်လိုဖွဲ့စည်းထားသလဲ 
Android ကိုဘယ်လို ဖွဲ ့စည်းထားပါသလဲ? ဒီမေးခွန်းဟာ သိပ်ကို မေးသင့်မေးအပ်တဲ့ မေးခွန်းတခုဖြစ်သလို သိထားသင့်တဲ့အချက်ထဲမှာလဲပါ၀င်ပါတယ်။ ဘာလို ့လဲဆိုတော့ ကိုယ်က Android developer တစ်ယောက် ဖြစ်ဖို ့ စိတ်ကူးရှိနေပြီဆိုရင်တော့ ကိုယ်စီးမယ့်မြင်းဟာ အထီးလား အမလားဆိုတာတော့ သိထားသင့်တယ် မဟုတ်လား။ Android Application ကိုရေးသားမယ့် developer တစ်ယောက်ဟာ ကိုယ်ရေးသားမယ့် Operating System ဟာ ဘယ်လို ဖွဲ ့စည်းတည်ဆောက်ထားသလဲ system ရဲ ့အခင်းအကျင်း တွေကို ကောင်းစွာ နားလည် သဘောပေါက် ထားမှသာလျှင် ကိုယ်ရေးသားမည့် application တွေဟာ ၄င်း OS ပေါ်မှာ ကောင်းစွာ အလုပ်လုပ်မှာပါ။ Android developer တစ်ယောက်အတွက် တကယ့်ကို အရေးပါဆုံး အချက်ကတော့ API (Application Programming Interface) Level ဖြစ်ပါတယ်။ ဘာလို ့လဲဆိုတော့ ကိုယ့် application ဟာ ဘယ် ကိရိယာတွေ (devices) ဘယ် OS version မှာ အလုပ် လုပ်မည် မလုပ်မည် ဆိုတဲ့ ကိစ္စကို သတ်မှတ် နိုင်စွမ်းရှိတဲ့ အဆင့်ဖြစ်လို ့ပါပဲ။ ဥပမာ တချို့ Application တွေဟာ graphic ဘယ်လောက်ရှိမှ CPU ကဘယ်လောက်ဖြစ်မှ OS version က ဘယ်လောက်မှသုံးလို ့ရမယ် မရဘူး စတာတွေကို ဒီအဆင့်မှာ သတ်မှတ်တာ ဖြစ်တဲ့အတွက်ကြောင့်ပါ။ Android ဟာ Linux Kernel ကို အခြေခံရေးသားထားတဲ့ OS (Operating System) တခုဖြစ်တယ်ဆိုတာ ပြီးတော့ Open Source ဖြစ်တယ်ဆိုတာကို ပြီးခဲ့တဲ့ အပိုင်းမှာ တင်ပြခဲ့ပါတယ်။ ဒါဆို ဘာအကြောင်း တွေကြောင့်များ Android က Linux အပေါ် အခြေခံရသလဲဆိုတဲ့ မေးခွန်း တခု ထွက်လာပါတယ်။ Linux ဟာလဲ Free and Open Source ဖြစ်ပါတယ်။ ပြီးတော့ Linux က ပေါ့ပါးတယ်။ လုံခြုံမှုရှိတယ်။ Features တွေစုံလင်မှုရှိတယ်။ Linux ဟာ ကွန်ပျုတာ hardware တော်တော်များများမှာ ( mobile ဖုန်းတွေ၊ tablet computers တွေ network routers, televisions , vedio game consoles, desktop computer, mainframes နဲ ့super computer တွေအထိ) အလွယ်တကူ ပေါင်းစပ် အလုပ် လုပ်နိုင်စွမ်း ရှိပါတယ်။ ဒီလို hardware အတော်များများမှာ အလွယ်တကူ ပေါင်းစပ် အလုပ် လုပ်နိုင်စွမ်းရှိတဲ့ OS တခုကို Android က အခြေခံပြီး ရယူသုံးစွဲလိုက်ခြင်းဟာ hardware များကို အတိုင်းအတာ တခုအထိချုံ ့နိုင်ခဲ့သလို hardware နှင့် ၄င်းရဲ့ features အတော် များများကိုလည်း ထည့်သွင်းစဉ်းစားဖို ့မလိုအပ်တော့ပါဘူး။ အားလုံး သိပြီးတဲ့အတိုင်း Linux ရဲ ့Low Level အပိုင်း အတော်အများများကို ပေါ့ပါးတဲ့ C programming language code တွေနဲ ့ရေးသားထားတဲ့အတွက် Android ရဲ့ hardware device တွေနဲ ့android application တို ့ဟာ လွယ်ကူ အဆင်ပြေစွာ ပေါင်းစပ် အလုပ်လုပ်နိုင် နေတော့တာပါပဲဖြစ်ပါတယ်။ ဒါကြောင့် Android ဟာလဲ ပေါ့ပါးသွက်လပ်တဲ့ mobile OS တခုအဖြစ် ရပ်တည်လာနိုင်တော့တာပါပဲဖြစ်ပါတယ်။ နောက်ပြီး Linux ဟာ လုံခြုံရေးကောင်းမွန်တဲ့ Operating System ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ သူ ဖြတ်သန်း လာခဲ့တဲ့ သမိုင်းကာလ တွေကိုကြည့်ရင် သူယခု ရပ်တည်နေတဲ့ အခြေအနေတွေကိုကြည့်ရင် ဘယ်လောက်ထိ လုံခြုံမှု ပေးနိုင်သလဲဆိုတာ သိနိုင်ပါတယ်။ ပြီးတာ့ application တစ်ခုကိုတစ်ခု တည်မှီပြီး အလုပ် လုပ်ခြင်း မရှိတာကြောင့် application တစ်ခုကနေ application တစ်ခုသို ့ထိုးဖောက်ပြီးတော့ တိုက်ခိုက်လာနိုင်သော လုံခြုံရေးဆိုင်ရာ ပြဿနာများလည်း အတော့ကို ကင်းရှင်းသွားပါတယ်။ Android ဟာ ဘာကြောင့် ဒီလို လုံခြုံရေးဆိုင်ရာ အားသာချက် မျာစွာရှိနေတဲ့ Linux Kernel ကိုအခြေခံရယူသုံးစွဲ ရသလဲဆိုတာ မေးခွန်းတောင် မေးနေစရာမလိုအောင်ပါပဲ။ 
No comments:
lasted post in this site, touch on header
ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း
Html