ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

SSD ဆိုသည္ မွာ Solid State Drive

[Zawgyi]
SSD  ဆိုသည္ မွာ Solid State Drive လို႔ အဓိပၸါယ္ ရပါတယ္၊ ေန႕စဥ္ သုံးစြဲ ေနၾကတဲ့ ဒက္စေတာ့ ၊ လက္ပ္ေတာ့ပ္ ကြန္ျပဴတာ ေတြ မွာ အရင္ က ဆို hard disk ကို အသုံးျပဳ ၾကေပမယ့္၊ တျဖည္းျဖည္း ပိုၿပီး ေပါ့ပါး၊ ျမန္ဆန္ တဲ့ SSD ကို အစား ထိုး သုံးစြဲ လာၾကပါၿပီ။

Hard disk မ်ားသည္ platter ကို read/write head မ်ား ႏွင့္ ဖတ္ျခင္းမ်ိဳး ျဖစ္တာ ေၾကာင့္၊ data အသြင္း အထုတ္ လုပ္ဖို႔ အခ်ိန္ ၾကာျမင့္ ပါတယ္၊ လြတ္က်ပါက လည္း အလြယ္ တကူ ပ်က္ဆီး နိုင္ပါတယ္၊ အားသာ ခ်က္ တခု အေန နဲ႕ ကေတာ့ တျဖည္းျဖည္း ေဈး သက္သာ လာ ျခင္း ပဲ ျဖစ္ပါတယ္။

SSD အေန နဲ႕ ကေတာ့ data ကို memory chips မွာ သိမ္းဆည္း ပါတယ္၊ ကြန္ျပဴတာ power off လုပ္လည္း SSD မွာ သိမ္းဆည္း ထား သည့္ data သည္ ေပ်ာက္ပ်က္ မသြား နိုင္ပါဘူး၊ တခ်ိဳ႕ကြန္ျပဴတာ ေတြ (laptop and ultrabooks) မွာ SSD ကို motherboard ေပၚ မွာ တပ္ဆင္ ေပးလိုက္ ပါတယ္၊ workstation လိုမ်ိဳး မွာ က်ေတာ့ PCI Express card အေန နဲ႕ ရွိ နိုင္ပါတယ္၊ ကြန္ျပဴတာ ရဲ႕ slot သို႔ ထည့္သြင္း တပ္ဆင္ အသုံးျပဳတာ မ်ိဳး လည္း ရွိပါတယ္၊ ဒါေၾကာင့္ SSD သည္ internal ေရာ external ေရာ ပါ ထည့္ သြင္း အသုံးျပဳ နိုင္တယ္ လို႔ ဆိုရပါမယ္၊ 

SSD မွာ အသုံးျပဳ တဲ့ flash memory သည္ USB thumb drive မွာ အသုံးျပဳ တဲ့ memory နဲ႕ ကြာျခားပါတယ္၊ SSD က ပိုမို ျမန္ဆန္ ၿပီး၊ ၾကာရွည္ခံပါတယ္၊ data ပမာဏ အတူတူ ကို သိမ္းဆည္း ထား မယ္ဆို ရင္ SSD က ေဈးပို ႀကီး ပါတယ္၊ SSD ကို ၂၀၀၀ ခုႏွစ္ ေနာက္ပိုင္း netbooks မ်ား တြင္ စတင္ အသုံးျပဳ လာတယ္ လို႔ ဆိုနိုင္ပါတယ္၊

SSD ကို 2.5-inch  form factor အ႐ြယ္အစား အေန နဲ႕လည္း ေတြ႕ျမင္နိုင္ပါတယ္၊ အဲဒီ အ႐ြယ္ အစား ရွိ တဲ့ hard disk မ်ားကို SSD နဲ႕ အလြယ္ တကူ အစားထိုးနိုင္ပါတယ္၊ 2.5-inch form factor ရွိတဲ့ SSD သည္၊ 4 TB ပမာဏ အထိ ရွိ တတ္ ေပမယ္၊ တခ်ိဳ႕ ဆာဗာ ေတြ မွာ ေတာ့၊ 16 TB ပမာဏ အထိ တတ္ဆင္ အသုံးျပဳ သည္ ကို ေတြ႕ရွိရေလသည္။

SSD သည္ ေဈး ပို ႀကီးသည္ ဟု ဆိုခဲ့သလို ပဲ၊ 1TB internal 2.5-inch hard drive တခု သည္ $50 ေလာက္ ရွိခ်ိန္ မွာ ၊ ပမာဏတူ တဲ့ SSD  ကေတာ့ $220 ေလာက္ ရွိပါတယ္၊ ေနာက္ၿပီး SSD သည္ common usage အတြက္ အမ်ား ဆုံး ပမာဏ 4TB အထိပဲ ရွိ နိုင္ပါတယ္၊ speed က ေတာ့ SSD ရဲ႕ အား အသာ ဆုံး ေနရာ လို႔ ေျပာလည္း ရပါတယ္၊ SSD ကို primary drive အေန နဲ႕ အသုံး ျပဳ တဲ့၊ PC နဲ႕ Mac ကြန္ျပဴတာ ေတြ သည္၊ boot လုပ္တဲ့ အခါ၊ အပလီေကးရွင္း ေတြ ကို အသုံးျပဳတဲ့ အခါ၊ ဖိုင္ေတြ တေနရာ မွ တေနရာသို႔ ေ႐ႊ႕ေျပာင္း တဲ့ အခါမ်ိဳး ေတြ မွာ hard drive ထက္ ပိုမို ျမန္ဆန္ ပါတယ္။

Hard disk ေတြ မွာ ေတာ့၊ ဖိုင္ ေတြ သိမ္း/ဖ်က္ တာ ေတြ လုပ္ရင္း fragmentation ဆိုတာ မ်ိဳး ျဖစ္နိုင္ေပမယ္၊ SSD မွာ ေတာ့ မရွိ နိုင္ပါဘူး၊ hard drive ကေတာ့ platter, stepper motor နဲ႕ read/write head ေတြ ေပၚ မွာ အေျခခံ တည္ေဆာက္ ထားျခင္း ေၾကာင့္၊ ၾကမ္းၾကမ္းတမ္းတမ္း ကိုင္တြယ္ လို႔ ျဖစ္ေစ၊ ျပဳတ္က် လို႔ျဖစ္ေစ၊ ငလွ်င္ လႈပ္ျခင္း အစရွိသည့္ သဘာဝ ေဘးအႏၲရယ္မ်ိဳးေၾကာင့္ ျဖစ္ေစ ပ်က္စီး နိုင္ေပမယ္၊ SSD ကေတာ့ ဒါမ်ိဳး မျဖစ္နိုင္ပါဘူး။

SSD မွာ လႈပ္ရွား ရတဲ့ အပိုင္းမ်ိဳး မပါဝင္တာ ေၾကာင့္၊ hard disk လိုမ်ိဳး အသံထြက္ ဆူညံနိုင္ ျခင္းမ်ိဳးလည္း မရွိပါဘူး၊ SSD မွာ hard disk လိုပဲ အသုံးျပဳ ခ်ိန္ ၾကာျမင့္လာတဲ့ အခါ (၆ ႏွစ္ နဲ႕ အထက္လို႔ ဆိုပါတယ္) သူ႕ ရဲ႕ flash memory ကို ေရး/ဖ်က္ လို႔ မရတာ မ်ိဳးေတြ ရွိလာနိုင္ပါတယ္၊ ဒါေၾကာင့္ SSD ေရာ hard disk ပါ အသုံးျပဳ ခ်ိန္ ႏွစ္ခ်ီ ၾကာျမင့္ ၿပီ ဆိုရင္ ေတာ့၊ failur ကို ကာကြယ္ ရန္ အတြက္ tool တခုခု ကို အင္စေတာ လုပ္ၿပီး၊ hard disk (သို႔) SSD ၏ အေျခအေန ကို စဥ္ဆက္ မျပတ္ ေစာင့္ၾကည့္နိုင္ပါတယ္။

#sd #it
#itworld #informationtechnologyworld

[Unicode]
SSD  ဆိုသည် မှာ Solid State Drive လို့ အဓိပ္ပါယ် ရပါတယ်၊ နေ့စဉ် သုံးစွဲ နေကြတဲ့ ဒက်စတော့ ၊ လက်ပ်တော့ပ် ကွန်ပြူတာ တွေ မှာ အရင် က ဆို hard disk ကို အသုံးပြု ကြပေမယ့်၊ တဖြည်းဖြည်း ပိုပြီး ပေါ့ပါး၊ မြန်ဆန် တဲ့ SSD ကို အစား ထိုး သုံးစွဲ လာကြပါပြီ။

Hard disk များသည် platter ကို read/write head များ နှင့် ဖတ်ခြင်းမျိုး ဖြစ်တာ ကြောင့်၊ data အသွင်း အထုတ် လုပ်ဖို့ အချိန် ကြာမြင့် ပါတယ်၊ လွတ်ကျပါက လည်း အလွယ် တကူ ပျက်ဆီး နိုင်ပါတယ်၊ အားသာ ချက် တခု အနေ နဲ့ ကတော့ တဖြည်းဖြည်း ဈေး သက်သာ လာ ခြင်း ပဲ ဖြစ်ပါတယ်။

SSD အနေ နဲ့ ကတော့ data ကို memory chips မှာ သိမ်းဆည်း ပါတယ်၊ ကွန်ပြူတာ power off လုပ်လည်း SSD မှာ သိမ်းဆည်း ထား သည့် data သည် ပျောက်ပျက် မသွား နိုင်ပါဘူး၊ တချို့ကွန်ပြူတာ တွေ (laptop and ultrabooks) မှာ SSD ကို motherboard ပေါ် မှာ တပ်ဆင် ပေးလိုက် ပါတယ်၊ workstation လိုမျိုး မှာ ကျတော့ PCI Express card အနေ နဲ့ ရှိ နိုင်ပါတယ်၊ ကွန်ပြူတာ ရဲ့ slot သို့ ထည့်သွင်း တပ်ဆင် အသုံးပြုတာ မျိုး လည်း ရှိပါတယ်၊ ဒါကြောင့် SSD သည် internal ရော external ရော ပါ ထည့် သွင်း အသုံးပြု နိုင်တယ် လို့ ဆိုရပါမယ်၊ 

SSD မှာ အသုံးပြု တဲ့ flash memory သည် USB thumb drive မှာ အသုံးပြု တဲ့ memory နဲ့ ကွာခြားပါတယ်၊ SSD က ပိုမို မြန်ဆန် ပြီး၊ ကြာရှည်ခံပါတယ်၊ data ပမာဏ အတူတူ ကို သိမ်းဆည်း ထား မယ်ဆို ရင် SSD က ဈေးပို ကြီး ပါတယ်၊ SSD ကို ၂၀၀၀ ခုနှစ် နောက်ပိုင်း netbooks များ တွင် စတင် အသုံးပြု လာတယ် လို့ ဆိုနိုင်ပါတယ်၊

SSD ကို 2.5-inch  form factor အရွယ်အစား အနေ နဲ့လည်း တွေ့မြင်နိုင်ပါတယ်၊ အဲဒီ အရွယ် အစား ရှိ တဲ့ hard disk များကို SSD နဲ့ အလွယ် တကူ အစားထိုးနိုင်ပါတယ်၊ 2.5-inch form factor ရှိတဲ့ SSD သည်၊ 4 TB ပမာဏ အထိ ရှိ တတ် ပေမယ်၊ တချို့ ဆာဗာ တွေ မှာ တော့၊ 16 TB ပမာဏ အထိ တတ်ဆင် အသုံးပြု သည် ကို တွေ့ရှိရလေသည်။

SSD သည် ဈေး ပို ကြီးသည် ဟု ဆိုခဲ့သလို ပဲ၊ 1TB internal 2.5-inch hard drive တခု သည် $50 လောက် ရှိချိန် မှာ ၊ ပမာဏတူ တဲ့ SSD  ကတော့ $220 လောက် ရှိပါတယ်၊ နောက်ပြီး SSD သည် common usage အတွက် အများ ဆုံး ပမာဏ 4TB အထိပဲ ရှိ နိုင်ပါတယ်၊ speed က တော့ SSD ရဲ့ အား အသာ ဆုံး နေရာ လို့ ပြောလည်း ရပါတယ်၊ SSD ကို primary drive အနေ နဲ့ အသုံး ပြု တဲ့၊ PC နဲ့ Mac ကွန်ပြူတာ တွေ သည်၊ boot လုပ်တဲ့ အခါ၊ အပလီကေးရှင်း တွေ ကို အသုံးပြုတဲ့ အခါ၊ ဖိုင်တွေ တနေရာ မှ တနေရာသို့ ရွှေ့ပြောင်း တဲ့ အခါမျိုး တွေ မှာ hard drive ထက် ပိုမို မြန်ဆန် ပါတယ်။

Hard disk တွေ မှာ တော့၊ ဖိုင် တွေ သိမ်း/ဖျက် တာ တွေ လုပ်ရင်း fragmentation ဆိုတာ မျိုး ဖြစ်နိုင်ပေမယ်၊ SSD မှာ တော့ မရှိ နိုင်ပါဘူး၊ hard drive ကတော့ platter, stepper motor နဲ့ read/write head တွေ ပေါ် မှာ အခြေခံ တည်ဆောက် ထားခြင်း ကြောင့်၊ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ် လို့ ဖြစ်စေ၊ ပြုတ်ကျ လို့ဖြစ်စေ၊ ငလျှင် လှုပ်ခြင်း အစရှိသည့် သဘာဝ ဘေးအန္တရယ်မျိုးကြောင့် ဖြစ်စေ ပျက်စီး နိုင်ပေမယ်၊ SSD ကတော့ ဒါမျိုး မဖြစ်နိုင်ပါဘူး။

SSD မှာ လှုပ်ရှား ရတဲ့ အပိုင်းမျိုး မပါဝင်တာ ကြောင့်၊ hard disk လိုမျိုး အသံထွက် ဆူညံနိုင် ခြင်းမျိုးလည်း မရှိပါဘူး၊ SSD မှာ hard disk လိုပဲ အသုံးပြု ချိန် ကြာမြင့်လာတဲ့ အခါ (၆ နှစ် နဲ့ အထက်လို့ ဆိုပါတယ်) သူ့ ရဲ့ flash memory ကို ရေး/ဖျက် လို့ မရတာ မျိုးတွေ ရှိလာနိုင်ပါတယ်၊ ဒါကြောင့် SSD ရော hard disk ပါ အသုံးပြု ချိန် နှစ်ချီ ကြာမြင့် ပြီ ဆိုရင် တော့၊ failur ကို ကာကွယ် ရန် အတွက် tool တခုခု ကို အင်စတော လုပ်ပြီး၊ hard disk (သို့) SSD ၏ အခြေအနေ ကို စဉ်ဆက် မပြတ် စောင့်ကြည့်နိုင်ပါတယ်။







Credit..

#sd #it
#itworld #informationtechnologyworld

No comments:

lasted post in this site, touch on header

ကားတာယာအေရာင္းဆိုင္ မိတ္ဆက္ျခင္း

Html