ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

လျှပ်​စစ်​နှင့်​ပတ်​သတ်​တဲ့ အ​မေးအ​ဖြေ ( အပိုင်း -၃)

မင်္ဂလာပါခင်​ဗျာ။

လျှပ်​စစ်​နှင့်​ပတ်​သတ်​တဲ့ အ​မေးအ​ဖြေ ​လေး​တွေပါ ( အပိုင်း -၃)

101, Armature Reaction ဆိုတာ ဘာလဲ?
- Main Field နှင့် Armature Conductor တွင် Current စီးသောအခါ ဖြစ်ပေါ်လာသော Magnetic Reaction
ကြောင့် Field Coil တွင် Week ဖြစ်သွားခြင်းကိုခေါ်သည်။
-  Generated EMF ကျကာ Field Coil အတွင်း Current ကျသွားမည်။
- Armature တွင် Load များသောအခါ Armature Reaction ဖြစ်တတ်သည်။ 

102, Battery Room Maintenance ဘာတွေလုပ်မလဲ>
- Charging Rectifier ကောင်းမွန်စေရန် ပုံမှန်စစ်မည်။
- Battery Room အတွင်းခြောက်သွေ့စေရန် သန့်ရှင်းအောင်ထားမည်။
- Battery Room Temp; သည် 15 ~ 25°C အတွင်းရှိရမည်။
- Electrolyte များကိုင်တွယ်ရာတွင် အသုံးပြုရမည့် Rubber Gloves နှင့် Goggles များကို သတ်မှတ်နေရာမှာ
ထားရှိမည်။
- Battery First Aid Equipment များကို Battery Compartment ၏ သတ်မှတ်ထားသော နေရာတွင်ထားမည်။
- Battery Room Ventilation ကောင်းမွန်အောင်ထားမည်။
- Battery Charging သွင်းနေစဉ် Hydrogen Gas များထွက်သောကြောင့် Room အတွင်းသို့ Naked Light
များ မယူဆောင်လာရန် တားမြစ် Poster များကပ်ထားရမည်။
- Lead Acid Battery ထားသောနေရာအနီးရှိ Steel Structure များကို Acid Proof Paint သုတ်ပေးမည်။
Ni –Card cell များအနီးတွင်မူ Alkali Resisting သုတ်ပေးရမည်။
103, Battery Maintenance ဘာတွေလုပ်မလဲ ?
- Acid Level ကို စစ်မည်။
( Battery Plates ပြားများ လေနှင့်ထိတွေ့ခြင်းသည် Plates ပြားများ၏ သက်တမ်းကို တိုစေသောကြောင့်
  Plates များကို Acid ထဲတွင် နစ်မြုပ်အောင်ထားရမည်။)
- Hydrometer ကို အသုံးပြု၍ Electrolyte ၏ S.G ကို ပုံမှန်စစ်ဆေးမည်။ )
- Battery Out Put Power ကို စစ်မည်။ )
- Terminal Nut Connections များ Loose ဖြစ်၊ မဖြစ် စစ်ဆေးမည်။
( Nut များ Corrosion မဖြစ်စေရန် Petroleum Jelly သုတ်ပေးထားသည်။)
- Battery Top များကို ထြောက်သွေ့သန့်ရှင်းအောင်ထားမည်။
- တိုင်းတာရရှိသော တန်ဖိုးများကို Battery Log တွင် Record လုပ်မည်။
( Class Surveyor နှင့် Ship’s Inspector များသည် Battery Log ကို စစ်ဆေးလေ့ရှိသည် )

104, Battery Power ကို အသုံးပြုသောနေရာများကို ပြောပြပါ။
1. Life Boat Engine, Rescue Boat Engine နှင့် Emergency G/E Starting
2. Emergency Lighting
3. Navigation Lighting System
4. Alarm Systems ( General and Fire )
5. Fire Detection System
6. Communication System
7. Call Up System

105, Specific Gravity ( S.G ) ကို ဘာလို့တိုင်းရတာလဲ ?
       S.G ကိုတိုင်းတာကြည့်ခြင်းအားဖြင့် Battery အတွင်းရှိ Distilled Water နှင့် Acid တို့၏ အခြေအနေကို  သိနိုင်သည်။
     S.G                                                       Condition
   1.25 – 1.28                              - Acid ပုံမှန်ဖြစ်သည်။ ( Distilled Water ဖြည့်ရန်သာလိုသည် )
   1.3                                                  - Acid များသည်။ ( Distilled Water ဖြည့်ရန်လိုသည် )
   1.15 – 1,10                                      - Acid နည်းသည်။ ( Acid ထြည့်ရန်လိုသည် )
  ♥ လိုအပ်သော Acid (သို့ ) Distilled Water ဖြည့်ပြီးသောအခါ S.G သည် 1.25 – 1.28 အတွင်းရှိရမည်။

106,  Battery overcharge ဖြစ်ကြောင်း ဘယ်လိုသိနိုင်မလဲ ?
- Hydrometer ကို အသုံးပြု၍ Electrolyte ၏ S.G ကို စစ်ဆေးခြင်းဖြင့် သိနိုင်သည်။
- Electrolyte Surface တွင် Bubbles များ ဖြစ်ပေါ်နေခြင်းရှိ မရှကို ကြည့်ခြင်းဖြင့် သိနိုင်သည်။

107, Battery Capacity ကျရသော အကြောင်းအရင်းများကို ပြောပြပါ။
- Battery အတွင်း Short Circuit Cell ရှိနေသောကြောင့်
- Electrolyte  Weak ဖြစ်နေသောကြောင့်
- Electrolyte သတ်မှတ် Level အောက်နည်းနေသောကြောင့်
- Plates များ၏ Active Material Loss ဖြစ်သောကြောင့်
- Room Temp; အရမ်းပူသောကြောင့်
- Battery သက်တမ်းကုန်သွားသောကြောင့် ဖြစ်သည်။

108, Battery Order မှာသောအခါ ပါဝင်ရမည့် အချက်များကို ပြောပြပါ။
1. အသုံးလိုသော Battery ၏ Voltage
2. Battery ၏ Ampere /Hour (Ah)
3. Battery ၏ Size  ( Length , Wide , High )
4. Battery Type ( Lead Acid or Alkaline )
109, Safety Valve နှင့် Relief Valve ကွာခြားချက်က ဘာတွေလဲ ?

Safety Valve
၁။  Safety Valve ၏ Opening Pressure သည် Not More Than 3% Above Design Pressure
၂။  Set Pressure ရောက်သည်နှင့် Direct Lift ကို အပြည့် ဖွင့်သည်။
၃။ Mass & Pressure ကို Release လုပ်သည်။
၎။ Easing Gear သုံး၍ Manual ဖွင့်၍ ရသည်။
၅။ Desire Pressure ရောက်မှသာ ပြန်ပိတ်သည်။

Relief Valve
၁။  Relief Valve ၏ Set Pressure သည် 10% Above Working Pressure ဖြစ်သည်။
၂။  Set Pressure တွင် စပွင့်ပြီး အောက်မှ Pressure တက်လာသည်နှင့် တိုးတိုးပြီးပွင့်သည်။
၃။ Pressure ကိုသာ Release လုပ်သည်။
၎။ Manual ဖွင့်၍ မရ။
၅။ Working Pressure အောက်ရောက်မှသာ ပြနပိတ်သည်။

110, သင်္ဘောပေါ်ရှိ Navigation Light များကို ပြောပြပါ။
1. Fore Mast Light ( No.1 & 2 / Up & Down ) [ 112.5 Angle Light ]
2. Main or Aft Mast ( No.1 & 2 / Up & Down ) [ 225° Angle Light ]
3. Stern Light ( No.1 & 2 / Up & Down ) [ 135° Angel Light ]
4. Port Light ( No.1 & 2 / Up & Down ) [ 112.5 Light ] Red Colour
5. Starboard Light ( No.1 & 2 / Up & Down ) [ 112.5 Light ] Green Colour
6. Forward Anchor Light ( 360° All – Round Light )
7. Aft Anchor Light ( 360° All – Round Light )

111, Navigation Light များကိုအတွက် လိုအပ်သော Power ကို မည်သည့်နေရာမှ ရသလဲ ?
1. Main G/E
2. Emergency G/E
3. Battery တို့မှ ရရှိသည်။

112, Navigation Light Panel Requirement တွေက ဘာတွေလဲ ?
1. Navigation Light များကို သီးသန့် Distribution Board ဖြင့်သာ Power Supply ပေးရမည်။
2. Main Power Failure ဖြစ်သောအခါ Main Power Supply မှ Emergency Supply သို့ အလွယ်တကူ ပြောင်းနိုင်သော Changer Over Switch ကိုတပ်ဆင်ထားရှိသည်။
3. Navigation Light နှင့် Light CKT Failure ဖြစ်ကြောင်းသိန်ုင်ရန် Audible And Visual Alarm ကို တပ်ဆင်
ထားသည်။
4. အသုံးပြုနေသော Navigation Light ကျွမ်းသွားသောအခါ STB Navigation Light သို့ အလွယ်တကူပြောင်း
သုံးနိုင်ရန် Change Over Switch ကို တပ်ဆင်ထားသည်။
5. High Current ဖြတ်စီးမှုကို ကာကွယ်ရန် Fuse ကိုလည်း တပ်ဆင်ထားသည်။

113, Emergency Light တွေကို ဘယ်နေရာတွေမှာတွေ့နိုင်လဲ?
1. Engine Room
2. Bridge Passage Way နှင့် Embarkation Deck
3. Steering Gear Room နှင့် Muster Station

114, Emergency Light တွေကို ဘယ်လို Maintenance လုပ်မလဲ ?
- Saturday Routine တိုင်းတွင် လိုက်လံ စစ်ဆေးမည်။
- ယင်းတို့နှင့် သက်ဆိုင်သော Battery များကို Full Charge ဖြစ်အောင်အားသွင်းထားပြီး STB ထားမည်။
- ကျွမ်းနေသော မီးလုံးများကို အသစ်လဲမည်။

115, Navigation Light ကျွန်းသောအခါ ဘယ်လို Action ယူမလဲ ?
- Navigation Light များတွင် Use နှင့် Stand – By ဟူ၍ ၂ မျိုးရှိသည့်အနက် Use မီးလုံးကျွမ်းသွားသော
အခါ Stand – By သို့ Change Over Switch နှင့်ပြောင်းသုံးမည်။
- ကျွမ်းသွားသော မီးလုံးကို အသစ်လဲမည်။

116, Navigation Light များ၏ Range များကို ပြောပြပါ။
- Fine Weather တွင် Mast Light ( Fore and Aft ) ကို ( 6 Nm ) မှမြင်နိုင်ရမည်။
- အခြား Navigation Light များကိုမူ ( 3 Nm ) မှ မြင်နိုင်ရမည်။

117, Navigation Light Failure Alarm စမ်းပြပါ။
- Navigation Light Panel ရှိ Fuse ကိုဖြုတ်မည်။ Audible And Visual Alarm လာလျင်ကောင်းသည်။

118, Emergency Light နှင့် Ordinary Light များကို ဘယ်လိုခွဲခြားမလဲ ?
- အချို့သင်္ဘောများတွင် 1/2” ရှိသော ‘E’ စာလုံးကိုအနီရောင်ဖြင့်ရေးထားပြီး Cover ကို ဆေးအနီသုတ်ထား
ခြင်းသည် Emergency Light ဖြစ်ပြီး၊ Cover ကို ဆေးအဖြူသုတ်ထားခြင်းသည် Ordinary Light ဖြစ်သည်။
- အချို့တွင် Emergency Light Cover ပေါ်တွင် အစိမ်းရောင် Stivker အပိုင်းကို ကပ်ထားသည်။

119, Magnetic Contactor အကြောင်းပြောပြပါ။
- Electro Magnetic နှင့် အလုပ်လုပ်သည်။
- Coil ကို Power Supply ပေးလိုက်လျင် Energize ဖြစ်၍ Control Contact များသည် N.C < > N.O သို့
      ချက်ခြင်းပြောင်းလဲပြီး Power Line Contac သည် N.C  သို့ချက်ခြင်းပြောင်းလဲသည်။

120, Relay အကြောင်းပြောပြပါ။
- Electro Magnet နဲ့ပဲ အလုပ်လုပ်ပါတယ်။
- Only Control CKT အတွက်ပဲ သုံးပါတယ်။
- Coil ကို Power Supply ပေးလျင် N.C < > N.O သို့ ချက်ခြင်းတပြိုင်နက် ပြောင်းသည်။
- ရည်ရွယ်ချက်ကတော့ Inter Lock လုပ်ချင်လို့ပဲ။
- Magnetic Contactor ( M C ) ဆီသွားမယ့် Power Supply ကို Cut – In / Cut – Out လုပ်ပေးသည်။
- Type အနေနဲ့ကတော့ ( 8 Pin  ကိုသုံးတယ် )
                             ( 14 Pin ကိုတော့ Contactor Point တွေများရင် သုံးတယ် )

121, Magnetic Contactor နှင့် Relay တူညီချက်နဲ့ ကွာခြားကိုပြောပြပါ။
- တူညီချက်                       Electro – Magnetic နဲ့ အလုပ် လုပ်ကြတာချင်း တူတယ်။
- မတူညီချက်                    Relay ကို Power Line တွင်မသုံးပါ။ Control Line မှာပဲ သုံးတယ်။
                                   Magnetic Contactor ကတော့ Power Line ရော Control Line ရော (၂) ခုလုံး သုံးတယ်။
122, Switch Board ဘယ်နှစ်မျိုးရှိသလဲ၊ ဘာတွေလဲ ?
       Switch Board (4) မျိုးရှိသည်။
1. Main Switch Board ( Alternator ရဲ့ Switch Board )
2. Emergency Switch Board ( Emergency G/E ရဲ့ Switch Board )
3. Section Switch Board ( 440, 220, 110 V Panel Board )
4. Distribution Board ( Motor Stater Panel, Lighting Panel နှင့် Fedder Panel တို့ဖြစ်သည်)

123, Main Switch Board ကို ဘယ်နှစ်မျိုး ခွဲခြားထားလဲ ရှင်းပြပါ။
1. Dead Front Board
Terminals များ Bus Bars များနှင့် Breaker အစရှိသော ဓါတ်လိုက်စေသောအရာများကို Insulation
လုပ်ကာ Board ထဲသို့ထည့်ထားသော အမျိုးအစားဖြစ်သည်။
2. Live Front Board
Terminals များ Bus Bars များနှင့် Breaker အစရှိသော ဓါတ်လိုက်စေသောအရာများကို Insulation
မလုပ်ဘဲ ထားရှိသော Board အမျိုးအစားဖြစ်သည်။
3. Dead Board
မည်သည့် Power မျှမပေးထားဘဲ STB အဖြစ်ထားရှိသော Board အမျိုးအစားဖြစ်သည်။

124, Watch Keeping ဆိုတာဘာလဲ >
- Engine Room အတွင်းရှိ Running Machinery များနှင့် ၄င်း၏ Accessories များသည် Normal မှာ ရှိ မရှိ
Checking လုပ်ခြင်းဖြစ်သည်။
- အကယ်၍ Normal Condition မရှိခဲ့လျင် Maintenance လုပ်ရမည်။

125, Navigation Light ရဲ့ရည်ရွယ်ချက်က ဘာလဲ ?
- အခြားသင်္ဘောများနှင့် ဆိပ်ကမ်းတို့ကို ထင်သာမြင်သာရှိစေသော အချက်ပြမီးပေးရန်နှင့်
- သင်္ဘောများ မတော်တဆမှုဖြင့် အန္တရာယ်ဖြစ်ခြင်းမှ ရှောင်ရှားနိုင်ရန် ဖြစ်သည်။

126, SOLAS  Requirement အရ Navigation Light Panel Board မှာ ဘာတွေရှိရမလဲ ?
1. Navigation Light များကို သီးသန့် Distribution Brand ဖြင့်သာ Power Supply ပေးရမည်။
2. Change-Over Switch တပ်ဆင်ရမည်။ (For Ordinary Power and Emergency )
3. Audible And Visual Alarm ကိုတပ်ဆင်ထားရမည်။
4. အသုံးပြုနေသော Navigation Light ကျွမ်းသွားသောအခါ STB Navigation Light သို့ အလွယ်တကူ
ပြောင်းသုံးနိုင်ရန် Change-Over Switch ကို တပ်ဆင်ထားရမည်။ ( For Main & Sub )
5. High Current ဖြတ်စီးမှုကိုလည်း ကာကွယ်ရန် Fuse ကိုလည်းတပ်ဆင်ထားရမည်။
6. Navigation Light Switch Board သည် Duty Officer နှင့် Watch Keeper များ အလွယ်တကူ ဖွင့်နိုင်
ပိတ်နိုင် အသုံးပြုနိုင်သော နေရာတွင်ထားရှိရမည်။

127,  Motor Starter ရဲ့ရည်ရွယ်ချက်ကဘာလဲ ?
- To Reduce Starting Load ( Current )
- To Reduce Spark Hazard
- To Start And Stop For Many Time
128, Auto X’mer Starter အကြောင်းပြေပြပါ။
- Reduce Voltage Starting ဖြစ်တယ်
- Auto X’mer အားဖြင့် Volt ကိုပြောင်းပေးတယ်။
- Alternator ရဲ့ “Surging” ကိုလျော့နည်းစေတယ်။
- Expensive ဖြစ်တယ်
- Bow Thruster, Cargo P/P For Tanker, Main Feed P/P Motor For Crane, Windlass & Moring Winch
တွေက Large Motor တွေမှာ Auto X’mer Starter ကို သုံးကြတယ်။

129, D.O.L နှင့် Star – Delta ဘယ်လိုခွဲခြားမလဲ ?
- Motor Supply က
♥ (3) Terminal ဆိုရင် D.O.L Starter
♥ (6) Terminal ဆိုရင် Υ - ∆  Starter ဖြစ်သည်။
  ( 6 terminal တွေ့တိုင်းတော့ Υ - ∆ မဟုတ်ပါ )
Ф Star – Delta Starter မှာ Star ကနေ Delta သို့မပြောင်းရင် Winding Over Heat ဖြစ်ပြီး
   Burn Out ဖြစ်တတ်သည်။

130, Keep Relay အကြောင်းပြောပြပါ။
- Power Supply Failure ဖြစ်လျင် Power ပြန်လည်ရရှိသော အချိန်၌ Manual Reset လုပ်စာမလိုဘဲ
Auto Start ပြန်လုပ်ချင်သောနေရာတွင် သုံးသည်။
- Auto Start ဖြစ်ခဲ့လင် Timer သုံး၍ Sequential Start Operate လုပ်သည်။
     ● For E.g --- Steering Motor, L.O ump, Blower, ect _ _ _

131, Sequential Start ဆိုတာဘာလဲ?
- Keep Relay နှင့် Timer တို့ကို ပေါင်းသုံးထားတာ ဖြစ်တယ်
- Black out ဖြစ်ပြီးလို့ G/E ပြနှိုးခဲ့ရင် Steering Gear, Blower,L.O Pump, Cooling Pump များ
စသည်တို့သည် တပြိုင်နက်ထလည်ခဲ့လျင် G/E မြန်မြန် Load ကျသွားမည် ဖြစ်သည်။
- ထို့ကြောင့် G/E နှိုးပြီးလျင် Steering Motor, L.O Pump များတပြိုင်နက် ထမလည်စေရန် တစ်ခုနှင့်တစ်ခု
- (၃) စက္ကန့် (သို့) (၆) စက္ကန့် ခြားပြီး Auto Start ဖြစ်စေခြင်းကို Sequential Start ဟုခေါ်သည်။

132, Timer နှင့် Relay ဘာတွေတူပြီး ဘာတွေမတူလဲ ?

- မတူတဲ့ အချက်    
         
Power Supply ပေးရင် ချက်ခြင်း ပြောင်းတာက Relay. Power Supply ရပေမယ့် Time Setting ရောက်မှ ပြေင်းတာက Timer

- တူသောအချက်     
         
Timer ရော Relay ပါ Control Circuit မှာသာသုံးတယ်။

133, Timer အကြောင်းပြေပြပါ.
- Electro Magnrtic ဖြင့် အလုပ်လုပ်သည်။
- Unit (or) Coil ကို Supply ပေးလျင် N.C          N.O သို့ချက်ခြင်းမမြောင်းသေးဘဲ သတ်မှတ် Time Setting
ရောက်မှ အလုပ်လုပ်သည်။ ပြောင်းလဲသည်။
- Only Control CKT အတွက်သာ သုံးသည်။
- Timer (၂) မျိုးရှိသည်။
(1) ON Delay Timer ( Power Supply ပေးပြီးသတ်မှတ် Setting Time ရောက်မှပြောင်းလဲသည် )
(2) OFF Delay Timer ( Power Supply ဖြတ်လိုက်သေည်ာလဲ Setting Time ရောက်မှ ပြောင်းလဲသည် )

134, Trip ဘယ်နှစ်မျိုးရှိလဲ ဘာတွေလဲ ?
        Trip (3) မျိုးရှိသည်။
(1) Long Time Trip
(2) Short Time Trip
(3) Instantaneous Trip တို့ဖြစ်သည်။

135, Star – Delta ဘယ်လိုပြောင်းလဲ ?
       Timer နှင့် Relay များခံ၍ Nagnetic Contactor အားဖြင့် Start – Delta ကိုပြောင်းသည်။

136, Star မှ Delta ကိုမပြောင်းလျင် ဘာဖြစ်နိုင်သလဲ ?
     -  Motor Over Load ဖြစ်၍ Burn Out ဖြစ်မည်
     - Reduce Voltage ဖြင့်မောင်း၍ Power နည်းပြီး Motor Load ကို မဆွဲနိုင်တော့၍ Burn Out ဖြစ်ရသည်။

137, Delta ကနေ Star သို့ ပြန်ပြောင်းတဲ့ Starter ရှိပါသလား?
-  ရှိပါတယ်။
- Pole Change Motor များတွင် Variable Speed အတွက်သုံးပါတယ်
- E.g --- Grinder Motor ( Universal Motor A.C / D.C သုံး )
          Windlass Motor ( Anchor Winch Motor )

138, Universal Motor ဆိုတာဘာလဲ ?
        A.C ရော D.C ပါ သုံးလို့ရတဲ့ Motor ဖြစ်ပါတယ်။

139, Electric Motor ဆိုတာ ဘာလဲ ?
- Electrical Energy မှ echnical Energy သို့ ပြောင်းပေးသော ( Device ) ကိရိယာ ဖြစ်သည်။

140, Alternator ဆိုတာ ဘာလဲ ?
- Mechnical Energy မှ Electrical Energy သို့ပြောင်းပေးသော ( Device ) ကိရိယာ ဖြစ်သည်။

141, Rotory Converter ဆိုတာ ဘာလဲ ?
- Alternator တွင် Field Excition အတွက် D.C Current ရရန် A.C မှ D.C သို့ပြောင်းပေးသော
3 Phase Doide Bridge ကိုခေါ်သည်။

142, Battery Charging သွင်းနည်း ဘယ်နှစ်နည်းရှိသနည်း?
- Charging သွင်းနည်း (၅) နည်းရှိသည်။
1. Initial Charge
2. Normal Charge
3. Equalizing Charge
4. Floating Charge
5. Fast Charge

143, Control တစ်ခုရဲ့ Sensitivity ဆိုတာဘာလဲ ?
- Narrow Limit အတွင်းမှာ သတ်မှတ်ထားတဲ့ အချိန်အတွင်း Out-Put Signal တစ်ခုကို ပြန်၍ Control
လုပ်နိုင်တဲ့ အရည်အချင်းကိုခေါ်သည်။

144, A.V.R အမျိုးအစားတွေကို ဖေါ်ပြပေးပါ။
1. Carbon Pile Regulator
2. Vibrating Contact Regulator
3. Static AVR
4. Rotating Sector
5. Multi Contact
6. Magnetic Amplifier
7. Electronic Amplifier တို့ဖြစိသည်။
                                                                  အလွတ်ကျက်ရန်
  145, Diode ဆိုတာဘာလဲ ?
-  အဓိကအားဖြင့် A.C မှ D.C သို့ ပြောင်းပေးသော Electronic Device ဖြစ်သည်။
( A.C current မှာဆို Reverse Leakage Current အနည်းငယ်ရှိသည် )
- D.C Current အား Anode မှ Cathode သို့om စီးစေသည်။
- Rectifier များတွင်သုံးသည်။ ( A.C ~ D.C Convetor ဟုလည်းခေါ်သည် )

146, Ziner Doide ဆိုတာဘာလဲ ?
       - Contact Output Signal ကို Maintain လုပ်ပေးတယ်။ ဘယ်နေရာမှာ အသုံးများလဲဆိုရင်
         * AVR နှင့် Generator Circuit များတွင် အသုံးများသသည်။
147, Excitation ဆိုတာဘာလဲ ?
- Generator မှ လိုအပ်သော Out- put A.C Voltage ထွက်စေရန် ၄င်း၏ Rotor Field Winding သို့
Connect D.C Current ဖြင့် Supply And Control လုပ်ပေးခြင်း Process ဖြစ်သည်။
- Constant Rate Of Magneytic Flux ထုတ်ပေးနိုင်သောကြောင့် D.C ကိုသုံးသည်။

148, Excitation Method တွေကိုပြောပြပါ။
- Separtaed Excitation Method ( external D.C source မှ ပေးခြင်း )
- Self Excitation Method    တို့ဖြစ်သည်။

149, Motorizing ဖြစ်တယ်ဆိုတာဘာလဲ ?
-  Alternator (၂) လုံး Parallel လုပထားတဲ့အချိန်မှာ တစ်လုံးက Load ကျလာမယ် ( Under Voltage )
ဖြစ်လာမယ်ဆိုရင် ကျန်တဲ့တစ်လုံးဆီက Reverse Power ဝင်လာခဲ့ရင် Alternator ကနေ Motor Action
ဖြစ်တာကို Motorizing ဖြစ်တယ်လို့ခေါ်တယ်။
- တစ်နည်းအားဖြင့် Reverse Power Relay တွေ အလုပ်နလုပ်လို့ဖြစ်တယ်။

150, D.C Excitation Current ကို ဘယ်ကရလဲ ?
- AVR & Battery တို့မှရသည်။

မေတ္တာဖြင့်
T.Y.M.M

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html