ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

လျှပ်​စစ်​နှင့်​ပတ်​သတ်​​ (အပိုင်း-၄)

မင်္ဂလာပါခင်​ဗျာ။

လျှပ်​စစ်​နှင့်​ပတ်​သတ်​​သော အ​မေး၊အ​ဖြေများ (အပိုင်း-၄)

151, A.C  Induction Motor ဘယ်လိုအလုပ်လုပ်သလဲ ?
- Stator ကို 3Ф A.C Supply ပေးသောအခါ Stator Rotating Flux တွေဖြစ်လာတယ်။
- အဲဒီနောက် Rotor ရှိ Conductor ကို Cut လုပ်သောအခါ Rotor မှာ Induce E.M.F ဖြစ်လာပြီး
Rotor Current ထုတ်ပေးတယ်။
- Rotor Current ကြောင့် Magnetic Flux ဖြစ်လာပြီး Stator Rotating ကို Interact ဖြစ်ကာ သူတွန်း
ကိုယ်တွန်းနဲ့ အပြန်အလှန်လုပ်ရင်း Ball Bearing ပေါ်မှာရှိတဲ့ Rotor တွင် Torque ဖြစ်၍ Motor ကို
လည်စေပါတယ်။

152, Emergency Switchboard တပ်ဆင်ထားရသော ရည်ရွယ်ချက်ကိုပြောပြပါ။
- Main Power Failure ဖြစ်သောအခါ Emergency G/E မှ ထုတ်ပေးသည့် Power များကို Emergenct
Load များအတွက် Distribute လုပ်နိုင်ရန်ဖြစ်သည်။
- ( 440 or 380 ) Volt နှင့် ( 220 or 110 ) Volt ဟူ၍ Section 2 ခုပါရှိသည်။
- အချို့သင်္ဘောများ၌ Electeic Shore Connection ယူသောအခါ Emergency Switchboard မှတဆင့်
Main Switchboard သို့ Power များကို Back Feed ပေးရန်ဖြစ်သည်။

153, Emergency Switchboard Safety Device များကိုပြောပြပါ။
1. Breaker
2. Fuses
3. Meter ( Ammeter , Voltmeter , Frequency Meter , _ _ _ _ _ )
4. Indicator Lamp
5. Space Heter
6. Inter Lock
7. Battery Charging Equipment
8. 440 V , 220 V Power Supply

154, Emergency Power ရရှိနိုင်သော နေရာများကိုပြောပြပါ။
- Emergency Generator
- Emergency Battery တို့ဖြစ်သည်။

155, Emergency Generator ဆိုတာဘာလဲ ?
- Main Power Supply Failure ဖြစ်သွားသောအခါ Emergency Power ( Load ) ပေးသော G/E ဖြစ်သည်။

156, Emergency Generator ကို ဘယ်နေမှာထားလဲ ?
- Engine Room ရဲ့အပြင်ဘက်မှာရှိတယ်။
- Boat Deck ( Weather Deck ) ရဲ့ အမြင့်ဆုံးနေရာမှာထားတယ်။

157, Emergency G/E အကြောင်း သိသလောက်ပြောပြပါ။
1. Emergency G/E မှထုတ်ပေးသော Power ကို သင်္ဘောအရွယ်အစားပေါ် မူတည်ကာ ထားရှိသည်။
2. Small Vessel များတွင် KW နည်းသော Emergency Lighting အတွက်သာ ထားရှိသည်။
3. Large Vessel များတွင်မူ Essential Services များအတွက်လိုပ်သော Power ထုတ်ပေးနိုင်ရန် ရည်ရွယ်ပြီးထားရှိသည်။
            4. Emergency G/E သည် Main G/E နှင့် Operation and Conctruction ပိုင်းတို့တွင်တူညီသည်။ AVR နှင့်
           Starter ပါရှိသည်။
5. Out-Put Voltage ကို Main G/E အတိုင်း ( 440V, 60HZ , 3PH A.C ) ထုတ်ပေးနိုင်သည်။
6. Emergency G/E ကို ပုံမှန်အားဖြင့် တစ်လတွင် (၂) နာရီခန့် Full Load ဖြင့် Test လုပ်ပေး၇မည်။
7. Passanger Ship များတွင် 36 Hr ( 45 Sec အတွင်း ) ၊Cargo Ship များတွင် 18Hr တောက်လျောက်
            Power ပေးနိုင်ရမည်။
8. Passanger Ship မှာ F.O TK Capacity က ( 36Hr ) အတွက်ရှိပါတယ်.
9. Cargo Ship မှာ F.O TK Capaicity က ( 18Hr ) အတွက်ထားရှိပါတယ်။

158, Emergency G/E နှင့် Main G/E တို့ Load Sharing လုပ်လို့ရပါသလား ?
- မရပါ။
- Interlock ထားရှိတဲ့အတွက်ကြောင့်ဖြစ်သည်
- Out Put Power မတူတဲ့အတွက်ကြောင့် Load ဆွဲတင်သောအခါ Generator Power က၍ Reverse Power
ဝင်တတ်သောကြောင့်ဖြစ်သည်။

159,  Space Heater ကို ဘယ်မှာ တပ်ထားသလဲ ?
- Space Heater Coil ကို Alternator ၏ Stator Winding များကြားတွင် Coil အသေးများကို Embedded လုပ်
ထားသည်။ ( Internal or External Space Heater ကိုသုံးသည် )
- ACB Control နှင့် Space Heater Control ကြားတွင် Interlock လုပ်ထားသည်။
- Space Heater ကို Manual  ON/Off လုပ်၍လဲ ရသည်။

160, ၄ ပေမီးချောင်းက Choke ကို ၂ ပေမီးချောင်းမှာ သုံးလို့ရပါသလား ?
- ရပါသည်။

161, Dead Man’s Alarm ဆိုတာ ဘာလဲ ?
- U.M.S သင်္ဘောတွေမှာ သုံးသည်။
- Time Delay ဖြင့်အလုပ် လုပ်၍ E.O သည် Time Delay Setting ချိန်ညှိရသည်။
- Setting ချိန်၍ Press Button ကိုနှိပ်ခဲ့ရသည်။ နှိပ်ပြီးလျင် Time Delay Setting လုပ်ထားသည့် အချိန်အတွင်း
အမှီပြန်လာပြီးနှိပ်ရသည်။
- ထိုသို့မနှိပ်လျင် Time Delay Seeting ကျော်သွားပါက Alarm လာမည်။
- ရည်ရွယ်ချက်ကတော့ Watchkeeping တွင် Personal Safety အတွက် တပ်ဆင်ထားခြင်းဖြစ်သည်။

163, Rectifier အကြောင်းပြောပြပါ။
- A.C မှ D.C သို့ပြောင်းပေးသည်။ Diode များသုံးထားသည်။
- A.C Supply ပေး၍ D.C သုံးသော Load များမှာ Rectifier သုံးသည်။
Type Of Rectifier
1. Half Wave Rectifier ( 1 Diode )
2. Full Wave Rectifier ( 2  or 4 Diode )
4 Diode သုံးရင် Bridge Rectifier ဟုခေါ်သည်။

164, Resistor Value ကို ဘယ်လိုသိနိုင်မလဲ ?
       ۩ Colour Code ကိုကြည့်ခြင်းအားဖြင့်လည်းကောင်း
       ۩ Formula                      အရသိနိုင်တယ်။
          

165, Transducer ဆိုတာဘာလဲ ?
- Transducer ဆိုတာ Sensor  ပါပဲ။
- Transducer ကို Electrical Component တွေနဲ့တည်ဆောက်ထားပါတယ်။
- Non Electrical Signal                    Electrical Signal
Temp;
Press;                                                                                                          Digital
Flow
Level

166, Static Inverter ဆိုတာဘာလဲ ?
       ۩  D.C မှ A.C သို့ပြောင်းလဲပေးသည်။
       ۩  Thyristor များ အသုံးပြုထားသည်။
       ۩  Shaft Denerator များတွင် သုံးသည်။
       ۩  Constant Frequency ရအောင် ဆောင်ရွက်ပေးသည်။

167, Incandescent Lamp မီးလုံး ဘယ်လိုလင်းသလဲ ?
- Supply Voltage ပေးလိုက်သောအခါ Tungsten Wire အတွင်း Curreny စီးသောအခါ Temperature
3000°C Raise ဖြစ်လာပြီး အလင်းထုတ်ပေးကာ လင်းလာသည်။
- Nitrogen (N2) ၊ Argon Gas များဖြည့်ထားခြင်းဖြင့် Filament Evaporation Reduce ဖြစ်စေပြီး
Long Life ဖြစ်စေပါသည်။

168, Choke ရဲ့ရည်ရွယ်ချက်က ဘာလဲ?
- Load ဆွဲရင်ဆောင့်တက်လာမယ့် Surge Current ကို Control လုပ်ပေးတာဖြစ်တယ်။
- Back E.M.F ထုတ်ပေးတယ်။
169, Starter ရဲ့ရည်ရွယ်ချက်က ဘာလဲ ?
- To Complete Circuit At Starting ( မီးချောင်း စတင်အလုပ် လုပ်ချိန်၌ ပြည့်သုံသောလျှပ်စီးပတ်လမ်းရရန် )

170, မီးချောင်းလယ်လို လင်းလာသလဲ ?
- Supply Voltage ပေးလိုက်သောအခါ Choke အတွင်း Current စီးသွားပြီး
Starter မှ Complete CKT ကိုဖြစ်စေသည်။
- ၄င်းအချိန်တွင် Choke Coil မှ Induce e.m.f ကိုထုတ်ပေးပြီး Circuit တွင် Voltage  အားမြင့်လာသည်။
- ထို့ကြောင့် Electrode ၂ ခုကြားမှာ Arc Striking ဖြစ်ပေါ်လာပြီး မီးချောင်းလင်းလာသည်။
- ၄င်းနောက် Starter သည် Open ဖြစ်သွားသည်။

171, Dash Pot ဆိုတာဘာလဲ ?
- Over Load Trip တွင်တပ်ဆင်ထားတဲ့ ကိရိယာဖြစ်တယ်။
- Over Load ဖြစ်လျင် ချက်ခြင်း Trip မဖြစ်စေဘဲ Time Delay Action တစ်ခုဖန်တီးပေးသည်။
- ခဏတာ Current တက်လာခြင်းကြောင့် မလိုအပ်ဘဲ Over Load Trip မဖြစ်စေရန် ကာကွယ်ပေးသည်။

172, Dash Pot ကို ဘယ်နေရာမှာေ တွမှာ တပ်ဆင်ထားသလဲ ?
- Over Load Trip
- Under Voltage Trip
- Perferential Trip တွေမှာ တပ်ဆင်ထားသည်။

173, Armature Reaction ဆိုတာဘာလဲ ?
       ۩  Main Field နှင့် Armature Conductor တွင် Current စီးသောအခါ ဖြစ်ပေါ်လာသော Magnetic Reaction
           ကြောင့် Field Coil တွင် Week ဖြစ်သွားခြင်းဖြစ်သည်။
           ( Armature Reaction ဖြစ်လျင် Generator E.M.F ကျ၍ Field Coil အတွင်း Current ကျမည်။ )
           ( Armature တွင် Load များလျင်လည်း Armature Reactuon ဖြစ်တတ်သည်။ )

174, Armature Reaction မဖြစ်စေရန် Prevention အနေနဲ့ ဘာလုပ်မလဲ ?
- Main Pole ကြား Interpole ထည့်ထားမယ်။
- Neturalizing Winding ထည့်မယ်။

175, Bridge ပေါ်မှာသုံးထားတဲ့ D.C Motor တစ်ခုကို ပြောပြပါ။
- Wiper Motor ဖြစ်သည်။

176, Motor Over Heat ဘာကြောင့်ဖြစ်တာလဲ ?
1. Cooling Fan မကောင်းသောကြောင့်
2. Ventilation မကောင်းသောကြောင့်
3. Single Phasing ဖြစ်နေသောကြောင့်
4. Motor Over Load ဖြစ်နေသောကြောင့်
5. Motor Bearing Wear-Down ဖြစ်နေသောကြောင့်
6. Shaft Misalignment ဖြစ်နေသောကြောင့် ဖြစ်သည်။

177, Circuit Breaker နှင့် Thermal Over Load Relay တို့တွင် ဘယ်အရာက အရင်အလုပ်လုပ်မလဲ ?
- Normal ဆိုရင် သတ်မှတ် Setting ရောက်တာနဲ့ Thermal Over Load Relay က အရင် Action
ယူမယ။ ပြီးမှ Circuit Breaker က အလုပ်လုပ်မယ်။
- Thermal Over Load Relay က ဖြုတ်မချဘူးဆိုရင်လည်း Circuit Breaker က ဖြုတ်ချမယ်။

178, D.C Only သုံးတဲ့ Load  တွေကိုပြောပြပါ။
       ● M/E & G/E Control Console
       ● Navigation & Communication System
       ● Fire Detector & Alarm System
179, Refrigeration System တွင် Defrosting System ဘယ်နျစ်မျိုးရှိသလဲ ?
1. Water Wash Defrosting
2. Hot Gas Defrosting
3. Electric Defrosting
4. Manual Shut Down Defrosting
5. Warm Brine Defrosting တို့ဖြစ်သည်.

180, AVR ကောင်းမကောင်း ဘယ်လိုစစ်မလဲ ?
 AVR ကောင်းမကောင်းကို Workshop မှာ Simulated Gen Set နဲ့စစ်လေ့ရှိပါတယ်။
 အကယ်၍ ၄င်းကိရိယာမရှိရင်တော့ တစ်ခြားနည်းလမ်းဖြင့် စစ်ဆေးနိုင်ပါတယ်။
 ဘာမှအပြောင်းအလဲ မလုပ်ခင် မူလ  Seeting တွေကိုမှတ်ထားပါ။
 110V မီးလုံးတစ်လုံးကို AVR ရဲ့ excitation out put terminal ( F+, F- ) မှာဆက်ပါ။
 AVR ကို Power Supply ဆက်ပေးပါ။ 220V လား 440V လား မှန်အောင်ဆက်ပါ။
 Stability ကို အ့မင့်ဆုံးမှာထားပါ။
 မီးမလင်းလျင် Volt Setting ကိုတင်ပါ။
 မီးလင်းလျင် Voltage Setting ကို တစ်ဖြည်းဖြည်းမီးငြိမ်းသည်အထိ လျော့ချပါ။
 မီးငြိမ်းတဲ့နေရာမှာ အတင်အချ နည်းနည်းရွေ့ကြည့်ပါ။မီးက ဖြက်ကနဲ ဖွင့်လိုက် ပိတ်လိုက်ဖြစ်နေနမယ်။
 နောက် Stability ကို အနိ့်ဆုံးရွှေ့ပါ။
 မီးအဖွင့်အပိတ် ထပ်ကစားကြည့်ပါ။ မီးက မျက်တောင်တဖျက်ဖျက် ခတ်နေပါလိမ့်မယ်။
 ဒါဆို AVR Function အလုပ် လုပ်တယ်လို့ ယူဆနိုင်တယ်။

181, Motor Overhaul လုပ်ပြပါ။
 သက်ဆိုင်ရာ Motor ရဲ့ Breaker ကိုချကာ Lock လုပ်မည်။ Men On Work စာချိတ်မည်။
 Motor သို့ အဝင် Connection များကို အမှတ်အသားပြုကာ Tape နှင့်ပတ်ထားမည်။
 ပြီးလျင် Fan Cover ဖွင့်မည်။ Fan ကိုဖြုတ်ပြီး Shaft မလည်စေရရန် Lock လုပ်မည်။
 တစ်ဖက်မှ End Cover ကိုဖွင့်ပြီး Rotor ကို ထုတ်မည်။
 Ball Bearing ကိုလှည့်ကြည့်ကာ စစ်ဆေးမည်။
 Bearing မကောင်းလျင် Puller ဖြင့်ဖြုတ်ကာ အသစ်လဲမည်။
 Fan Blade များ ကျိုး မကျိုး စစ်မည်။
 Rotor ကို စစ်မည်။
 Winding ကို IR Test လုပ်ကြည့်မည်။
 စစ်ဆေးပြီး အားလုံးကောင်းမွန်လျင် ပြန်လည်တပ်ဆင်ကာ Test Run လုပ်ကြည့်မည်။

182, Docking တွင် Shore Power Connection ယူပြပါ။
 Dock မှ Earth Point နဲ့ သင်္ဘောရဲ့ Body ကို Earth ဖမ်းမယ်။
 System ကိုစစ်မယ် ( 3Ф,3 Wire (or) 3Ф, 4 Wire )
 Cable Colour များကို မှန်ကန်စွာ Connection ယူမည်။
 Shore Side မှ Power Supply ကို ON ခိုင်းမည်။
 Switch အဝင်မှာ Voltage & Frequency မှန် မမှန် တိုင်းကြည့်မည်။
 Phase Sequence ကို Shore Connection Box ပေါ်ရှိ Indicator Lamp ကိုကြည့်၍ Check လုပ်မည်။
 အားလုံး မှန်ပါက Shore Connection Box မှ Shore Power Breaker ကို ON မည်။
 အားလုံးပြည့်စုံ မှန်ကန်စွာ Power ယူပြီးနောက် Shore Side ရှိ Kwhr Meter မှ Unit နံပါတ်များကို Record ယူထားရမည်။
183, Motor ရေမြုပ်ရင် ဘာလုပ်မလဲ ?
• ပထမဦးစွာ ရေမြုပ်နေသော Motor ကို Power ပေးထားတဲ့ Breaker ကိုချကာ Lock လုပ်ထားမည်။
• Breaker တွင် Men ON Work စာချိတ်မည်။
• Motror ၏ Terminal Box မှာရှိတဲ့ Cable တွေကို သေချာစွာ မှတ်သားပြီး Disconnect လုပ်မည်။
• Motor ၏ Mounting Nut တွေကို ဖြုတ်မည်။
• Motor ၏ Statot နှင့် Rotor တို့ကို မထိခိုက်စေရန် ဂရိုက်၍ ဆွဲထုတ်မည်။
• မျက်မြင်အနေအထားအတိုင်း သေချာစွာစစ်ဆေးမည်။
• ပြီးလျင် အေးနေသော Fresh Water နှင့် အထပ်ထပ်ဆေးရမည်။
• ပြီးလျင် နွေးနေသော Fresh Water ( 60°C ) ရေနှင့် ထပ်မံ၍ ဆေးကြော သန့်စင်ရမည်။
• ထို့နောက် Heater သုံးပြီး အခြောက်ခံရမည်။
• ရေခိုရေငွေ့တွေ ထွက်သွားနိုင်ရန် လေဝင်လေထွက် ကောင်းအောင်လုပ်ပေးရမည်။
• IR Test လုပ်မည် Result ကို Record ယူမည်။ ( 1MΩ အထက်ရှိလျင် ပိုကောင်းသည် )
• Ir တန်ဖိုးတွေ မြင့်တက်လာပြီး စိတ်နိုင်းကျပြီးဆိုရင်တော့ Insulation Vernish ကို Low Coated လောင်းမည်။ပြီးလျင် Heater ဖြင့်အခြောက်ခံမည်။
• ထို့နောက် Earth Test, Turn Short Test, Continuty Test များပြုလုပ်စစ်ဆေးမည်။
• အားလုံးကောင်းလျင် ပြန်လည်ဆပ်ဆင်မည်။  

184, Emergency Steering Gear ဘယ်လိုမောင်းမလဲ ?
  Bridge Control ကို Menual ပြောင်းမည်
  Bridge နှင့် Communication ယူမည်။
  Hydraulic System အတွက် Motor ကို Local Panel မှ Run လုပ်မည်။
  Motor ၏ Ampere Rating စစ်မည်။
  Port နှင့် STBD တို့ကို Button အား Pin ထိုးပြီးလှည့်မည်။
  သတ်မှတ်ထားသော Position ရောက် မရောက် Rudder Angle Indicator ကိုကြည့်မည်။
  Steering Room နှင့် Bridge တို့၏ Rudder Angle Indicator တို့ တူ မတု စစ်ဆေးမည်။
  Steering Unit NO.1 ကောင်းပါက NO.2 ကို ဆက်စစ်မည်။

185, Excitation Lose ဖြစ်ပြီး G/E Out-Put Voltage မထွက်ရင် ဘာလုပ်မလဲ ?
 A.V.R ၏ Excitation Volt ထွက် မထွက် စစ်မည်။
 Excitation Volt မထွက်ပါက A.V.R ၏ Sensing Voltage ကို စစ်မည်။
 ထို Sensing Voltage သည် Stator Winding မှ ထွက်လာသော Initial Voltage ဖြစ်သည်။
 NO Signal Voltage ဆိုရင်တော့ G/E တွင် Residual Magnetism ပျောက်သောကြောင့်ဖြစ်သည်။
 အကယ်၍ Initial Vtg; မပျောက်ပါက Rotary Converter မှ Diode တွေကို စစ်ရမည်။

186, A.C Motor Speed ကို Control နိုင်သော အဓိက ပုံစံနှစ်မျိုးရှိသည်။
1. Pole Changing Methord နှင့်
2. Continuously Variable Speed Control Methord တို့ဖြစ်သည်။

187, A.C.B ဘာကြောင့် ON မရတာလဲ ?
1. Roughness Of Contact’s Surface
2. Discharge Spring
3. Cut Off Clasing Coil
4. Defect In Control Circuit
5. Abnormal  UVT
 Abnormal Control Source
 Cut or Short Of Coil
 Defect in control device of UVT
6. Abnormal SHT
 Abnormal Position Of Moving Core
 Change In Moving Core Stroke
7. Roughness Of Moving Parts Caused Insufficient Grease
8. Abnormal Position Of Open Pedlock Lever

188, Refrigeration System မှ Deforst Timer အလုပ်လုပ်ပုံကို ပြောပြပါ။
- Deforst Timer သည် ၈နာရီ တစ်ခါ ON သည်။
- တစ်နေ့ကို သုံးကြိမ် အလုပ်လုပ်သည်။
- တစ်ခါ ON လျင် မိနစ် ၂၀ မျှကြာသည်။
- Only For Meat Room & Fish Room  Not For Vegrtable Room

189, Motor ဆိုတာဘာလဲ ?
• Electrical Energy မှ Rotational Mechnical Energy သို့ပြောင်းပေးသော Device ဖြစ်သည်။

190, 3 Phase A.C Motor ၂ မျိုးကို ပြောပြပါ။
1. Synchronous Motor
- Alternator Speed  ( Synchronous Speed : Ns ) အတိုင်း လိုက်လည်နိုင်သည်။
2. Induction Motor
- Alternator Speed ( Synchronous Speed : Ns ) အတိုင်းလိုက်၍ မလည်နိုင်ပါ။ Slip ရှိသည်။

191, Slip ဆိုတာဘာလဲ ?
- Slip သည် Synchronous Speed နှင့် Rotor Speed တို့၏ခြားနားမှုဖြစ်သည်။ Slip ကို Synchronous
Speed ၏ Percentage (%) ဖြင့်ဖေါ်ပြလေ့ရှိသည်။
- Induction Motor တွင် Friction များကြောင့် Synchronous Speed အတိုင်း NO Load တွင်ပင်လိုက်၍
မလည်နိုင်ပါ။

192, Auto X’mer ၏ အားသာချက်နှင့် အားနည်းချက်များကို ပြောပြပါ။
       အားသာချက်များ
1. Auto x’mer တွင် လိုအပ်သော Torque ကို x’mer ပေါ်ရှိ Tapping များကို ရွှေ့ကာရွေးချယ်နိုင်သည်။
2. 3 Terminations ၊ 6 Terminations နှင့် 9 Terminations များတွင် အသုံးပြုနိုင်သည်။
3. Star – Delta Starting မှာကဲ့သို့ Contactor ကပ်ကာ Full Turn Short မဖြစ်နိုင်ပါ။
4. Auto x’mer တွင် High Temp; Protection ပါရှိသောကြောင့် အလွယ်တကူ Protection လုပ်နိုင်သည်။
အားနည်းချက်
1. Expensive ဖြစ်သည်။

193, Single Phase A.C Motor လေးမျိုးကို ပြောပြပါ။
1. Slip Phase Motor
2. Capacitor Start / Run Motor
3. Shaded Pole Motor
4. Auto – Transformer Motor

194, Pump ဆိုတာ ဘာလဲ ?
- ပြင်ပ Energy တစ်ခုအားဖြင့် လည်ပတ်စေပြီး Liquid ကို Pressure ရစေကာ Level တစ်ခုမှ အခြား Level
တစ်ခုသို့ ပို့ပေးသော Machine ဖြစ်သည်။

195,  Pump နဲ့ Motor Alignment ချိန်ပြပါ။
- Pump နှင့် Motor ကြားရှိ Coupling ကို မူလအတိုင်း ပြန်တပ်မည်။
- Bolts များကို Cross Method ဖြင့် တိုက်မည်။
- Coupling (2) ခုကြား (4) နေရာကို Feeler Gauge ဖြင့် ထိုးတိုင်းသောအခါ ညီနေရမည်။
- Coupling (2) ခုပေါ်သို့ Steel Ruler  ကိုတင်ကာ Coupling ကို တစ်ပတ်ပြည့်အောင် လှည့်ကြည့်
သောအခါ အနိမ့် အမြင့်တူနေရမည်။
- အကယ်၍ မတူခဲ့လျင် Shim ပြားခုကာ Adjust လုပ်မည်။

196, Armature Reaction လျော့နည်းအောင် ဘယ်လိုလုပ်ထားသလဲ ?
1. Main Pole များတွင် Neutralizing ( Compensating Winding ) ကို ထည့်သွင်းပတ်ထားသည်။
2. Main Pole များကြားတွင် Interpole ကိုထည့်သွင်းထားသည်။
3. Carbon Brush Rocker ကို တပ်ထားသည်။

197, Interpole ဆိုတာ ဘာလဲ ?
- Main Pole များကြားတွင် ထည့်ထားသော Pole ဖြစ်သည်။
- Interpole ကိုထည့်သွင်းထားခြင်းဖြင့် ----
i. File Coil ၏ Magnetic Fiel Distortion ကိုလျော့နည်းစေသည်။
ii. G.E Side   A.C မှ D.C သို့ပြောင်းသော Commutation ကိုဖြစ်ပေါ်စေသည်။
iii. Brush များမှ Spark ထွက်ခြင်းကို လျော့နည်းစေသည်။

198, Brush များမှ Spark ထွက်ရသော အကြောင်းကိုပြောပြပါ။
1. Brush များ၏ Poistion မမှန်သောကြောင့်
2. Brush များ Grade မမှန်သောကြောင့်
3. Brush များပေါ်သို့ တက်ရောက်နေသော Spring Pressure မမှန်သောကြောင့်
4. Brush အသစ်တပ်ရာတွင် အထိုင်မကျသောကြောင့်
5. Overloading ဒဏ်ခံရသောကြောင့်
6. Commutators များညစ်ပတ်နေသောကြောင့် ။

199, Position Displacement Pump ဆိုတာဘာလဲ ?
- Pump တစ်ပတ်လည်တိုင်း Definite Volume Of Liquid Amount ကိုထုတ်ပေးသည်။
- Discharhe Side ရှိ Resistance ပေါ် မူတည်မှုမရှိပါ။
- Rotory Type နှင့် Reciprocating Type ဟူ၍ နှစ်မျိုးရှိသည်။
Rotary Type
1 Gear Pump
2 Lobe Pump
3 Screw Pump
4 Vane Pump -----

Reciprocating Type
1. Piston Pump
2. Plunger pump
3. Diaphragm Pump

200, Governor ဆိုတာဘာလဲ ?
- Engine Speed ကို Measure လုပ်ကာ Engine သို့ Correct Amount Of Fuel ရရှိစေရန်
Automatically Control လုပ်ပေးသော Device ဖြစ်သည်။

မေတ္တာဖြင့်
T.Y.M.M

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html