ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services
ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်
မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.
အ မိုး ဧ ရိ ယာ တွက် ချက် ခြင်းEstimate
အ မိုး ဧ ရိ ယာ တွက် ချက် ခြင်းEstimate  တွေ စ တွက် ခါ စ က ခေါင် မိုး ဧ ရိ ယာ ကို ခက် ခက် ခဲ ခဲ စဉ်း စား ခဲ့ ဖူး ပါ တယ်။ ခေါင် မိုး ဧ ရိ ယာ သိ မှ မိုး မယ့် အ မိုး ပြား အ ရေ အ တွက်၊ အ မိုး ရိုက် သံ၊ လက် သ မား၊ အ လုပ် သ မား စ တာ တွေ ကို တွက် ချက် သိ ရှိ နိုင် မှာ ဖြစ် ပါ တယ်။ AutoCAD မှာ ခေါင် မိုး ကို 3D ဆွဲ ပြီး တ ကယ့် ကို inclined area ကို AREA command နှင့် တွက် ကြည့် ခဲ့ ဖူး တယ်။ အ မှန် က အဲ လောက် မ လို ပါ ဘူး။ trigonometry နား လည် ရင် အ မိုး မိုး မယ့် ဧ ရိ ယာ ကို လွယ် လွယ် ကူ ကူ တွက် လို့ ရ ပါ တယ်။
အ ဓိ က က တော့ ခေါင် မိုး ရဲ့ projection area ပါ ပဲ။ projection area ဆို တာ က အ မိုး အ နား တွေ ရေး ဆွဲ ထား တဲ့ မြေ ကြီး ပေါ် က အ တိုင်း အ တာ ဧ ရိ ယာ ပါ။ ရေ ပြင် ညီ ဧ ရိ ယာ ပေါ့။ ဥ ပ မာ အား ဖြင့် ပေ၂၀ ပေ ၃၀ အ ဆောက် အ အုံ၊ အ မိုး တွေ က ၂ ပေ ၀ဲ မယ် ဆို ပါ က အ မိုး ရဲ့ projection area က ၂၄ ပေ × ၃၄ ပေ = ၈၁၆ စ တု ရန်းပေ ပါ။ floor plan ရှိ ရင် တွက် ချက် ရ လွယ် ကူ ပါ တယ်။
ခေါင် မိုး နှင့် ပတ် သက် ပြီး သိ သင့် တဲ့ အ ချက် အ လက် တွေ က တော့ roof pitch, degree နှင့် slope factor တို့  ဖြစ် ပါ တယ်။
ကျွန် တော် တို့  အ ထက် တန်း ကျောင်း သား ဘ ၀ အ သေ မှတ် ခဲ့ ကြ တဲ့ မ နီ မ နီ ထ ထ ထ ထ နီ မ နီ မ ဆို တာ တွေ O A O A H H  H H A O A O ဆို တာ တွေ အ ရ 5:12 ဆို တာ မျက် နှာ ချင်း ဆိုင် ၅ ကို နီး စပ် အ နား ၁၂ နှင့် စား တဲ့ tangent အ ချိုး အ ရ မြင့် ထောင့် က ၂၂.၅ ဒီ ဂ ရီ လောက် ရ ပါ တယ်။ ထို့ အ တူ ပဲ 7:12 အ တွက် calculator မှာ SHIFT > tan-1 နှင့် 7/12 ကို ရှာ လိုက် ရင် ၃၀ ဒီ ဂ ရီ လောက် ရ ပါ တယ်။ အဲ ဒါ တွေ က ခေါင် မိုး ရဲ့ စောင်း ထောင့် degree တွေ ပါ။
နောက် တစ် ခု က slope factor ဖြစ် ပါ တယ်။ ကျွန် တော် တို့  လို ချင် တာ က ခေါင် မိုး အ စောင်း ဧ ရိ ယာ ပါ။ trigo အ ရ ဆို hypotenuse ထောင့် မှန် ခံ အ နား ပေါ့။ ထောင့် မှန် ခံ အ နား ကို နီး စပ် အ နား နှင့် စား တာ က Secant အ ချိုး ပါ။ Secant ဆို တာ က Cosine နှင့် reciprocal ဖြစ် ပါ တယ်။ reciprocal ဆို တာ က ၁ ကို အဲ ဒီ တန် ဖိုး နှင့် စား တာ ပါ။ calculator အ ရ ဆို cosine ရဲ့ reciprocal ရှာ ရ ပါ တယ်။ ရေ ပြင် ညီ ဘယ် လောက် ရှိ ရင် ခေါင် မိုး အ စောင်း ဘယ် လောက် ရှိ သ လဲ ဆို တဲ့ မြောက် ဖေါ် ကိန်း ကို slope factor လို့  ခေါ် ပါ တယ်။ secant တန် ဖိုး ပေါ့။
ဥ ပ မာ အား ဖြင့် ခေါင် မိုး အ စောင်း ၃၀ ဒီ ဂ ရီ မှာ ခု န က ပြော တဲ့ roof projection area 816 sq.ft. ရှိ တယ် ဆို ပါ စို့ ။ cos 30 က 0.866 ဖြစ် ပါ တယ်။ secant 30 လို ချင် တော့ cos 30 ရဲ့ reciprocal အ ပြန် အ လှန် ကိန်း က 1.1547 ရ ပါ မယ်။ အဲ ဒါ က 30 degree slope roof ရဲ့ slope factor ပါပဲ။ 818 X 1.1547 = 942.2356 sq.ft. ဖြစ် ပါ မယ်။ ရ တဲ့ အ မိုး စောင်း ဧ ရိ ယာ ကို yellow book မှာ ကြည့် လိုက် ရင် အ မိုး ပြား၊ အ မိုး ရိုက် သံ၊ လက် သ မား၊ အ လုပ် သ မား စ တာ တွေ ရ ပါ မယ်။
ကျွန် တော် တို့ ဆီ မှာ အ သုံး များ တဲ့ အ မိုး တွေ က တော့ gable roof မြင့် မိုရ် ပိတ် ပါ တဲ့ ၂ ဖက် ချ ခေါင် နှင့် hip roof လေး ဘက် ချ ခေါင် တို့  ဖြစ် ပါ တယ်။ gable ဖြစ် ဖြစ် hip ဖြစ် ဖြစ် ပုံ စံ မ တူ ပေ မယ့်လဲ ခေါင်မိုး pitch သို့ မဟုတ် degree တူ ရင် ဧ ရိ ယာ အ တူ တူ ပါ ပဲ။
Credit to Sayar U Kyithar Myint
No comments:
lasted post in this site, touch on header
ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း
Html