ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services
ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်
မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.
တောင်ပေါ်လမ်းတို့ နှင့် Guard rail ကို ဘယ်နေရာတွေ ဆောင်ရွက်မလဲ
တောင်ပေါ်လမ်းတို့ နှင့် Guard rail ကို
ဘယ်နေရာတွေ ဆောင်ရွက်မလဲ
=        =        =         =         =         =
ကြောင့်မြေပြန့် ဒေသလမ်းတွေမှာ ယာဉ်အန္တရာယ်ဖြစ်
Force) ကြောင့် တောင်ပေါ်ဒေသ လမ်းကွေ့ တွေမှာ
ယာဉ်ကြီးနဲ့ တွဲကားတွေ လမ်းကွေ့ အတွင်းဘက် လဲကျ
တတ်ပါတယ်။
          တောင်ပေါ်ဒေသတွေ လမ်းအဆင်းကွေ့ တွေမှာ
အရှိန် မထိန်းနိုင်တာကြောင့် ဆွဲအကွေ့ မှာ အရှိန်လွန်
ခြင်းနှင့်ဗဟိုခွာအားဒဏ် ပေါင်းခံရပြီး ယာဉ်ချောက်ထဲ
ထိုးကျတာတွေ ၊ အတက်မှာလမ်းကွေ့ အရောက် အရှိန်
လျှော့ ချလိုက်ရတာကြောင့် ဂီယာမနိုင်တော့ ဘဲ နောက်
ပြန်လိမ့် ပြီး ချောက်ထဲကျတာတွေ စတဲ့ အန္တရာယ် ကြုံ
တွေ့ ရတတ်ပါတယ်။
          အဲဒါကြောင့် တောင်ပေါ်ဒေသလမ်းတွေမှာ -
Guard rail ကိုဘယ်လိုနေရာမျိုးတွေမှာ ဆောင်ရွက်သင့်
သလဲ ဆွေးနွေးလိုပါတယ်။
          တောင်ပေါ်ဒေသလမ်းတွေမှာ  ယာဉ်တစ်စီးအနေနဲ့
တောင်ကမ္ဘားရံအခြမ်းက သွားရတာနဲ့ စာရင် ချောက်
နှုတ်ခမ်းဘက်အခြမ်းက သွားရတဲ့ ယာဉ်ကအန္တရာယ်
ရှိသည်ဖြစ်စေ၊ လက်ယာဘက်မှာ ရှိသည်ဖြစ်စေ ချောက်
ကမ်းပါးဘက်အခြမ်းကပဲ အန္တရာယ်ဖြစ်နိုင်မှု ပိုလေ့ ရှိပါ
တယ်။
          နောက် - မြန်မာနိုင်ငံက လက်ယာကပ်မောင်းစနစ်
ဖြစ်၍ တောင်ပေါ်လမ်းမှာ ဘယ်ကွေ (့လက်ဝဲဘက်ကွေ့ )
က အန္တရာယ်ကြီးမားပြီး၊ ညာကွေ့ က သိသာစွာ အန္တရာယ်
နည်းပါတယ်။
          လမ်းကွေ့ တစ်ခုအရောက်မှာ ချောက်ကမ်းပါးဘက်
ယာဉ်ကြောက အဆင်းဖြစ်ပြီး အရှိန်မထိန်းနိုင်ခဲ့ ရင် ဇွတ်
ဆွဲကွေ့ မှာဖြစ်၍ လမ်းကွေ့ ဗဟိုကို ကျော်လွန်ပြီး ညာ
ဘက်စောင်းကာ တိမ်းမှောက်ချောက်ထဲကျမယ့် အန္တရာယ် ရှိသလို ၊ အတက်မှာဖြစ်ခဲ့ ရင်(အဓိက ယာဉ်
ကြီးတွေ)ဂီယာမနိုင်ဘဲပြန်ကျရင် လမ်းကွေ့ ဗဟိုဝင်ကာစ
နေရာဆီ ပြန်လှိမ့်ပြီးကျမယ့်အန္တရာယ်ရှိပါတယ်။
           အဲဒါကြောင့် အတက်ဖြစ်စေ၊ အဆင်းဖြစ်စေ
လက်ဝဲဘက်အကွေ့ တွေ ဦးစားပေး ဆောင်ရွက်ရပါမယ်။
Hairpin တွေမှာတော့ အန္တရာယ်ရှိမှန်းသိကြလို့ ယာဉ်
မောင်းတွေ အရှိန်လျှော့ သတိကြီးကြီးထားလေ့ ရှိကြပါ
တယ်။(တောင်ပေါ်ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက်
ကိုယ်တွေ့ လေးမို့  မျှဝေတာပါ။)
           တောင်ပေါ်ဒေသမှာ လမ်းက တောင်ကြော၊
တောင်ခါးပန်းချည်းဖြတ်ရတဲ့ အခါ လမ်းက အကွေ့ တွေ
ချည်းမို့ ဦးစားပေးဆောင်ရွက်သင့်တဲ့ နေရာစဉ်းစားမိလို့ 
ပါ။အန္တရာယ်နည်းတဲ့ နေရာတွေလည်းရှိတယ်လေ။
          ဥပမာ-လမ်းကွေ့ မှာ လမ်းမျက်နှာပြင်ကျယ်ပြန့် 
မြင်ကွင်းမကွယ်ခြင်း(Sight Distanceကောင်းခြင်း)၊
အကွေ့ ရဲ့ အပြင်ဘက်မှာချောက်ပြေပြစ်ခြင်း(မြေပြန့် ခြင်း)
တို့ ဆိုရင်အန္တရာယ်ဖြစ်နိုင်မှုနည်းတာပေါ့ ။
           တောင်ပေါ်လမ်းမှာ အဖြောင့်လမ်းပိုင်းဖြစ်ပြီး
ချောက်က မတ်စောက်မယ်၊ နက်ရှိုင်းမယ်ဆိုလည်း
မဖြစ်မနေGuard rail ဆောင်ရွက်ပေးသင့်တာပါပဲ။
           လမ်းသမားတို့ အများအကျိုး၊ လမ်းအကျိုး
ကောင်းစွာသယ်ပိုးနိုင်ကြပြီး၊ တရားသဖြင့် အောင်မြင်
ထွန်းပေါက်ကြပါစေ။
Cr than tun
Websites .. blogger.. domain ရှိသူများအတွက် အလွယ်ဆုံးဝင်ငွေ ရှာနည်း အကောင့်  လျောက်ရန်
အကောင့် လျောက်နည်း သိလိုလျင်..... http://www.maharluthar.gq/2017/09/blogger-websites-domain.html Websites.. blogger.. domain.. မရှိသူများအတွက် Online ငွေရှာနည်း သိချင်ရင်.. ဒီမှာ သွားကြည့်ပါ... အလွယ်​ဆုံး ONLINE ​ငွေရှာနည်း ( 2 ) Earn money on http://www.maharluthar.gq/2017/07/online-2-earn-money-online.html ---- အဆင်​​ပြေကြပါ​စေ Like share လုပ်​ခြင်းဖြင့်​ ကူကြပါ.. အား​ပေးမှုကို ​ကျေးဇူးတက်​လျက်​ပါ.. Supporting For international paypal IF YOU WANT TO HELP US, SUPPORT HERE, THANK U FOR YOURS VISTORS...
SEE YOU AGAIN , GOOD LUCK,
No comments:
lasted post in this site, touch on header
ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း
Html