ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

Solar ျပား ႏွင့္ Controller သိေကာင္းစရာ

[Zawgyi]
Solar ျပား ႏွင့္ Controller သိေကာင္းစရာ
➖➖➖➖➖➖➖➖➖➖➖➖


( နယ္ေတြ မွာ ဆိုလာျပား ႏွင့္ ဘက္တရီေၾကာင့္  မီးေလာင္၊ လူေသမူမ်ား႐ွိလာ၍ ဗဟုသုတ အျဖစ္တင္ျပပါသည္။  17/2/17 -  ksw  )
(၁) ဆိုလာအလင္းလွ်ပ္စစ္ဆိုသည္မွာ-
=======================
ေနေရာင္ျခည္အလင္းစြမ္းအင္မွ လွ်ပ္စစ္စြမ္းအင္သို႔ တိုက္႐ုိက္ေျပာင္းလဲေပးႏုိင္ေသာ နည္းပညာ ျဖစ္ပါ သည္။ ေနအလင္းေရာင္တြင္ပါ၀င္ေသာ အလင္းမႈန္မ်ားမွ ဆိုလာျပား အတြင္းရွိ လွ်ပ္စစ္ဓာတ္မႈန္မ်ားကို ႐ုိက္ထုတ္ျခင္းျဖင့္ လွ်ပ္စီးေၾကာင္းကို ျဖစ္ေပၚေစျခင္းျဖစ္ပါသည္
(၂) ဆိုလာဆဲလ္ ဆိုသည္မွာ အဘယ္နည္း။
=========================
ဆိုလာဆဲလ္ ဆိုသည္မွာ အလင္းစြမ္းအင္ကို လွ်ပ္စစ္စြမ္းအင္အျဖစ္ ေျပာင္းလဲေပးေသာအရာ ျဖစ္ပါသည္။ ဆဲလ္မ်ားသည္ မည္သည့္ စြမ္းအင္ ကိုမွ်သိုေလွာင္ေပးႏိုင္ျခင္းမရွိေသာေၾကာင့္ မည္သည့္အလင္းေရာင္ (ေနေရာင္ျခည္) မွမရ႐ွိေတာ့သည့္အခါ ဆဲလ္အတြင္း၌ လွ်ပ္စစ္ စီးဆင္းမႈ မ႐ွိေတာ့ေပ"
(၃) Charge Controller ဆိုတာ ဘာလဲ။
========================
Charge Controller ဆိုသည္မွာ ဘကၳရီအား အနည္းအမ်ားေပၚမူတည္ျပီး အားသြင္းျခင္းအား ထိန္းညိွေပး ေသာစက္ ကိရိယာျဖစ္ပါသည္။ ထိုကိရိယာအသံုးျပဳျခင္းျဖင့္ ဘကၳရီအားသြင္းစဥ္ အားလြန္ျခင္းမျဖစ္ေပၚ ႏိုင္၍ အားလြန္ျခင္းေၾကာင့္ ဘကၳရီပ်က္စီးျခင္းမွ ကာကြယ္ ေပးပါသည္။
(၄) Charge Controller
ဘာေၾကာင့္ အသံုးျပဳရတာလဲ။
=========================
သင္သည္ ကြၽမ္းက်င္ေသာ လ်ွပ္စစ္ပညာ႐ွင္တစ္ေယာက္ မဟုတ္ခဲ့လွ်င္ ဘကၴရီအားျပည့္၊ မျပည့္အလြယ္တကူ သိႏိုင္မည္မဟုတ္ပါ။ ထိုေၾကာင့္ အားလြန္သြားခဲ့လွ်င္ သင့္၏ဘကၴရီ ပ်က္စီးမႈကို ကာကြယ္ရန္အတြက္ Charge Controller ကို အသံုးျပဳရပါသည္။
(၅)ဆိုလာျပား မွမီးေလာင္ရျခင္းမ်ား။
=======================
ဆုိလာျပားမွ တစ္ဆင့္ မီးေလာင္မႈအခ်ိဳ႕မွာ အားသြင္းရာ တြင္ အဓိကအေရးပါသည့္ (Charge Controller) ဘက္ထရီ အားျပည့္ခါနီးႏွင့္ ျပည့္ေသာအ ခါ လွ်ပ္စီးႏႈန္းကို ထိန္းခ်ဳပ္ေပး သည့္ ကိရိယာမတပ္ဆင္
ၾကျခင္း ေၾကာင့္ ျဖစ္ပါြးနိုငိပါတယ္
‘‘ဆုိလာကေနထြက္တဲ့ ႀကိဳး ကို သင့္ေတာ္တဲ့ႀကိဳးမသုံးတာ၊ အရည္အေသြးျပည့္မီတဲ့ ေၾကး ႀကိဳးမသုံးတာ၊ ဆုိလာျပားကို သယ္လာ သယ္သြားလုပ္ရင္း ၀ိုင္ ယာႀကိဳးတစ္ေလွ်ာက္ ႀကိဳးေပါက္ တာကို ဂ႐ုမစုိက္မိတာ၊ ဆုိလာ ျပားကိုေခါင္မိုးေပၚထားတဲ့အခါ ေသခ်ာစြာ တပ္ဆင္တုပ္ေႏွာင္ ျခင္း မျပဳမိဘဲ ဘက္ထရီေရာ ဆုိလာျပားအေနာက္မွာပါ အေပါင္း၊ အႏုတ္ငုတ္မွာ ႀကိဳးေခ်ာင္ေနတာ၊ ၾကားထဲမွာ ႀကိဳးဆက္ထား တဲ့ အပိုင္းေတြမွာမေသခ်ာတာ က မီးေလာင္ဖို႔အတြက္ ျဖစ္ေစနိုင္ပါတယ္ "
၆/ ဆိုလာျပား မွမီးေလာင္ျခင္းမ်ား
မျဖစ္ပါြးရေအာင္ ။
==========================
၁/Controller ခံသံုးပါ။
၂/အဝင္ၾကိဳးကို သတိမွတ္ထား ေသာoriginal ဝါယာျကိဳးကိုသာအသံုးျပဳပါ။
၃/အိမ္၌ လူမရွိသည့္အခါမ်ိဳး ခရီးရွည္ထြက္သည့္အခါမ်ိဳးတြငိ Controller  or breaker main switch ပိတ္ထားပါ။
၄/ ဘက္တရီမွာ အားအဝင္မ်ား၍အသံုးမျပဳနိုင္ေသာအခါမ်ိဳးတြင္ မီးေလာင္မႈမ်ားမျဖစ္ပါြးရေလေအာင္ ဆိုလာအဝင္ႀကိဳးကို breaker ခံပါ ပီးလ်ွင္controller ခံထားပါ ခရီးရွည္ထြက္လ်ွင္ ပိတ္ထားခဲ႕ပါ။
၅/ ေနပူျပင္းေသာေနြရာသီအခ်ိန္ကာလမ်ိဳးတြင္ဆုိလာျပားႏွင့္ ဘက္ထရီအုိးၾကား ခ်ိတ္ဆက္အသုံးျပဳသည့္ ဆုိလာ၀ိုင္ယာႀကိဳးကို ေနအပူဒဏ္ခံႏုိင္ရန္ႏွင့္ အပူခ်ိန္မလြန္ကဲရန္ ပိုက္လုံးထဲထည့္၍ အ သုံးျပဳသင့္ေႀကာင္း ေရးသားတင္ျပလိုက္ရပါသည္ ။   ။
Credit: Original Uploader
Photos: Google 
Zaw Win Naing
[Unicode]
Solar ပြား နှင့် Controller သိကောင်းစရာ ။
➖➖➖➖➖➖➖➖➖➖➖➖
( နယ်တွေ မှာ ဆိုလာပြား နှင့် ဘက်တရီကြောင့်  မီးလောင်၊ လူသေမူများရှိလာ၍ ဗဟုသုတ အဖြစ်တင်ပြပါသည်။  17/2/17 -  ksw  )
(၁) ဆိုလာအလင်းလျှပ်စစ်ဆိုသည်မှာ-
=======================
နေရောင်ခြည်အလင်းစွမ်းအင်မှ လျှပ်စစ်စွမ်းအင်သို့ တိုက်ရိုက်ပြောင်းလဲပေးနိုင်သော နည်းပညာ ဖြစ်ပါ သည်။ နေအလင်းရောင်တွင်ပါဝင်သော အလင်းမှုန်များမှ ဆိုလာပြား အတွင်းရှိ လျှပ်စစ်ဓာတ်မှုန်များကို ရိုက်ထုတ်ခြင်းဖြင့် လျှပ်စီးကြောင်းကို ဖြစ်ပေါ်စေခြင်းဖြစ်ပါသည်
(၂) ဆိုလာဆဲလ် ဆိုသည်မှာ အဘယ်နည်း။
=========================
ဆိုလာဆဲလ် ဆိုသည်မှာ အလင်းစွမ်းအင်ကို လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲပေးသောအရာ ဖြစ်ပါသည်။ ဆဲလ်များသည် မည်သည့် စွမ်းအင် ကိုမျှသိုလှောင်ပေးနိုင်ခြင်းမရှိသောကြောင့် မည်သည့်အလင်းရောင် (နေရောင်ခြည်) မှမရရှိတော့သည့်အခါ ဆဲလ်အတွင်း၌ လျှပ်စစ် စီးဆင်းမှု မရှိတော့ပေ"
(၃) Charge Controller ဆိုတာ ဘာလဲ။
========================
Charge Controller ဆိုသည်မှာ ဘက္ထရီအား အနည်းအများပေါ်မူတည်ပြီး အားသွင်းခြင်းအား ထိန်းညှိပေး သောစက် ကိရိယာဖြစ်ပါသည်။ ထိုကိရိယာအသုံးပြုခြင်းဖြင့် ဘက္ထရီအားသွင်းစဉ် အားလွန်ခြင်းမဖြစ်ပေါ် နိုင်၍ အားလွန်ခြင်းကြောင့် ဘက္ထရီပျက်စီးခြင်းမှ ကာကွယ် ပေးပါသည်။
(၄) Charge Controller
ဘာကြောင့် အသုံးပြုရတာလဲ။
=========================
သင်သည် ကျွမ်းကျင်သော လျှပ်စစ်ပညာရှင်တစ်ယောက် မဟုတ်ခဲ့လျှင် ဘက္ထရီအားပြည့်၊ မပြည့်အလွယ်တကူ သိနိုင်မည်မဟုတ်ပါ။ ထိုကြောင့် အားလွန်သွားခဲ့လျှင် သင့်၏ဘက္ထရီ ပျက်စီးမှုကို ကာကွယ်ရန်အတွက် Charge Controller ကို အသုံးပြုရပါသည်။
(၅)ဆိုလာပြား မှမီးလောင်ရခြင်းများ။
=======================
ဆိုလာပြားမှ တစ်ဆင့် မီးလောင်မှုအချို့မှာ အားသွင်းရာ တွင် အဓိကအရေးပါသည့် (Charge Controller) ဘက်ထရီ အားပြည့်ခါနီးနှင့် ပြည့်သောအ ခါ လျှပ်စီးနှုန်းကို ထိန်းချုပ်ပေး သည့် ကိရိယာမတပ်ဆင်
ကြခြင်း ကြောင့် ဖြစ်ပါွးနိုငိပါတယ်
‘‘ဆိုလာကနေထွက်တဲ့ ကြိုး ကို သင့်တော်တဲ့ကြိုးမသုံးတာ၊ အရည်အသွေးပြည့်မီတဲ့ ကြေး ကြိုးမသုံးတာ၊ ဆိုလာပြားကို သယ်လာ သယ်သွားလုပ်ရင်း ဝိုင် ယာကြိုးတစ်လျှောက် ကြိုးပေါက် တာကို ဂရုမစိုက်မိတာ၊ ဆိုလာ ပြားကိုခေါင်မိုးပေါ်ထားတဲ့အခါ သေချာစွာ တပ်ဆင်တုပ်နှောင် ခြင်း မပြုမိဘဲ ဘက်ထရီရော ဆိုလာပြားအနောက်မှာပါ အပေါင်း၊ အနုတ်ငုတ်မှာ ကြိုးချောင်နေတာ၊ ကြားထဲမှာ ကြိုးဆက်ထား တဲ့ အပိုင်းတွေမှာမသေချာတာ က မီးလောင်ဖို့အတွက် ဖြစ်စေနိုင်ပါတယ် "
၆/ ဆိုလာပြား မှမီးလောင်ခြင်းများ
မဖြစ်ပါွးရအောင် ။
==========================
၁/Controller ခံသုံးပါ။
၂/အဝင်ကြိုးကို သတိမှတ်ထား သောoriginal ဝါယာကြိုးကိုသာအသုံးပြုပါ။
၃/အိမ်၌ လူမရှိသည့်အခါမျိုး ခရီးရှည်ထွက်သည့်အခါမျိုးတွငိ Controller  or breaker main switch ပိတ်ထားပါ။
၄/ ဘက်တရီမှာ အားအဝင်များ၍အသုံးမပြုနိုင်သောအခါမျိုးတွင် မီးလောင်မှုများမဖြစ်ပါွးရလေအောင် ဆိုလာအဝင်ကြိုးကို breaker ခံပါ ပီးလျှင်controller ခံထားပါ ခရီးရှည်ထွက်လျှင် ပိတ်ထားခဲ့ပါ။
၅/ နေပူပြင်းသောနွေရာသီအချိန်ကာလမျိုးတွင်ဆိုလာပြားနှင့် ဘက်ထရီအိုးကြား ချိတ်ဆက်အသုံးပြုသည့် ဆိုလာဝိုင်ယာကြိုးကို နေအပူဒဏ်ခံနိုင်ရန်နှင့် အပူချိန်မလွန်ကဲရန် ပိုက်လုံးထဲထည့်၍ အ သုံးပြုသင့်ကြောင်း ရေးသားတင်ပြလိုက်ရပါသည် ။   ။


Credit: Original Uploader
Photos: Google 
Zaw Win Naing



Credit


lasted post in this site, touch on header

ကားတာယာအေရာင္းဆိုင္ မိတ္ဆက္ျခင္း

Html