ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ကားတိုင်းတွင်ပါဝင်သော အမြန်နှုန်းတိုင်းမီတာ

ကားတိုင်းတွင်ပါဝင်သော အမြန်နှုန်းတိုင်းမီတာ
ကားတိုင်းတွင်ပါဝင်သော အမြန်နှုန်းတိုင်းမီတာ (Speedometer) google

ကားဒတ်ခ်ျဘုတ် တစ်ခုတွင် 
ယာဉ်မောင်းသူ အသုံးပြုနိုင်သော မီတာဒိုင်ခွက်
 တိုင်းတာရေးဂိတ် (Gauges) များနှင့် 
အာရုံခံဆင်ဆာ များ တပ်ဆင်ထားသည်။

ထိုကိရိယာ များ (Devices) သည် ယာဉ်မောင်းသူ အား 
ကားတစ်စီး၏အခြေအနေများ ကိုသိရှိစေနိုင်ပြီး 
အန္တရာယ်ကင်းဝေး ရေးအတွက်လည်း 
အထောက်အကူပြု ပေးသည်။

ခေတ်ဟောင်းကားများ၏ ဒတ်ခ်ျဘုတ်တွင် 
မီတာဒိုင်ခွက် ကိရိယာများ ရိုးရှင်းလွန်းသော်လည်း 
ယနေ့ ခေတ်ပေါ်ကားများ၏ ဒတ်ခ်ျ ဘုတ်တွင်
 နောက်ဆုံးပေါ်ဒိုင်ခွက် မီတာ၊ ဆင်ဆာ၊ ခလုတ်နှင့်
 မော်နီတာ Screen များတပ်ဆင်ထားသည်။


သင်စိတ်ဝင်စားနိုင်သော ကားမောင်းသူများသိထားသင့်သည့် ကားအင်ဂျင်ချက်မီးလင်းရသည့် အကြောင်း တစ်စေ့တစ်စောင်း ***

ဒတ်ခ်ျဘုတ်ပေါ်တွင်သာမက ကားစတီယာရင် ကွင်းပေါ်၌ပင် ခလုတ်ပေါင်းများစွာ တပ်ဆင်ထားသည်။
ညပိုင်းတွင် LED ရောင်စုံမီး များဖြင့် ဒီဇိုင်းဆင်ထားသည်မှာ ကား အတွင်းပိုင်း အပြင်အဆင်ကို ပိုမိုခန့် ညားလှပေစေသော ခေတ်မီစတိုင်ဖြစ် သည်။
ကားတစ်စီး ရွေ့လျားနေသော အမြန်နှုန်းကိုသိရှိရန် အမြန်နှုန်းတိုင်း မီတာ (Speedometer) ကိုကြည့်ရသည်။
အမြန်နှုန်း (Speed) ဆိုသည် မှာ တစ်စက္ကန့်အချိန်အတွင်း ရွေ့လျား နေသော ခရီးတာအကွာအဝေးကို ဖော်ပြခြင်းဖြစ်သည်။
ရူပဗေဒပညာမှ Motion အကြောင်း လေ့လာရာတွင် Speed သည် အချိန်တစ်ယူနစ် အတွင်း ရွေ့လျားနှုန်းဖြစ်သည်။
အခြေခံယူနစ်မှာ 1 ft/sec နှင့် 1cm/sec ကိုသုံးသည်။ မော်တော်ကား၊ ရထား၊ လေယာဉ်တို့၏ Speed ကို ဖော်ပြရာတွင် mph (mile per hour) နှင့် km/h (kilometer/hour) ယူနစ် ပုံစံ (၂) မျိုးကိုသုံးသည်။
mph သည် ဗြိတိသျှယူနစ်ဖြစ် ပြီး လူအများနှင့် ရင်းနှီးကျွမ်းဝင်ပြီး သော အသုံးအနှုန်းဖြစ်သည်။
လေ တိုက်နှုန်းကိုလည်း တစ်နာရီမိုင် မည်မျှနှုန်းဖြင့် ပြင်းအားရှိသည်ကို ဖော်ပြလေ့ရှိသည်။ ကီလိုမီတာမှာ နိုင်ငံတကာသုံး ယူနစ်ဖြစ်သည်။
ရန်ကုန်-မန္တလေး အမြန်လမ်း (Highway)တွင် ကီလို (၁၀၀) (100 km/hr)နှုန်းထက် ပို၍မမောင်းရဟု သက်ဆိုင်ရာက သတ်မှတ်ထားသည်။အန္တရာယ်ဖြစ်မည်စိုး၍ အမြန် နှုန်း သတ်မှတ်ထားခြင်းဖြစ်သည်။
ရေဒါ Speed Camera ဖြင့်တိုင်းတာ ၍ သတ်မှတ်အမြန်နှုန်းထက်ပို၍ မောင်းသော ယာဉ်မောင်းသူများကို အမြန်လမ်းရဲတပ်ဖွဲ့က အရေးယူနေ သည်။
မော်တော်ကားတစ်စီးမောင်း နှင်နေစဉ် အမြန်နှုန်းမည်မျှဖြင့် ရွေ့လျားနေသည်ကို သိရှိရန်ယာဉ် မောင်းသည့် Speedometer ကို အသုံးပြုရသည်။ Speedometer ကို ကြည့်၍ ဘေးအန္တရာယ်မဖြစ်အောင်
ထိန်းသိမ်းမောင်းနှင်ရသည်။
မော်တော်ယာဉ်ပညာ သမိုင်း တွင် အမြန်နှုန်းတိုင်း မီတာ (Speedometer) ကို ပထမဆုံးတီ ထွင်ခဲ့သူမှာ ဂျာမန်အင်ဂျင်နီယာ တစ်ဦးဖြစ်သော Otto Schulzeဆိုသူ ဖြစ်သည်။
ပထမဆုံး လက်တွေ့ကျ သော Speedometer ကို ဂျာမန် Sieman ကုမ္ပဏီက Otto Schuze Autometer (OSA) အမည်ဖြင့် (၁၉၂၃) ခုနှစ်က ထုတ်လုပ်ခဲ့သည်။
ထိုဒီဇိုင်းပုံစံကို မပြောင်းလဲဘဲနှစ် (၆၀) တိုင်အောင် မော်တော်ယာဉ်များ တွင် တပ်ဆင်အသုံးပြုခဲ့သည်။
အမြန်နှုန်းတိုင်း မီတာ (Speedometer) တွင် အီလက်ထရွန် နစ်အမြန်နှုန်းတိုင်းမီတာ (Electronic Speedometer) နှင့် Mechanical Speedometer ဟူ၍နှစ်မျိုးနှစ်စားရှိသည်။
ရှေးဦးပေါ်ထွက်ခဲ့သော မြန် နှုန်းတိုင်းမီတာမှာ Mechanical Speedometer ဖြစ်သည်။ အီလက် ထရွန်နစ် မြန်နှုန်းတိုင်း မီတာမှာ (၁၉၉၃) ခုနှစ်နောက်ပိုင်းမှ တီထွင် နိုင်ခဲ့သည်။
Mechanical Speedometer အလုပ်လုပ်ပုံ
အမြန်နှုန်းတိုင်း မီတာအလုပ် လုပ်နေသောအခြေခံ သဘောတရား မှာများစွာ စိတ်ဝင်စားစရာကောင်း သောအရာဖြစ်ပါသည်။

ကားတာယာ ဘီးများ ရွေ့လျားနေသော အနှေး / အမြန်နှုန်းကို မည်ကဲ့သို့တိုင်းတာ ထားသနည်း။ ဂီယာဘောက်မှ ထွက် လာသောနောက်ပိုင်း Drive Shaft လည်ပတ်နှုန်းသည် ကားဘီးများရွေ့ လျားနှုန်းနှင့်
တိုက်ရိုက်ဆက်စပ်နေသည်။
ထို့ကြောင့် ဂီယာဘောက် အထွက်ဝင်ရိုး၏ လည်ပတ်မှုကို ဂီယာအလိမ်သွားတစ်ခုခံ၍ Cable ကြိုးဖြင့် ဆက်သွယ်ယူသည်။
Cable ကြိုးသည် ကွေးနိုင်ဆန့် နိုင်သော သံမဏိကြိုးဖြစ်၍ ကြိုးကာ ဘာထဲတွင်လိုအပ်သလို အလိုက်သင့် လည်ပတ်နိုင်စွမ်းရှိသည်။
ထိုကြိုးကို Flexible Cable ကြိုးဟုခေါ်သည်။ ဂီယာဘောက်ဝင်ရိုးမှ သွယ်တန်းယူ လာသော Cable ကြိုး၏အခြားတစ် ဖက်စွန်းသည် အမြန်နှုန်းတိုင်းမီတာ အုံသို့ လာရောက်ဆက်သွယ်ထားသည်။
ထို့ကြောင့်ကားစက်နိုး၍ မောင်းသွားတိုင်း ဂီယာဘောက်ဝင်ရိုး လည်ပတ်နှုန်းသည် Cable ကြိုးမှ တစ်ဆင့်မီတာအုံရှိ ခွက်ပုံသဏ္ဍာန်ရှိ သော သံလိုက်တုံးကိုလည်ပတ်စေသည်။
ထိုသံလိုက်တုံးကို Speed Cup ဟုခေါ်သည်။ ဤနေရာတွင် လျှပ်စစ်သံလိုက် (Electromagnetism) ဥပေဒသ သဘောတရားကို အသုံးချထားသည်။
လည်ပတ်နေသော သံလိုက်တုံးပတ်ဝန်းကျင်တွင် သံလိုက်စက် ကွင်းတစ်ခုဖြစ်ပေါ်လာပြီး လျှပ်စီးကြောင်း Current တစ်ခုပါဖြစ်ပေါ်လာသည်။
မြန်နှုန်းတိုင်း မီတာတွင် ဂီယာဘောက်မှလာသော Cable ကြိုးလည်၍ Speed Cup လည်သည်။ Speed Cup လည်၍ သံလိုက် စက်ကွင်း ဖြစ်ပေါ်သည်။
ကားအရွေ့ နှုန်းပြောင်းလဲတိုင်း၊ Cable ကြိုး လည်ပတ်မှုလည်း အနှေး / အမြန် ပြောင်းနေသည်။
Speed Cup လည်ပတ်မှု အတက် / အကျဖြစ်၍ သံလိုက်စက် ကွင်းပြင်းအားလည်း အတက်အကျ ပြောင်းလဲနေသည်။
မြန်နှုန်းတိုင်း မီတာဒိုင်ခွက်တွင် အနုစိတ်ပတ်ခွေ ထားသော ကွိုင်ကို Hair Spring ဟု ခေါ်သည်။
Hair Spring ၏ ၀င်ရိုး တိုင်တွင် Pointer လက်တံက ဒိုင်ခွက်ပေါ်တွင်ရေးမှတ်ထားသော အမြန်နှုန်းသင်္ကေတများကိုညွှန်ပြနိုင်သည်။
ဂီယာဘောက် Drive Shaft မှ လာသော Cable ကြိုးလည်ပတ်မှု ကြောင့် Speed Cup လိုက်လည်ပြီး လည်နေသော သံလိုက်ဖြစ်စေသည်။ လည်ပတ်နေသော သံလိုက်စက်ကွင်း ကြောင့် Eddy-Current ဖြစ်ပေါ်
သည်။
Eddy-Current ပမာဏ အနည်းအများသည် ကားတာယာဘီး လည်ပတ်မှု (သို့မဟုတ်) ကား အမြန်နှုန်း ပြောင်းလဲနေခြင်းနှင့် တိုက်ရိုက် အချိုးကျသည်။
Eddy-Current ကြောင့် Pointer အရင်းတွင်ရှိသော Fine wire coil တွင် သံလိုက်တွန်းအား ဖြစ်လာပြီး ကားတစ်စီး၏ရွေ့လျားနေ သောအမြန်နှုန်း (Speed) ကို နှိုင်းရ ပုံစံဖြင့်ဖော်ပြပေးသည်။
ကားရွေ့လျား နှုန်းမြန်လေ ဂီယာဘောက်ဝင်ရိုး လည်ပတ်နှုန်း မြန်မည်။ ထိုအခါ Cable ကြိုးလည်နှုန်းမြန်၍ Eddy-Current (၀ဲကတော့လျှပ်စီးကြောင်း) ပမာဏလည်းများလာပြီး Pointer လက်တံသည်လည်း Hair
Spring ဆွဲ အားကို ဆန့်ကျင်၍ အမြန်နှုန်းကို ညွှန်ပြပေးသည်။
ကားရွေ့လျားနှုန်း နှေးသွားပါ က Eddy-Current နည်းသွားပြီး Pointer လက်တံကို မူလနေရာသို့ ပြန်ရောက်သွားစေရန် Hair Spring က ပြန်ဆွဲပေးသည်။
ဤနည်းဖြင့် လျှပ်စစ်သံလိုက် သဘောတရားကို အသုံးချပြီး ကားတစ်စီး၏အမြန် နှုန်းကို နှိုင်းရဖော်ပြခြင်းဖြစ်သည်။
Hair Spring Pointer နှင့် Speed Cup တို့သည် လေထဲတွင် မည်သည့် အဆက်အသွယ်မျှမရှိဘဲ သီးခြား လွတ်လပ်နေသော အစိတ်အပိုင်းများ သာဖြစ်သည်။
Mechanical Speedometer တွင် Cable ကြိုးလည်ပတ်မှုကြာလာ ပါက ကြိုးပျက်ခြင်း၊ ပွန်းစားခြင်း၊ ပျက်စီးချွတ်ယွင်းတတ်သော ပြဿနာ များရှိသည်။
ထို့ကြောင့် Eddy-Current Speedometer ထက်ပို ကောင်းသော အီလက်ထရွန်နစ်မြန် နှုန်းတိုင်း Speedometer များကို တီထွင်လာကြသည်။
Electronic Speedometer တွင် Cable ကြိုးကို မသုံးတော့ဘဲ Vehicle Speed Sensor ကိုသုံးထားသည်။
ဂီယာဘောက် Drive Shaft တွင် အသွားစိတ်များပါသော ဒစ်ပြား ကို ဆင်ဆာကဖတ်ခြင်းဖြင့် Electric Pulse ကို အာရုံခံသည်။
အီလက်ထရွန်နစ်ဆားကတ်မှ လျှပ်စစ် Pulse ဖြစ်ပေါ်မူ အနှေး/အမြန်ကို ရေတွက် မှတ်သားပြီး ကား၏ရွေ့လျားနေသော Speed အဖြစ် ပြောင်းလဲယူသည်။
ထို့နောက် LCD Display တွင် အမြန် နှုန်းကို ဖော်ပြပေးသည်။ ကားရွေ့ လျားနှုန်းပြောင်းလဲတိုင်း Speed Sensor မှ ဖမ်းယူရရှိသော လျှပ်စစ် Pulse များ ခုန်နှုန်းအနှေးအမြန် ဖြစ်မည်။
ထိုလျှပ်စစ် Pulse များ ပြောင်းလဲမှုကို အခြေခံ၍ အီလက် ထရွန်နစ် မြန်နှုန်းတိုင်းမီတာတွင် ဖော်ပြပေးနိုင်ခြင်း ဖြစ်သည်။
Speedometer နှင့်တွဲဖက်၍ ကားသွားခဲ့သော ခရီးမိုင် / ကီလိုမီတာ အကွာအဝေးခရီးတာကို Odometer က ဖော်ပြသည်။
Odometer ကို ကြည့်၍ခရီးစဉ်တစ်ခု၏ အကွာ အဝေးမိုင် / ကီလိုမီတာကို သိနိုင် သည်။ ဆီကုန်ကျမှုကိုလည်း တွက်ချက်ယူနိုင်သည်။
ဒတ်ခ်ျဘုတ်တွင်ရှိ သော မီတာဒိုင်ခွက်များ၏ အားနည်း ချက်မှာ Driver သည် ကားမောင်းနေ စဉ်တွင် ရှေ့တည့်တည့်အဝေးကိုက် (၂၀၀ / ၃၀၀) လောက်ကိုသာ အာရုံ စိုက်၍ကြည့်သည်။
မီတာဒိုင်ခွက်များ ကို ဖတ်ရန်မျက်လုံးအစုံကို အောက် သို့ဒီဂရီအနည်းငယ်ချိုးကျပြီး တစ် စက္ကန့်မျှအချိန်ပေးပြီး အာရုံစိုက်ကြည့် ရသည်။
မျက်စိဆုံမှတ်အကွာအဝေးကို လည်း (Focus) ပြန်ချိန်ရသည်။ တစ်နာရီမိုင် (၃၀) နှုန်းပြေးနေသော ကားသည်အချိန်တစ်စက္ကန့်တွင် (၄၆) ပေခန့်ရွေ့လျားနေသည်။
Driver ၏ အာရုံသည် စက္ကန့်နှင့်အမျှအရေးကြီး သည်။ အချိန်တစ်စက္ကန့်အတွင်း အမှားတစ်ခု ဖြစ်သွားနိုင်သည်။
ထိုအားနည်းချက်များကို ကျော်လွှားနိုင်ရန် ယနေ့ခေတ်ပေါ် ကားများတွင် Head-up Display နည်းပညာကိုသုံး၍ မီတာဒိုင်ခွက် များ၏ပုံရိပ်ကို ရှေ့လေကာမှန်သား ပြင်ပေါ်တွင် ဖော်ပြပေးနိုင်သည်။
Head-up Display နည်းပညာကြောင့် ကားအမြန်နှုန်း (Speed ကိုသာမက အခြားသော သတင်းအချက်အလက် များကိုလည်း driver ၏ ရှေ့တည့် တည့်မြင်ကွင်းတွင် ဖော်ပြပေးနိုင်သည်။
နည်းပညာကြောင့် ခရီး ဝေးကားမောင်းရသော ယာဉ်မောင်း သည် မျက်စိညောင်း သက်သာပြီး ပိုမို အဆင်ပြေသည်။
ဒတ်ခ်ျဘုတ်ကိုငုံ့ ကြည့်မိ၍ ရှေ့တည့်တည့်ကို အာရုံ စူးစိုက်မှုလည်း လျော့နည်းခြင်းမရှိ တော့ပါ။ နည်းပညာများတိုးတက် ဖွံ့ဖြိုးလာခြင်း၏ အသီးအပွင့်များကို ယနေ့ခေတ်ပေါ် ကားကောင်းများတွင် မြင်တွေ့ခံစားနိုင်ပါပြီ။
Source:car lover
Read 507 times
Rate this item1 2 3 4 5 (0 votes)
Back To Top
Search Articles
Search
Related Articles
သင်္ကြန်ရက်အတွင်း အန္တရာယ်ကင်းစွာ ရေပက်ခံထွက်ကြမည်
နှစ်သစ်ကို ပျော်ရွင်စွာ ဖြတ်သန်းရမည့် အခြေအနေတွင် နှစ်ဟောင်းက အညစ်အကြေးဆေးကြောရင်း စိတ်ညစ်မှုများ၊ မမျှော်လင့်ထားသော အရာများလည်း
ကားအားလုံးကို COE စနစ်ဖြင့် ရန်ကုန်လိုင်စင် ပြန်လည်ခွင့်ပြုပေးမည် (Zawgyi – Unicode)
ကားသစ်၊ ကားဟောင်းမခွဲခြားဘဲ ဧပြီ ၁ ရက်မှစ၍  COE စနစ်ဖြင့် ရန်ကုန်လိုင်စင် ပြန်လည် ခွင့်ပြုပေးမည်ဖြစ်ကြောင်း  ကားလုပ်ငန်းရှင်များများထံမှ သိရပါသည်။
ကားလောင်စာဆီချွေတာနည်း
ကားလောင်စာဆီဈေးနှုန်းများအနေဖြင့်နောင်တွင်လည်းကျဆင်းလာနိုင်မှုမရှိဘဲတစ်နှစ်ထက်တစ်နှစ်ပိုမိုတိုးမြှင့်သွားလိမ့်မည်ဖြစ်သည်။
YBS ၏ ယာဉ်လိုင်းနောက်ထပ် ခြောက်လိုင်းကို Wifi Free ထပ်တပ်ပေး
ရန်ကုန်မြို့အတွင်း ယာဉ်လိုင်းပေါင်း ၂၀ ကို တာဝန်ယူ ပြေးဆွဲနေသည့် ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး YUPT ကုမ္ပဏီသည် ယာဉ်လိုင်းခြောက်လိုင်းတွင်
မြန်မာပြည်ရောက် Ford 2017 Ranger Double Cab(Zawgyi-Unicode)
၂၀၁၇ မိုဒယ် Ford Ranger တွင် XL T နှင့် XL ဆိုသည့် ဂရိတ်နှစ်မျိုးရှိပြီး


Credit..:
Our Guides
      
Myanmar Automobile Equipment DirectoryMyanmar Marketing Research & Development Co. Ltd.
Address
No. 614, First Floor ( Left ) MaharBandoola Road, Latha Township, Yangon, Myanmar.
Tel : 09 448001662
E-mail : ydg.adv@mmrdpub.com
Copyright © 2016 Myanmar Automobile Equipment Directory. All Rights Reserved.

+::


For international paypal IF YOU WANT TO HELP US, SUPPORT HERE, THANK U FOR YOURS VISTORS...


http://m.me/for.improve.your.heart မင်္ဂလာပါ ခမျ အခု ကျ​နော်​ ​ရေးသားထားတဲ့ Website style က ​တော့ တချိန်​တုန်း မြန်​မာ​တွေ အရမ်​ကြိုက်​တဲ့ Blogger နည်းပညာ ဖြစ်​ပါတယ်​ ဒီလို WEB BLOG PAGE တခု ပြုလုပ်​လိုတယ်​ဆိုရင်​ ဆက်​သွယ်​နိုင်​ပါတယ်​ PH-09969467966 Message Box မှ စကား​ပြောလိုလျင်​ ​အောက်​ပါလင့်​မှ ဆက်​သွယ်​ပါ SEE YOU AGAIN , GOOD LUCK,

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html