Vibration (တုန်ခါမှု) နဲ့ပတ်သက်တဲ့ အတိုအထွာ မှတ်စရာလေးတွေပါ။
Ebgine ပိုင်းဆိုင်ရာ တုန်ခါမှုများ
စက်မှုပိုင်းဆိုင်ရာတွင် အခြေခံတုန်ခါမှု ( 8 ) မျိုးရှိသည်။ ၄င်းတို့မှာ -
1. Free Vibration
2. Forced Vibration
3. Undamped Vibration
4. Damped Vibration
5. Linear Vibration
6. Nonlinear Vibration
7. Deterministic Vibration
8. Random Vibration စသည်တို့ဖြစ်သည်။
၎င်းတို့အထဲမှ Forced Vibration သည် engine တုန်ခါမှုအတွက် အခြေခံကျသော တုန်ခါမှုဖြစ်ပါသည်။
Engine တလုံးတွင်
၁။ engine စတင် နှိုးစအချိန်တွင်သော်၎င်း
၂။ load သုံးလိုက်သောအချိန်တွင်သော်၎င်း
၃။ clutch ဖြင့် ချိတ်ဆက်လိုက်သောအချိန်တွင်သော်၎င်း
၎။ engine အားရပ်တန့်လိုက်သောအချိန်တွင်သော်၎င်း စသည့်အချိန်များတွင် တုန်ခါမှု ဖြစ်ပေါ်တတ်ပါသည်။
တခါတရံတွင် combustion ကြောင့်သော်၎င်း ၊ Vibration damper ချို့ယွင်းပျက်စီးလျင်သော်၎င်း ၊ Ball Bearings များ ချို့ယွင်းပျက်စီးလျင်သော်၎င်း ၊ သာမန်စက်လည်နှုန်းတွင်သော်၎င်း ၊ Gearbox or transmission ကြောင့်သော်၎င်း ၊ timing belt ကြောင့်သော်၎င်း ၊
engine ၏ critical speed ၌သော်၎င်း ၊ engine စနှိုးစ အချိန်နှင့် ရပ်တန့်စဉ် အချိန်တို့တွင်၎င်း တုန်ခါမှုများ ဖြစ်ပေါ်တတ်ပါသည်။
Diesel engine များတွင် တုန်ခါမှုဖြစ်ပေါ်ရခြင်း အကြောင်းရင်းများ
၁။ မညီမျှသော အထက် အောက် ရွေ့လျားမှုအားများနှင့် ထောင်လိုက်နှင့် အလျားလိုက်ရွေ့လျားနေသော အစိတ်အပိုင်းများကြောင့် ဖြစ်ပေါ်သော ဗဟိုခွာအားများကြောင့် ၄င်း ၊
၂။ piston သည် cylinder ထဲတွင် ရွေ့လျားသောအခါ ဖြစ်ပေါ်လာသော အလျားလိုက်အားကြောင့်၎င်း(သို့) gas pressure ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်သော side thrust effect ကြောင့် ၄င်း ၊
၃။ ဝန်ချိန်အလိုက် ဖြစ်ပေါ်သောအားများကြောင့်၎င်း၊ inertia force များကြောင့်၎င်း ၊
၎။ gas pressure ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်သော လိမ်အားကြောင့်၎င်း ၊ ဝန်ချိန်အလိုက်
ပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်သော လိမ်အားကြောင့်၎င်း-------ဖြစ်ပါသည်။
Diesel engine များတွင် ဖြစ်ပေါ်သော
တုန်ခါမှု အမျိုးအစားများ
1. Shaking
၎င်းသည် engine များတွင် piston သည် အထက် အောက် ရွေ့လျားစေပြီး connecting rod မှ ဘေးဘယ်ညာရွေ့လျားလျက် crankshaft အား လည်ပတ်စေခြင်းအားများကြောင့် ဖြစ်ပေါ်လာသော တုန်ခါမှုမျိုးကို ခေါ်ပါသည်။
2. Rocking
၎င်းသည် engine ၏ ဟန်ချက်တဘက်တွင် သက်ရောက်နေသော အလျားလိုက်အားများနှင့် engine ၏ ဟန်ချက်တည့်တည့်သို့ သက်ရောက်နေသောအားများကြောင့် ဖြစ်ပေါ်စေသည့် တုန်ခါမှုမျိုးကို rocking ဟု ခေါ်သည်။
3. Pitching
၎င်းသည် engine ၏ အစွန်းဘက်များ အနိမ့်အမြင့်မညီညာမှုကြောင့်ဖြစ်သော ဒေါင်လိုက်အား စုံတွဲများကြောင့် ဖြစ်ပေါ်သည့်တုန်ခါမှုမျိုးကို Pitching ဟုခေါ်ပါသည်။
4. Yawing
၎င်းသည် engine ၏ ဘယ် ညာအစွန်းများသည် ပိုမိုရွေ့လျားစေပြီး အလျားလိုက်ဖြစ်ပေါ်သောအားများကြောင့် ဖြစ်ပေါ်လာသောတုန်ခါမှုမျိုးကို Yawing ဟုခေါ်ပါသည်။
5. Torsional
၎င်းသည် engine တွင် crankshaft လည်ပတ်သောအခါ ၄င်းတွင်လိမ်အားဖြစ်ပေါ်လာသည်။ ယင်းကြောင့်ဖြစ်ပေါ်လာသောတုန်ခါမှုကို Torsional ဟုခေါ်ပါသည်။
Diesel engine ၏ crankshaft တွင် counter weight တပ်ဆင်အသုံးပြု ရခြင်း၏ ရည်ရွယ်ချက်
၎င်း၏ အဓိကရည်ရွယ်ချက်မှာ crankshaft လည်ပတ်သောအခါ Yawing နှင့် Pitching တုန်ခါမှုမျိုး ဖြစ်ပေါ်လာသည်။ ထိုအားစုံတွဲကြောင့် ဖြစ်ပေါ်လာသော တုန်ခါမှုများ ပပျောက်စေရန် ဖြစ်သည်။
Crankshaft တွင် Vibration Damper တပ်ဆင်ရခြင်း၏ ရည်ရွယ်ချက်
၎င်းမှာ engine သို့ သက်ရောက်စေသော ဒဏ်အားများ ကာကွယ်ရန်နှင့် မညီမျှသော အားစုံတွဲများကိုဖြစ်စေသော တပ်ဆင်မှုများကို ၄င်း ကာကွယ်ရန်ဖြစ်သည်။
Crankshaft အကြောင်း
Engine တလုံး၏ လှုပ်ရှားမှုအားနှုန်းထားနှင့် အလေးချိန်တို့၏အချိုးကို များနိုင်စေရန်အတွက် တွဲဘက် cylinder များသည် တခုနှင့်တခု နီးကပ်နိုင်သမျှ နီးကပ်စွာ ပုံထုတ်ပြုလုပ်ရပေသည်။ တွဲဘက် cylinder နှစ်လုံး၏ ဗဟိုချက်များအကွာအဝေးသည် ကန့်သတ်ချက်ရှိနေသည်။ ထိုအကွာအဝေးအတွင်းတွင် main bearing တခု ၊ crank pin တခု ၊ crank web နှစ်ခုအတွက် နေရာ ပါဝင်စေနိုင်ရမည်။ လုံလောက်သည့် အရွယ်အစားတူ bearing များကိုတပ်ဆင်ရန် ၊ လိုအပ်သော နေရာများဖြင့် engine တခုလုံး၏ အတိုင်းအတာများနှင့် အလေးချိန်တို့ကို စီမံခန့် ခွဲနိုင်လေသည်။ Crankshaft အား အတိုနိုင်ဆုံး စီမံထားခြင်းကြောင့် ၄င်းသည် စက်အစိတ်အပိုင်းများအနက် ဒဏ်အများဆုံးခံရသော အစိတ်အပိုင်းဖြစ်သည်။
Crankshaft သည် မီးလောင်ကျွမ်းမှုကြောင့်ဖြစ်ပေါ်လာသောဝန်ချိန်နှင့် bearing များ၏ ဒဏ်ပြန်အားများကြောင့် ဖြစ်ပေါ်သော stress များကို ကြံ့ကြံ့ခိုင်နိုင်ရမည့်အပြင် Crankshaft ၏ ဝှေ့ယမ်းခြင်း ၊ centrifugal inertia force နှင့် လိမ်အားဒဏ်များ (torsion) ကိုလည်း ခံနိုင်ရည်ရှိရမည်။ ဤဖော်ပြချက်များအားလုံးသည် crank pin နှင့် main bearing အကြားရှိ crank web များ၌ ကျရောက်နေကြသည်။
crank pin ကို အတိုနိုင်ဆုံး လုပ်နိုင်လေလေ ၄င်း၏တောင့်တင်းမှုလည်း များလေလေဖြစ်သည်။ သို့သော် crank pin ၏အလျားကို ခွင့်ပြုနိုင်သော ဝန်ချိန်များဖြင့် ကန့်သတ်ပေးသည်။
Crankshaft ကို များသောအားဖြင့် High carbon steel သံမဏိအား ပုံထု၍ပြုလုပ်ထားခါ journal နှင့် web တို့ကို တသားတည်းဖြစ်အောင် စက်ဖြင့်စား၍ "သ" ထားလေသည်။ power / weight အချိုးများသော engine များတွင် ပုံလောင်း Crankshaft များကို အသုံးပြုကြသည်။
Engine အငယ်လေးများ၏ Crankshaft ကို များသောအားဖြင့် crank pin နှင့် journal pin တို့၏ မျက်နှာပြင်များကို nitrate ဓာတ်ဖြင့် မာကြောအောင် ပြုလုပ်ပေးထားကြသည်။ Crankshaft တို့တွင် အလေးချိန်ညီမျှခြင်းဖြစ်စေရန်အချက်သည် အထူးအရေးကြီးသော အချက်ဖြစ်၍ balance weight များ တပ်ဆင်ပေးခြင်းဖြင့် ထိုညီမျှမှုကို ရရှိစေသည်။
Bearing အသုံးပြုရခြင်း ရည်ရွယ်ချက်
လည်ပတ်နေသော ဝန်ရိုးများ ၊ လှုပ်ရှားနေသော အစိတ်အပိုင်းများကို ထမ်းထားရန်နှင့် ကျရောက်သော ဒဏ်အားကို အခြားတနေရာသို့ ကူးပြောင်းပေးရန်ဖြစ်သည်။
Crankshaft Bearing များပေါ်သို့ ဝန်ချိန် (၂) မျိုးသက်ရောက်သည် -
၁။ piston ပေါ်သို့သက်ရောက်သော gas pressure
၂။ အတက်အဆင်းအစိတ်အပိုင်းနှင့် လည်ပတ်ခြင်းကြောင့် ဖြစ်ပေါ်နေသောအား( force of inertia )
Critical speed
Crankshaft rotation ကြောင့် ထွက်လာတဲ့ frequency နှင့် combustion ကြောင့် piston မှထွက်လာတဲ့ (သို့) connecting rod မှ ထွက်လာတဲ့ frequency တူညီသွားလျင် Crankshaft (သို့) connecting rod ကျိုးတတ်သည်။ ထို့ကြောင့် ထိုသို့ ဖြစ်ပေါ်လာနိုင်သည့် r.p.m တွင် engine အား ၊ ၄င်း r.p.m တနည်းအားဖြင့် ထုတ်လုပ်သူမှ သတ်မှတ်ထားသည့် critical r.p.m တွင် မမောင်းရဟု သတ်မှတ်ထားသည်။ ထိုသတ်မှတ်ထားသော speed (r.p.m) တွင် critical speed ဖြစ်ပေါ်တတ်သည်။
ပညာရှင်အားလုံးအားလေးစားလျက်
Credit...
အောင်မြင်သူ - ဆားဗစ် အင်ဂျင်နီယာ
No comments:
Post a Comment