ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

4 stroke cycle engine တလုံးရဲ့ valve clearance ချိန်နည်း

How to Adjust Valve Lash or Vlave Clearance 4 stroke cycle engine တလုံးရဲ့ valve clearance ဘယ်လို ချိန်တာလဲ။
အပိုင်း (၁)

ဘယ်လို ဖြစ်စဉ် အပေါ်အခြေခံပြီး ဖြစ်ပေါ်လာတဲ့နည်းလဲ။ မချိန်ခင်မှာ ဘာတွေသိဖို့လိုသလဲ။
4 stroke cycle engine တလုံးရဲ့ basic ကိုသေသေချာချာ နားလည်ထားသင့်တယ်။ စာရှည်လို့ အဲသည် Stroke တွေကို ထည့်ရေးမနေတော့ပါဘူး။ သိချင်ရင် ရှာသာဖတ်ကြပါ။ Mechanic တယောက်အနေနဲ့လည်း အဲသည် basic လောက်တော့ သေချာသိကြပြီးသား ဖြစ်ပါလိမ့်မယ်။
တကယ်တမ်းပြောရရင် cam shaft ရဲ့ ဘုနဲ့ လွတ်နေချိန် မှာ သက်ဆိုင်ရာ valve ကို အလွယ်တကူ ချိန်နိုင်တယ်ဗျာ။ Cam shaft ဆိုတာရဲ့ cam lobe က အ၀ိုင်းနဲ့ ဘဲဥပုံဘုသီး ၂ ခုစပ်တည်ဆောက်ထားတာလေ။ ဘုနဲ့ မထောက်ပဲ လွတ်နေချိန် Base Circle စက်ဝိုင်း အနားသတ် တလျှောက် ရှိချင်တဲ့နေရာမှာသာ ရှိပါစေ သက်ဆိုင်ရာ valve ကို valve lash ချိန်လိုက်ယုံပါပဲ။


ဆိုတော့ overhead cam shaft တပ်ထားတဲ့ engine အများစု အတွက် valve lash ချိန်ရတာ သိပ်လွယ်ပါတယ်။ ဘာ firenigng order မှသိစရာ မလိုပါဘူး။ valsh lash တန်ဘိုးကိုသိတာနဲ့ အလွယ်တကူ ချိန်ယုံပါပဲ။ cam shaft ကိုမျက်စေ့နဲ့ မြင်နေရတာကိုးဗျ။
Overhead cam မဟုတ်တဲ့ Engine တွေမှာတော့ cam shaft က Engine block ရဲ့ တနေရာမှာတပ်ထားတယ်။ cam lobe ကို သေချာမမြင်ရတော့ဘူး။ တပ်ထားတဲ့ push rod တွန်းတံတွေ တက်တာရယ်ဆင်းတာရယ် ကြည့်ပြီးမှသာ ဘယ် cylinder ရဲ့ valave lash ကို ချိန်ရမယ်ဆိုတာ ဆုံးဖြတ်ရပါတယ်။
အဲဒီတော့ valve lash ချိန်မယ့် engine တလုံးကို မချိန်ခင်မှာ သိထားရမှာတွေကတော့။
၁။ Valve Lash or Vlave Clearance ဘယ်လောက်လဲ တချို့ engine တွေမှာ inlet valve အတွက် clearance နဲ့ exhaust valve အတွက် clearance တူကြပေမယ့် တချို့မှာ exhaust valve အတွက် clearance က ပိုများတယ်။ (သက်ဆိုင်ရာ Engine ရဲ့ tappet cover ပေါ်မှာ ရေးထားပါတယ်။ manual မှာလဲရေးထားပါတယ်။ အဲဒါကသာ အမှန်ဆုံးပါ)


၂။ Valve Arrangement သူ့ကိုလဲ သိရမယ်။ cylinder 4 လုံး Engine ဆိုပါစို့။ cylinder no 1 ကနေ စရေရင် vlave တွေက (I E) (E I) (I E) (EI) လား (E I) (I E) (E I) (I E) လား စသည်ဖြင့် သေချာကြည့်ရပါမယ်။ အကြမ်းဖျင်းပြောပြတာပါ Engine တွေ တလုံးနဲ့ တလုံးရဲ့ valve arrangement တွေက မတူပါ။ ဆိုတော့ အဲဒါ မချိန်ခင်မှာ သေချာကြည့်ထားရပါမယ်။ Manual စာအုပ်တွေမှာ ရေးပေးထားပါတယ်။ နောက်တနည်း valve တွေ နဲ့ intake manifold, exhaust manifold တည်ဆောက်ပုံ ကိုကြည့်ရင်လဲ သိပါတယ်။ ၀ါရင့် mechanic တယောက် အတွက် engine ကို တယောက်ယောက်ကနေ လှည့်ပေးနေစဉ် valve တွေ ဖွင့်တာ ပိတ်တာ ကြည့်ပြီးတော့လဲ inlet လား exhaust လား ခွဲခြားတတ်ပါတယ်။ ဘာမှ အများကြီး မခက်ပါဘူး။
၃။ Engine ရဲ့ fireing order လို့ ဆိုတဲ့ မီးပေါက်စဉ်တွေ သိထားရပါမယ်။ အသုံးများတဲ့ 4 cylinder inlie engine ရဲ့ Fireing order တွေကတော့ 1-2-4-3 နဲ့ 1-3-4-2 နောက် 6 cylinder inlie engine ရဲ့ Fireing order တွေကတော့ 1-4-2-6-3-5 နဲ့ 1-5-3-6-2-4 တွေပါ။ အဲဒါလဲ engine tapped cover ပေါ်မှာ manual book မှာ ရေးထားလေ့ရှိပါတယ်။ ၀ါရင့် mechanic တယောက် အတွက် engine ကို တယောက်ယောက်ကနေ လှည့်ပေးနေစဉ် valve တွေ ဖွင့်တာ ပိတ်တာ ကြည့်ပြီးတော့လဲ သည် engine ဟာ 1-2 လား 1-3 order လား 4 cylinders engine အတွက်။ သည် engine ဟာ 1-4 လား 1-5 order လား 6 cylinders engine အတွက်။ စသည်ဖြင့် ခွဲခြားတတ်ပါတယ်။ ဘာမှ အများကြီး မခက်ပါဘူး။
ကပ်သပ်ပြောကြကြေးဆိုရင် ဘာ fireing order မှမသိရင်လဲ valve lash ချိန်လို့ရပါတယ်။
၎။ နောက်တခုအနေနေနဲ့ သိရမှာက 4 stroke cycle engine တွေမှာ Engine ၂ ပတ်စာ လည်ရင် cam shaft တပတ်လည်တယ်။ fuel injection pump တပတ်စာလည်တယ်။ cylinder တွေ အားလုံး မီးလောင်တယ်ပေါ့။
၅။ ဆိုတော့ cylinder တွေ ပြိုင်တက် ပြိုင်ဆင်းခြင်း ဆိုတာလဲ သိရမယ်။ 4 cylinders inline engine တွေ အတွက် မည်သည့် fireing order မဆို cylinder no 1 & 4, 2 & 3 ပြိုင်တက် ပြိုင်ဆင်း။ 6 cylinders inline engine တွေ အတွက် မည်သည့် fireing order မဆို cylinder no 1 & 6, 2 & 5, 3 & 4 ပြိုင်တက် ပြိုင်ဆင်း။
အဓိပ္ပါယ်က 4 cylinders inline engine တွေမှာ
cylinder no 1 TDC အပေါ်ထိပ်ဝန်းကျင် ကို compression နဲ့ ရောက်ရင် cylinder no 4 သည် exhaust stroke ဆုံးကာနီး valve over lap period ဆိုတဲ့ exhaust valve ပိတ်လို့ဆုံးကာနီး inlet valve ပွင့်စ ဆိုတဲ့ valve 2 လုံးပြိုင်ပွင့်နေချိန်။
Cylinder 1 Compression TDC မှာ Cylinder 4 Overlap
Cylinder 4 Compression TDC မှာ Cylinder 1 Overlap
Cylinder 2 Compression TDC မှာ Cylinder 3 Overlap
Cylinder 3 Compression TDC မှာ Cylinder 2 Overlap
6 cylinders inline engine တွေမှာ
cylinder no 1 TDC အပေါ်ထိပ်ဝန်းကျင် ကို compression နဲ့ ရောက်ရင် cylinder no 6 သည် exhaust stroke ဆုံးကာနီး valve over lap period ဆိုတဲ့ exhaust valve ပိတ်လို့ဆုံးကာနီး inlet valve ပွင့်စ ဆိုတဲ့ valve 2 လုံးပြိုင်ပွင့်နေချိန်။
Cylinder 1 Compression TDC မှာ Cylinder 6 Overlap
Cylinder 6 Compression TDC မှာ Cylinder 1 Overlap
Cylinder 2 Compression TDC မှာ Cylinder 5 Overlap
Cylinder 5 Compression TDC မှာ Cylinder 2 Overlap
Cylinder 3 Compression TDC မှာ Cylinder 4 Overlap
Cylinder 4 Compression TDC မှာ Cylinder 3 Overlap
စသည်ဖြင့် အသီးသီး ရှိကြတယ်။
How to Adjust Valve Lash or Vlave Clearance 4 stroke cycle engine တလုံးရဲ့ valve clearance ဘယ်လို ချိန်တာလဲ။ အပိုင်း (၂) ဆက်လာပါမယ် ခင်ဗျာ။
သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ အားလုံး ရိုသေစွာ ကန်တော့လျှက်။
အထူးသဖြင့် လက်ဦးဆရာ ဖြစ်ခဲ့တဲ့ ဆရာ အစ်ကို (ကိုသန်းဇော်) စက်ပြင်ငြိမ်း၊ ၀င်္ဂဘော်ယန္တယား စခန်း၊ ပဲခူး(တောင်) သစ်ထုတ်ရေး၊ ဘုရားကြီး။ ကိုပိုပြီး သတိတရကျေးဇူးတင်မိပါတယ်။
အမှားတွေ လိုနေတာတွေ ရှိရင်ထောက်ပြပေးကြပါဦးခင်ဗျာ။ ကျွန်တော်ညံ့လို့ပါ။
Credit
Aye Min Toe, 3/May/2018
Mann Base, Minbu.

Hh






lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html