(@@@@@@@@@@@@@@@@@)
#ဆီစုပ်ခြင်း
#မီးခ်ုးထုတ်ခြင်း
ပေါက်ကွဲမှူ ဖြစ်ပြီ့းပစ်စတင်အောက်ဆင်းလာရာတွင်
ဒါကိုသိစေချင်တာ
Credit to
Mgmaung
Mgmaung
#ပစ်စတင် ဘား အလုပ်လုပ်ပုံ#
ပစ်စတင်နဲ့ဘားဘယ်လိုအတွဲညီညီ
အတိအကျတိုင်ပင်ကိုက်အလုပ်လုပ်သလဲ..?
ဖတ်ကြည့်ပါ သေချာလက်တွေ့လေ့လာကြည့်ပါ
(@@@@@@@@@@@@@@@@@)
#ဆီစုပ်ခြင်း
ပစ်စတင် ထိပ်ကနေ စဆင်းတာနဲ့ ဆီဘား စပွင့်ပါမယ်
စလစ်ရဲ့ သုံးချိုး တစ်ချိုး အရောက်မှာ ဆီဘားရဲ့ပွင့်နိုင်တဲ့ဂိတ် ကုန်သွားပါပြီ နောက်ထပ်တစ်ပုံ
စလစ်အောက်ဆုံးထိပစ်စတင်ဆင်းပြီးချိန်မှာ ဆီဘားဟာ
တစ်ဝက်တိတိ ပြန်ပိတ်ပြီးပါပြီ ပစ်စတင်အောက်ဆုံးကနေ အပေါ်ပြန်အတက် သုံးပုံတစ်ပုံ အရောက်မှာ ဆီဘားက အကုန်ပြန်ပိတ်ပြီးတဲ့အလုပ်ကို လုပ်ပါသည်..
ပစ်စတင်ပြန်အတက်သုံးပုံတစ်ပုံမှဘားပိတ်ပြီးတဲ့အတွက်စုပ်ယူလိုက်တဲ့ဆီ တစ်ရာရာခိုင်နှူန်းဟာ အပြည့်အဝမပေါက်ကွဲနိုင်တော့ပါဘူး
၂၅ ရာခိုင်နှူန်းလောက် အပြင်ကိုပြန်လစ်သွားလို့ပါ
အဲယားကလင်နာဖော့ပိတ်ယုံနဲ့ အင်ဂျင်မပွင့်တော့တာ ဒီ နှစ်ဆယိ့ငါးရာခိုင်နူန်းကြောင့်ပါ
ဒီနေရာမှာ ဘားဖွင့်တဲ့ပိတ်တဲ့အချိန် ကိုနောက်ကျပေးခြင်းစောပေးခြင်းဟာ အင်ဂျင်ရဲ့အရုန်းအဆွဲကိုများစွာပြောင်းလဲပေးနိုင်ပါတယ်
#ဆီလေအရောကိုလေကျစ်ပြီးပေါက်ကွဲခြင်း
ပစ်စတင်ပြန်အတက်သုံးပုံတစ်ပုံအရောက်ကနေအပေါ်ကိုဆက်တက်လာပြီးလေကျစ်ပါမယ် ဒီအချိန်မှာဘားနှစ်လုံးစလုံး ပိတ်နေပါမယ် ပလပ်ကမီးပေးပြီးပေါက်ကွဲမှူအရှိန်နဲ့ ပစ်စတင်ပြန်ဆင်းပါမယ်
#ဒီမှာစကားပြောပါပြီ အိပ်ဇောဘား ဘယ်အချိန်မှာစဖွင့်သလဲ.....?
#မီးခ်ုးထုတ်ခြင်း
ပေါက်ကွဲမှူ ဖြစ်ပြီး့ပစ်စတင်အောက်ဆင်းလာရာတွင်
ပစ်စတင်အောက်မရောက်ခင် စလစ်ရဲ့ သုံးချိုးတစ်ချိုး
အရောက်မှာ လောင်ကျွမ်းမှူကြောင့်ဖြစ်ပေါ်လာသော
မီးခိုးများအားတွန်းထုတ်ရန် အိပ်ဇောဘားစပြီးဖွင့်ပေးပါသည်
ပစ်စတင်အောက်ဆုံးရောက်ချိန်မှာအိပ်ဇောဘားတစ်ဝက်ဖွင့်ပြီးပါပြီ ပစ်စတင်ပြန်အတက် စလစ်ရဲ့သုံးချိုးတစ်ချိုးအရောက်မှာ အိပ်ဇောဘားဟာ
ဂိတ်ကုန်ပွင့်ပြီးဖြစ်နေပါသည်
ကျန်နှစ်ချိုးအားပစ်စတင် ဆက်တက်၍ ပစ်စတင်ထိပ်ဆုံးရောက်ချိန်တွင် အိပ်ဇောဘားသည်
မီးခ်ုးများအားစွန့်ထုတ်ပြီးဖြစ်သောကြောင့် ဘားအကုန်ပိတ်ပြီးဖြစ်နေပါသည်
ဤသို့ဖြင့် ဆွဲကန်ကျစ်ထုတ် ကို ပြုလုပ်သွားပါသည်
#ပစ်စတင်နှင့်ဘားအလုပ်လုပ်ပုံလေးကိုကြည့်ပြီး
တီထွင်ဆန်းသစ် မွမ်းမံ ကြံဆောင်နိုင်ကြပါစေ#
#ဖိုးစတုတ်မှာ ထူးခြားတာက ဘားတွေရဲ့အလုပ်လုပ်ပုံဟာ
စလစ်ရဲ့ သုံးချိုးတစ်ချိုးတွေမှာ စပြီး အလုပ်လုပ်ကြတာပါ
ဒါကိုသိစေချင်တာ
Credit to
Mgmaung
Goodluck