ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ဒီဇယ်အင်ဂျင်နဲ့ ဓာတ်ဆီအင်ဂျင်တို့ရဲ့ အဓိကကွာခြားမှုများ အပိုင်း (၄)

ဒီဇယ်အင်ဂျင်နဲ့ ဓာတ်ဆီအင်ဂျင်တို့ရဲ့ အဓိကကွာခြားမှုများ အပိုင်း (၄)

၃။ ဓာတ်ဆီအင်ဂျင်တိုင်းမှာ Throttle Body ပါဝင်ပြီး
    ဒီဇယ်အင်ဂျင်တိုင်းမှာတော့ Throttle Body မပါဝင်
    ပါဘူး။

ဓာတ်ဆီအင်ဂျင်တွေမှာ Throttle Body တွေက မဖြစ်
မနေပါဝင်ကြပါတယ်။ Throttle Body ထဲမှာ Butterfly Throttle Valve ပါဝင်ပြီး လေအဝင်ပမာဏ အနည်း
အများကို ထိန်းချုပ်ပေးပါတယ်။ လီဗာနင်းလိုက်တဲ့အခါ
မှာ Butterfly Valve က ပွင့်သွားပြီး လေအများအပြားကို
Cylinder ထဲကို ဝင်ရောက်စေပါတယ်။ Throttle လီဗာ
ကို ပိုနင်းလေ Butterfly Valve က ပိုပွင့်လေဖြစ်ပြီး Intake လေ ပမာဏပိုများလေပဲ ဖြစ်ပါတယ်။ Throttle လီဗာကို ဖိနင်းလေ Throttle Valve ကပိုပွင့်ပြီး Intake လေအဝင် ပိုများလေ Fuel Injector ကလည်း လောင်
စာဆီပမာဏအများအပြားကို ပိုမိုဖြန်းပတ်လေဖြစ်ပြီး အင်ဂျင် RPM တက်လာကာ ပါဝါကို ပိုမိုရရှိလေပဲ ဖြစ်ပါ
တယ်။ Throttle လီဗာကို လွှတ်လိုက်တဲ့အခါမှာတော့
Throttle Valve က ပြန်ပိတ်သွားပြီး Intake လေပမာဏ
ကို လျော့နည်းသွားစေကာ အင်ဂျင် RPM လျော့ကျသွား
စေပါတယ်။ ဒါပေမယ့် Throttle Valve က လုံးဝပိတ်
လျှက် အနေအထားတော့မဟုတ်ပါဘူး။ အင်ဂျင် Idle RPM အတွက် လိုအပ်တဲ့ Intake လေပမာဏဝင်စေနိုင်
ဖို့ အနည်းငယ်ပွင့်လျှက်အနေအထားတော့ ရှိနေပါတယ်။
အခုနောက်ပိုင်း ခေတ်မှီဓာတ်ဆီကားတွေမှာတော့ Throttle Valve ကို Electronic နဲ့ပဲ ထိန်းချုပ်ပါတယ်။ Driver က Throttle Pedal ကို နင်းလိုက်တဲ့ အခါမှာ Signal တစ်ခုကို ပို့လွှတ်လိုက်ပြီး Throttle Body က အဲ့ဒီ Signal ကို ဖမ်းယူပြီး Throttle Valve ကို လျှပ်စစ်
Servo မော်တာလေးနဲ့ မောင်းနှင်တာပါ။ (အရင်က ကား
တွေမှာတော့ Throttle Pedal နဲ့ Throttle Valve တွေကို သံမဏိ Wire ကြိုးနဲ့ပဲ ဆက်သွယ်ထားပါတယ်။) အချို့
Throttle Body တွေမှာ Fuel Injector ပါ တစ်ခါတည်း
တပ်ဆင်ထားတာ တွေ့ရပါတယ်။ ဒါပေမယ့် ဓာတ်ဆီ ကားတိုင်းတော့ မဟုတ်ပါဘူး။ အချို့ Throttle Body နဲ့
Gasoline Direct Injection စနစ်ကို အသုံးပြုတဲ့ Throttle Body တွေမှာတော့ Fuel Injector မပါဝင်ပဲ
သီးခြားတပ်ဆင် အသုံးပြုထားပါတယ်။

ဒီဇယ်အင်ဂျင်အတွက်တော့ Throttle Body မလိုအပ်ပါ
ဘူး။ အင်ဂျင် RPM အတွက် (ပါဝါ အတွက်) Fuel Injector ကပဲ ဒီဇယ်အနည်းအများကို ဖြန်းပတ်ပေးခြင်း
ဖြင့် ထိန်းချုပ်ထားပါတယ်။ Throttle Pedal ကို ဖိနင်း
လိုက်တဲ့အခါမှာ Fuel Injector ကနေ ဒီဇယ်ဆီအများ အပြားကို ဖြန်းပတ်ပါတယ်။ အဲ့ဒီအခါမှာ ပေါက်ကွဲအား
ကောင်းလာပြီး အင်ဂျင် RPM တက်လာပါတယ်။ အင်ဂျင်
RPM တက်လာတဲ့အတွက် Turbocharger ကလည်း ပို
မိုလည်ပတ်လာပြီး Intake လေ ပမာဏကို အများအပြား
ဝင်ရောက်စေပါတယ်။ အများအပြားဝင်ရောက်လာတဲ့
Intake လေပမာဏနဲ့ အများအပြား ဖြန်းပတ်လိုက်တဲ့ ဒီဇယ်ဆီတို့ အချိုးကျပေါင်းစပ်ပြီး ပြင်းထန်တဲ့ ပေါက်ကွဲ
မှုကို ဖြစ်ပေါ်စေပြီး လိုအပ်တဲ့ ပါဝါကိုရရှိစေပါတယ်။ စ
သဖြင့် အကြောင်းအကျိုး စပ်ဆက်လျှက်အနေအထား
ဖြင့် တွေ့မြင်ရပါတယ်။ အဲ့ဒါကြောင့် ဒီဇယ်အင်ဂျင်တွေ
မှာ Throttle Body မလိုအပ်ပါဘူး။ ဒါပေမယ့် အချို့
နောက်ဆုံးပေါ် ခေတ်မှီအိမ်သုံးဒီဇယ်ကားလေးတွေမှာ
တော့ Throttle Body ကို တပ်ဆင်ထားတာတွေ့ရပါ
တယ်။ Intake Mainfold မှာ Butterly Valve လေးတစ်
ခု တပ်ဆင်ထားတာပါ။ Exhaust Gas Recirculation စနစ်နဲ့ တွဲဖက်အသုံးပြုတာပါ။ Intake Mainfold ထဲမှာ အောက်ဆီဂျင်ပါဝင်မှု အရမ်းများနေရင် Butterfly Valve လေးကို အနည်းငယ်ပိတ်ပြီး အပြင်က အောက်ဆီဂျင်ဝင်
လာတဲ့ပမာဏကို ကန့်သတ်လိုက်ပါတယ်။ အဲ့ဒီအခါမှာ
Exhaust Mainfold က ကောင်းမွန်စွာသန့်စင်မှု မပြုလုပ်
ထားတဲ့ Nitrogen Oxide ပါဝင်တဲ့ Exhaust Gas အချို့
ကို Intake Mainfold ထဲကို ပြန်ထည့်လိုက်ပါတယ်။ အဲ့
ဒီအခါမှာ Nitrogen Oxide တွေက Intake လေသန့်
တွေနဲ့ ရောစပ်ပြီး Cylinder ထဲ တစ်ဖန်ပြန်လည် ဝင် ရောက် ပေါက်ကွဲစေတာကြောင့် ပျောက်ကွယ်သွားပြီး
ပြင်ပကို မထွက်လာနိုင်တဲ့အတွက် လေထုညစ်ညမ်းမှုကို လျော့နည်းသွားစေပါတယ်။ Nitrogen Oxide ပါဝင်တဲ့
Exhaust Gas အချို့နဲ့ လေသန့်ကို ပေါင်းစပ်ပြီး Intake လေ အဖြစ်နဲ့အသုံးပြုတာကြောင့် ထွက်လာတဲ့ပါဝါတော့
လျော့ကျသွားပါတယ်။ ဒါပေမယ့် အမြဲတမ်းတော့ အဲ့လို
မလုပ်ပါဘူး။ Exhaust Mainfold ထဲမှာ Nitrogen Oxide တွေ များပြားလာပြီး လေထုညစ်ညမ်းမှုကို ထိခိုက်
လာနိုင်ပြီဆိုမှ Recirculation ဖြစ်စဉ်ကို ပြုလုပ်တာပါ။
Exhaust Mainfold ထဲမှာ တပ်ဆင်ထားတဲ့ Nitrogen Oxide Sensor နဲ့ Oxygen Sensor ၊ Intake Mainfold ထဲမှာ တပ်ဆင်ထားတဲ့ Oxygen Sensor တို့်မှ တစ်ဆင့်
ခြေရာခံကာ ECM က တွက်ချက်အလုပ်လုပ်ပေးတာပါ။
ဒီဇယ်အင်ဂျင်တွေကတော့ လေထုညစ်ညမ်းမှုကို ပိုပြီးဖြစ်
ပွားစေနိုင်တာကြောင့် Exhaust Gas သန့်စင်တဲ့လုပ်ငန်း
စဉ်တွေက ဓာတ်ဆီအင်ဂျင်တွေထက်ပိုပြီး ရှုပ်ထွေးပါ
တယ်။ နောက်ပြီး Intake Butterfly Valve တပ်ဆင်
ထားတာကြောင့် အင်ဂျင်ရပ်တဲ့အခါမှာ ချောမွေ့ညင်သာ
စွာ ရပ်တန့်နိုင်စေပါတယ်။ အင်ဂျင်ရပ်ဖို့ သော့ပိတ်လိုက်
တဲ့အခါမှာ Intake Butterfly Valve လေးကလည်း ပိတ်
သွားတာကြောင့် Intake လေမရတော့သလို လေဟာ
နယ်ဖြစ်သွားပြီး Piston ကလည်း စုပ်ဆွဲပြီးမဆင်းနိုင်
တော့တာကြောင့် အသာအယာလေးပဲ ရပ်တန့်သွားတာ
ပါ။ (Intake Butterfly Valve မတပ်ဆင်ထားတဲ့ အရင်
က ဒီဇယ်ကားဟောင်းတွေမှာ စက်ရပ်တဲ့အခါမှာ အင်ဂျင်
က တုန်ခါပြီးရပ်တန့်သွားတာကို သတိပြုမိကြမှာပါ။)

အဲ့ဒါကြောင့် အကျဉ်းချုပ်​ရရင် ဓာတ်ဆီအင်ဂျင်တွေမှာ
Throttle Body က မဖြစ်မနေပါဝင်ကြပါတယ်။ ဒီဇယ်
အင်ဂျင်တွေမှာတော့ လေထုညစ်ညမ်းမှုကိုလျော့ကျစေဖို့
နဲ့ အင်ဂျင်ရပ်တန့်တဲ့အခါမှာ ညင်သာစေဖို့ အတွက်ပဲ Intake Butterfly Valve ကို တပ်ဆင်ကြပါတယ်။ ခေတ်
မှီနောက်ဆုံးပေါ် အိမ်စီးဒီဇယ်ကားတွေမှာ တွေ့မြင်ရပါ
တယ်။

ဆက်လက်ဖော်ပြပါမည်...

စာဖတ်သူပရိသတ်များ မော်တော်ကားဗဟုသုတတွေနဲ့
ပြည့်စုံကြပါစေ...

Credit
ရန်နိုင်ထွေး (Marine Engineer)

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html