ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

အဲကွန်းလုပ်ငန်ခွင်ဝင်စ ညီလေးတို့အတွက်အမြဲနှိပ်စက်တဲ့ စကားလုံးနှစ်လုံးအကြောင်း(သို့မဟုတ်)အပူ နှင့် အပူချိန်

အဲကွန်းလုပ်ငန်ခွင်ဝင်စ ညီလေးတို့အတွက်
အမြဲနှိပ်စက်တဲ့ စကားလုံးနှစ်လုံးအကြောင်း
(သို့မဟုတ်)
#အပူ(Heat )နှင့်
#အပူချိန်(Temperature)


#အပူ(Heat)ဆိုတာ
ကမ္ဘာပေါ်မှာရှိနေတဲ့
လျှပ်စစ် စွမ်းအင်၊ အလင်းစွမ်းအင်၊အသံစွမ်းအင်
တို့လို စွမ်းအင်တမျိုးပါပဲ။
အဲဒါကြောင့် သူ့ကိုတိုင်းတာတဲ့အခါမှာလည်း
ဒီအရာဝတ္ထုထဲမှာ အပူပမာဏဘယ်လောက်ရှိလဲ၊
အပူဘယ်လောက်တိုးလာသလဲ၊လျော့သွားသလဲဆိုတာသိဖို..ဥပမာ..

ဗြိတိသျှအတိုင်းအတာ(Imperial unit or FPS)
နဲ့ဆို BTU နဲ့တိုင်းပါတယ်။
နိုင်ငံတကာယူနစ်(SI unit)နဲ့ဆို
Jouleနဲ့တိုင်းပါတယ်။

ဥရောပနဲ့တချိုနိုင်ငံတွေသုံးယူနစ်(CGS)နဲ့ဆို
ကီလို ကယ်လိုရီ
Kilocalories နဲ့တိုင်းတာပြီးနှိုင်းယှဉ်ပြောလေ့ရှိကြပါတယ်။
အဲဒီယူနစ်တွေဟာ အရာဝတ္ထု သို့မဟုတ် နေရာတနေရာ အခန်းတခန်းမှာ အပူစွမ်းအင်ပမာဏဘယ်လောက်ရှိတယ်ဆိုတာ ဘယ်လောက်တိုးလာတယ်ဆိုတာ
ဘယ်လောက်လျော့သွားတယ်ဆိုတာကို
နိုင်ငံတွေအလိုက်ကိုယ့်အထာနဲ့ကိုတိုင်းတာတဲ့ယူနစ်တွေပါ။
ဥပမာ=1 BTU ဆိုပါတော့
ရေတပေါင်ကို နဂိုရှိရင်းစွဲအပူချိန် ကနေ
တစ်ဒီဂရီဖာရင်ဟိုက်(1 'F)တိုးလာအောင်
လုပ်ဖို့လိုအပ်တဲ့ အပူကိုခေါ်တာပါ။
သာမိုမီတာလို့ခေါ်တဲ့ ကျနော်တို့ဖျားရင်တိုင်းတဲ့ မီတာတံ လိုမျိုး အပူချိနု တိုင်းပစ္စည်းနဲ့တိုင်းရင်
26'F အပူချိန်ရှိတဲ့ ရေတပေါင်ကို 27'F ထိပူလာအောင် သုံးလိုက်ရတဲ့ အပူစွမ်းအင်နဲ့ညီတဲ့အပူပမာဏကိုပြောတာပါ။
ရေ ငါးပေါင်ကို 1'F နဂိုထက်တိုအောင်လုပ်နိုင်ဖို့. 5 BTU လိုမယ်ပေါ့။ဒါကဥပမာပါ။


ရေပမာဏအလိုက်။အပူချိန်အနည်းအများအလိုက်
BTU ပမာဏပြောင်းသွားမှာပါ။
လိုရင်းကတော့
BTU တို့, Calories တို့ Watts တို့ဆိုတာ
နိုင်ငံအလိုက်အပူစွမ်းအင်ကို တိုင်းတာဖို့ သတ်မှတ်ထားတဲ့ ယူနစ်အခေါ်အဝေါ်တွေလို့သိရင်ရပါပြီ။
ကျနော်တို့နိုင်ငံမှာ ကြက်သားဝယ်ရင်
ပိဿာ နဲ့ ၊နိုင်ငံတကာမှာ ကီလိုဂရမ်နဲ့ ဝယ်ရသလိုမျိုး သတ်မှတ်ချက်ဆိုတာ သိဖို့ဆိုလိုခြင်းပါ။

အဲဒါကြောင့်အဲကွန်းတွေမှာ အခန်းတခန်း
နေရာတနေရာကနေ အဲဒီစက်ရဲ့အပူထုတ်နိုင်စွမ်းကို
BTU, Kilories , Kilowatts စတာတွေနဲ့ဖော်ပြထားတာတွေ့ရမှာပါ။

အဲကွန်း တစ်တန်စက် (1.5 Hp) ဆိုတာ
ရေခဲ တစ်တန် (2000 Lb) ကို ၂၄ နာရီအတွင်း
အရည်ပျော်ဖို့လိုအပ်တဲ့ အပူပမာဏတခုလိုတယ်ဆိုပါစို့။အဲဒီပမာဏဟာ (288000)BTU/24 hrလိုပါတယ်။
အဲဒီအပူပမာဏနဲ့ညီတဲ့အပူကို အဲဒီအချိန်အတွင်း
အခန်းထဲကနေ ဆွဲထုတ်ပစ်နိုင်တဲ့ စွမ်းရည်ရှိတဲ့စက်ကိုပြောတာပါ။တခြားယူနစ်တွေနဲ့သိချင်ရင်တော့
ယူနစ် ဆက်သွယ်ချက်(Unit Conversion)ကနေ
တွက်ယုံပါပဲ။

ဒါကအပူအကြောင်းသိဖို့ပါ။
#အပူချိန် (Temperature)
အပူချိန်ဆိုတာကတော့..အပူရဲ့ပြောင်းလဲနေတဲ့
အခြေအနေကို ဖော်ပြချက်ပါ။
အပူနဲ့ကွာပါတယ်။

ယေဘုယျအနေနဲ့ အရာဝတ္ထုနှစ်ခုရဲ့အလေးချိန်ဒြပ်ထုတူတဲ့အချိန်မှာ အပူချိန်(temperature)ကွဲနေခဲ့ရင် အပူချိန်မြင့်တဲ့အရာဝတ္ထုက အပူပမာဏပိုပါတယ်။

ဥပမာပြောရရင် ရေသန်တဘူးစာ ရေပမာဏတူတယ်ဆိုပါတော့
တဘူးက 40'Cရှိပြီး နောက်တဘူးက 60'Cရှိနေရင်
အပူချိန်ပိုမြင့်တဲ့ရေသန့်ဘူးထဲမှာ အပူပမာဏ
ပိုရှိနေတယ်လို့ယေဘုယျဆိုနိုင်ပါမယ်။

နောက်ဥပမာတခုပြောရရင်
လီတာ၁၀၀ ရှိတဲ့ရေတိုင်ကီတလုံးက အပူချိန်30'Cပဲရှိတဲ့အချိန် ကျနော်တို့သောက်တဲ့
ရေသန့်ဘူးတလီတာဘူးက အပူချိန်
100'C (ရေဆူနေပေမယ့်)ရှိနေပေမယ့်အပူပမာဏအနေနဲ့ဆိုရင် ဂါလံတရာ ရေတိုင်ကီက ပိုပါပါလိမ့်မယ် ဘာဖြစ်လို့လဲဆိုတော့ ဒြပ်ထုထည်ပမာဏကအများကြီးကွာလို့ပါ။

ဆိုချင်တာက အပူချိန်များတိုင်း အပူပမာဏမများပါဘူး။အပူချိန်ဘယ်လောက်များများ အဲဒီအရာဝတ္ထုထဲက အပူစွမ်းအင်ပမာဏဟာ ဒြပ်ထုအပေါ်မူတည်နေတယ်ဆိုတာသိဖို့ပါပဲ။

ဆူနေတဲ့ရေသန့်ဘူးဟာ ရေခဲသေတ္တာထဲထည့်လိုက်ရင် နှစ်နာရီလောက်အတွင်းသူ့ထဲကအပူတွေကို
ရေခဲသေတ္တာကစုပ်ထုတ်လိုက်လို့ ရေခဲဖစ်သွားနိုင်ပေမယ့်။အဲဒီရေခဲသေတ္တာထဲကို လီတာ၁၀၀ ရေတိုင်ကထည့်လိုက်ရင်တိုင်ကီထဲကရေတွေအကုန်ခဲဖို့ အချိန်အများကြီးနာရီများစွာပေးရပါလိမ့်မယ်။


အဲဒါနမူနာပါ။

ဒါကြောင့် အပူချိန်ဆိုတာ အရာဝတ္ထုတခုခြင်းစီရဲ့
အပူစွမ်းအင်ပမာဏအဆင့်ဘယ်လောက်ရှိတယ်ဆိုတာကို ပြောတာဖြစ်ပြီး အပူပမာဏကိုပြောတာမဟုတ်ကြောင်းသိဖို့လိုရင်းပါပဲ။

ဒါပေမယ့် အရာဝတ္ထုနှစ်ဟာ အထဲမှာသိုလှောင်တည်ရှိနေတဲ့အပူပမာဏ ဘယ်လောက်ရှိနေပါစေ
အပူချိန်(Temperature)တူညီနေရင်တခုနဲ့တခု
ယေဘုယျအနေနဲ့အပူကူးပြောင်းခြင်း (Heat transfer)မဖြစိပါဘူး။အပူပမာဏတခုကို
အရာဝတ္ထု တခုကနေနောက်တခုကို
ပြောင်းပေးချင်ရင်
အရာဝတ္ထုတခုကိုနောက်တခုထက်လအပူချိန်ပိုများအောင်လုပ်ပေးရပါတယ်။အဲဒါမှသာ
အပူချိန်မြင့်တဲ့အရာဝတ္ထုကနေလနိမ့်တဲ့အရာဝတ္ထုကို အပူကူးပြောင်းခြင်း(heat transfer)ဖြစ်မှာပါ။

ဥပမာ
အပူချိန် 100'C ရှိတေဲ့ရေနွေးဖန်ခွက်တခုကို
အပူချိန် 30'Cရှိတဲ့ ဂါလံတစ်ရာရေတိုင်ကီနဲ့
ပူးကပ်ထားရင် တိုင်ကီထဲမှာ အပူပမာဏအနေနဲ့
ရေနွေးဖန်ခွက်ထဲကအပူထက် အများကြီးသာပေမယ့် အပူချိန်နည်းတဲ့အတွက် ရေနွေးဖန်ခွက်ထဲကအပူက တိုင်ကီထဲကို ကူးသွားမှာပါ။

အဓိကမှတ်ရမှာက အပူပမာဏကိုတနေရာကနေနောက်တနေရာကို ကူးပြောင်းဖို့ အပူချိန်မြင့်ရတယ်။
အပူချိန်မြင့်နေပေမယ့် အပူပမာဏအတိုင်းအတာကတော့အရာဝတ္ထုရဲ့ ဒြပ်ထုထည်ပေါ်မူတည်တယ်ဆိုတာပါပဲ။
အဲဒါလေးကိုသုံးပြီး
အဲကွန်းတို့၊အပူပေးစက်တို့ကိုတည်ဆောက်ထားခြင်းပါ။
ဘာမှမဟုတ်တဲ့
ဒါလေးကိုမျှဝေခြင်းပါ။

Credit to
ကိုနန္ဒမိုး





Goog

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html