ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ဝါထပ်ရခြငိးအကြောင်း

>>>ဝါထပ်ခြင်း အကြောင်း<<<

၂၀၁၈ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ဟာ ပထမဝါဆိုလပြည့်နေ့ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ပထမဝါဆို၊ ဒုတိယဝါဆို စသည်ဖြင့် ဝါထပ်မှာဖြစ်သလို.. ၂၀၁၅၊ ၂၀၁၂ ခုနှစ်များမှာလည်း ဝါထပ်ခဲ့ကြပါတယ်။ တနည်းအားဖြင့်.. ဝါထပ်ခြင်းဟာ (၃) နှစ်တစ်ကြိမ် ဖြစ်တာကို သတိပြုမိမှာပါ။ ဘာဖြစ်လို့ပါလဲ...???

မြန်မာပြက္ခဒိန်မှာ နှစ်တွက်နည်း သုံးမျိုးရှိပါတယ်။

ပထမနည်းလမ်းက.. နေလမ်းကြောင်းကို ကြည့်ပြီးတွက်တဲ့နှစ်ကို သူရိယ မာသ နှစ်လို့ ခေါ်ပါတယ်။ ၃၆၅ရက် ၆ နာရီ ၁၂ မိနစ်နဲ့ ၃၇ စက္ကန့်ကြာပါတယ်။ အနောက်တိုင်းရဲ့ Solar year တွက်နည်းပါ။

ဒုတိယ နည်းလမ်းကတော့.. စန္ဒြ (စန္ဒရ) မာသ နှစ် လို့ခေါ်ပါတယ်။ လဆန်းရက် (လပြည့်ရက်) ကို အခြေခံပြီး ၁၂ လ ကို ၁ နှစ် နှုန်းနဲ့ တွက်တာပါ။ ဒါပေမယ့် လဟာ ရက် (၃၀) တစ်လ နှုန်းနဲ့ ကမ္ဘာကိုပတ်နေတာ မဟုတ်ပါဘူး။ လပြည့်အမှတ် တစ်ခုကနေ.. နောက်ထပ်လပြည့်အမှတ်တစ်ခုကိုရောက်ဖို့ ၂၉.၅ ရက် သာ ကြာမြင့်ပါတယ်။ အဲ့ဒါကြောင့် လကို အခြေပြုတဲ့ စန္ဒြမာသနှစ်မှာ ၃၅၄ ရက် ၈ နာရီ ၄၈ မိနစ် ၃၄ စက္ကန့်သာ ရှိပါတယ်။ Lunar Year တွက်နည်း ဖြစ်ပါတယ်။

အဲ့ဒီ့မှာ နေ နှစ် (သူရိယမာသ) နဲ့ လ နှစ် (စန္ဒြမာသ) အကြား ၁၀ ရက် လောက် ဟ နေပါတယ်။ ဝေါဟာရမာသ လို့ခေါ်တဲ့ ယခုအသုံးပြုနေတဲ့ မြန်မာပြက္ခဒိန်မှာ ၃ နှစ် တစ်ကြိမ် ဝါထပ် (လ တိုး) ပေးခြင်းဖြင့် အဆိုပါ ခုနှစ် တွက်နည်းနှစ်ခုစလုံးကို ညှိနှိုင်းကိုက်ညီစေခြင်းဖြစ်ပါတယ်။ ဝါထပ်နှစ်မှာ လပေါင်း (၁၃) လ ရှိပါတယ်။

မြန်မာပြက္ခဒိန်၏ စည်းကမ်းချက်မှာ ထိုသို့ တိုးသည့် လသည် ဒုတိယဝါဆိုလဟု သတ်မှတ်ရပါတယ်။ ဤကဲ့သို့ တစ်လတိုးသည့် အတွက် ဆောင်းနွေမိုးစသော ဥတုသုံးပါးတို့၏ အစဉ်အလာ သဘာဝတို့နှင့် ကိုက်ညီရမှာလည်း ဖြစ်ပါတယ်။

ကိုးကား။ ။ ဝီကီပီးဒီးယား

၂၁ ရာစု ပညာရေးအတွက်..

Writer by
သန့်ဦး (အာကာသနှင့် စကြဝဠာ)

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html