ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

နေအဖွဲ့အစည်းအတွင်းက ဂြိုဟ်တွေ ဘယ်လိုတိမ်းစောင်းနေကြသလဲ

>>>နေအဖွဲ့အစည်းအတွင်းက ဂြိုဟ်တွေ ဘယ်လိုတိမ်းစောင်းနေကြသလဲ<<<

ကမ္ဘာကြီးက မိမိဝင်ရိုးပေါ်မှာ ၂၃.၅ ဒီဂရီ တိမ်းစောင်းပြီး လည်ပတ်နေပါသတဲ့..။ ဘာဖြစ်လို့ တိမ်းစောင်းရသလဲ?? ဒါဆို.. နေအဖွဲ့အစည်းအတွင်းက အခြားသော ဂြိုဟ်တွေကရော.. တိမ်စောင်းလည်ပတ်နေတာလား..။ နေကရော တိမ်းစောင်းလည်ပတ်နေပါသလား။ လေ့လာကြည့်ရအောင်...။

မာကျူရီ (ခ) ဗုဒ္ဓဟူးဂြိုဟ်ကတော့ ဝင်ရိုးပေါ်မှာ တိမ်းစောင်းမှုမရှိပဲ အတည့်အတိုင်း အနောက် မှ အရှေ့သို့ နာရီလက်တံ ပြောင်းပြန်လည်သလို လည်ပတ်နေပါတယ်။ ဗီးနပ်စ် (ခ) သောကြာဂြိုဟ်ကတော့ ၁၇၇ ဒီဂရီ တောင်တိမ်းစောင်းနေတဲ့အတွက် ဇောက်ထိုးကြီးလို့ ပြောလို့ရပါတယ်..။ ပြီးတော့ သူက အရှေ့မှ အနောက်ကို နာရီလက်တံလည်သလို ဖြည်းညှင်းစွာ လည်ပတ်နေပါတယ်။

ကမ္ဘာကြီးကတော့ အနိမ့်ဆုံး ၂၂ ဒီဂရီနဲ့ အမြင့်ဆုံး ၂၄.၂ ဒီဂရီကြားမှာ တိမ်းစောင်းတဲ့အတွက် ပျမ်းမျှခြင်း ၂၃.၅ ဒီဂရီ တိမ်းစောင်းတယ်လို့ သတ်မှတ်ထားပါတယ်။ မားစ် (ခ) အင်္ဂါဂြိုဟ်ကတော့.. ၂၅ ဒီဂရီ တိမ်းစောင်းတဲ့အတွက် ကမ္ဘာ နဲ့ သိပ်မကွာဘူးလို့ ပြောလို့ရပါတယ်။ သူတို့ နှစ်ခုကလည်း နာရီလက်တံ ပြောင်းပြန်လည်သလို အနောက်မှ အရှေ့သို့ လည်ပတ်ပါတယ်။ အဲ့ဒါကြောင့် ကမ္ဘာ့ အရှေ့ပိုင်းနိုင်ငံတွေဟာ နေကို ဦးစွာမြင်ရပြီး အနောက်ပိုင်းကတော့ နောက်ကျပြီးမှ မြင်ရပါတယ်။

ဂျူပီတာ(ခ) ကြာသပတေးဂြိုဟ်ကြီးကတော့.. ၃ ဒီဂရီလောက်သာ စောင်းနေပါသတဲ့..။ စေတန် (ခ) စနေဂြိုဟ်ကတော့ ၂၆ ဒီဂရီလောက်စောင်းပါတယ်။ ယူရေးနပ်စ် ဂြိုဟ်ကြီးကတော့ ၉၈ ဒီဂရီလောက်စောင်းနေတဲ့အတွက် ဘေးတိုက်ကြီး လည်နေတယ်လို့ ပြောလို့ရပါတယ်။ နက်ပကျွန်းဂြိုဟ်ကတော့ ၂၈ ဒီဂရီလောက်စောင်းနေပါတယ်။

ဂြိုဟ်တွေ တိမ်းစောင်းလည်ပတ်နေရခြင်း အကြောင်းကတော့ နေအဖွဲ့အစည်း ဖြစ်ပေါ်စဉ်က ရရှိခဲ့တဲ့ လှည့်ပါတ်မှု အရှိန်ရယ်..၊ ဂြိုဟ် အချင်းချင်း (သို့) အခြားသော ဂြိုဟ်သိမ် ဂြိုဟ်ပဲ့များနဲ့ ဝင်တိုက်ခဲ့ခြင်းတွေရယ်ကြောင့် ဖြစ်နိုင်ပါတယ်။ နေကလည်း သူ့ဝင်ရိုးမှာ နာရီလက်တံ ပြောင်းပြန် လည်ပတ်နေတာဖြစ်ပြီး ကျန်ဂြိုဟ်များကလည်း သူ့အတိုင်း နာရီလက်တံ ပြောင်းပြန် လည်ကြပေမယ့်.. ဗီးနပ်စ် နဲ့ ယူရေးနပ်စ် ဂြိုဟ် နှစ်ခုကတော့ ဆန့်ကျင်ဘက် လည်နေတာဖြစ်ပါတယ်။

နေမင်းကြီးကတော့ သူ့ဝင်ရိုးမှာ ၇.၅ ဒီဂရီလောက်တိမ်းစောင်းနေပါတယ်။ လမင်းကြီးကတော့ သူ့ဝင်ရိုးပေါ်မှာ ၁.၅၄ ဒီဂရီတိမ်းစောင်းပြီး သူ့ရဲ့ ကမ္ဘာကိုပတ်နေတဲ့ လမ်းကြောင်းကတော့ ၅ ဒီဂရီလောက် စောင်းနေပါတယ်။

Writer by
အနာဂတ် ပညာရေးအတွက်..

သန့်ဦး (အာကာသနှင့် စကြဝဠာ)

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html