ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ကားတံခါးကို အထဲမှ ဖွင့်မရသူများအတွက် Problem Child Lock လေးအကြောင်း

ကားတံခါးအထဲမှ ဖွင့်မရသူများအတွက် Problem
Child Lock လေးအကြောင်းပါ...

မသိသေးသူများအတွက်ရည်ရွယ်ပါတယ်....

ကိုယ်စီးနေတဲ့ကားလေး ရေဆေးခုံသွားတင်ပြီးပြန်လာတော့ နောက်ခန်းထဲကနေ တံခါးဖွင့်မရဖြစ်နေတတ်ပါတယ်....

နောက်ခန်းကားတံခါးဖွင့်ပြီး Child Lock ခလုပ်ကလေးကို မတော်တဆ ထိပြီးလော့ကျတတ်ပါတယ်....
ဘာမှတော့မဟုတ်ဘူး မသိတဲ့သူတွေအတွက်
ကားတံခါးလုပ်တဲ့ဆိုင်ကိုသွားပြီး ပြေးပြီးပြရတာတို့
သဘောကောင်းတဲ့ဆိုင်ကတော့ ပြပေးလိုက်ပါတယ်...
ညစ်တဲ့ဆိုင်နဲ့တွေ့ရင်တော့ ပိုက်​ပိုက်​ထွက်​ပြီ 😮
အမှုမဲ့အမှတ်မယ့် အဲ့ Child lock ခလုပ်ကလေးကို မသိဘဲ စိတ်အနှောက်ယှက်ဖြစ်တဲ့သူတွေ ခုချိန်ထိပါပဲ....

#အဲ့လိုမဖြစ်ရအောင် နောက်ခန်းကားတံခါးဖွင့်လိုက်ရင် ပုံထဲကအတိုင်း ခလုပ်ကလေးကိုတွေ့ရပါမယ် အပေါ်ဆိုပုံမှန် အောက်ရောက်နေရင် lock ပါ
သူအလုပ်လုပ်ပုံက lockချထားရင်​အထဲကနေ တံခါးဖွင့်မရပါဘူး အပြင်ကဖွင့်ပေးမှရပါတယ်.....
ဘာအတွက်ထည့်ပေးလဲဆိုရင် ကလေးတွေအတွက်ပါ...
ကလေးတွေကျောင်းလိုက်ပို့တာတို့,အပြင်သွားတာတို့ ကားမောင်းနေလို့ သူတို့ကိုအာရုံမစိုက်နိုင်တဲ့အခါ, ကလေးထိန်းမပါရင် အဲ့ခလုပ်ကလေးကိုချထားရင် ကလေးတွေ ကားသွားနေရင် ဆော့ပြီးတံခါးမဖွင့်နိုင်အောင် Safety အတွက်ထည့်ပေးထားတာပါ....

ဒီမှာကတော့ ကားပုံမှန်စီးသူတွေ ရေဆေးပြီးပြန်လာတဲ့အခါ ဆိုင်ကကားရေသုတ်ရင်း အဝတ်နဲ့ညှိပြီး ခလုပ်အောက်ကျတတ်ပြီး တံခါးဖွင့်မရတဲ့ပြဿနာ ခဏခဏဖြစ်ပါတယ်......အဲ့အတွက် အပြင်ကတံခါးလေးဖွင့်ပြီး ခလုပ်ကလေးအပေါ်ပြန်တင်လိုက်ရင် ပုံမှန်ဖြစ်သွားပါပြီ.....

တချို့ကားဆရာ​တွေက​တော့ ​နောက်​ကလူက child lock ကျ​နေတဲ့ဘက်​ကဆင်းရင်​ ​မောင်းတဲ့သူကဆင်းပြီးဖွင့်​​ပေး​နေတာ...ဘာဖြစ်​လို့လဲဆိုမှ ကားတံခါးက အတွင်းကဖွင့်​မရလို့တဲ့...

🚖 🚖 🚖 🚖
မသိသေးသူများအတွက်ရည်ရွယ်ပြီး ရေးပြခြင်းသာ....

Writer by
မောင်​ဂျစ်​တူး

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html