ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

လျှပ်စစ်ကြောင့်မီးလောင်ခြင်း

"လျှပ်စစ်ကြောင့်မီးလောင်ခြင်း"
(Repost)

လျှပ်စစ်ကြောင့်မီးလောင်ခြင်းတွင်အခြေခံ ၂ ချက်ရှိပါသည်။
၁) resistive PIS
၂) arcing PIS
PIS ဆိုသည်မှာ မီးစတင်လောင်ကျွမ်းစေမှုကိုဖြစ်စေသောနေရာဖြစ်ပါသည်။
(PIS =  Potential Ignition Source)
အကြမ်းအားဖြင့်ဆိုသော်
Resistive PIS သည် အပူချိန်လွန်ကဲပြီးမီးလောင်ခြင်း ၊
Arcing PIS သည် လျှပ်စီးပတ်လမ်း ရုတ်တရက်ပွင့်ထွက်ပြတ်တောက်ခြင်းသော်လည်းကောင်း ( series arcing ) ၊ သီးခြားစီရှိနေသော လျှပ်စီးပတ်လမ်း ၂ ခုမတော်တဆထိတွေခြင်း ( parallel arcing) တို့ကြောင့်မီးပွားများထွက်ပြီးမီးလောင်ခြင်း စသဖြင့်ခွဲခြားနိုင်သည်။
အဆိုပါ မီးလောင်စေသောအချက် ၂ ချက်ဖြစ်နေချိန်တွင် အဆိုပါ လျှပ်စစ်ပတ်လမ်းမျိားတွင်ရှိသော voltage current များပြောင်လဲမှုရှိနိုင်သော်လည်း ထိုပြောင်းလဲမှုများသည် မီးလောင်ခြင်းဖြစ်ပေါ်နေပါသည်ဟုတစ်ထစ်ချသိနိုင်သောအခြေမနေများမဟုတ်ကြပါ။
မီးစတင်လောင်စေသောနေရာသည် input နှင့်တိုက်ရိုက်ရှိနေသော နေရာတလျောက်ဖြစ်ပါက
Overload/ short current ကို sensing လုပ်သော circuit breaker များ နှင့် arc fault ကို sensing လုပ်သော AFCI breaker များပြုတ်ကျခြင်းဖြင့်ကာကွယ်ကောင်းကာကွယ်နိုင်သော်လည်း
Input နှင့်တိုက်ရိုက်ရှိမနေသော နေရာများတွင် မီးစတင်လောင်ပါက အဆိုပါ breaker များကာကွယ်နိုင်မည်လော။
Input နှင့်တိုက်ရိုက်ရှိမနေသော နေရာဆိုသည်မှာ ထိုနေရာမှာ PIS တစ်ခုခုကြောင့်မီးစတင်လောင်ပါက input မှမသိပါ။ တစ်နည်း input တွင်ရှိသော မည်သည့် breaker မျှမကာကွယ်နိုင်ပါ။
ထိုကြောင့်အဆိုပါနေရာများကို design လုပ်ရာတွင် PIS တစ်ခုခုမဖြစ်ပေါ်စေရန်အတွက်လိုအပ်သော design အပြင် အရေးကြီးသောနေရာများအတွက် သီးသန့် protection circuit တစ်ခုထည့်သွင်းတည်ဆောက်ခြင်းဖြင့်ကာကွယ်နိုင်ပါသည်။
ဥပမာ LCD TV များတွင်ရှိ back light ကိုပေးသော voltage သည် 2kV ထိရှိကြသည်။ထို high voltage ကိုပေးသော connector များ loose ဖြစ်ပါက series arcing ဖြစ်ပေါ်မီးလောင်တတ်သည်။ အဆိုပါ arcing ဖြစ်ပေါ်ခြင်းကို input တွင်ရှီသောအထက်တွင် ဆိုထားသော မည်သည့် breaker မှ sensing မလုပ်နိုင်ပါ။
ထိုကြောင့် အဆိုပါ back light circuit တည်ဆောက်ရာတွင် connector loose ကြောင့် arcing ကိုသိသော feature တစ်ခုထည့် သွင်းလေ့ရှိကြသည်။

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html