ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

How To Make Printed Circuit Board အပိုင်း ( ၁ ) PCB နှင့်ဆိုင်သော အခြေခံအချက်များ

ECအပိုင်းပေမယ့် စိတ်ဝင်စားစရာကောင်းလို့ ဖော်ပြလိုက် ပါတယ်...
How To Make Printed Circuit Board
===========================
အပိုင်း ( ၁ )
+ +++++++
PCB နှင့်ဆိုင်သော အခြေခံအချက်များ
**************************************
၁။ Printed Circuit Board (PCB)တစ်ခုကို အီလက်ထရောနစ်နည်းပညာကို စတင်လေ့လာသူတွေဘဲ ဖြစ်ဖြစ် ၊ နည်းပညာကျောင်းသား/သူ တွေဘဲဖြစ်ဖြစ် လွယ်လွယ်ကူကူနဲ့ လုပ်ကိုင်ဆောင်ရွက်လို့ရအောင် ရည်ရွယ် ပြီး ကျနော်သိသလောက်လေး မျှဝေပါတယ်။
၂။ အီလက်ထရောနစ်လုပ်ငန်းလုပ်ကိုင်ပြီဆိုတာနဲ့ သူနဲ့ကဘယ်လိုမှ ကင်းကွာလို့မရတော့ပါဘူး။ Printed Circuit Board ဆိုတာက အီလက်ထရောနစ် Componentလေးတွေကို တစ်ခုနဲ့တစ်ခု ကြေးလမ်းကြောင်း(Track Line) လေးတွေနဲ့ ချိတ်ဆက်ထားပေးထားတဲ့ ပစ္စည်းတစ်ခုပါ။ဒီကြေးလမ်းကြောင်းတွေ ဘယ်လိုချိတ်ဆက်မယ်ဆို တာကတော့ ကိုယ်ဆွဲတဲ့ဒီဇိုင်း(design)ပေါ်မှာဘဲ မူတည်တာပေါ့။PCB လုပ်တဲ့အဓိက ကုန်ကြမ်းပစ္စည်းကို အရပ်အခေါ်အရ “ကြေးပြား” ၊ နည်းပညာပိုင်းဆိုင်ရာအရဆိုရင်တော့ CCL ( Copper clad Laminate) လို့ခေါ် ပါတယ်။အဲ့ဒီကြေးပြားကိုတော့Fiberပြားပေါ်မှာ ကြေးပြားအပါး(Copper)ကို ကပ်ထားပါတယ်။ International Standard အရတော့ ဒီကြေးပြားတွေရဲ့ ကြေးအထူ(Fiberပြားမပါ)ကို 18Micro Meter ကနေ 30 Micro Meter ထိသတ်မှတ် ထားပါတယ်။
၃။ အီလက်ထရောနစ်Components လေးတွေတပ်ဆင်မထားရသေးရင်သူ့ကို PCB လို့ခေါ်ပြီး Components လေးတွေတပ်ပြီးသွားရင်တော့ PCBA (Printed Circuit Board Assembly) လို့သတ်မှတ်ပါတယ်။PCBအနေနဲ့ အမျိုးအစား (၃)မျိုးခွဲခြားထားပါတယ်။
၁။ Single Layer PCB။
၂။ Double Layer PCB။
၃။ Multi-Layer PCB။
Single Layer PCB
*********************
၎။ Single Layer PCB ဆိုတာကတော့ မျက်နှာပြင်တစ်ဘက်တည်းမှာဘဲ ကြေးပြားပါတာဖြစ်ပါတယ်။ Components တွေတပ်ဆင်တဲ့နေရာမှာလည်း မျက်နှာပြင်တစ်ဘက်တည်းကိုဘဲ တပ်ဆင်နိုင်တာဖြစ်ပါတယ်။ သူ့ ကိုသုံးပြီး Surface Mounted Device (SMD) ဘဲဖြစ်ဖြစ် PTH(Plate Through Hole ) ဘဲဖြစ်ဖြစ် (၂)မျိုးစလုံးကို မှာအသုံးပြုနိုင်ပါတယ်။ Single Layer PCB ကိုပုံ(၁) မှာဖေါ် ပြပေးထားပါတယ်။
Double Layer PCB
**********************
၅။ Double Layer PCB ဆိုတာကတော့ မျက်နှာပြင်(၂)ဘက်လုံးမှာ ကြေးပြားပါတဲ့ အမျိုးအစားဖြစ်ပါတယ်။ မျက်နှာပြင်(၂)ဘက်လုံးမှာ ကြေးလမ်းကြောင်း(Track line)တွေ ထည့်လို့ရတာပေါ့။Components တွေကိုလည်း မျက်နှာပြင်(၂)ဘက်လုံးမှာ ထည့်သွင်းလို့ရပါတယ်။PCB အခေါ်အရတော့ အပေါ်ဘက်ခြမ်းကို Top Layer လို့သတ်မှတ်ပြီး အောက်ဘက်ခြမ်းကို Botttom Layer လို့သတ်မှတ်ပါတယ်။Double Layer PCB ကိုပုံ(၃) မှာဖေါ် ပြပေးထားပါတယ်။
Multi-Layer PCB
*******************
၆။ Multi-Layer PCB ကတော့ ကြေးပြား(၂)ပြားရဲ့အလယ်မှာ နောက်ထပ် ကြေးပြားလေးတွေကို ထပ်ထည့် ပြီး ပြုလုပ်ထားတဲ့ အမျိုးအစားပါ။အလယ်မှာထည့်ထားတဲ့ ကြေးပြားတွေကိုတော့ Inner Layer (1,2,3,4,5..) စ သည်ဖြင့်သတ်မှတ်ပါတယ်။ပုံ (၄) မှာ Multi-layer PCB ကိုပြပေးထားပါတယ်။
၇။ ဒါကတော့ ကြေးပြားတွေရဲ့ အမျိုးအစားတွေပါ။နောက်ထပ်က PCB မှာပါဝင်တဲ့ အစိတ်အပိုင်းလေးတွေကို လည်းသိထားသင့်ပါတယ်။PCB တစ်ခုမှာဆိုရင်အောက်မှာပြပေးထားတဲ့ အစိတ်အပိုင်းလေးတွေ ပါဝင်ပါတယ်။
၁။ Track။
၂။ Hole။
၃။ Pad။
၎။ Via။
#Track
>>>>>
၈။ Track ဆိုတာကတော့ PCB ပြားပေါ်မှာ Components တစ်ခုနဲ့တစ်ခုကို ချိတ်ဆက်ပေးတဲ့ ကြေးလမ်း ကြောင်းလေးဘဲဖြစ်ပါတယ်။သူ့ကို PCB အခေါ်အဝေါ်အရ (Track Line ) လို့ခေါ်ပါတယ်။ဒီTrack Line လေးတွေ အနေနဲ့ Signal Track အတွက်ဆို အကျယ်(Width)ဘယ်လောက်ထားမယ်၊ Power / Ground Track တွေဆိုရင် သူ့မှာဖြတ်စီးဆင်းမဲ့ လျပ်စီးကြောင်း(Current) ပေါ်မူတည်ပြီး အကျယ်(Width) ကိုဘယ်လောက်ထားမယ် စသဖြင့် သတ်မှတ်နိုင်ပါတယ်။အဓိကကတော့ Track line တွေဟာ ထောင့်မှန်(90 degree) ဖြစ်မနေစေရပါဘူး။ဒါကတော့ Track Line မှာ အဓိကလိုက်နာရမယ့် အချက်ပါဘဲ။ပြောရင်း Making မဟုတ်ဘဲ Design ပိုင်းရောက်နေပြီ။ ဟုတ်ကဲ့ နောက်တစ်ခုဆက်ပါ့မယ်။
#Hole
>>>>>
၉။ Hole ဆိုတာတော့ PCB မှာ Components လေးတွေရဲ့ ခြေထောက်(Lead) လေးတွေထည့်သွင်းရတဲ့ အပေါက်လေးတွေဘဲ ဖြစ်ပါတယ်။ရီစ္စတာ (resistor)၊ Small Capacitor၊ Small Transistor တွေအတွက် 0.8mm လောက်ထားရှိရင် သင့်တော်ပေမယ့် IC၊ Diode ၊ Electrolyte Capacitor၊ Variable Resistor တွေအတွက်တော့ 1mm လောက်နဲ့ ဖေါက်မှ အဆင်ပြေပါမယ်။ မဟုတ်ရင် Components ရဲ့ ခြေထောက်တွေ ထည့်မရတာတွေဖြစ်တတ်ပါတယ်။
#Pad
>>>>
၁၀။ Padဆိုတာကတော့ Components တွေရဲ့ခြေထောက်နဲ့ ကြေးလမ်းကြောင်းကို ထိဆက်စေဖို့တွဲဖက်ပြီး ခဲဂဟေဆော်လို့ရတဲ့ နေရာဘဲဖြစ်ပါတယ်။
#Via
>>>
၁၁။ Via ဆိုတာကတော့ Double Layer ၊ Multi-Layer PCB တွေမှာဘဲအသုံးပြုတာဖြစ်ပါတယ်။ ကြေးလမ်း ကြောင်း (Track Line) တစ်ခုနဲ့တစ်ခုကို ချိတ်ဆက်တဲ့နေရာမှာသုံးတာဖြစ်ပါတယ်။Joiner ပေါ့ဗျာ။ဥပမာ Double Layer PCB မှာဆိုရင် Top Layer နဲ့ Bottom Layer ကို ချိတ်ဆက်မယ်ဆိုရင် Via ကိုသုံးရပါ့မယ်။ချိတ်ဆက်တဲ့ နေရာမှာ Tin Plating နည်းစနစ်နဲ့ ချိတ်ဆက်ပါတယ်။နောက်တစ်နည်းကတော့ Jumper Wire ထည့်ပြီးလည်း ချိတ်ဆက်နိုင်ပါတယ်။ အကြီးစားထုတ်လုပ်မှု(Mass production) မှာတော့ Jumper Wire စနစ်ကအလုပ်သိပ်မ ဖြစ်လှပါဘူး။Double Layer သုံးမယ်၊ Via တွေလည်းပါမယ်ဆိုရင်တော့ Tin Plating နည်းစနစ်ကသာ မှန်ကန် သောနည်းစနစ်တစ်ခု ဖြစ်ပါတယ်။Vias တွေအနေနဲ့ PCB ရဲ့အပေါ်ခြမ်းအောက်ခြမ်းဆက်တဲ့ Through Hole Via၊ PCB ရဲ့ Inner Layer ချင်းချင်းဆက်သွယ်တဲ့ Buried Via၊ PCB ရဲ့အပေါ်ခြမ်း(သို့မဟုတ်)အောက်ခြမ်းနဲ့ဆက်တဲ့ Blind Via ဆိုပြီးတော့ (၃)မျိုးခွဲခြားထားပါတယ်။ Track၊ Hole၊ Pad၊ Via တွေကိုပုံ( ၅) မှာဖေါ် ပြပေးထားပါတယ်။

၁၂။ ဒါတွေကတော့ PCB တစ်ခုမှာအဓိကပါဝင်တဲ့ အစိတ်အပိုင်းလေးတွေပါဘဲ။နောက်ထပ် PCB တစ်ခုလုပ် တဲ့နေရာမှာ အသုံးပြုတဲ့နည်းစနစ်တွေကို လေ့လာကြည့်ပါမယ်။ PCB တစ်ခုပြုလုပ်တဲ့နေရာမှာ နည်းစနစ်(၃)မျိုးနဲ့ ဆောင်ရွင်နိုင်ပါတယ်။
၁။ Toner Transfer နည်းစနစ်ဖြင့် PCB ပြုလုပ်ခြင်း။
၂။ Screen Printing နည်းစနစ်ဖြင့် PCB ပြုလုပ်ခြင်း။
၃။ Photoresist နည်းစနစ်ဖြင့် PCB ပြုလုပ်ခြင်း။
အပိုင်း ( ၂ ) မှာဆက်လက်ဖေါ်ပြသွားပါ့မယ်ခင်ဗျာ…>>>>>>>>>

ဆန္ဒ နဲ့ ဘ၀ တစ်ထပ်တည်းကျနုင်ကြပါစေ
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Ko Thar Nge (BE,EC)

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html