ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

Off Grid PV Power System အပိုင်း(1) ရေအား၊သဘာဝဓာတ်ငွေ့၊ကျောက်မီးသွေး

Off Grid PV Power System အပိုင်း(1)

ရေအား၊သဘာဝဓာတ်ငွေ့၊ကျောက်မီးသွေး စသည်တို့ မှ လျှပ်စစ်ဓာတ်အားထုတ်ယူ၍ အစိုးရ(သို့)ပုဂ္ဂလိက မှ တာဝန်ယူ ထုတ်လုပ် ပို့လွှတ် ဖြန့်ဖြူးသော မဟာဓာတ်အားလိုင်းကွန်ယက်စံနစ်(National Grid System) နှင့်ဝေးကွာသော ဒေသများတွင် လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေးအတွက် ဆိုလာအခြေပြု
Off Grid PV Power Systemကို တပ်ဆင်အသုံးပြုကြရပါသည်။

Off Grid PV Power Systemတွင် အောက်ဖော်ပြပါ အစိတ်အပိုင်းများ ပါဝင်ပါသည်။

1.PV(photovoltic) Array ဖြစ်ပါသည်။
PV Arrayဆိုသည်မှာ ဆိုလာပြားကို ခေါ်ဆိုခြင်းဖြစ်ပါသည်။ဆိုလာပြားများသည် နေရောင်ခြည်ရရှိသောအခါ DC Voltageထုတ်ပေးပါသည်။ဒီဇိုင်းအပေါ်မူတည်၍ 12Volt,24Volt,48Voltစသည်ဖြင့် ထုတ်ပေးနိုင်သည်။ဆိုလာပြားမှရရှိသော DC  ကို ACသို့ ပြောင်းလဲသုံးစွဲနိုင်ရေးအတွက် ဘက်ထရီတွင် ဓာတ်အားသိုလှောင်သိမ်းဆီးရပါသည်။ထိုအခါ

2.Charge Controller ကို အသုံးပြုကြရပါသည်။
Charge Controllerသည် Batteryအားပြည့်သည့်အခါတွင် အားသွင်းစံနစ် ဖြတ်တောက်ပေးခြင်း၊ဘက်ထရီအားနည်းသည့်အခါ အားပြန်သွင်းပေးခြင်း၊
ဆိုလာပြားမှ ရရှိသော ဗို့အားကို ဘက်ထရီဆီသို့ လိုသလိုထိန်းညှိပို့ဆောင်ပေးခြင်းစသည်တို့ကို ပြုလုပ်ပေးပါသည်။မှန်ကန်သည့်အားသွင်းစံနစ်ကြောင့် ဘက်ထရီသက်တမ်းကို ကြာရှည်စေပါသည်။

3.Batteryသည် ဆိုလာမှရရှိသော ဗို့အားများကို သိုလှောင်သိမ်းဆည်းရာ နေရာတစ်ခုဖြစ်ပါသည်။
12Volt အမျိုးအစားသည် အသုံးအများဆုံးဖြစ်ပါသည်။Battery၏ စွမ်းဆောင်ရည် ကို Ah(Ampere hour)ဖြင့် ဖော်ပြပါသည်။Ah တန်ဖိုးများလေလေ သိုလှောင်နိုင်စွမ်းများလေလေဖြစ်ပါသည်။Batteryတွင် သိုလှောင်ထားသော DC စွမ်းအင်ကို ACစွမ်းအင်သို့ ပြောင်းလဲပေးရန်အတွက်

4.Inverter System ကို အသုံးပြုကြရပါသည်။
Inverterသည် Batteryမှ DC စွမ်းအင်ကို ACစွမ်းအင်သို့ပြောင်းပေးပါသည်။ထိုမျှသာမက Inverterသည် နေရောင်ခြည်မလုံလောက်မှုကြောင့် ဓာတ်အားလိုအပ်ပါကBackup Generator မှ ရရှိသော ACစွမ်းအင်ဖြင့် Battery များကို အားသွင်းပေးနိုင်ပါသေးသည်။

5.Backup Generator ကို ရာသီဥတုကြောင့် နေရောင်ရရှိမှုနည်းခြင်း၊တခါတရံတွင်စွမ်းအင်ပိုမိုသုံးလိုခြင်းစသည်တို့ကြောင့် ဆိုလာစွမ်းအင် မလုံလောက်သည့်အခါမျိုးတွင် ဓာတ်အားပြတ်တောက်မှုမရှိစေရေးအတွက် ထည့်သွင်းတပ်ဆင်အသုံးပြုကြပါသည်။

အပိုင်း(2)တွင် အထက်ဖော်ပြပါ ပါဝင်အစိတ်အပိုင်း ၅မျိုးကို မှန်ကန်စွာ ရွေးချယ်တပ်ဆင်နိုင်စေမည့်
နည်းလမ်းများကို ဆက်လက်ဖော်ပြပေးပါ့မယ်ခင်ဗျာ။

Like and Shareလုပ်ပေးခြင်းဖြင့် လေ့လာသိရှိလိုသူများ လေ့လာခွင့်ရစေရန် ကူညီပေးကြဖို့လည်း မေတ္တာရပ်ခံအပ်ပါတယ်၊အများစုနားလည်အောင် ရေးသားခြင်းဖြစ်လို့ လိုအပ်ချက်ရှိရင်လည်း နားလည်ပေးစေချင်ပါတယ်၊ထပ်ထည့်သင့်သောအချက်အလက်များ၊လိုအပ်ချက်များ အမှားအယွင်းများတွေ့ရှိပါကလည်း အကြံပြုပေးစေချင်ပါတယ်၊ဝေဖန်ထောက်ပြပေးစေချင်ပါတယ်ခင်ဗျာ။
Credit..

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html