ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

အပိုင်း (၂) Toner Transfer နည်းစနစ်ဖြင့် PCB ပြုလုပ်ခြင်း

အပိုင်း (၂)
=======
#Toner Transfer နည်းစနစ်ဖြင့် PCB ပြုလုပ်ခြင်း
================================
၁။    Toner Transfer နည်းစနစ်ကတော့ PCB အကြမ်း(သို့မဟုတ်)အစမ်းထုတ်လုပ်တဲ့ နေရာမှာသုံးတာ ဖြစ်ပါတယ်။ PCB ရဲ့ Track Line တွေက အတန်အသင့် ကျယ်မှသာ ဒီနည်းစနစ်ကို သုံးတာကောင်းပါတယ်။PCB အနည်းငယ် ထုတ်လုပ်ဖို့အတွက်တော့ ဒီနည်းစနစ်ကမြန်ပါတယ်။ဒီပုံစံနဲ့ PCB ထုတ်ဖို့ဆိုရင် လိုအပ်တာလေး တွေအရင်စု စောင်းကြည့်ပါ့မယ်။

၁။    Photo Paper ( စက္ကူအပါး)။(AliExpress မှာဆို Toner
Transfer Paper မှာလို့ရပါတယ်)

၂။ မီးပူ။

၃။ ကော်ပတ်အပါး။

၎။ ကြေးစားအက်ဆစ်( Ferric Chloride-ဓါတုပစ္စည်းအရောင်း
ဆိုင်တွေမှာ ၀ယ်ရနိုင်ပါတယ်)။

၅။ ထင်းရှုးဆီ / ဗားနစ် (Varnish)(ထင်းရှုးဆီခဲကို ပရဆေးဆိုင်
များတွင် ၀ယ်ရနိုင်ပြီး အခဲနည်းနည်း
ထည့် ဓါတ်ဆီနဲ့ရောစပ်ပါ)။

၂။    ပထမဦးဆုံးအနေနဲ့ မိမိဆွဲထားတဲ့PCB Design ကို Photo Paper ကိုသုံးပြီး Print ထုတ်ပါမယ်။ဒီလို Print ထုတ်တဲ့ နေရာမှာ Printer အနေနဲ့ကလည်း Laser Printer ဖြစ်ရပါမယ်။Laser Printer က ဆေးမှုန့်ကသာ PCB Plate ပြားပေါ်ကို ကူးပြောင်း(Transfer) နိုင်မှာမလို့ ဖြစ်ပါတယ်။

၃။    PCB ပြားကို ဂျေးပြောင်အောင် ကော်ပတ်ပါးပါး လေးနဲ့ ပွတ်တိုက်ပြီးတာနဲ့ သန့်စင်အောင်သုတ်ပြီး Photo Paper ရဲ့ ပုံရိပ်ပါတဲ့ဘက်နဲ့ ကပ်လိုက်ပါ့မယ်။ပြီးရင် မီးပူနဲ့ အထိုက်အလျောက်ပွတ်တိုက်ပါ့မယ်။ဒီလိုလုပ် လိုက်တဲ့အခါ Photo Paper ပေါ်က Toner မှုန့်တွေဟာ PCB ပြားမှာကပ်သွားပါတယ်။နောက်ပြီး ကြေးစားအက် ဆစ် (Ferric Chloride ) ကို ရေနဲ့သင့်တင့်တဲ့အနေအထား ထိဖျော်စပ်ပြီး သမှအောင်မွှေရပါ့မယ်။ပီးတာနဲ့ ကြေးစားအက်ဆစ်ထဲကို စောစောက PCB ပြားကိုထည့်ပြီး လှုပ်ခါ (Shake)ပေးရပါ့မယ်။ PCB နည်းပညာပိုင်း အခေါ်အရ Etching လုပ်တယ်လို့ခေါ်ပါတယ်။Shake ပေးမှ Ferric Chloride ကကြေးကိုပွတ်တိုက် ပြီးစားသွား တာ မြန်မှာဖြစ်ပါတယ်။ မိနစ်အနည်းငယ်ကြာအောင် Shake လုပ်ပြီး PCB ပြားထုတ်ကြည့်တဲ့အခါ Toner မှုန့်ကပ်မနေတဲ့ ကြေးနေရာတွေကို Ferric Chlorideက စားသွားမှာဖြစ်ပါ တယ်။

၎။     PCBပြားကို ရေလေးနဲ့ဆေးပြီး ကော်ပတ်ပါးပါးလေးနဲ့ပွတ်လိုက်တာနဲ့ Toner မှုန့်တွေကပြောင်သွားပြီး ကြေးလိုင်းတွေ သာကျန်ခဲ့မှာဖြစ်ပါတယ်။ နောက်ဒီကြေးပြားရဲ့ Hole ဖေါက်ရမယ့်နေရာတွေကို Hand Drill အသေးစားလေးနဲ့ လိုက်ဖေါက်ပါမယ်။ စက်မှုလက်မှုသုံးကိရိယာအရောင်းဆိုင်တွေမှာ Drill Size အမျိုးမျိုး ၀ယ်နိုင်ပါ တယ်။0.8mm/1mm/1.2mm/3mm Drill တို့ကတော့မဖြစ်မနေ ၀ယ်ထားသင့်ပါတယ်။

၅။    Drill ဖေါက်ပြီးရင် PCB ကိုသန့်စင်ပြီး ထင်းရှုဆီလေး(ပါးပါး)သုတ်လိုက်ပြီး အခြောက်ခံထားလိုက်ရင် PCB တစ်ချပ်ရသွားပြီဖြစ် ပါတယ်။ ဒါကတော့ Toner Transfer နည်းပါ။ပုံ(၂) Toner Transfer နည်းစနစ်နဲ့ လုပ်ထားတဲ့ ပုံလေးတွေပြပေး ထားပါတယ်။Chemical ပစ္စည်းတွေကို ကိုင်တွယ်တဲ့အခါမှာ ရာဘာလက်အိတ်အသုံးပြုသင့်ပါတယ်။

#Screen Printing နည်းစနစ်ဖြင့် PCB ပြုလုပ်ခြင်း
=================================
၁။    Screen Printing နည်းစနစ်ကတော့ အိင်္ကျီတွေပေါ်မှာတံဆိပ်ရိုက်သလိုနည်းနဲ့ PCB ပြုလုပ်တာဘဲ ဖြစ်ပါတယ်။လက်ရှိဈေးကွက်ထဲက PCB တွေကဒီနည်းစနစ်ကို အသုံးပြုထုတ်လုပ်မယ်ထင်ပါတယ်။Track Line အကျယ် သေးလွန်းရင်တော့ ခက်ခက်ခဲခဲလုပ်ရမှာပါ။ PCB ထုတ်ဖို့အတွက်တော့ အဆင်ပြေတဲ့ နည်းစနစ်ပါဘဲ။ ဒီလိုလုပ်ဖို့အတွက် အောက်မှာဖေါ်ပြထားတဲ့ ပစ္စည်းတွေလိုအပ်မှာဘဲ ဖြစ်ပါတယ်။

၁။ Screen Printer။
၂။ ပုံရိပ်ဖေါ်ပြီး Screen Printing Stencil ။
၃။ Screen Printing Ink။
၎။ Squeegee။
၅။ Acetone။
၆။ CCL။(ကြေးပြား)
၇။ Hand Drill။
၈။ ကြေးစားအက်ဆစ်( Ferric Chloride )။
၉။ ထင်းရှုဆီ/ ဗားနစ် (Varnish)။

၂။    ပထမဆုံးအနေနဲ့ PCB လုပ်ဖို့ Screen Printing Stencil (ဖဲသားနဲ့ လုပ်ထားတဲ့ တံဆိပ်ရိုက်တဲ့ဘောင်) တစ်ခုလုပ်ရပါမယ်။ ကိုယ်တိုင်လုပ်နိုင်သလို ဆေးဆိုးပန်းရိုက်ဆိုင်တွေမှာ PCB ကိုPrint ထုတ်ပေးပြီး လုပ်ခိုင်း လည်းရပါတယ်။ ကိုယ်တိုင်လုပ်ရင်တော့ နည်းနည်းလက်ဝင်ပါတယ်။ Stencil လုပ်ဖို့ဆိုရင် 200 -250 Mesh(ဖဲစ)၊ Photo-emulsion(အလင်းစနစ်ဖြင့် ပုံရိပ်ဖေါ်ဆေး)၊သစ်သားဘောင် တွေလိုပါတယ်။ဆေးဆိုးပန်းရိုက်ဆိုင်တွေမှာ ဒီပစ္စည်းတွေ ၀ယ်ယူနိုင်ပါတယ်။

၃။   ဖဲစကို သစ်သားဘောင်မှာ တင်းအောင်ဆွဲပြီးကပ် ပြီးတာနဲ့ Photo-emulsion ဆေးကို ပါးပါးလေးသုတ်ပြီး အခြောက်ခံရပါတယ်။ ဒီချိန်မှာ ဆေးသုတ်တဲ့အချိန်ကစပြီး စူးရှတဲ့အလင်းထိလို့တော့မရပါဘူး။ ဆေးလေးအ နည်းငယ်ခြောက်သွားတဲ့ အချိန်ရောက်ရင် ဖဲစရဲ့အောက်ဘက်ခြမ်းမှာ PCB Design ကိုPrint ကိုထုတ်ထားတဲ့ အလင်းပေါက်နိုင်တဲ့စာရွက်(A4) ကို အတည့်အတိုင်း ကပ်လိုက်ရပါတယ်။ပြီးတာနဲ့ အောက်ကနေ (၄)ပေမီးချောင်း ၂ချောင်းလောက်နဲ့ မီးထိုးပြီး ပုံရိပ်ဖေါ်ရပါမယ်။ အချိန်နည်းငယ်အလင်းထိုးပြီးတာနဲ့ Stencil ကိုထုတ်ယူပြီး ရေနဲ့ဆေးရပါမယ်။အဲ့လိုရေနဲ့ ဆေးတဲ့အခါ အလင်းရောင်မထိတဲ့နေရာတွေက emulsion တွေကပျက်သွားပြီး ဖဲစအဖြူအတိုင်းကျန်ခဲ့ပါတယ်။ကျန်တဲ့နေရာ တွေကတော့ Emulsion ဆေးတွေက ဖဲစကိုပိတ်ပြီးဆေးသား လုံးဝ မကျစေတော့ပါဘူး။ ဒါကတော့ ပုံရိပ်ဖေါ်ထားတဲ့ Stencil လုပ်တာပါ။

၎။    ဒီStencil ကို ပုံ(၄) မှာပြထားတဲ့အတိုင်း Screen Printer မှာတပ်ဆင်ပါမယ်။နောက် PCBပေါ်မှာဆေး သုတ်ဖို့အတွက် Screen Printing Ink (ကျနော်သုံးဖူးတာတော့ STG Ink) ကို Acetone နဲ့ရောစပ်ရပါတယ်။ Printing Ink ကို PBC Board များများကို ဆွဲလို့ကောင်းအောင်ရောစပ်ရတာပါ။ မရောစပ်ရင် ဆေးမြန်မြန်ခြောက် သွားပြီး ဖဲစကိုပိတ်သွားစေပါတယ်။

၅။    အားလုံးအဆင်သင့်ဖြစ်တာနဲ့ Printing Ink ကို Stencil ထဲကိုအနည်းငယ်ခွဲထုတ်ထည့်၊ CCL (ကြေးပြား)ကို Screen မှာကပ်ပြီး Squeegee ဆိုတဲ့ အရာနဲ့ ဆေးကိုဖိပြီးဆွဲပါ့မယ်။ ဆေးကိုဆွဲတဲ့နေရာမှာ PCB နဲ့ Mesh (ဖဲစ)ကို အနည်းငယ်ခွာပြီးဆွဲရပါ့မယ်။ဒါမှ Mesh က PCB မှာကပ်သွားတဲ့ ဆေးနဲ့ကပ်မနေဘဲ ဖိအားမရှိတော့တဲ့နေရာက PCB ရဲ့မျက်နှာပြင်ကနေ ခွာလာမှာဖြစ် ပါတယ်။ ဆေးတွေကပုံရိပ်ဖေါ်ထား တဲ့နေရာတွေကနေ PCB ပြားပေါ်ကို ဆွဲထင်သွားပြီဆိုတာနဲ့ PCB ကို ဆေးခြောက်အောင် လုပ်ပေးရပါ့မယ်။ နေပူလှမ်း ၊ဒါမှမဟုတ် Heat Oven ထဲထည့်ပေါ့။ဆေးခြောက်သွားတာနဲ့ Ferric Chloride (ကြေးစားအက်ဆစ်) နဲ့ ကြေးစား(Etching) ရပါမယ်။အပေါ်မှာပြောခဲ့တဲ့ စနစ်အတိုင်း ကြေးစား၊ Drill ဖေါက်၊ ထင်းရှုးဆီသုတ် အဆင့်ဆင့် လုပ်ဆောင်ပြီး PCB ကောင်းတစ်ခုကို လုပ်ဆောင်နိုင်ပါတယ်။ ဒီစနစ်မှာက ဆေးရိုက်နည်းကျွမ်း ကျင်မှုရှိလေ PCB အရည်အသွေးကို ကောင်းလေဘဲဖြစ်ပါတယ်။ Drill ကို Manually ဖေါက်ရလို့ အားနည်းချက်ရှိပေမယ့် PCB များများထုတ်ဖို့အတွက်ဆို ဒီစနစ်လည်းကောင်းပါတယ်။

>>>Photoresist နည်းစနစ်ကိုတော့ အပိုင်း(၃)မှာ ဆက်ဖေါ်ပြပေးသွားပါ့မယ်>>>>>>>>>

ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျနိုင် ကြပါစေ++++

Ko Thar Nge (BE,EC)

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html