ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services
ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်
မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.
မော်တာတွေ ကိုဘယ်​လို ထိန်းသိမ်းမလဲ-- ​မော်​တာ ပြုပြင်​ ထိန်းသိမ်းနည်း အ​သေးစိတ်​ကို သိနိုင်​ရန်​ ဖတ်​ကြည်​ကြပါ
မင်္ဂလာပါခင်​ဗျာ။
မော်တာတွေ ကိုဘယ်​လို ထိန်းသိမ်းမလဲ……… ။
မော်တာမှာ AC နဲ့  DC ဆိုပြီး အမျိုးအစား ၂မျိုးခွဲခြားထားပါတယ်။ A.C ဆိုတာ Alternating current ဖြစ်ပြီး D.C ဆိုတာကတော့ Direct Current ဘဲဖြစ်ပါတယ်။ဒီတော့ မော်တာတွေ ဘာကြောင့်လောင်ရတာလဲဆိုတဲ့ အပိုင်းလေးမသွားခင် မော်တာအကြောင်း အနည်းငယ် မိတ်ဆက်ခွင့်ပြုပါခင်ဗျာ။
* AC Motor မှာ
1) သံလိုက်စက်ကွင်းနယ်မြေ ဖန်တီးထုတ်လုပ်ထားတဲ့ သံလိုက်ဝန်ရိုးစွန်းများ
2) လျှပ်စစ်ဖိအား ညှို့ငင်ဖြစ်ပေါ်ရာ Armature တွေပါဝင်ပါတယ်။မော်တာတစ်လုံးမှာ စက်သေးလျှင် Armature = Rotor ဖြစ်မယ်။ မော်တာတစ်လုံးမှာစက်ကြီးလျှင် Magnetic Pole = Rotor ဖြစ်မယ်။
Diode ဆိုတာ သလင်းကျောက်ကို Current လျှပ်စီး ဖြတ်စီးဆင်းစေတာပါ ။  Steam Turbine နဲ့ လျှပ်စစ်ထုတ်ပေးတဲ့ ဂျင်နရေတာတွေ သက်သက် ရှိပါသေးတယ်။
* DC motor တစ်လုံးရဲ့တစ်ဖက်တစ်ချက်ကို ဖွင့်ကြည့်လျှင်
1) ကိုယ်ထည်နဲ့ စက်ကွင်းဝါယာခွေ
2) Armature သံကွင်းနှင့်ဝါယာခွေ
3) ထိပ်ပိတ်နှစ်ခုနဲ့
4) Carbon Brush တုံး တွေပဲဖြစ်ပါတယ်။
*မော်တာတစ်လုံး အမ်ပီယာ (Amp) တက်တယ်ဆိုတာ?
1) Overload ဖြစ်လို့
2) Insulation အပူခံနိုင်ရေကျဆင်းလို့
3) Ball ကွဲလို့
4) Mis Alligment Out ဖြစ်နေလို့
5) 3 phase မှာ 1 phase ပေါက်နေလို့
6) Earth မိနေလို့
7) Volt အဝင် များလို့
* Split Phase Motor
အရေးကြီးတဲ့အစိတ်အပိုင်း ၄ပိုင်း ပါရှိတယ်။
1) Rotor
2) Stator
3) End Plate
4) Centrifugal Switch (inside motor) assembles for heater element.
* Motor Run Noisly  (မော်တာတစ်လုံး ဆူညံသံထွက်နေပြီဆိုလျှင်)
1) Shorted Winding Coil
2) Improperly connected polar (အစွန်း၂ဖက်ကြား)
3) Loose Rotor (Shaft)
4) Worm Bearing
5) Worm Centrifugal Switch
6) Too much end play (ကြာကြာ မောင်းလို့)
7) Foreign material inside motor (ပြင်ပမှပစ္စည်းများ မော်တာထဲကို ဝင်ရောက်လို့)
* How to check Motor ?  မော်တာတစ်လုံးကို ကောင်းမကောင်း ဘယ်လိုစစ်ဆေးမလဲ။
1) Ampere (အမ်ပီယာ)
2) Smell (ညှော်နံ့ ထွက်မထွက်)
3) Touch by hand (hot or not?) သာမန်အပူချိန်ထက် ပိုပူ၊မပူ
4) Noise? (ဆူညံသံ ရှိမရှိ)
5) Vibration abnormal  (တုန်ခါမှု ပုံမှန်ရှိမရှိ)
6) Good Insulation or not ? [Megger test ကွိုင်လောင်၊မလောင် မက်ဂါရိုက်ကြည့်နိုင်ခြင်း]
7) Gland leaking ( ရေယိုစမ့်မှု့ ရှိမရှိ)
ဒါတွေကတော့ မော်တာတစ်လုံးကို စစ်ဆေးနည်း Troubleshooting Tips လေးတွေပါ။ လျှပ်စစ် အင်ဂျင်နီယာတစ်ယောက် အနေနဲ့  မော်တာတစ်လုံးကို ထိန်းသိမ်းစောင့်ရှောက် တက်ဖို့ လည်း အထူးအရေးကြီးပါတယ်ခင်ဗျာ။ မော်တာတွေကို ပုံမှန် Grease ချောဆီ ထိုးပေးခြင်း၊ ဒီလို ချောဆီထိုးပေးခြင်းအားဖြင့် ရလဒ်က ဘောဘယ်ရင် (ball bearing) တွေ ချောမွေ့ စွာလည်ပတ်စေမယ်။ အထူးသဖြင့် End played ကြာကြာမောင်းတက်တဲ့ မော်တာတော်တော်များများ အတွက်တော့ Rotor shaft ကို ထိန်းပြီး လည်ပတ်နေတဲ့ ball bearing တွေ ဆီမငတ်တော့ဘူးပေါ့။ ချောဆီ grease မထိုးတာကြာရင် ဘောကွဲပြီး မော်တာလောင်တက်ပါတယ်။ Poor maintenance လို့ ခေါ်တဲ့ ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းခြင်းကြောင့်လို့  ဆိုနိုင်ပါတယ်ခင်ဗျာ။ 
ဒီနေရာမှာ အနည်းငယ် ဖြည့်စွပ်ချင်တာက ချောဆီထိုးတဲ့အခါ မော်တာအမျိုးအစားအလိုက် မတူညီတာလေးတွေ ရှိပါတယ်။ တစ်ချို့ မော်တာတွေက ချောဆီထိုးရန် Grease point ပါပြီး၊ချောဆီပြန်ထွက်ဖို့   မပါတက်ပါဘူး၊ ချောဆီထိုးတာများရင်လည်း မော်တာတွေ လောင်တက်ပါတယ်။ ဒီတော့ချောဆီထိုးပုံ၊ထိုးနည်းလေးကိုလည်း သိထားဖို့ လိုပါတယ်။ ထိုး ဆိုတိုင်း၊ စွတ်ထိုးတော့  ဆီများ ပြီးတိုင်ပတ်တက်ပါတယ်။
အများအားဖြင့် အနီရောင် ချောဆီများက heavy duty type အပူချိန် မြင့်မားတဲ့ စက်ပစ္စည်းတွေအတွက် ထုတ်ထားတာဖြစ်လို့  ဈေးလည်းကြီးပါတယ်။ Main Engine လို ပစ္စည်းတွေမှာ အနီရောင် ချောဆီ grease ကို အသုံးများ ပါတယ်။ ဒီတော့ grease point outlet (lock nut) မပါတဲ့ အမျိုးအစားတွေကိုကြတော့ ဘယ်လို ထိန်းသိမ်းမောင်းနှင်ပြီး ချောဆီထိုးရမလဲလို့  မေးနိုင်ပါတယ်။ 
ကျွန်တော့် ဆရာသမား တစ်ဦး သင်ပေးဖူးတာကတော့ ၃ ချက်လောက်ဘဲ အရင်ထိုးကြည့်ပါတဲ့၊ချောဆီထိုးနေချိန် မှာ Grease gun ပေါ်မှာ အာရုံစူးစိုက်မှု အပြည့်ထားပြီး ကိုယ်ထိုးလိုက်တဲ့အခါမှာ grease gun က တင်းကြပ်ကြပ် ခံစားရတယ်ဆိုရင် ဆက်မထိုးနဲ့  ရပ်လိုက်ပါတဲ့၊ အကြောင်းက ချောဆီပြည့်နေပြီပေါ့။ မော်တာတွေကို ဖြစ်နိုင်ရင် ၆ လ တစ်ကြိမ် Megger ရိုက်လေ့ ရှိကြပါတယ်။ အဲ့ဒီအချိန်မှာ ကြာကြာမောင်းလေ့ရှိပြီး၊ မသင်ကာတဲ့ မော်တာတွေဆိုရင် service maintenance လုပ်တဲ့အချိန်မှာ မော်တာကို ဖြုတ်စစ်ရပါတယ်။ 
Grease ချောဆီတွေများနေရင် ဖယ်ထုတ်ပြီး၊ အသစ်ပြန်ထိုးတာမျိုးတွေ လုပ်ပေးရသလို၊ မော်တာကွိုင်တွေ ညစ်ပတ်နေရင် Electronic contact cleaner နဲ့ ဆေးကြောသင့်၊ ဆေးကြောပေးရပါတယ်။ Visual Inspection မျက်မြင်စစ်ဆေးမှု လိုအပ်မှုအရ varnish ဆေးပြန်မှုတ်သင့်၊မှုတ်တာမျိုးတွေနဲ့ Ball bearing အသစ်လဲလှည်တာမျိုးတွေ လုပ်ပေးရပါတယ်။
မော်တာတစ်လုံးအတွက် ball bearing သက်တမ်းတွေလည်း ရှိပါတယ်။ ဘောဘယ်ရင် အမျိုးအစားတွေလည်း မတူညီကြပါဘူး။ တစ်ဖက်ပိတ် Z ဘောဘယ်ရင် အမျိုးအစားတွေရှိသလို၊ နှစ်ဖက်ပိတ် ZZ အမျိုးအစားတွေ၊ နှစ်ဖက်လုံး ဖွင့် တဲ့ ဘောဘယ်ရင်အမျိုးအစားတွေ အစရှိသဖြင့် မတူညီ ကွဲပြားစွာ အသုံးပြုထားတာကို တွေ့ မြင်နိုင်ပါလိမ့်မယ်ခင်ဗျာ။
မော်​တာ​တွေမှာ သတ်​မှတ်​ အပူချိန်​ဆိုတာလည်း ရှိပါတယ်​။ Ambient  temperature လို့​ခေါ်ပါတယ်​။ ​မော်​တာ တစ်​လုံး သတ်​မှတ်​ထားတဲ့ အပူချိန်​ ထက်​ပိုမိုမများ​စေဖို့ ​လေဝင်​ ​လေထွက်​ ​ကောင်းမွန်​တဲ့ ​နေရာ​တွေမှာ တပ်​ဆင်​အသုံးပြုကြပါတယ်​။ အကယ်​လို့ ​လေဝင်​​လေထွက်​ မ​ကောင်းတဲ့ ​နေရာမျိုး ဖြစ်​ခဲ့ရင်​ Ventilation Fan များနဲ့ အ​အေး​ပေးပြီး ​မောင်​နှင်​အသုံးပြုကြပါတယ်​။
ဒီ​တော့ ​မော်​တာကို ပြုပြင်​ထိန်​သိမ်း​စောင့်​​ရှောက်​နည်း​တွေကို ​ထွေ​ထွေထူးထူး သိပ်​​လေ့လာစရာ​တော့ မလိုအပ်​ပါဘူး။ 
Motor ထုတ်​လုပ်​တဲ့ company ကို Maker ဆိုကြပါစို့။ ​မော်​တာ တစ်​လုံးဝယ်​ပြီ ဆျုကထဲက ​မော်​တာအထဲမှာ Maker Operation & Maintenance Instruction book ​ဆိုတဲ့ စာအုပ်​​လေး ပါပါတယ်​။ Manual စာအုပ်​​လေး​ပေါ့ဗျာ။
ဖတ်​ကြည့်​ပါ။ Running hour ဘယ်ောက်​မှာ ဘယ်​လို ပြုပြင်​ထိန်းသိမ်း​စောင့်​​ရှောက်​မှု​တွေ လုပ်​ဖို့ လိုအပ်​တယ်​ဆိုတာ ​ရေးသား​ဖော်​ပြထားပါတယ်​။ ဒီ​တော့ မသိသူ​ကျော်​သွား သိသူ​ဖော်​စားဆိုတဲ့ စကားပုံ​လေးလို မဖတ်​သူမသိ။ ဖတ်​သူသိ၏ လို့ ပြန်​ပြင်​​ပြောရမလို ဖြစ်​​နေပါတယ်​။
Materials Life လို့​ခေါ်တဲ့ စက်​ပစ္စည်း​တွေရဲ့ သက်​တမ်းကိုလည်း မည်​သည့်​ပစ္စည်းမှာမဆို ထည့်​သွင်း​ဖော်​ပြထားတက်​ကြပါတယ်​။ ဒီလိုဆိုတော့ မော်တာတွေ ဘာကြောင့်လောင်သလဲဆိုတာ ထိန်းသိမ်းစောက်ရှောက်မှု ဆိုတဲ့ အချက်ကလည်း အရေးကြီးသလို၊ Ventilation လေဝင်၊လေထွက် လိုအပ်ချက်ကြောင့်ဆိုတာလေးကို တီးမိခေါက်မိ ရှိသွားပြီလို့  ယူဆပါတယ်ခင်ဗျာ။
Credit to
အားလုံး အဆင်​​ပြေပြီး
အောင်​မြင်​နိုင်​ကြပါ​စေခင်​ဗျာ။
မေတ္တာဖြင့်
T.Y.M.M
ခေတ္တကမ်းလွန်
lasted post in this site, touch on header
ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း
Html