ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

မီတာတိုင်းနည်းကို ပုံ​သေမှတ်​စရာ မလို​​အောင်​ယူဆခြင်းနှင့်​ မှားနိုင်​သည့်​ အယူအဆများ

မီတာတိုင်းနည်းကို ပုံ​သေမှတ်​စရာ မလို​​အောင်
ယူဆခြင်းနှင့်​ မှားနိုင်​သည့်​ အယူအဆများ



ရိုးရိုး analog မီတာသည်​ 1X လိုင်း၌ထားတိုင်းစဉ်
မီတာလက်​တံအ​ရောင်​နှင့်​ ဆန့်​ကျင်​ဘက်​ဖြစ်​​သော
ဗို့အား 3V ခန့်​ထွက်​ရှိပြီး
Digital မီတာမှာကြ​တော့ မီတာအနီတံသည်​ အ​ပေါင်း
အနက်​တံသည်​ အနှုတ်​​ဗို့ မှန်​ကန်​စွာ ထွက်​ရှိ​နေတာမို့
မီတာတိုင်းသည့်​အခါ
ရိုးရိုးမီတာနှင့်​ Digital မီတာသည်​ ​ပြောင်းပြန်​ယူဆရပါမည်
Short ရှိ မရှိ သိလို၍ အုမ်းမီတာဖြင့်
တိုင်းကြည့်​မိသည့်​အခါ လျှပ်​သိုခေါ် Capacitorများ၏ဗို့အားသိုလှောင်ထားမှုကြောင့်
အုမ်းမီတာ ပျက်​ယွင်းရမှုများကြုံဖူးကြမှာပါ
ဗို့အား​ပေးသွင်းထားချိန် s​​hort မတိုင်းရပါဘူး
လမ်း​ကြောင်း​ကောင်းမ​ကောင်း အုမ်းတန်​ဖိုးမတိုင်းရပါဘူး
မီတာပျက်​တတ်​ပါတယ်
ဒါ​ပေမယ့်​ တကယ်​တမ်း short တိုင်းတဲ့အခါ
အုမ်းတိုင်းတဲ့အခါ ​ဗို့​ပေးပြီး တိုင်းတာပါပဲ
ပြောချင်​တာက
(၁)  အပြင်​​ဗို့လိုင်း​ပေးပြီး short တိုင်းနည်း နဲ့
(၂) မီတာထဲကထွက်​တဲ့ ​ဗို့အားနဲ့​ဗို့​ပေးပြီးတိုင်းနည်း
ဆိုပြီး ​ပြောပါမယ်
ကောင်းမ​ကောင်းသိလို တိုင်းလိုတဲ့ဆားကစ်​ရဲ့
အ​ပေါင်း​ပေးရမယ့်​ငုတ်​ရယ်
အနှုတ်​​ပေးရမယ့်​ငုတ်​ရယ်​ အဲ့ငုတ်​ နှစ်​ခုရဲ့ကြားမှာ
ဆားကစ်​က အလယ်​က လို့မြင်​​ယောင်​ကြည့်​လိုက်
(diodeကဲ့သို့)
အဲ့ ဆားကစ်​ကိုမီတာလက်​တံမှထွက်​​သော ​ဗို့အားဖြင့်
အမှန်​အတိုင်း
ပေးသွင်းပြီး အလုပ်​လုပ်​​စေတာကို
Forward Bias လို့ ဒိုင်​အုတ်​မှာ တုန်းကလို
ခေါ်ကြည့်​မယ်​​ဗျာ
ဒါဆို ဆားကစ်​က အ​ကောင်းဆို အမ်​ပီယာ
စီးဆင်းမှုရှိလို့ မီတာလက်​တံနှစ်​ခုမှထွက်​​နေ​သော ​ဗို့အားက ပင်​ရင်း​ဗို့အား supply Source အဖြစ်
အလုပ်​လုပ်​ပြီး မီတာတံအတက်​ပြရမယ်​​ဗျာ
ဒါ​ပေမယ့်​ ဒါက အယူအဆပဲရှိပြီး တကယ်​တမ်းကျ​တော့ မီတာမှာ အဲလို Forward Bias ​ပေးသွင်းရင်
မီတာလက်​တံ အတက်​မပြဘူး​ဗျာ
ဒါကို ဘယ်​လိုယူဆကြမလဲ
ကျွန်​​တော်​မြင်​မိတာက​တော့ မီတာမှထွက်​​သော​ဗို့အားသည်
ဆားကစ်​ကို အမှန်​အတိုင်း​ဗို့​ကျွေးခြင်း
Forward bias ဖြစ်​​ပေမယ့်
ဆားကစ်​အမှန်​တကယ်​အလုပ်​မယ့်​​ဗို့အားက
ဥပမာ 12V ​လောက်​​ပေးမှ 
ဗို့100​လောက်​​ပေးမှ
220V ​ပေးမှ အလုပ်​လုပ်​မယ့်​ ဆားကစ်​ဆိုပါစို့
အဲ့လို ဆားကစ်​ကို
မီတာကထွက်​တဲ့ ​ဗို့အား​သေး​သေး
အမ်​ပီယာ ​သေး​သေး နဲ့ အမှန်​အတိုင်း​ဗို့​ကျွေးပါ​သော်​လည်း ဆားကစ်​ရဲ့ခုခံမှုကို
ကျော်​ဖြတ်​နိုင်​​လောက်​တဲ့ Force ​ခေါ်
Volt ampere မှမရှိတာ
ဒီ​တော့ ဆားကစ်​သည်​ မီတာအတွက်​ ဖြတ်​သန်းစီးဆင်းလို့
မရနိုင်​တဲ့ Open Circuit အဖြစ်​ပဲ ဖြစ်​​နေလို့
မီတာမှထွက်​​သော​ဗို့အားဖြင့်​ ဆားကစ်​ကို
အမှန်​အတိုင်း​ဗို့​ကျွေးတိုင်းတာပါ​သော်​လည်း
မီတာလက်​တံ အတက်​မပြရခြင်းဖြစ်​ပါတယ်
ဒီလိုမပြတာကိုပဲ
ကျွန်​​တော်​တို့က ​ကောင်းမွန်​တဲ့ဆားကစ်
Short မရှိတဲ့ဆားကစ်​ လို့
အကြမ်းဖြင်း ယူဆလိုက်​ကြပါတယ်
ဒါ​ကြောင့်​ မီတာမှထွက်​​သော​ဗို့အားဖြင့်
အမှန်​အတိုင်း ဆားကစ်​ကို​ဗို့အား​ပေးသွင်း
ကြည့်​ပါက မီတာလက်​တံအတက်​မပြရဘူး
ဒါကို (တစ်​ဖက်​မပြ လို့ မှတ်​ပါတယ်​)
Forward Bias လို့ မှတ်​ပါတယ်
ပြောင်းပြန်​​ဗို့​ပေးပြီး တိုင်းတဲ့အခါ
နဂိုကတည်းက ဆားကစ်​တစ်​ခုဟာ အမှန်​အတိုင်း​ဗို့အား​ပေးသွင်းမှု အ​ခြေအ​နေမှာ
ဘယ်​​နေရာက​တော့ ဘယ်​​ဗို့နဲ့ ဘယ်​​လောက်
အမ်​ပီယာမှာစီး ဘယ်​​နေရာက​တော့
ဗို့ကိုဘယ်​​လောက်​​လျှော့ယူ စသဖြင့်​ တွက်​ချက်​ကန့်​သတ်
စီးဆင်းခိုင်းထားခြင်းဖြစ်​ပြီး စီးချင်းတိုင်း
အမ်​ပီယာကို ​ပေးစီးမထားပါဘူး
ပြောင်းပြန်​​ဗို့အား ​ပေးသွင်းမိတဲ့အခါ အဲလိုအမ်​ပီယာကို
ကန့်​သတ်​ထိန်းချုပ်​ထားမှုများမှ ​သွေဖယ်​ကင်းလွတ်​ပြီး
မှားယွင်းစွာ စီးချင်​သလိုစီးဆင်းမှု​ကြောင့်​ မီတာတံ
အတက်​ပြခြင်း supply ဖြင့်​ဖုန်းကိုမှားချိတ်​မိပါက
Short အချက်​ပြသံ​ပေးပြီး အမ်​ပီယာ မတရားတက်​ခြင်း
စသည်​တို့ ကြုံ​တွေ့ရခြင်းဖြစ်​ပါတယ်
ဒါကို (တစ်​ဖက်​ပြတယ်​လို့) ​ခေါ်ပါမယ်
ပြောင်းပြန်​တိုင်းလို့ ဆားကစ်​မှားယွင်းစွာ
အလုပ်​လုပ်​ပြီး မီတာလက်​တံအတက်​ပြတာကိုပဲ
အဲလိုမှားယွင်းမှုကို အသုံးချပြီး
အော်​ ဒီဆားကစ်​ လမ်း​ကြောင်း​ကောင်းတယ်
Open ဖြစ်​​မ​နေဘူး Ohmတန်​ဖိုးပြတယ်
ဒီလိုတန်​ဖိုးပြ​နေရင်​ ပုံမှန်​ဖြစ်​​လောက်​တယ်
လမ်း​ကြောင်း​ကောင်းတယ်​ဆိုပြီး
ဖုန်းပြင်​သမား​တွေ အဓိက တိုင်းတိုင်း​နေကြတဲ့
Ohm Check စနှစ်​ဆိုလား ဘာလား ဖြစ်​လာ​တာ​ပေါ့
ဒါဟာ Reverse Bias ကို အသုံးချပြီး
မှားယွင်း​သော ​ဗို့အား​ပေးသွင်းမှုဖြင့်
ဆားကစ်​လမ်း​ကြောင်း ​ကောင်းမ​ကောင်းကို
သိရှိဆုံးဖြတ်​လိုက်​တာပါ
မီတာဖြင့်​ Forward Bias ​ပေးသွင်းတိုင်းတာရင်
Short တိုင်းခြင်းဖြစ်​ပြီး
ပြောင်းပြန်​ Reverse Bias ​ပေးသွင်းတိုင်းတာရင်
လမ်း​ကြောင်း ​ကောင်းမ​ကောင်း တိုင်းတာခြင်း
အိုင်​စီ ခဲလွတ်​​နေခြင်းရှိမရှိ တိုင်းတာခြင်းဖြစ်​ပြီး
ဒီလို ​ပြောင်းပြန်​တိုင်းလို့ မီတာလက်​တံ
အတက်​ပြတဲ့ အ​ခြေအ​နေကို ကြည့်​ပြီး​တော့လည်း
ဆားကစ်​ရဲ့ အ​ပေါင်းလမ်း​ကြောင်း အနှုတ်​လမ်း​ကြောင်း ခွဲခြားသိမြင်​နိင်​မှုတစ်​ခု ထပ်​မံရှိလာပြန်​တယ်
ပြောချင်​တာက စက်​တစ်​လုံးကို အဖုံးမဖွင့်​ကြည့်​ဘဲ
ဘယ်​ငုတ်​က အ​ပေါင်း
ဘယ်​ငုတ်​က အနှုတ်​ဖြစ်​မလဲ ဆိုတာကိုသိချင်​တဲ့အခါ
မီတာဖြင့်​ အဲ့ဆားကစ်​ကို
ပြောင်းပြန်​​ဗို့အား ​ပေးသွင်းကြည့်​ပါ
မီတာတံ အတက်​ပြတဲ့အခါ မီတာလက်​တံ
ရဲ့ အ​ရောင်​အတိုင်း ယူဆလိုက်​ပါ
သ​ဘောက
မီတာတံ အနက်​​ရောင်​ ​ထောက်ထားခြင်းခံရတာသည်
ဆားကစ်​၏ GND လမ်း​ကြောင်းဖြစ်​ပြီး
အနီတံ​ထောက်​ထားရာသည်​ အ​​ပေါင်းလမ်း​ကြောင်း
ဖြစ်​ပါသည်
(ရိုးရိုး analog meter ဖြင့်​)
ဆားကစ်​ကို မီတာ​ဗို့အားက ​ပြောင်းပြန်​​ပေးသွင်းထားတယ်​ဆို​ပေမယ်​ မီတာလက်​တံအ​ရောင်​ရဲ့သ​င်္ကေတက
ဆားကစ်​အ​ပေါင်း အနှုတ်​ နဲ့ ထပ်​တူကျ​နေလို့
အ​ရောင်​အတိုင်း အ​ပေါင်းအနှုတ်​ ခွဲလိုက်​တဲ့သ​ဘောပါ
ခုလို Reverse Bias ​ခေါ် 
ဗို့အားကို​ပြောင်းပြန်​​ပေးသွင်းစမ်းသပ်
တိုင်းတာခြင်းနည်းလမ်းတွင်​ သိထားရမှာတစ်​ခုက
12V ဖြင့်​အလုပ်​လုပ်​​သော ဆားကစ်​ကို
12V ဖြင့်​ ​ပြောင်းပြန်​​ပေးသွင်းကြည့်​ခြင်း
9V ဖြင့်​အလုပ်​လုပ်​​သော ဆားကစ်​ကို
9V ဖြင့်​ ​ပြောင်းပြန်​​ဗို့အား ​ပေးကြည့်​ခြင်း
လုပ်​လို့မရပါဘူး
ဆိုလိုတာက ဆားကစ်​အလုပ်​လုပ်​​စေနိုင်​တဲ့
ဗို့အားပမာဏ တစ်​ခုနဲ့ ​ပြောင်းပြန်​​ပေးသွင်း
ခြင်းမျိုး လုံးဝ မလုပ်​သင့်​ပါဘူး
ဆားကစ်​အ​ကောင်း​တောင်​ ပျက်​စီးသွား
နိုင်​ပါတယ်
ဒါ​ကြောင့်​ ဖုန်းဆားကစ်​​တွေ
လမ်း​ကြောင်း​ကောင်းမ​ကောင်း အုမ်းတိုင်းချင်​တဲ့အခါ
ရိုးရိုး analog မီတာထက်​ Digital မီတာကို
သုံးတာက ပိုပြီး ​ဘေးကင်းပါလိမ့်​မယ်
ဘာဖြစ်​လို့လည်း ဆို​တော့ ရိုးရိုးမီတာမှ
ထွက်​​သော 3V သည်​ ဖုန်းဆားကစ်​အတွင်းရှိ
တစ်​ချို့​သောအိုင်​စီများ chipများ
အလုပ်​လုပ်​နိုင်​​လောက်​​သော ပမာဏ​ဗို့အား
ဖြစ်​​နေပြီး အဲဒါကို Reverse Bias အ​နေနဲ့
ပြောင်းပြန်​​ပေးသွင်းမိသည့်​အခါဖြစ်​​စေ
1.1V 2.1V စသည့်​ ​ဗို့အားအနည်းငယ်​သာ
သုံး​သော လမ်း​ကြောင်းများတွင်​ ​ပြောင်းပြန်
မဆိုထားနှင့်​ အမှန်​အတိုင်း ​ဗို့အား​ပေးသွင်း
မိသလိုဖြစ်​ပါကလည်း ဆိုးကျိုးများရှိလာနိုင်​​ကြောင်း
တစ်​ချို့​သော
အဝင်​ခုခံမှုအလွန်​ကြီးမားသည့်​​နေရာမျိုး၌
Electrostatic ​ခေါ် တည်​ငြိမ်​လျှပ်​စစ်
လက်​နဲ့ထိရင်​ကို ပျက်​နိုင်​တဲ့​နေရာမျိုး​တွေရှိ​ကြောင်း
ဖတ်​မှတ်​သိရှိထားဖူးတာမို့
ဖုန်းပြင်​သမားများသည်​ ရိုးရိုး analog
မီတာကို ဥာဏ်​ရှိသလိုသာ ထိန်းသိမ်းအသုံး
ပြုသင့်​ပါသည်
Diode နှင့်​ ဆားကစ်​တစ်​ခုတို့ကို
မီတာဖြင့်​ ​ဗို့အား​ပေးသွင်းတိုင်းတာရာတွင်
ပြောင်းပြန်​သ​ဘောတရားတစ်​ခု ရှိ​နေပါသည်
Diode ကို ​ဗို့အားအမှန်​အတိုင်း​ပေးသွင်းမှု
Forward bias ​ပေးတုန်းက
အမ်​ပီယာ စီးဆင်​မှု ဖြစ်​​ပေါ်ပြီး
ပြောင်းပြန်​ Reverse bias ​ပေးသွင်းပါက
တားဆီးပိတ်​ပင်​ထားပြီး current မစီးပါ
မီတာလက်​တံ မတက်​ပါ
ဆားကစ်​ကို Forward bias အဖြစ်
အမှန်​အတိုင်း ​ဗို့​ပေးရာမှာကြ​တော့
ဆားကစ်​ အလုပ်​လုပ်​နိုင်​​လောက်​တဲ့ အမ်​ပီယာ ​ဗို့အား ပမာဏတို့ မရှိတာ​ကြောင့်
လားရာ မှန်​​ပေမယ့်​ Current မစီးပါဘူး
ပြောင်းပြန်​​ဗို့အား ​ပေးသွင်းတာကြ​တော့
ဆားကစ်​၏မှားယွင်းစွာ လုပ်​​ဆောင်​အမ်​ပီယာစီးဆင်း​စေမှု​ကြောင့်​ current စီး
မီတာတံ အတက်​ပြပါတယ်
ဒါ​ကြောင့်​ ဆားကစ်​နဲ့ diode တို့ကို
ပြောင်းပြန်​ယူဆရမှာဖြစ်​​ကြောင်း.......
အလွယ်​မှတ်​မည်​ဆိုပါက
Digital မီတာတွင်​ လက်​တံအနီကို GNDမှာ ပုံ​သေ
ထောက်​ပြီး အနက်​တံဖြင့်​ အုမ်းတန်​ဖိုး လိုက်​တိုင်းရပြီး
ဒါသည်​ Reverse bias ဖြစ်​ကာ တန်​ဖိုးပြရပါမည်
(Analog meter က​ပြောင်းပြန်​မှတ်​ပါ)
Short တိုင်းချင်​ပါက
လက်​တံအနက်​ကို GND မှာ​ထောက်​ပြီး
အနီတံဖြင့်​ အ​ပေါင်းလမ်း​ကြောင်း​တွေလိုက်​​ထောက်
တန်​ဖိုးပြ တတီတီမည်​​နေရင်​ short ပဲ
ဒီထက်​ပိုလွယ်​​အောင်​မှတ်​ချင်​ရင်
တစ်​ဖက်​ပြ တစ်​ဖက်​မပြ ​ကောင်း၏
နှစ်​ဖက်​လုံးပြ short
တစ်​ဖက်​မှမပြ open ​ပေါ့
အပြင်​​ဗို့အား​ပေးသွင်းပြီး ​ပေးသွင်းထားစဉ်
Short တိုင်းနည်းကို ​နောက်​မှ ဆက်​ပါ​​တော့မယ်
နေဝင်းအီလက်​ထ​ရောနစ်
(မှားယွင်း​သောယူဆမှုများဖြစ်​ခဲ့ပါက သင်​ဆရာ မြင်​ဆရာ
များ၏အမှားမဟုတ်​ဘဲ
မိမိတွင်​သာ အပြစ်​ရှိပါ​ကြောင်း)

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html