ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

အပိုင်း (၃) Photoresist နည်းစနစ်ဖြင့် PCB ပြုလုပ်ခြင်း

အပိုင်း (၃)

Photoresist နည်းစနစ်ဖြင့် PCB ပြုလုပ်ခြင်း
==============================
၁။ Photoresist နည်းစနစ်နဲ့ PCB လုပ်တဲ့နည်းစနစ်ကို Home Made စနစ်နဲ့ဖေါ်ပြသွားပါ့မယ်။ ဒီစနစ်ကို ကျွန်တော် စပြီးစမ်းသပ်လုပ်ကိုင်စဉ်က ပစ္စည်းဝယ်လို့ခက်ခဲတဲ့နေရာမှာ လုပ်ခဲ့ရတာဖြစ်လို့ အချိန်အတော် ကြာပေး ခဲ့ရပါတယ်။ အားလုံးဟာလည်း Machinery စနစ်ကိုအခြေခံပြီး ကျွန်တော့်ရဲ့ ကိုယ်ပိုင် လက်လုပ်စနစ်တွေပါ။ ဒါကြောင့် အချို့အဆင့်တွေမှာ ပိုမိုသင့်တော်တဲ့ နည်းစနစ်နဲ့ အသုံးပြုနိုင်တဲ့ပစ္စည်းများရှိပါက ၀င်ရောက်ဆွေနွေးပေး သွားကြပါခင်ဗျာ။ ကျွန်တော်ကိုယ်တိုင်လည်း လိုက်နာစမ်းသပ် ဆောင်ရွက်သွားပါ့မယ်လို့ ဦးစွာပြောပါရစေခင်ဗျာ။

၂။ Photoresist နည်းစနစ်ကတော့ လက်ရှိကမ္ဘာပေါ်မှာ PCB Production Factory တွေကအသုံးပြုတဲ့ စနစ် တစ်ခုဖြစ်ပါတယ်။Mass Production အတွက်အကောင်းဆုံးစနစ်တစ်ခုပါ။ Photoresist နည်းစနစ်နဲ့ PCB ထုတ် မယ်ဆိုရင် အောက်မှာဖေါ်ပြထားတဲ့ ပစ္စည်းတွေလိုအပ်ပါ့မယ်။(အိမ်တွင်းစနစ်ထုတ်လုပ်မှု အတွက်)

က။ CNC Engraving Machine ။
ခ။ Photoresist Film။
ဂ။ Sodium Carbonate။
ဃ။ Transparency Film။
င။ UV lamp။
ဃ။ Squeegee။
င။ CCL။(ကြေးပြား)။
စ။ ကြေးစားအက်ဆစ်( Ferric Chloride )။
-----------------------------------------------------------------------------------
[ Drilling>>Photoresist Film Lamination>>Exposure>>Developing>>Etching>>Stripping>>
>> Solder Mask Printing>>Developing>>Plating(Surface Finish) ]
-----------------------------------------------------------------------------------
၃။ Phtotoresistစနစ်က အပေါက်ဖေါက်ခြင်း (Drilling) ကိုအရင်ဆုံးလုပ်ရတာဖြစ်ပါတယ်။ အချို့ကျတော့ Drilling စက်လေးတွေ ကိုယ်တိုင်လုပ်နေတာလည်း ကျွန်တော်ကြားဖူးပါတယ်။ ဟုတ်ကဲ့ Drilling စက်ကိုသုံးပြီး မိမိရေးဆွဲထားတဲ့ PCB Design ရဲ့ Drilling လုပ်မယ့် G-Code ကို စက်ရဲ့ Operating Software ထဲမှာထည့်သွင်းပြီး မောင်းနှင်ရမှာ ဖြစ် ပါတယ်။G-Code ဆိုတာကတော့ X,Y,Z Coordinate တွေပါတဲ့ Machine Language တစ်ခုဘဲဖြစ်ပါတယ်။ G-Code ထုတ်ဖို့ဆိုရင် CAM Software တွေသုံးပြီးထုတ်နိုင်ပါတယ်။PCB Factory ကစက်တွေမှာ ဆိုရင်တော့ PCB Design ရဲ့ NC Drill File တို့ Gerber File တို့ထုတ်ရင်ရပါတယ်။မိမိသုံးမယ့် Drilling စက်ပေါ် မှာမူတည်ပြီး Drill File ထုတ်နိုင်ပါတယ်။ပုံ (၂) မှာ ကျနော်သုံးတဲ့ CNC Drilling Machine ကို နမူနာပြပေးထားပါတယ်။

၎။ CNC Drilling စက်နဲ့ အပေါက်ဖေါက်ပြီးတဲ့အချိန်မှာ PCB ကိုသန့်စင်ပြီး Photoresist Filmကို ကပ်ရပါမယ်။ ဒီအချိန်မှာ စူးရှတဲ့အလင်း လုံးဝ(လုံးဝ) ဖလင်ကို ထိလို့မရပါဘူး။ ဒီတော့ အလင်းအ၀ါရောင် အလင်း (သို့မဟုတ်) အပြာေ၇ာင်အလင်း တော့ထိလို့ရပါတယ်။ ကျွန်တော်ကတော့ မီးချောင်းအ၀ါရောင်ကို သုံးပါတယ်။ Potoresist Film မှာလည်း Positive/Negative ဆိုပြီး (၂)မျိုးရှိပါတယ်။ Positive Film ဆိုတာက အလင်းရောင် နဲ့ (မထိတွေ့တဲ့နေရာ) မှာ ပုံရိပ်ပေါ်စေမှာဖြစ်ပြီး Negative Film ဆိုတာက (အလင်းရောင်ထိတွေ့တဲ့နေရာ)မှာ ဘဲ ပုံရိပ်ကိုပေါ်စေမှာပါ။ သေချာရှင်းရှင်းလင်းလင်းသိရအောင် ပုံ(၃)မှာ Positive Film/Negative Film အလင်းကျ ရောက်ပုံလေးတွေကို နမူနာပြပေးထားပါတယ်။ ကျနော်သုံးဖူးတာကတော့ Negative Film ကိုဘဲသုံးဖူးပါတယ်။

၅။ PCB ပြားပေါ်မှာ Photoresist ကို ကပ်ရပါတယ်။ဒီလိုကပ်တဲ့အခါမှာ film ရဲ့ Cover Sheet ကိုခွာပြီး roller လေးတစ်ခုနဲ့ ဖိဆွဲသွားရမှာဖြစ်ပါတယ်။Photoresist ကိုPCB မှာကပ်ပြီးတဲ့နောက် PCB Design ထုတ်ထားတဲ့ Transparency Film ကိုသုံးပြီး ပုံရိပ်ဖေါ်ပါ့မယ်။PCB နည်းပညာအရ Exposure လုပ်တယ်လို့ ခေါ်ပါတယ်။ Transparency Film ကိုမိတ္တူဆိုင်တွေမှာ Film ကောင်းကောင်းနဲ့ထုတ်နိုင်ပြီး Positive Photoresist Film ကိုသုံးမယ်ဆိုရင် Positive အတိုင်းထုတ်ရမှာဖြစ်ပြီး Negative Photoresist Film ကိုသုံးမယ်ဆိုရင် Negative အတိုင်းထုတ်ရမှာဖြစ်ပါတယ်။ပုံ( ၄)မှာ Positive Transparency Negative Film ကိုနမူနာပြပေးထားပါတယ်။

၆။ ပုံရိပ်ဖေါ်နည်းမှာတော့ UV Lamp အနေနဲ့ကလည်း အလင်းပြင်းအား များများနဲ့ထိုးမယ်ဆိုရင် မီးလုံးများများ သုံးရမှာပါ။ကိုယ်သုံးတဲ့ အလင်းပြင်းအားပေါ်မူတည် ၃ မိနစ်လောက်ကနေ ၁၀မိနစ်လောက်အထိ Exposure ရိုက်ရမှာဖြစ်ပါတယ်။Exposure ရိုက်ပြီးတဲ့ PCB မှာရှိတဲ့ Photoresist Film ရဲ့ Cover Sheet နောက်တစ်ထပ်ကို ထပ်ပြီး ဆွဲခွာလိုက်ရပါတယ်။PCB ပေါ်မှာကပ်ထားတဲ့ Photoresist Film မှာလည်း PCB Design ပုံရိပ်ဆွဲထင်စေနေမှာဖြစ်ပါတယ်။ ပုံ(၅) မှာနမူနာ ပြပေးထားပါတယ်။

၇။ Exposure ရိုက်ပြီးPCB ကို Developing စနစ်ကိုဆောင်ရွက်ရပါမယ်။Negative Film ကို နမူနာထားပြီး လုပ်ဆောင်ကြည့်ပါ့မယ်။ Developing ဆိုတာက အလင်းရောင်မထိတဲ့ နေရာတွေမှာရှိတဲ့ Photoresist Flim ကို PCBပေါ်ကနေ ဖယ်ထုတ်ပစ်ခြင်းဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ဖို့အတွက် Sodium Carbonate နဲ့ရေနဲ့ရောစပ် ရပါမယ်။ ဒီအဆင့်မှာ Sodium Carbonate ကို အနည်းငယ်သာထည့်ပြီး ရောစပ်ရပါတယ်။ ပြီးတာနဲ့ PCB ကို Sodium Carbonateအရည်ထဲမှာထည့်လိုက်ရပါတယ်။( ၁ )မိနစ်လောက် ထားပြီးတဲ့အချိန်မှာ PCB ကိုထုတ်ပြီး ရေသန့်သန့်လေးနဲ့ ဆေးကြောပေးရပါတယ်။ ဒီလိုဆေးလိုက်တဲ့ အချိန်မှာ အလင်းရောင်နဲ့မထိတဲ့ Photoresist တွေက ပျက်ပြယ်သွားပြီး PCB ရဲ့ ပုံရိပ်သာကျန်ခဲ့မှာပါ။ပုံ( ၆)မှာ Developing ဆောင်ရွက်ပြီး PCBကို နမူနာအနေ နဲ့ပြပေးထားပါတယ်။

၈။ Developing ဆောင်ရွက်ပြီး PCB ကို ကြေးစားအက်ဆစ် (Ferric Chloride)နဲ့ ကြေးစားပေးတာနဲ့ PCB ရဲ့ Track Line တွေဘဲကျန်ခဲ့တော့မှာဖြစ်ပါတယ်။ ဒါကတော့ Etching အဆင့်ပါ။ ပုံ( ၇) မှာ နမူနာအနေနဲ့ ဖေါ်ပြပေးထားပါတယ်။

၉။ ကြေးစားခြင်း (Etching) ဆောင်ရွက်ပြီးတဲ့ PCB ကိုရေဆေးပြီး Track Line တွေမှာကပ်နေတဲ့ Photoresist Film တွေကို ဖယ်ထုတ်ပါ့မယ်။ ဒီအဆင့်ကိုတော့ Photoresist Stripping လို့ခေါ်ပါတယ်။ဒီလိုလုပ် ဖို့ဆိုရင် Sodium Cabonate များများလေးနဲ့ ရေကိုရောပြီး PCB ကို ၁၀ မိနစ်လောက်ထည့်ထားလိုက်တာနဲ့ Photoresist တွေကွ့ာကျသွားပြီး ကြေးလမ်ကြောင်းတွေသာကျန်ခဲ့မှာပါ။ပုံ( ၈)မှာ နမူနာပြပေးထားပါတယ်။

၁၀။ Photoresist နည်းစနစ်ကတော့ ဓါတ်ပုံကူးတဲ့စနစ်လိုလုပ်ဆောင်တာမလို့ PCB track Line တွေ သေးနေလည်း ကောင်းကောင်းလုပ်ဆောင်နိုင်ပါတယ်။ 10mil (1000 Mil = 1 Inch= 0.0254 mm) Track Width လောက်ထိ Home Made အနေနဲ့ လုပ်လို့ရပါတယ်။Drilling စနစ်ကလည်း စက်ဖေါက်ဆိုတော့ မြန်တာပေါ့။ အမှားအယွင်းနည်းပြီး အချိန်ကုန်သက်သာစေပါတယ်။

၁၁။ Solder Mask Printing ၊ Double Layer PCB Making၊ Silk Screen Printing တို့ကို နောင်တစ်ချိန်မှာ ဆက်လက်ရေးသားသွားပါ့မယ်ခင်ဗျာ။ Plating ကတော့ Material မရှိလို့ ကျနော်မလုပ်ဖူးလို့ ချန်ထားပါ့မယ်။

ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျနိုင်ကြပါစေ>>>>>

Ko Thar Nge (BE,Autumn EC

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html