ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

စတား ဒယ္တာ နားမလည္ပါ

စတား ဒယ္တာ နားမလည္ပါ
**********************

ကျနော်တို့အလုပ်ထဲကို ကျောင်းပြီးကာစ အင်ဂျင်
နီယာ တွေ အများအပြားကလည်း လုပ်ငန်း
အတွေ့အကြုံ လိုချင်လို့ လာပြီးလုပ်ကြတဲ့သူတွေ
ဟာမနည်းပါဘူး။ တချို့ ကျောင်းဆင်းတွေဆိုရင်
လုပ်ခ လစာမယူပဲ free လာလုပ်ပေးပြီး အတွေ့
အကြုံ လာယူုကြတဲ့ သူတွေတောင်ရှိပါတယ်။

ဒီနေ့မနက်လည်း ထုးံစံအတိုင်း ကျနော်က အလုပ် ကိုမသွားခင် လက်ဘက်ရည်ဆိုင်ကို အရင်
ရောက်လာပါတယ်။  ဆိုင်လဲ ရောက်ရော ကျောင်းဆင်း ညီလေးတွေနဲ့ ဆရာနဲ့ စကားကောင်း
နေကြပါတယ်။ ကျနော်လဲ အသာ ဘေးကဝင်ထိုင်ပြီး နားထောင်နေတာပေါ့ဗျာ။

ဆရာက သူတို့ကို စတား ဒယ်တာ အကြောင်း
ရှင်းပြနေတာပါ။ မော်တာမှာ ငုတ်က ခြောက်ငုတ် ရှိတယ်။ u1. v1. w1. w2. u2. v2 ဆိုပြီး
တော့ပေါ့။ အဲဒီမှာ မီတာနဲ့ တိုင်းကြည့်မယ်ဆိုရင်
u1 က u2နဲ့ အဆက်အသွယ်ရမယ်၊ v1က v2နဲ့
အဆက်အသွယ်ရမယ် w1က w2 နဲ့ အဆက်အသွယ်ရမယ်။

ဒါဆိုရင် u1နဲ့ u2 က တစ်ကွိုင်တည်း၊ v1 နဲ့ v2က တစ်ကွိုင်တည်း၊ w1နဲ့ w2က တစ်ကွိုင်
တည်းဆိုတာ သိနိုင်မယ်။ 1 တွေကို ကွိုင်ရဲ့ အစ
လို့သတ်မှတ်နိုင်ပြီး 2 တွေကို ကွိုင်ရဲ့ အဆုးံစလို့
သတ်မှတ်နိုင်တယ်။ ဥပမာ u1 နဲ့ u2မှာ u1 က
ကွိုင်ရဲ့ အစဖြစ်ပြီး u2 က ကွိုင်ရဲ့ အဆုးံစပေါ့။
ကျန်တဲ့ ဟာတွေလဲ ဒီအတိုင်းပဲ။

စတား ဆိုတာဟာ ကွိုင်ရဲ့ အဆုးံတွေ ပေါင်းပြီး
အစ သုးံစကို phase တွေကြွေးလိုက်တာ။
ငါတို့တွေ မော်တာ connection box ကိုဖွင့်လိုက်ရင် တချို့မော်တာ တွေဟာ w2 u2 v2 အစ
ရှိတဲ့ ငုတ်သုးံငုတ်ကို ကြေးပြားလေးတွေနဲ့ link
လုပ်ပေါင်းထားပြီး connection လုပ်တဲ့အခါကြ
တော့ R Y B phase တွေကို u1 v1 w1 မှာ
သွားဝင်ပေးရတယ်။ ဒီလို phase တွေ ကြွေးလိုက်တဲ့ အခါမှာ 2 တွေပေါင်းထားတဲ့ ဇုန်မှာ ဗို့ဟာ
ဇီးရိုး ရတယ်။ ဒါကြောင့် စတားဆက်မှာ ကွိုင်
သုးံကွိုင်ဟာ 230 ဗို့စီ ရကြတယ်။ စတားဆက်
သင်္ကေတ ကို ဝိုင် ဇောက်ထိုးပုံစံနဲ့ပြကြတယ်။
စတားဆက်ဟာ တစ်ကွိုင်ကို 230 ဗို့ပဲ ရတဲ့အတွက် ဝန်နဲတဲ့ မော်တာမှာသာ အသုးံများတယ်။

ဒယ်တာဆက်က ကွိုင်တွေရဲ့ အဆုးံနဲ့ အစတွေ
ကို ဆက်ထားတာ၊ u2 အဆုးံ ဟာ v1နဲ့ ဆက်
တယ်၊ v2 အဆုးံဟာ w1 နဲ့ဆက်တယ်၊ w2 အဆုးံဟာ u1နဲ့ပြန်ဆက်တယ်။ မော်တာတွေမှာ
u1နဲ့ w2 ၊ v1နဲ့ u2၊ w1 နဲ့ v2 စတဲ့ငုတ်တွေကို
ကြေးပြား လေး သုးံချောင်းနဲ့ အထောင် ပုံစံလေး
ပေါင်းထားကြတယ်။ connection ဝင်တဲ့အခါ
R Y B တွေကို ဆုးံစ ဆက်ထားတဲ့ အပေါ်မှာ ဝင်ရတဲ့အတွက် တစ်ကွိုင်ကို 400 ဗို့ ရပြီး ဒယ်တာဆက်ဟာ စွမ်းအားပိုကောင်းလို့ ဝန်ကြီးတဲ့
အလုပ်တွေမှာ အသုးံများတယ်။ ဒယ်တာရဲံ့
သင်္ကေတ ကို တြိဂံပုံ နဲ့ပြကြတယ်။

အခုမင်းတို့ မဂ္ဂနပ် သုးံလုးံနဲ့ စတား ဒယ်တာ
ဆင်ထားတယ်ဆိုတာ၊ မော်တာကြီးတွေဟာ
ဒယ်တာနဲ့ တစ်ခါတည်း လည်ရင် amp ဆောင့်
တက်တဲ့ ဒဏ်ကို သက်သာအောင် စတားနဲ့
အရင်လည်စေပြီး နောက်မှ ဒယ်တာပြောင်းလည် အောင်လုပ်ထားတာပါ။ မိန်းမဂ္ဂနပ်.
ဒယ်တာ မဂ္ဂနပ်.စတား မဂ္ဂနပ် ဆိုပြီးသုးံခုရှိပါတယ်။ အပေါ်မှာ ကကြီးပုံလေး loop လုပ်ထားတာ
စတား မဂ္ဂနပ် ၊ အထွက်မှာ ကြိုးလာပေါင်းထားတဲ့ အလယ်က မဂ္ဂနပ် ကဒယ်တာ၊ အထွက်မှာ
ကြိုးသုးံပင်တည်းရှိတဲ့ ဒီဘက်အစွန်က မဂ္ဂနပ်
က မိန်း မဂ္ဂနပ် ပါ။

အလုပ်လုပ်ပုံက မိန်းနဲ့ စတား အရင်ကပ်ပြီး
သတ်မှတ်ထားတဲ့ အချိန်တစ်ခုမှာ မိန်းက ကပ်
နေလျက်ကပဲ စတားကွာပြီး ဒယ်တာပြောင်းကပ်သွားပါတယ်။ မိန်းကပ်ပြီ ဆိုကတည်းက လျှပ်စစ်
ဟာ u1 v1 w1 ကနေဝင်သွားပြီးw2 u2 v2 ကနေ ပြန်ထွက်လာပါတယ် ။စတားကပ်လိုက်ပြီဆို w2 u2 v2 တွေဟာ စတား မဂ္ဂနပ် မှာ ပေါင်းခြင်းခံရတဲ့ အတွက် စတားဆက် ကိုဖြစ်ပေါ်စေပြီး မော်တာကို စတားနဲ့ စလည်စေတာပါ။ဗို့အနေနဲ့ကလည်း တစ်ကွိုင်ကို 230 စီ ရနေပါတယ်။

မိန်းကပ်လျက်နဲ့ပဲ စတားကွာပြီး ဒယ်တာပြောင်း
်သွားချိန်မှာ u1 ကဝင်လာတဲ့ R phase ဟာ
U2 ကနေထွက်လာပြီး ဒယ်တာမဂ္ဂနပ်မှာ Y phase နဲ့သွားထိပါတယ်။ တစ်ခါ Y phase ဟာ
v1 နဲ့ထိနေတာကို တွေ့နိုင်ပါတယ်။ ဒါဆိုရင် Y
phase ဟာ u2 နဲ့ v1 ထိနေတဲ့ အဆက်ကို ရောက် နေပြီလို့ ပြောနိုင်ပါတယ်။ အဲဒီလိုမျိုး မိန်းနဲ့
ဒယ်တာကပ်နေစဉ်မှာ R phase ဟာ u1 နဲ့ w2
ထိနေတဲ့ အဆက်ကို ရောက်နေပြီး၊ B phase ဟာ w1 နဲ့ v2 ထိနေတဲ့ အဆက်ကို ရောက်နေပါပြီ။ ဒီလိုဖြစ်ပေါ်နေတာဟာ ဒယ်တာဆက်ပုံစံ
ဖြစ်နေပြီး မော်တာရဲ့ကွိုင်သုးံကွိုင်ဟာ တစ်ကွိုင်ကို 400 ဗို့စီရနေပြီး မော်တာ ဒယ်တာဆက်နဲ့
ဆက်လက်လည်ပတ်နေတယ် လို့ ဆရာက
ရှင်းပြနေတာပါ။

ကျနော်ကတော့ ဒုန်းဝေးသူဆိုတော့ နားထောင်
ကောင်းတာပဲရှိတယ် ဘာမှကို နားမလည်ဘူး။

MyatMin ThuyaKyaw

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html