ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

အင်ဂျင်ဝိုင် ဆိုတာ ဘာလဲ-- ကားတစ်စီးမောင်းနှင်ရာမှာအင်ဂျင်လည်ပတ်နိုင်ဖို့အတွက်လောင်စာဆီအပြင်နောက်ထပ်အရေး တကြီးလို အပ်တာကတော့စက်ဆီ၊ချောဆီ(

အင်ဂျင်ဝိုင် ဆိုတာ ဘာလဲ?



ကားတစ်စီးမောင်းနှင်ရာမှာအင်ဂျင်လည်ပတ်နိုင်ဖို့အတွက်
လောင်စာဆီအပြင်နောက်ထပ်အရေး တကြီးလို အပ်တာကတော့စက်ဆီ၊ချောဆီ(အင်ဂျင်ဝိုင်)ဖြစ်ပါတယ်။
  ✔အင်ဂျင်ဝိုင်ကလည်းကားတစ်စီးရဲ့ အင်ဂျင်အတွက်အလွန်အရေးပါတဲ့အရာဖြစ်ပါတယ်။

○အင်ဂျင် ၀ိုင်မကောင်းရင်မီးခိုးအထွက်များတာ၊
○အင်ဂျင်တုန်ခါတာ၊
○အင်ဂျင်ရုန်းကန်အားကျဆင်းတာ၊
○အင်ဂျင်သံဆူညံ တာ စတဲ့အင်ဂျင်ပိုင်းပြဿနာတွေကိုကြုံတွေ့ ရမှာဖြစ်ပါတယ်။


အဆင့်မြင့်ကား
      
⏰အခုနောက်ပိုင်းနည်းပညာမြင့်အဆင့်မြင့်ကားတွေမှာဆိုရင်အင်ဂျင်ဝိုင်မကောင်းတော့တာနဲ့ အချက်ပေးစနစ်ကစတင်အချက်ပေးပြီးကြာလာတဲ့အခါမှာတော့အင်ဂျင်ကစက်လုံးဝမနှိုးတော့တာမျိုးတွေ အထိကြုံတွေ့ လာရတတ်ပါတယ်။
    စက်ဆီချောဆီရဲ့ အဓိကလုပ်ဆောင်ချက်တွေကတော့
♤အင်ဂျင်အတွင်းကလှုပ်ရှားပွတ်တိုက်နေ တဲ့အစိတ်အပိုင်းတွေတစ်ခုနဲ့ တစ်ခုပွတ်တိုက်ရာကပွန်းပဲ့မှုမဖြစ်စေရန်၊
♤သံထည်အစိတ်အပိုင်းတွေသံချေးတက် တာကနေကာကွယ်ရန်၊
♤အင်ဂျင်အစိတ်အပိုင်းတွေလည်ပတ်ပွတ်တိုက်မှုကချောမွတ်နေပြီးအပူချိန်မြင့်မလာစေရန်၊♤အင်ဂျင်လည်ပတ်မှုကိုထောက်ပံ့ကူညီပေးရန်ရည်ရွယ်ထားတာဖြစ်ပါတယ်။
❌ချောဆီမပါရင်
         
      ကားတစ်စီးကိုချောဆီမပါပဲမောင်းနှင်မယ်ဆိုရင်ကားတစ်စီးရဲ့ အင်ဂျင်တစ်ခုဖြစ်မလာနိုင်ပါဘူး။ အကြောင်းအရင်းကတော့အင်ဂျင်တွေကိုစတင်ထုတ်လုပ်ချိန်၊ကားတွေမှာအင်ဂျင်တပ်ဆင်အသုံးပြုခဲ့ကျချိန်တွေကစပြီးချောဆီဆိုတာကိုမဖြစ်မနေထည့်သွင်းအသုံးပြုခဲ့ကျတာဖြစ်ပါတယ်။
              
အင်ဂျင်မပေါ်ခင်အချိန်တုန်းကဂီယာဘီးတွေဘီးခွေတွေတလိမ့်လုံးတွေစတင်အသုံးပြုကျတဲ့ အချိန်တုန်းကတည်းကချောဆီဆိုတာကိုစတင်အသုံးပြုခဲ့ကြာတာဖြစ်ပါတယ်။အဲဒီအချိန်တွေကတည်းကချောဆီ ဟာစက်ပစ္စည်းကိရိယာတွေနဲ့ အင်ဂျင်တွေအတွက်မရှိမဖြစ်အရေးပါတဲ့ပစ္စည်းဖြစ်ခဲ့တာဖြစ်ပါတယ်။
ℹအင်ဂျင်ဝိုင်ဘာလုပ်လဲ
ချောဆီစက်ဆီကအင်ဂျင်တစ်လုံးအတွက်အရေးပါတဲ့အကြောင်းတွေထဲက
❄ပထမဆုံးအချက်က တော့အင်ဂျင်အစိတ်အပိုင်းတွေအအေးခံခြင်းဖြစ်ပါတယ်။လှည့်ပတ်လှုပ်ရှားနေတဲ့အင်ဂျင်အစိတ်အပိုင်းတွေက တစ်ခုနဲ့တစ်ခုပွတ်တိုက်ရာကနေအပူဖြစ်လာတာကိုစေးပစ်အေးခဲနေတဲ့အင်ဂျင်ဝိုင်ထဲရောက်တော့အင်ဂျင်အစိတ်အပိုင်းတွေကအပူလျော့သွားစေပါတယ်။ပွတ်တိုက်တဲ့နေရာမှာလည်းစက်ဆီချောဆီကြောင့်ချောမွေ့ တဲ့ပွတ်တိုက်မှု ဖြစ်တာကြောင့်အပူကလည်းအများကြီးထွက်မလာနိုင်တော့ပါဘူး။
❄ချောဆီကအင်ဂျင်အစိတ်အပိုင်းကိုအေးခဲပေးနိုင်မှုကအပြည့်အ၀လုပ်ဆောင်ပေးနေတာတော့မဟုတ်ဘဲအင်ဂျင်တစ်လုံးရဲ့ အအေးခံစနစ်( Cooling System)ကလည်း အင်ဂျင်အေးဖို့ ကိုအဓိကထိန်းချုပ်ပေး ပါတယ်။■ဒါပေမယ့်စက်ဆီချောဆီရဲ့ အရည်အသွေးကလျော့ကျနေရင်တော့အင်ဂျင်အေးခဲစနစ်ကလည်းအင်ဂျင် အပူချိန်ကိုထိန်းချုပ်မပေးနိုင်တော့ပါဘူး။
ပွတ်အားကိုလည်းလျော့စေ
နောက်ထပ်ချောဆီရဲ့ အင်ဂျင်အပေါ်ထောက်ပံ့လုပ်ဆောင်ပေးနိုင်တာကတော့စက်ပစ္စည်းအ စိတ်အပိုင်းတွေပွတ်တိုက်ရာမှာပွန်းပဲ့မှုမဖြစ်အောင်ကာကွယ်ပေးတာဖြစ်ပါတယ်။▪အင်ဂျင်တစ်လုံးကစတင်လည်ပတ်ချိန်ကစပြီးအတွင်းကအင်ဂျင်အစိတ်အပိုင်းအားလုံးကလှုပ်ရှားလာပြီးအင်ဂျင်အတွင်းကအခန်းကျဉ်းလေးထဲမှာတစ်ခုနဲ့ တစ်ခုစတင်ပွတ်တိုက်နေပြီဖြစ်ပါတယ်။
ယင်းပွတ်တိုက်မှုတွေမှာချောဆီသာမရှိဘူးဆိုရင်အင်ဂျင်အစိတ်အပိုင်းပစ္စည်းတွေကပွန်းပဲ့ပျက်ဆီးသွားပါလိမ့်မယ်။▪အင်ဂျင်အစိတ်အပိုင်းတွေရဲ့ပွတ်တိုက်မှုဝန်အား၊ထုထည်ပမာဏနဲ့အစိတ်အပိုင်း အရွယ် အစားတွေပေါ်မူတည်ပြီးချောဆီရဲ့ စေးပစ်မှုပမာဏကိုရွေးချယ်အသုံးမှုကျတာဖြစ်ပါတယ်။
♢ဥပမာအားဖြင့်ဂီယာ ဘောက်စ်အတွင်းထည့်တဲ့ချောဆီက ဂီယာဘောက်စ်အစိတ်အပိုင်းတွေရဲ.့ ပွတ်တိုက်မှုဝန်အားနဲ့ ထုထည်ပမာ ဏကြောင့်ဂီယာဝိုင်(GearOil)ရဲ့စေးပစ်မှုကအင်ဂျင်ထဲကိုထည့်တဲ့ချောဆီ(Engine Oil)ထက်ပိုတာတွေ့ ရပါ တယ်။
♎ဒါကြောင့်အင်ဂျင်ထဲကိုထည့်သွင်းအသုံးပြုတဲ့အင်ဂျင်ဝိုင်ကိုလည်းအင်ဂျင်အရွယ်အစားပမာဏ အင်ဂျင်ရုန်းကန်အားပမာဏတွေပေါ်မူတည်ပြီးအင်ဂျင်ဝိုင်ရဲ့ စေးပစ်မှုပမာဏကိုလည်းရွေချယ်သုံးစွဲဖို့ လိုအပ်ပါ တယ်။
✔သံချေးမတက်အောင်
♓တတိယမြောက်အချက်ချောဆီရဲ့ လုပ်ဆောင်ချက်ကတော့အင်ဂျင်အစိတ်အပိုင်းတွေသံချေး ပျက်စီးခြင်းနဲ့ အခြားအကြောင်းကြောင့်ပျက်ဆီးမှုတွေကနေကာကွယ်ပေးတာဖြစ်ပါတယ်။သံထည်ပစ္စည်းအ စိတ်အပိုင်းတွေကိုဒီဇယ်ဆီ သို့ မဟုတ်ဆီတစ်မျိုးမျိုးကိုသုတ်လိမ်းထားပါကသံချေးတက်မှုကိုကာကွယ်နိုင်ပါ တယ်။
♓ယင်းကဲ့သို့ ကာကွယ်ပေးနိုင်တာကတော့ဆီတွေက သံသတ္ထုနဲ့ ရေငွေ့ ပါတဲ့သဘာဝလေထုတို့ တိုက်ရိုက်ထိတွေ့ မှုကိုကာကွယ်ပေးထားနိုင်တာကြောင့်သံချေးတက်မှုကိုကာကွယ်ပေးနိုင်တာဖြစ်ပါတယ်။
□သံ သတ္ထု(Iron)နဲ့ ပြင်ပလေထု(အောက်ဆီဂျင်ပါဝင်)ထိတွေ့ ရာကနေအိုင်းယွန်းနစ်အောက်ဆိုဒ်ဖြစ်လာပြီးသံချေး တွေဖြစ်ပေါ်လာခြင်းကိုသံချေးတက်တယ်လို့ခေါ်ပါတယ်။
□ယင်းကဲ့သို့ သံချေးတက်ခြင်းကိုချောဆီထဲမှာပါဝင်တဲ့ ဓာတုပါဝင်ပစ္စည်းတွေကကာကွယ်ပေး နိုင်ပြီးသံချေးတက်ခြင်းကိုကာကွယ်လိုက်နိုင်တာဖြစ်ပါတယ်။
နေရာတကာချောဆီပါ
အင်ဂျင်ထဲကချောဆီရဲ့နောက်ထပ်လုပ်ဆောင်ချက်ကတော့အင်ဂျင်အစိတ်အပိုင်းတွေရဲ့  လည် ပတ်မှုကိုထောက်ပံ့ပေးတာဖြစ်ပါတယ်။
♡ကားတစ်စီးရဲ့ အစိတ်အပိုင်းတိုင်းမှာချောဆီနဲ့ ကင်းလွတ်တဲ့နေရာ ဆို တာရှားပါးပါတယ်။
▪မှန်အတင်အချ၊ဘီးခွေ၊
▪ကားအောက်ပိုင်းဘောဂျွိုင့်၊
▪၀န်ရိုး၊
▪အင်ဂျင်၊ဂီယာဘောက်စ်စတဲ့နေ ရာတိုင်းမှာချောဆီကအမျိုးအစားအလိုက်မဖြစ်မနေပါဝင်လာပါတယ်။
♡အဲဒါကြောင့်ကားတစ်စီးလုံးရဲ့ လည်ပတ် လုပ်ဆောင်ချက်တိုင်းမှာချောဆီတွေကအမျိုးအစားအလိုက်ကွဲပြားစွာအသုံးဝင်နေတာတွေ့ ရပါတယ်။
ချောဆီရဲ့ အသုံးဝင်မှုတွေကကားတစ်စီးလုံးမှာအသုံးဝင်ရုံတင်မဟုတ်ဘဲအင်ဂျင်နဲ့ အခြားအ စိတ်အပိုင်းတွေကစွန့်ထုတ်လိုက်တဲ့ချောဆီတွေကိုလည်းစွန့်ပစ်ခြင်းမရှိပဲစက်ပစ္စည်းများမှာသုတ်လိမ်းသိမ်း ဆည်းခြင်း၊စက်ပစ္စည်းဖြုတ်တပ်ရာမှာသုံးစွဲခြင်းနဲ့အခြားလုပ်ဆောင်ချက်တွေမှာအသုံးဝင်စွာအသုံးပြုနေတာ တွေ့ ရပါတယ်။
✅အဲဒါကြောင့်ချောဆီရဲ့ အသုံးဝင်မှုနဲ့ လုပ်ဆောင်ချက်ကောင်းတွေကိုသိရှိပြီဆိုရှိပြီဆိုရင်တော့ ကားသစ်ပဲဖြစ်စေကားဟောင်းပဲဖြစ်စေ၀ယ်ယူစီးနင်းမယ်ဆိုရင်ချောဆီကလည်းမဖြစ်မနေဂရုစိုက်လုပ်ဆောင် ပေးသင့်တဲ့အချက်ဖြစ်ပါတယ်။

ကားချစ်သူ
Credit》》
အောင်ဖြိုးမွန်





Good

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html