အဝိုင်းပတ် ကို ပတ်နေကြသူများ
♼♼♼♼♼
♼♼♼♼♼
⛒#ရန်ကုန်မြို့ ရဲ့  နာမည်ကြီး အဝိုင်းပတ် ၃ခု မှာ ယာဉ်ထိန်း က ယာဉ်ကြောကို လှီးထုတ်ဖြတ်တောက်ပေးနေချိန် မှာ တော့ အဆင်ပြေပါတယ်။
ယာဉ်ထိန်း မရှိချိန် ကိုယ့်အစီအစဉ်နဲ့ ကိုယ် ဝင်ပတ်ကြတဲ့ အချိန်မှာတော့ ဆဲသံ ဆိုသံ တိုက်သံ တွေ ထွက်ပေါ် လာပါတော့တယ်။
ယာဉ်ထိန်း မရှိချိန် ကိုယ့်အစီအစဉ်နဲ့ ကိုယ် ဝင်ပတ်ကြတဲ့ အချိန်မှာတော့ ဆဲသံ ဆိုသံ တိုက်သံ တွေ ထွက်ပေါ် လာပါတော့တယ်။
ယာဉ်ကြောကြပ်မှုကို ဗန်းပြ အကြောင်းပြု ၍
ဥပဒေကို နားမလည် မျက်ကန်းတစ္ဆေမကြောက် ပတ်ကြသည။်
ဥပဒေကို နားမလည် မျက်ကန်းတစ္ဆေမကြောက် ပတ်ကြသည။်
ဥပဒေ နားလည်သော်လည်း ရူးချင်ယောင်ဆောင် ပတ်ကြသည်။
ဥပဒေလည်း မသိ တစ်ကိုယ်ကောင်းဆန် လူလည်လုပ် ပတ်ကြသည်။
မီးထွန်း ပတ်ရင် ကိုယ်နိုင်တာပဲကွာ ဟု လူမိုက်ဆန်ဆန် ပတ်ကြသည်။
Signal တင်မကပဲ လက် ခြေထောက် ခေါင်း ရှိတာအကုန်ထုတ်ပြ ပတ်သည်။
Lane မရွေးအားတော့ပဲ တွေ့ကရာ ပတ်လမ်းကနေ ဝင်ပတ်ကြသည်။
ဟွန်းသံရှည်ကြီး အားကိုးဖြင့် ငါလာနေပြီ ဘေးဖယ်ကြပုံစံ ပတ်ကြသည်။
တုန်တုန်ရီရီဖြင့် ဘုရားစာမျိုးစုံ ရွတ်၍ ကန့်လန့်တိုက် ပတ်ကြသည်။
အပြင်ကြောက ပတ်ရမှာ အတွင်းကြောက ဝင်ပတ်ကြသည်။
အတွင်းကြော ယူရမှာ အပြင်ထွက်ပတ်သည်။
အလယ်ကြော ခွထိုင်ထား၍ အတွင်းလိုလို အပြင်လိုလို ဂယောင်ရိုက် ပတ်ကြသည်။
အဝိုင်းပတ်ရင်း တိုင်ပါပတ်သွားသည်။
ပတ်ရင်းနဲ့ Exit လုပ်မရတော့ပဲ တစ်ပတ်လောက် အဆစ် ထပ်ပတ် လိုက်ရသော တိုင်ပတ် ကားမျိုးလဲ တွေ့ဖူးသည်။
စသည်ဖြင့် ကိုယ် အဆင်ပြေသလို ပတ်နေကြရသည်။
စသည်ဖြင့် ကိုယ် အဆင်ပြေသလို ပတ်နေကြရသည်။
⛔ဘယ်လိုပဲ ပတ်ပတ် ပတ်ချင်သလိုပတ် အသွားမတော် တစ်လှမ်း အပတ်မတော် တစ်လိမ်။့
ဘာမှ မဖြစ်လျှင်တော့ ဘာမှ မဖြစ်ပါ။
ဟိုဟာ ဖြစ်လျှင်တော့ ဖြေရှင်း ရခက်ပါသည်။
ဘာမှ မဖြစ်လျှင်တော့ ဘာမှ မဖြစ်ပါ။
ဟိုဟာ ဖြစ်လျှင်တော့ ဖြေရှင်း ရခက်ပါသည်။
⚠ရန်ကုန်အဝိုင်းများကတော့ ပါတ်လမ်း ၃ လမ်းပေးထားပါတယ် ။
➡ညာကွေ့မယ် ..
အဝိုင်းပတ်စရာမလိုတဲ့အတွက် ရှင်းရင် ကွေ့သွားလိုက်ပါ။
အဝိုင်းပတ်စရာမလိုတဲ့အတွက် ရှင်းရင် ကွေ့သွားလိုက်ပါ။
⬆တည့်တည့်သွားမယ် ..
ပတ်လမ်းအစွန်ဆုံးနှင့်  အလည်ပတ်လမ်းက နေ သွားရပါမယ် ။
ပတ်လမ်းအစွန်ဆုံးနှင့်  အလည်ပတ်လမ်းက နေ သွားရပါမယ် ။
⬅ဘယ်ကွေ့မယ် ..
ပတ်လမ်း အလယ်လမ်းနှင့် အဝိုင်းကပ်နေတဲ့ လမ်းကနေပတ်ရပါမယ် ။
ပတ်လမ်း အလယ်လမ်းနှင့် အဝိုင်းကပ်နေတဲ့ လမ်းကနေပတ်ရပါမယ် ။
ဂငယ်ကွေ့သွားမယ် ..
အဝိုင်းကပ်နေတဲ့လမ်းကပဲ ပတ်ပြီးသွားရပါမယ် ။
အဝိုင်းကပ်နေတဲ့လမ်းကပဲ ပတ်ပြီးသွားရပါမယ် ။
⚠သတိထားပါအဝိုင်းကိုပတ်လာတဲ့ကားကိုဦးစားပေးပါမိတ်ဆွေ ။
ဒီမှာက လမ်းညာမောင်းဆိုတော့ အဝိုင်းမှာ ပတ်လာတဲ့ ဘယ်ဘက်က ကားကို အထူးသတိထားပါ မိတ်ဆွေတို့။
Co/cd
ကားချစ်သူ
credit 》》
pho kyaw dak
ကားချစ်သူ
credit 》》
pho kyaw dak