ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

မြန်မာ Passport လျောက်နည်း.. ဗဟုသုတပေါ့ လိုသူတွေတွက် ဆင်ပြေတယ်

ကျနော် #ကိုထွန်းနိုင်  နိစ္စဓူဝ ကြုံတွေ့မေးမြန်းခံနေရတဲ့
ကိစ္စ တွေထဲမှာ ဒီကိစ္စလည်း ထိပ်​ဆုံး မှာပါ ပါတယ်။
ကျနော်က နယ်စပ်မှာ ငွေလွှဲဝန်ဆောင်မှူလုပ်နေတဲ့
သူဆိုတော့လည်း ဒီကိစ္စ မေးမြန်းကြတာမဆန်းပါဘူးလေ။
အခုရေးပြီးသားအဆင်သင့်တွေ့တာနဲ့ ကိုဇော်ပိုင်ဆီက
https://m.facebook.com/story.php?story_fbid=1152754458156503&id=100002658803845ပြန်လည်မျှဝေပါတယ်။ မလိုအပ်သူတွက်
ဘာမှ ထွေထူးမဟုတ်ပေမယ့် ကိုယ့်ညီကိုမောင်နှမ
မိတ်ဆွေသူငယ်ချင်းများကို ပတ်စ်ပို့စ် ပြုလုပ်ကာ
ပြည်ပသို့ အလုပ်လုပ်ရန် ခေါ်ချင်သူများအတွက်
အချိန်ကုန် ငွေကုန်သက်သာစေပါလိမ့်မည်။

#ရန်ကုန်တွင်_Passportလုပ်နည်းအဆင့်ဆင့် (ကျွန်တော့်အတွေ့အကြုံပါ ;) )
.
ကိုယ်တွေလို "ဘုမသိ ဘမသိ" တွေက ထုံအ လို့ခံရဖူးတော့
ကျန်လူတွေ ကျုပ်လိုမခံရအောင် အတွေ့အကြုံလေးမျှပေးမယ် 😁
.
ကိုယ်တိုင်ကြုံတဲ့အတွေ့အကြုံသိသလောက်ပြောပြပေးတာနော်ဗျ
ကျန်တာဘာမှမသိဘူး  :D :D
.
Passport တရားဝင်ဈေး 25,000ကျပ်.
ကျနော့်တုန်းက 2သောင်းကျော် ကြားဖြတ်ပွဲစားကိုပိုပေးရတယ်
(ကိုယ်တွေက Special လေ 😃 မသိတော့လဲခံပေါ့ )
#ရန်ကုန်မှာ Passportလုပ်မယ်ဆိုရင် ကိုယ့်ဟာကိုသာသွားလုပ်ဗျ
.
Passport ရုံးရှေ့ကအဖွဲ့တွေကနေ
မောင်လေး၊ညလေး၊ညေး၊ခေးတို့ကို ကွီးတို့၊မွီးတို့ အမြန်ရအောင်
စားပွဲကျော်၊ ခုံကျော် အမြန်လုပ်ပေးမယ်ဆိုရင် :D
သူ့ဟာသူ စားပွဲကျော်ကျော်၊ ဘာပဲကျော်ကျော်ပြီးအမြန်လုပ်ပေးပေး
နားမယောင်နဲ့
ကိုယ့်ဟာကိုသာဝင်သွားဗျ ဒါပေမဲ့ ကိုယ့်ဘက်ကစာရွက်စာတမ်းတွေ၊
အချက်အလက်တွေတော့ အပြည့်အစုံလုပ်သွားပါ။
.
ပထမဆုံးအနေနဲ့
ရန်ကုန်မြို့၊ ရန်ကင်းစင်တာနံဘေးလမ်း Passport ရောက်အောင်သွားပြီး
အောက်ပါအချက်အလက်တွေကို ပြင်ဆင်သွားရပါမယ်။
.
1. မှတ်ပုံတင်အစစ်
2. အိမ်ထောင်စု၊သန်းခေါင်စာရင်းအစစ် (အစစ်နော် အစစ်ဗျ :-D )
3. မှတ်ပုံတင် မိတ္တူ(Copy) 2ရွက်
4. အိမ်ထောင်စု၊သန်းခေါင်စာရင်း မိတ္တူ(Copy) 2 ရွက်
5. အချက်အလက်တွေဖြည့်စွက်ဖို့ဘောလ်ပင်တစ်ချောင်း
(အဲ့လောက်ပါပဲ၊ ကျနော်သွားတုန်းက အဲ့ဒါပဲလိုပါတယ်)
(8/12/2016 နေ့ကသွားလုပ်ထားပါတယ်)
ကျန်တဲ့သူတွေလဲအဲ့လောက်ပဲလိုပါတယ်။ ဒါပေမဲ့အခြား ကိုယ်ရေးကိုယ်တာ
အချက်အလက် တွေတော့ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။
.
- Passport ရုံးထဲခြေချပြီးဝင်ပေါက်ရောက်တာနဲ့ ဖြတ်သန်းရမဲ့ဂိတ်မှာ
မှတ်ပုံတင်အစစ်နဲ့ အိမ်ထောင်စု၊သန်းခေါင်စာရင်းအစစ်ကိုပြရပါမယ်။
- ပြီးရင် အဲ့ဒီမှတ်ပုံတင်နဲ့အိမ်ထောင်စုဇယားကို ပြန်ယူပြီးဓါတ်ပုံရိုက်တဲ့နေရာကို
ဆက်လျှောက်သွားရပါမယ်။
- အဲ့ဒီမှန်လုံခန်းမှာ မှတ်ပုံတင်အစစ်ကို ပြပြီးရုံးခန်းရှေ့က စည်းဝိုင်းမှာခဏ
ရပ်ပြီး ကွန်ပျူတာရှေ့က ကင်မရာကိုကြည့်ရပါမယ်။ ဓါတ်ပုံရိုက်မှတ်တမ်းတင်
ထားတာပါ #ရုတ်ရုတ်မလုပ်နဲ့တေဝါးမယ် :P
- ပြီးရင်ခဏလျှောက်သွားတာနဲ့တာဝန်ခံတစ်ဦးကနေခွင့်ပြုချက်ကဒ်ပေးဆွဲပါမယ်
- ရပြီဆိုတာနဲ့ ဝင်ပေါက်ထဲတန်းဝင်သွားပြီး ညာဘက်အတွင်းဘက်ကမှန်ပေါက်
ဆီသွားပြီး ကြိုတင်စီစဉ်ကူးယူလာတဲ့ မိတ္တူ 2 စောင်ကိုပေးရမှာပါ။
(အဲ့ဒီမှာ 2,000ကျပ် {ကျပ်နှစ်ထောင်} လောက်တော့ပေးရလောက်တယ်)
ပြီးရင် ဝင်ပေါက်နားကိုပြန်သွားပြီး လှေကားနားဆီက ကောင်တာစားပွဲဆီမှာ
Form ဖြည့်စွက်စာရွက်တောင်းယူရပါမယ်။ ရပြီဆိုတာနဲ့အပြင်ထွက်ပြီး
ဘယ်ဘက်က စားပွဲရှည်မှာ အောက်ပါအချက်အလက်တွေဖြည့်စွက်ရပါမယ်။
.
***အမည်  
***မှတ်ပုံတင်နံပါတ်
***မိဘအမည်
***လူမျိုးဘာသာ
***မိဘအလုပ်အကိုင်နှင့်နေရပ်လိပ်စာ
***ထင်ရှားသည့်အမှတ်အသား
***မွေးဖွားသည့်နေ့ရက် 
***မွေးရပ်ဒေသ
***ကျား/မ
***အရပ်အမြင့်၊မျက်လုံးအရောင်၊ဆံပင်အရောင် (မျက်လုံးနဲ့ဆံပင်
အရောင်ကိုတော့အနက်ပဲထည့်ပါ)
***လူမျိုး၊ကိုးကွယ်သည့်ဘာသာ
***နိုင်ငံသားစိစစ်ရေးကဒ်ပြား(မှတ်ပုံတင်နံပါတ်)
***လက်ရှိအလုပ်အကိုင်
နှင့်နေရပ်လိပ်စာအပြည့်အစုံ (နေရပ်လိပ်စာကိုသေသေချာချာမှတ်သားပြီး
အိမ်နံပါတ်ကအစ အပြည့်အစုံရေးပေးပါ{အရစ်မခံချင်ရင်ပေါ့ :P } )
***ပညာအရည်အချင်း (----တန်း)
***ဇနီး၊ခင်ပွန်းအမည်(ရှိရင်ရေးပေါ့နော :D )
ကိုယ်တွေကလူပျိဆိုတော့ (-) လေးရေးလိုက်တယ် #ကြေငြာဝင်တာ :P
***လျှောက်ထားသည့်နိုင်ငံ(ထိုင်းဆိုရင်ထိုင်း မလေးရှားဆိုရင်မလေးရှားပေါ့
မိမိသွားမဲ့နိုင်ငံကိုရေးရမှာပါ။)
***ခရီးသွားမည့်ကိစ္စ- အလုပ်လုပ်ကိုင်ရန်(သို့မဟုတ်)ဆေးကုသရန် ...စသဖြင့်။
***ပညာသင်ခဲ့သည့်အကြောင်းများ/အတန်း . ဘယ်နှခုနှစ်မှ ဘယ်နှခုနှစ်ထိ
ဘယ်ကျောင်းမှာ ဘယ်အတန်းတက်ခဲ့လဲဆိုတာကို ရေးသားရမှာဖြစ်တယ်။
***ပြောင်းရွှေ့လုပ်ကိုင်ခဲ့သောဌာနများ/လက်ရှိအဆင့်. (ဆိုင်ရာဆိုင်ရာတွေ
ရေးဗျ၊ မရှိရင်လဲ -မရှိ- ဆိုပြီးရေးသားနိုင်ပါတယ်)
***လျှောက်ထားသူ ညီအစ်ကိုမောင်နှမအရင်းအချာများ၏ အမည်၊တော်စပ်ပုံ၊
အလုပ်အကိုင်၊ နေရပ်လိပ်စာအပြည့်အစုံ #ဒီအချက်အလက်တွေလဲသေချာ
ပြင်ဆင်မှတ်ထားပြီး ဖြည့်ဦးဗျ။
***လျှောက်ထားသူဇနီး၊ခင်ပွန်း၏မိဘအမည်၊အလုပ်အကိုင်၊ နေရပ်လိပ်စာအပြည့်အစုံ
***လျှောက်ထားသူသား၊သမီး အမည်၊အလုပ်အကိုင်၊နေရပ်လိပ်စာအပြည့်အစုံ
***လျှောက်ထားသူဖခင်၏ညီအစ်ကိုမောင်နှမအရင်းအချာများ အမည်၊
အလုပ်အကိုင်၊နေရပ်လိပ်စာအပြည့်အစုံ...
***လျှောက်ထားသူဇနီး၊ခင်ပွန်း၏ညီအစ်ကိုမောင်နှမအရင်းအချာများ အမည်၊
အလုပ်အကိုင်၊နေရပ်လိပ်စာအပြည့်အစုံ...
***ပြစ်မှု၊၊တရားမမှုအရအရေးယူခံရသူများဖြည့်စွက်ရန်နေရာမှာ- မိမိ၏ယခင်
ပြစ်မှုများရှိပါက ထိုပြစ်မှုအကြောင်းအရာတွေကိုဖြည့်စွက်ရမှာပါ။
***ယခင်နိုင်ငံကူးလက်မှတ်ရှိဖူးသူများဖြည့်စွက်ရန်ဆိုတဲ့နေရာမှာတော့
ယခင်က မြန်မာနိုင်ငံတွင် Passport လျှောက်ထားလုပ်ဆောင်ဖူးသူများ
ဖြည့်စွက်ရန်အတွက်ဖြစ်သည်။
#သတိပြုရန်။   ။ ယခင်Passport ရှိဖူးသူများ မိမိတို့၏Passport စာအုပ်များ
အားတပါတည်းယူလာခဲ့ဖို့ #လုံးဝလုံးဝလုံးဝ မမေ့ပါနဲ့ဗျိုးးးးးးးးးးးးးးးးး
မပါခဲ့ရင်တော့ ... ဟဲဟဲ :P
***အဲ့ဒါတွေအားလုံးဖြည့်စွက်ပြီးရင် အောက်ဆုံးမှာလက်မှတ်ထိုးရပါမယ်။
တစ်ဆင့်ပြီးပါပြီ။
.
အချက်အလက်တွေဖြည့်စွက်ပြီးပြီဆိုတာနဲ့ ဝင်ပေါက်ထဲကိုပြန်ဝင်သွားပြီး
ခုနက မိတ္တူပေးတဲ့ကောင်တာကိုကျော်ပြီး ငွေသွင်းတဲ့နေရာက(Bank)
ဆိုတဲ့နေရာမှာPassport ကြေး 25,000ကျပ် (ကျပ်နှစ်သောင်းခွဲ) ပေးရပါမယ်။
ပြီးရင် အဲ့ဒီဘဏ်ကနေ ဘောက်ချာစာရွက်ပေးလာပါလိမ့်မယ်။
အဲ့ဒီစာရွက်ရပြီ ဆိုတာနဲ့ ဘဏ်(Bank) နဲ့မျက်နှာချင်းဆိုင်က ဓါတ်ပုံရိုက်တဲ့
နေရာမှာ ဘောက်ချာနဲ့အချက်အလက်ဖြည့်ထားတဲ့ဖောင်(Form)ကိုပေးပြီး
ဓါတ်ပုံရိုက်လို့ပြီးတာနဲ့ပြေစာဖြတ်ပိုင်းရရင် 10 ရက်စောင့်ပြီး ချိန်းထားတဲ့ရက်မှာ
Passport စာအုပ်ထုတ်ယူလို့ရပါပြီ။
.
နောက်တစ်ခုပြောချင်တာက ဘာသာရေးခွဲခြားမှုရှိတဲ့ထုံးစံအတိုင်း
ဗုဒ္ဓဘာသာမဟုတ်ပဲ ဘာသာခြားတစ်ဦးဖြစ်နေပါက
ဘဏ်မျက်နှာချင်းဆိုင်နေရာက ဓါတ်ပုံရိုက်တဲ့နေရာမှာ 5,000လားမသိဘူး
အပိုဆောင်း ထပ်ပေးရပါတယ် (ဇွတ်အလှူခံလာရင်လဲ လှူလိုက်ပေါ့555+ :D )
ပြီးတော့ Passport ပြန်လာယူဖို့ရက်က ချိန်းရက် 10 ရက်အတူတူပေမဲ့
နောက်ထပ် 10 ရက်လောက်ထပ်စောင့်ရပါတယ်။
.
ကဲဗျာ....
ကျွန်တော့လို လူလိမ်မခံရပဲနဲ့ အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ Passport
စာအုပ်ကို လိုကာမယ်ကာ လုပ်ရလွယ်တုန်း လုပ်ထားကြပါလို့...
Passport လုပ်မဲ့သူတွေ အဆင်ပြေစေဖို့ အချိန်ကုန်ခံစာစီစာရိုက်ပေးလိုက်
ရပါတယ်ခင်ဗျားးးးး အားလုံးအဆင်ပြေကြပါစေ... :)

ပြန်လည်မျှဝေသူ-ကိုထွန်းနိုင် (ကြိုးစားလျှက်)

အ​သေးစိတ်​ အောက်ပါလင့်ခ်တွင် ​မေးမြန်း ကြပါကုန်​ ။
Credit bro-
https://m.facebook.com/story.php?story_fbid=1152754458156503&id=100002658803845
Seeker Zawpai Thanakorn  
Zawpai Thanakorn

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html