ကိန်းဝပ်ခိုင်မြဲ ​Car Tyres Sale And Services

ဗဟုသုတ နည်းပညာ အတတ်ပညာ လေ့လာရန်

မင်္ဂလာပါ Hey.... all my friend... thank you for yours Vistors..---လာရောက် အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ် -
.

ဒန်ပေါက်ချက်နည်း ( ဆိုင်များအတိုင်း အစိမ်းဖောက် ခေါ် အိုးကြီးချက် )

ဒန်ပေါက်ချက်နည်း  ( ဆိုင်များအတိုင်း အစိမ်းဖောက် ခေါ် အိုးကြီးချက် )
ဆန် ပေါ်ဆန်မွှေး   ၄ လုံး  
ကြက်သား  ၆၀ ကျပ်သား တကောင်
ကြက်သွန်နီကြော် ၁၀ ကျပ်သား
ဆီ ၅ ကျပ်သား ဆီကျက်ချက်ထားပါ   ထောပတ် ၅ ကျပ်သား
ဒိန်ချဉ် ၁ ခွက် အကြမ်းပန်ကန်လုံး
ဒန်ပေါက်အရောင်အဝါ အနည်းငယ်
နို့စိမ်း ဘူးတဝက်ခန့်
မဆလာ ၁ ဇွန်း ဟင်းစားဇွန်း
သီဟိုစေ့ စပျစ်ခြောက် ပဲစိမ်း အနည်းငယ်စီ
ပူစီနံ ၂ စီး အသေး ပါးပါးလှီးထား
(ဖာလာ လေညင်း သစ်ဂျပိုးခေါက် အနည်းငယ်စီ) ၅ပွင့်ခန့် ဂျင်းလက်တဆစ်ခန့် ကြက်သွန်ဖြူ တလုံး ရောထောင်းရန်
ငရုပ်စိမ်းမှုန့် ၁ဇွန်း teaဇွန်း
ဆား ၃ဇွန်းခန့်teaဇွန်း ဟင်းချက်စားသည်ထက်ပိုထည့်
အချိုမှုန့် ၂ ဇွန်းခန့် tea ဇွန်း
ကြက်သားတကောင်ကို ၈ ပိုင်းတုံးရေဆေးထား
ကြက်သားနှပ်ကြမယ် - အသား ကြက်သွန်ကြော် ဒိန်ချဉ် ဂျင်းကြက်သွန်ဖြူ မဆလာ ပူစီနံ ဖာလာလေညှင်းသစ်ဂျပိုး
ဆား အချိုမှုန့် ငရုပ်စိမ်း တို့အားရောမွှေလိုက်ပါ  ပီးလျှင်ကြက်သားတုံးများကိုဖယ်ထုတ်လိုက်ပါ အရသာနှံ့စေရန်အနှစ်များကိုသပ်သပ်တကြိမ်နယ်ပေးပါ
ထမင်းပေါင်းအိုးနှင့်ချက်ပါမယ်  အသေးဆုံးဆန်လေးလုံးဆန့်အိုးဖြစ်ရပါမယ်
ပေါင်းအိုးအတွင်း အသားတုံးများကိုဖြန့် စီလိုက်ပါအနှစ်မပါစေပါနှင့်  အနှစ်များကို အသားတုံး အပေါ်မှဖြန့်တင်လိုက်ပါ ကြက်သားနှပ်ပီးပါပီး။ သီဟိုစေ့ စပျစ်ခြောက် ပဲစိမ်း တို့ကို ကြက်သားနှပ်အပေါ်မှ ဖြန့်တင်လိုက်ပါ  ဆီကျက်ကိုဘေးမှ ဖြန့်လောင်းပါ တနာရီခန့်ထာပေးပါ။ အရောင်ကိုရေဖြင့် ပန်ကန်လုံးတလုံးစာခန့်ဖျော်ထားပါ။
ဆန်ကိုပြုတ်ရန် အိုးလွတ်တလုံးနှင့် ရေနွေးမပြည့်တပြည့်တယ်ပါ။ဆန်ကိုရေဆေးပီး စစ်လိုက်ပါ
ရေနွေးဆူလျှင် ဆန်ထည့်ပြုတ်ပါ ဆားအနည်းငယ်ရေနွေးအိုးတွင်ထည့်ပီး ဖြေးညှင်စွာမွှေပါ။မိနစ်အနည်းငယ်ကြာရင်ပွက်လာပါမည်  
ဆန်မကျက်ခင် (ထမင်းရေငှဲ့ချက်သောအခါ ကျက်ကာနီး မာဆတ်သော) ထမင်းမဖြစ်မှီ စပ်ကြားအချိန်တွင်
ဇကာတခုအတွင်းသို့သွန်ထည့်လိုက်ပီးရေနွေးများကုန်အောင်စစ်လိုက်ပါ။ထို့နောက် ပေါင်းအိုးအတွင်းရှိ
အသားနှပ်အပေါ်မှ လောင်းထည့်လိုက်ပါ ထမင်း အပေါ်မှ နို့စိမ်းထောပတ်တို့ကို ဖြန့်ထည့်ပီး အရောင်ရေကို အပေါ်ဆုံးမှဖြန့်ပီးထည်းလိုက်ပါ။
အဖုံး ပိတ်လိုက်ပီး ပေါင်းအိုးခလုပ်ကိုနှိပ်ပီး ထမင်းချက်သည့်အတိုင်းချက်ပါ။ ထမင်းကျက်လျှင် အပေါ်မှထမင်းများကို ခပ်ယူပီး ထမင်းသပ်သပ် အနှစ်များသီးသန့် ဖြစ်စေရန် ပြုလုပ်ပါ။ မိမိတို့စိတ်တိုင်းကြ အနှစ်များကို ထမင်းဖြင့် ရောသမပီး စားသုံးနိုင်ပါသည်။
#(အိုးကြီးကဲ့သို့ ဂျုံ့ဖြင့် လေလုံ ပိတ်ပီး မီးသွေး ခဲဖြင့် အပေါ်မီးအောက်မီး ပြန်နှပ်ခြင်းသည် အနည်းငယ်ခက်ခဲသဖြင့် ပေါင်းအိုးဖြင့် ချက်စားနိုင်ရန်တင်ပြလိုက်ပါသည်။)
Credit: ဦးနန်း
ဗဟုသုတ​ကျေးရွာ

No comments:

lasted post in this site, touch on header

ကားတာယာအရောင်းဆိုင် မိတ်ဆက်ခြင်း

Html