Piston ပျက်စီးပုံ အကြောင်း မတင်ပြမီ
piston ring အကြောင်း အနည်းငယ် တင်ပြလိုပါတယ်။
engးတလုံး၌ piston ring ထားရခြင်း၏ရည်ရွယ်ချက်---
1. piston မှ ဖိကျစ်ထားသော gas များအားliner wall ကြားမှတဆင့် မယိုစီးသွားစေရန်
2. piston အပေါ်သက်ရောက်နေသော အပူများအား liner wall သို့ကူးပြောင်းပေးရန်
3. liner wall အား ပွန်းစားမှုမှကာကွယ်ပေးရန်
4. ပွန်းစားမှုအားကာကွယ်ရန်အတွက် ချောဆီများအား ထိန်းသိမ်းရန်
Pistons ring မှာ အမျိုးအစားအားဖြင့်(၃) မျိုး
ရှိတာကို တွေ့ရှိရပါမယ်။ အဲ့ဒါတွေကတော့
1. compression(ဖိကျစ်ကွင်း)
2. intermediate(ကြားခံကွင်း)
(ဖိကျစ်ရန်နှင့်ဆီများထိန်းရန်အတွက်အထောက်အပံ့ပြုပေးပါတယ်)
3. oil control(ဆီများထိန်းထားရန်) ဆိုပြီး၃ မျိုး ၃ စား တွေ့ရှိရမှာ ဖြစ်ပါတယ်။
Piston တလုံးမှာ ထိပ်ဆုံးမှာရှိနေတဲ့ ring က compression ring ပါ၊ အလယ်မှာရှိနေတဲ့ ring တွေကတော့ intermediate ring တွေပါ၊ အောက်ဆုံးမှာ ရှိနေတာကတော့ oil control ring ပါ။
ဒီနေရာမှာအလျဉ်းသင့်လို့ piston ring gapထားရှိပုံ formula တခုအား တင်ပြပါရစေ၊(diesel engး များအတွက်ရည်ရွယ်ပါတယ်gasoline engးများမှာတော့ အသုံးပြုမယ့်လမ်းအနေအထားနှင့်ရာသီဥတုအနေအထားပေါ်လိုက်ပြီး ထားရှိပေးကြပါတယ်)
1st ring = Bore" x 0.0060"
2nd ring = Bore" x 0.0055"
Oil ring = 0.015" (အနည်းဆုံးထားပေးရပါမယ်)
*** Bore ကို တိုင်းတာရာမှာတော့ unit ဟာလက်မ(inch) နဲ့ ဖြစ်ရပါမယ်။***

ဥပမာတခု တွက်ပြရရင်
Bore diameter 4" ရှိတဲ့ cylး အတွက်ထားပေးရမယ့် piston ring gap ဟာ ----
1st ring =4"x0.0060"=0.024"
2nd ring=4"x0.0055"=0.022"
Oil ring = 0.015" လို့ ring gap ထားပေးရပါမယ်။ ဒီသင်္ကေတ ( " ) လေးဟာ လက်မ(inch) ကို ရည်ညွှန်းပါတယ်။
ဒီနေရာမှာ တခုစောဒက တက်ရင်တော့လည်း မသိဘူးပေါ့ဗျာ..."ဟာ...ငါတို့ ဒိပြင်အရင်တုန်းက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ထားခဲ့ကြတာပါကွာ" ဆိုရင်လည်း ကာယကံရှင်ရဲ့ သဘော အတိုင်းပါပဲဗျာ....ကျနော်ကတော့ ကျနော်သင်ယူစဉ်က သင်ခန်းစာတွေထဲကအတိုင်းပဲ ဖောက်သည် ချပြရတာ....ပါဗျာ

Piston ပျက်စီးပုံအကြောင်းကို မတင်ပြခင်မှာ piston တလုံးနှင့် connecting rod တချောင်းတို့ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံအစိတ်အပိုင်းအသီးသီး၏ခေါ်ဝေါ်သုံးစွဲပုံတွေကို ပုံနှင့်တကွ ဖော်ပြထားပါသည်။
အဆိုပါပုံများကိုကြည့်၍ ဆက်စပ် လေ့လာကြစေလိုပါသည်။
အဆိုပါပုံများကိုကြည့်၍ ဆက်စပ် လေ့လာကြစေလိုပါသည်။
Piston ပျက်စီးမှုအကြောင်းရင်းအားစမ်းစစ်ကြည့်လျင် % အားဖြင့်
၁။ ဆီပန်းသွင်းပုံ timing မမှန်ခြင်း
ကြောင့် 32%
၂။ exး ပိတ်ဆို့ခြင်းကြောင့် 22%
၃။ engး load အလွန်အကျွံမောင်း
ခြင်းကြောင့် 15%
၎။ cylး အတွင်းဆီများစွာ ရောက်ရှိ
သောကြောင့် 12%
၅။ piston crown လုံလောက်စွာ
မအေးသောကြောင့် 11%
၆။ လောင်စာဆီအရည်အသွေးညံ့
ဖျင်းသောကြောင့် 5%
၇။ တပ်ဆင်ပုံနည်းစနစ်မမှန်သော
ကြောင့် 3%
စသည့်အကြောင်းအချက်တို့အား တွေ့ရှိရပေမည်။
ထို့အပြင် မည်သည့်နေရာများတွင် ပျက်စီးလေ့အများဆုံး ရှိသည်ကို စမ်းစစ်ကြည့်လျင်
၁။ piston pin ပျက်စီးမှု 29%
၂။ piston head ပျက်စီးမှု 21%
၃။pistonhead seizeဖြစ်ခြင်19%
၎။ piston skirt seize ခြင်း 17%
၅။ rings နှင့် skirt ပျက်စီးခြင်း 7%
၆။ piston pin ကျိုးပဲ့ခြင်း 4%
၇။ piston pin seize ဖြစ်ခြင်း 3%
စသည်ဖြင့် တွေ့ရှိရပါမည်။

ပုံ(1) circlip pin ပြုတ်ထွက်ခြင်း
>>piston pin ထိပ်ရှိ circlip မြောင်းပဲ့ထွက်သွားသည်။ယေဘုယျအားဖြင့် piston pinပေါ်သက်ရောက်သော အား မှာ circlip ပေါ်သို့ သက်ရောက်သွားသောကြောင့်ဖြစ်ရသည်။
Why ????
* conး rod ကောက်နေခြင်းကြောင့်၊
* cylး နှင့် crankး တွဲဆက်ပုံ မမှန်သော/အထိုင်မကျသောကြောင့်၊
* circlip pin အထိုင်မှန်မရှိသောကြောင့်၊
* crankး journal ပုံသဏ္ဍာန် မမှန်သောကြောင့်၊
* crankး axial clearance (ကြားလွတ်အကွာအဝေး) များနေသောကြောင့်၊
* piston pin နှင့် circlip clearance များနေသောကြောင့်(piston pin စားနေ၍သော်၎င်း၊piston ရှိ piston pin hole ကျယ်နေ၍သော်၎င်း)
* conး rod small end bearing နှင့် bush တို့ မျဉ်းပြိုင်အနေအထား မကျရောက်သောကြောင့်၊

ပြုပြင်ပုံ
- conး rod အားစစ်ဆေးပါ၊လိုအပ်လျင် အစားထိုးပါ။
- cylး နှင့် crankး အထိုင်မှန်/မမှန် စစ်ဆေးပါ
- တပ်ဆင်ရာတွင် circlip အထိုင်ကျနစွာ တပ်ဆင်ပါ
- crankး journal အားပြန်လည်စစ်ဆေးပါလိုအပ်လျင်ပြုပြင်ပေးပါ
- crankး axial clearance အားပြန်လည်စစ်ဆေးပါ

ပုံ(2) piston pin နှင့် piston pin အထိုင်bush clearance မမှန်ခြင်း
>>piston pinဝင်ရာလမ်းကြောင်းတလျှောက်ပွတ်တိုက်စားထားသည်။
Why ????
* piston pin သည် piston pin hole(သို့) conး rod small end bush တို့အထိုင်မကျမှုကြောင့်
* piston pin သည် piston pin hole(သို့) conး rod small end bush တို့အထိုင်မကျမှုကြောင့်
ပြုပြင်ပုံ
- piston pin နှင့် conး rod small end bush တို့ clearance အားတိုင်းတာ၍ လိုအပ်သည့် clearanceထားပေး၍ တပ်ဆင်ပါ
- piston pin နှင့် conး rod small end bush တို့ clearance အားတိုင်းတာ၍ လိုအပ်သည့် clearanceထားပေး၍ တပ်ဆင်ပါ
ပုံ(3) piston area ထိစပ်မှုစောင်းနေခြင်း
>> piston ပတ်လည် area တွင် တဘက်လိုက်၍ လျှောတိုက်ပွန်းစားထားသည်။
Why ????
- conးrod ကောက်နေသောကြောင့်
- cylး နှင့် crankး တွဲဆက်ပုံမမှန်သောကြောင့်
- conးrod ကောက်နေသောကြောင့်
- cylး နှင့် crankး တွဲဆက်ပုံမမှန်သောကြောင့်
ပြုပြင်ပုံ
- conး rod အား alignment ပြန်ချိန်ပါ။လိုအပ်လျင် အသစ်အစားထိုးပါ။
- cylး နှင့် crank တွဲဆက်ပုံမှန်ကန်ပါစေ
- small end bush အား boring ပြုလုပ်ပေးပါ။
- conး rod အား alignment ပြန်ချိန်ပါ။လိုအပ်လျင် အသစ်အစားထိုးပါ။
- cylး နှင့် crank တွဲဆက်ပုံမှန်ကန်ပါစေ
- small end bush အား boring ပြုလုပ်ပေးပါ။
*** အတိုကောက် ရည်ညွှန်းချက်***
engး = engine
conး = connecting
cylး = cylinder
crankး = crankshaft
exး = Exhaust
bore = လိုင်နာ(စလစ်) အကျယ်
ဆက်လက် ဖော်ပြပေးပါမည်။
Credit to
ပညာရှင်အားလုံးအားလေးစားလျက်
အောင်မြင်သူ - ဆားဗစ် အင်ဂျင်နီယာ
အောင်မြင်သူ - ဆားဗစ် အင်ဂျင်နီယာ